မိမိဖေ့စ်ဘွတ်ခ် ဘယ်သူဝင်ကြည့်သွားလဲဆိုတာ သိနိုင်ပြီ


Ref: Indy100/mirror
Unicode
လူတွေရဲ့ သေချာရွေးချယ်စုစည်းထားတဲ့ အမှတ်ရစရာအကြောင်းအရာတွေ မွှေနှောက်ကြည့်ရှုခြင်းဖြင့် မိမိကိုယ်ကိုယ် ပျော်ရွှင်မှုပေးတာ အကောင်းဆုံးနည်းလမ်းတော့ မဟုတ်နိုင်ပါဘူး။ ပြီးတော့ တခြားသူတွေနဲ့ ဘဝနေမှုထိုင်မှုပုံစံ နှိုင်းယှဉ်မှုပြုခြင်းကလည်း သင့်လျှော်တဲ့ယှဉ်ပြိုင်မှုတစ်ခု မဟုတ်ပါဘူး။
မိမိကိုယ်ကို ဘယ်သူတွေ ထောက်လှမ်းနေလဲဆိုတာ ဘယ်လိုရှာဖွေဖော်ထုတ်မလဲ။ ဖေ့စ်ဘွတ်ခ်က ပြိုင်ဘက်ပလက်ဖောင်း Snapchat ကနဲ့အလားသဏ္ဍာန်တူ လုပ်ဆောင်ချက် feature သစ်တစ်ခုကို အခုပဲ ထည့်သွင်းလိုက်ပါပြီ။
လူတွေရဲ့ သေချာရွေးချယ်စုစည်းထားတဲ့ အမှတ်ရစရာအကြောင်းအရာတွေ မွှေနှောက်ကြည့်ရှုခြင်းဖြင့် မိမိကိုယ်ကိုယ် ပျော်ရွှင်မှုပေးတာ အကောင်းဆုံးနည်းလမ်းတော့ မဟုတ်နိုင်ပါဘူး။
ပြီးတော့ တခြားသူတွေနဲ့ ဘဝနေမှုထိုင်မှုပုံစံ နှိုင်းယှဉ်မှုပြုခြင်းကလည်း သင့်လျှော်တဲ့ယှဉ်ပြိုင်မှုတစ်ခု မဟုတ်ပါဘူး။ မိမိကိုယ်ကို ဘယ်သူတွေ ထောက်လှမ်းနေလဲဆိုတာ ဘယ်လိုရှာဖွေဖော်ထုတ်မလဲ။ ဖေ့စ်ဘွတ်ခ်က ပြိုင်ဘက်ပလက်ဖောင်း Snapchat ကနဲ့အလားသဏ္ဍာန်တူ လုပ်ဆောင်ချက် feature သစ်တစ်ခုကို အခုပဲ ထည့်သွင်းလိုက်ပါပြီ။
Linkedln ကွန်ယက်တွေကလို user တွေ သူတို့ profile ဘယ်သူတွေဝင်ကြည့်သွားလဲ သိခွင့်ရမယ့် လုပ်ဆောင်ချက်တွေကို ဘယ်တော့မှာ ခွင့်ပြုမယ်မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ် app ပေါ်က ‘Stories’ feature သစ်က မိမိအကြောင်းအရာတွေ အထူးသဖြင့် ဘယ်အပိုင်းတွေ ဘယ်သူဝင်ကြည့်ခဲ့လဲ ကြည့်ရှုခွင့်ပေးထားပါတယ်။
Snapchat ကဲ့သို့ ဘယ်ချိန်မှာ ကြည့်လဲဆိုတာလည်း သိနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်အနေနဲ့ ဒီ feature ကို ၎င်းရဲ့ app အားလုံးမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
Instagram က feature နဲ့အလားတူစွာပဲ Facebook Stories ဆိုတာ နှစ်ကြိမ်အထိကြည့်ရှုနိုင်ပြီး ၂၄နာရီကြာအမှာ ပျောက်ကွယ်သွားမယ့် user မှတင်ထားတဲ့ လတ်တလောဓာတ်ပုံနဲ့ ဗီဒီယိုတွေစုစည်းမှုတွေ ဖြစ်ပါတယ်။
Instagram လိုပဲ မိမိစတိုရီ လူဘယ်နှယောက်ကြည့်သွားလဲ ပြီးတော့ ဘယ်အကြောင်းအရာကို အဓိကကြည့်လဲဆိုတာ သိနိုင်ပါတယ်။
Ref: Indy100/mirror

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...