ေလးေလာင္းၿပိဳင္လူသတ္မႈမွ မခ်ယ္ရီပြင့္၏ မိ္ခင္၊ ကေလးငယ္ႏွစ္ဦး၏ အဘြားႏွင့္ ေတြ႕ဆုံျခင္း ...!

ေလးေလာင္းၿပိဳင္လူသတ္မႈမွ မခ်ယ္ရီပြင့္၏ မိခင္၊ ကေလးႏွစ္ဦး၏အဘြား ေဒၚရီရီႏြဲ႕(ဓာတ္ပံု − ျမတ္သီဟေမာင္)

မဂၤလာဒုံၿမိဳ႕နယ္ ေရႊနံ႔သာေက်းရြာ ပတၱျမားၿမိဳ႕သစ္ ျမေအးခ်မ္းသာလမ္းရွိ အိမ္တြင္ ၂၀၁၆ ဩဂုတ္ ၁၉ ရက္၌ ျဖစ္ပြားခဲ့ေသာ လူသတ္မႈသည္ အိမ္ေထာင္ဦးစီးစုိးေနာင္က သားႏွစ္ဦးႏွင့္ ဇနီးျဖစ္သူကုိ ဓားျဖင့္ထုိးသတ္ၿပီး ကုိယ့္ကုိယ္ကုုိယ္ဓားျဖင့္ ထုိးခဲ့ျခင္းျဖစ္သည္ဟုစစ္ေဆးေတြ႕ရွိရေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕က ယမန္ေန႔ကထုတ္ျပန္သည္။ အသတ္ခံရေသာ မခ်ယ္ရီပြင့္၏ မိခင္၊ ကေလးငယ္ႏွစ္ဦး၏အဘြားျဖစ္ေသာ က်န္ရစ္သူေဒၚရီရီႏြဲ႕အား ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ ၎၏အျမင္ကုိ ဇြန္လ ၃၀ ရက္တြင္ ေတြ႕ဆုံေမးျမန္းထားသည္မ်ားမွေကာက္ႏုတ္ ေဖာ္ျပလုိက္ပါသည္။

လူသတ္မႈနဲ႔ပတ္သက္ၿပီး ျမန္မာ ႏုိင္ငံရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ ခ်က္္အေပၚ အန္တီဘာေျပာခ်င္ ပါသလဲ။

ဇြန္လ ၂၉ ရက္ ည ၈ နာရီ သတင္းမွာတီဗီကေနေၾကညာ တယ္ဆုိၿပီး အသိေတြဖုန္းဆက္ပါ တယ္။ အိမ္မွာဖြင့္ၾကည့္ေတာ့ မမီ ေတာ့ဘူး။ မနက္ျမန္မာ့အလင္း သတင္းစာမွာပါမွ သတင္းဖတ္ရ ၿပီး သိရတာပါ။ ဘယ္ရဲဌာနကမွ လာေရာက္ေျပာဆုိျခင္း မရွိပါ ဘူး။ လူသတ္မႈျဖစ္ၿပီး ေလးလ ေလာက္ေနာက္ပုိင္းကတည္းက ရဲေတြက အဆက္အသြယ္မလုပ္ ေတာ့ဘူး။ အခုလုိေၾကညာလုိက္ ေတာ့ မိသားစုအေနနဲ႔ မေက်နပ္ ပါဘူး။

ဒီသတင္းထုတ္ျပန္ခ်က္ကုိ ယံု ၾကည္ပါသလား။

သားသမီးေတြကုိ ခ်စ္တဲ့သူ တစ္ေယာက္က ဒီလုိလုပ္စရာအ ေၾကာင္းမရွိပါဘူး။ သူ႔သားေတြ ကို သူဘယ္ေလာက္ခ်စ္ေၾကာင္း ပတ္၀န္းက်င္ကေတာင္ သိပါ တယ္။ အန္တီတို႔ကေတာ့ ရဲတပ္ ဖြဲ႕က ဘယ္လုိေတြထုတ္ျပန္တယ္ ဆုိတာ သတင္းစာဖတ္မွသိရတာ ပါ။ အခုလုိ ထုတ္ျပန္ခ်က္နဲ႔ ပတ္ သက္လုိ႔ေတာ့ မယုံၾကည္ဘူး။ အန္တီလည္း ဒီေန႔သတင္းစာဖတ္ ၿပီးေတာ့မွ ေဆးတစ္လုံးေတာင္ ထုိးထားရတယ္။ ဒီလုိေတြ သတင္းဖတ္ၿပီး ဒီေန႔ည မအိပ္ႏုိင္ ေသးဘူး။ ရဲတပ္ဖြဲ႕ကေတာ့ ဘာ ေတြေတြ႕ၿပီး အခုလုိေျပာတာလဲ မသိဘူး။ အမွန္က အန္တီတို႔ကုိအသိေပးၿပီး ေမးျမန္းသင့္တယ္။ အခုလုိ သတင္းထုတ္ျပန္တာေတာ့မယုံၾကည္ပါဘူး။

လူသတ္မႈမျဖစ္ခင္ မိသားစုမွာ ထူးျခားမႈ ဘာေတြမ်ားရွိပါသလဲ။

လူသတ္မႈမျဖစ္ခင္ သုံးေလး ရက္အလုိမွာ အိမ္ကုိ သူစိမ္းႏွစ္ ေယာက္လာတယ္။ အဲဒီေန႔က အိမ္မွာ အန္တီတစ္ေယာက္ တည္းရွိတယ္။ ညဘက္သူတို႔ လင္မယားျပန္လာေတာ့ ကေလး သူခုိးေတြလားမသိဘူး။ ကေလး ေတြသတိထားဦးလုိ႔ ေျပာမိေသး တယ္။ အန္တီအစ္မအိမ္သြားအိပ္ ၿပီး အိမ္ျပန္လာတဲ့ေန႔မွာ သမီးက အေမ့ကုိ ျပစရာရွိတယ္ဆုိၿပီး သူ႕ ဖုန္းကုိျပတယ္။ အေမ့အိမ္ကုိ လာေခ်ာင္းတာ ဒီလူေတြလား ေမးတယ္။ အန္တီက သုံးေယာက္ မွာေဘးကႏွစ္ေယာက္ကေတာ့ ပါတယ္။ အလယ္က တစ္ေယာက္ ေတာ့မပါဘူးလုိ႔ ေျပာလုိက္တယ္။ စုိးေနာင္လည္း အဲဒီအခ်ိန္အိမ္မွာ ရွိေတာ့ သူ႕ကုိေတာင္ေျပာလုိက္ ေသးတယ္။ စုိးေနာင္က ထား လုိက္အေမရာ၊ ဘယ္ကလူေတြ မွန္းလည္း မသိဘဲနဲ႔လုိ႔ ျပန္ေျပာ ေသးတယ္။

ေငြေၾကးနဲ႔ပတ္သက္လုိ႔ အေႂကြး တင္ထားတာေတြရွိတယ္လုိ႔ သိ ရပါတယ္။ ဟုတ္ပါသလား။

သူ အုတ္သဲေက်ာက္ယူ ေရာင္းတဲ့ဒုိင္မွာ အေႂကြးရွိတယ္ လုိ႔ေျပာတယ္။ အန္တီက ဘယ္ ေလာက္လဲလုိ႔ေမးေတာ့ ၁၇ သိန္း ရွိတယ္။ ဆုိင္ရွင္အမ်ိဳးသမီးက ပါးစပ္ဆုိးတယ္။ အေမျပန္ဆပ္ရ မယ္ေျပာေတာ့ အန္တီကေတာင္ ဆပ္လုိက္ေပါ့။ ေငြလုိလုိ႔ဆုိၿပီး ၀ယ္ထားတဲ့ ေထာ္လာဂ်ီကုိ ၁၂ သိန္းခြဲနဲ႔ေရာင္းၿပီး ၁၀ သိန္းသြား ဆပ္ခဲ့တယ္လုိ႔ လင္မယားႏွစ္ ေယာက္အန္တီ့ကုိ ေျပာတယ္။ အန္တီက ေငြလုိရင္ငါ့ေျမကြက္ ေတြေရာင္းၿပီး ေပးမယ္ေတာင္ ေျပာလုိက္ေသးတယ္။ လူသတ္ မႈျဖစ္ၿပီးေနာက္ပိုင္း အဲဒီအေႂကြး ရွင္ဆုိတဲ့သူေတြလည္း မလာပါ ဘူး။ သတင္းစာထဲမွာေတာ့ ၂၇ သိန္းေရးထားတာေတြ႕တယ္။

ေသဆုံးသူ မခ်ယ္ရီပြင့္ေျခ ေထာက္မွာ အေႂကြးေပးဖုိ႔ရွိတဲ့ သူေတြနာမည္ေတြ ေရးၿပီး ယ ၾတာေခ်တယ္လုိ႔ သိရပါတယ္။ ဟုတ္ပါသလား။

အန္တီတို႔အိမ္မွာ ယၾတာ ေခ်တဲ့ပစၥည္းေတြ ဘာမွမရွိပါ ဘူး။ ေငြေရးေၾကးေရးလည္း အ ရင္ကတည္းက အန္တီေပးေန တာပါ။ ဒီဘက္ေျပာင္းလာၿပီးမွ သူတို႔လုပ္ ခ်င္တဲ့ စီးပြားေရးလုပ္ဖုိ႔ အန္တီ့ အိမ္ၿခံေတြေရာင္းၿပီး သူ တို႔ကုိ စီးပြားေရးလုပ္ေပးထား တာပါ။ ဒီရပ္ကြက္မွာလည္း အန္ တီတုိ႔ ရစရာေငြေၾကးေတြ အမ်ား ႀကီးရွိတယ္။ သမီးေျခေထာက္ ေပၚမွာ ေဒၚတင္တင္ၿငိမ္းဆုိတဲ့ နာမည္ေရးထားတယ္လုိ႔ အ ေလာင္းကုိ သူတို႔စစ္တဲ့အခါမွာ ေတြ႕တဲ့အေၾကာင္း ေျပာဖူးပါ တယ္။ ဘယ္ဘက္မွာေရးထားလဲ အန္တီလည္း မသိသလုိ ျမင္ လည္း မျမင္လုိက္ရပါဘူး။ ရဲေတြ ေျပာမွ ဒီနာမည္ေရးထားတယ္ဆုိ တာ သိရတာပါ။

မခ်ယ္ရီပြင့္အရက္နဲ႔၀ုိင္ေသာက္ ေလ့ရွိတယ္လုိ႔ ရဲသတင္းထုတ္ျပန္ ခ်က္မွာ ေတြ႕ရပါတယ္။ ဒီကိစၥ နဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ ပါသလဲ။

အန္တီ့သမီးအရက္တုိ႔၊ ၀ုိင္ တို႔မေသာက္တတ္ပါဘူး။ ေပ်ာ္ပြဲ ရႊင္ပြဲညေတြမွာ ညီအစ္မေတြဆုံ တဲ့အခါ ဘီယာေတာ့ ေသာက္ပါ တယ္။ မိသားစုေတြပြဲဆုိတာ လည္း အၿမဲလုပ္ေနတာမဟုတ္ ပါဘူး။ ၀ုိင္ပုလင္းႏွစ္လုံးကလည္း အန္တီအထက္ျမန္မာျပည္ကျပန္ လာေတာ့ လက္ေဆာင္ေပးဖုိ႔ ၀ယ္လာတာပါ။ စုိးေနာင္ဆုိရင္ အရက္၊ ဘီယာ ဘာမွမေသာက္ပါ ဘူး။ အိမ္မွာအရက္ပုလင္းထား တာက အလုပ္နဲ႔မပတ္သက္လုိ႔ အိမ္ကုိ ဧည့္သည္ေတြလာရင္ တုိက္ဖုိ႔ တစ္ခါတေလ၀ယ္ထား တဲ့ဟာေတြပါ။

ဆရာ၀န္ေဆးစစ္ခ်က္မွာ ကုိစုိး ေနာင္ဟာ ဘယ္သန္လုိ႔ေျပာပါ တယ္။ စိတ္အေျခအေနပုံမွန္ မဟုတ္တဲ့အတြက္ အခုလုိမိသား စုကုိ ျပဳလုပ္ခဲ့တယ္လုိ႔ သုံးသပ္ ထားပါတယ္။ ဒီအတြက္အန္တီ့ အေနနဲ႔ ဘာမ်ားေျပာခ်င္ပါသ လဲ။

ဒီအခ်က္ကေတာ့ အထူးလြဲ မွားတဲ့ အခ်က္လုိ႔ေတာင္ေျပာလုိ႔ ရပါတယ္။ စုိးေနာင္ဟာ ညာသန္ တစ္ေယာက္ပါ။ ဘယ္သန္လည္း မဟုတ္သလုိ အိမ္မွာလည္း သူက ခပ္ေအးေအးေနတတ္တဲ့သူတစ္ ေယာက္ပါ။ သားသမီးေတြကုိ ခ်စ္လား (ဒါမွမဟုတ္) သူတို႔လင္ မယားေတြ စကားမ်ားရန္ျဖစ္လား သိခ်င္ရင္ ရပ္ကြက္ကသူေတြေမး ၾကည့္လုိ႔ရပါတယ္။ လင္မယား စကားမ်ားတာေတာ့ အိမ္ေထာင္ သည္တုိင္းျဖစ္တတ္တဲ့သဘာ၀ ပါ။ အန္တီ့ေျမးေတြကလည္း ႐ုိက္ၿပီးဆုံးမဖုိ႔လုိတဲ့ကေလးေတြ မဟုတ္ပါဘူး။ ရပ္ကြက္ထဲမွာျဖစ္ ျဖစ္၊ စာသင္ေက်ာင္းမွာျဖစ္ျဖစ္ ကေလးေတြဘယ္လိုေနလဲ ေမး ၾကည့္လို႔ရပါတယ္။ အေဖကိုယ္ တိုင္က မိန္းမနဲ႔သားကိုရက္ရက္ စက္စက္သတ္ၿပီး ကိုယ့္ကိုယ္ ကိုယ္သတ္ေသတယ္ဆိုျဖစ္ႏိုင္မ လား စဥ္းစားေစခ်င္ပါတယ္။ (မ်က္ရည္မ်ားျဖင့္ ေျပာသည္)

အမႈနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ကို ဘာမ်ားေျပာခ်င္ပါသ လဲ။

အန္တီတို႔မွာလူလည္းေသ ဆံုးလို႔ ဆံုး႐ႈံးရၿပီးၿပီ။ အခုသတင္း ထုတ္ျပန္ခ်က္အရ စိုးေနာင္က စိတ္ေဖာက္ျပန္ၿပီးသတ္သလို ေတြေရးထားတယ္။ သူ႔မွာဘာ ေရာဂါမွ မရွိသလိုဘယ္လိုေဆး ခန္းမွလည္း သြားျပရတဲ့သူလည္း မဟုတ္ဘူး။ ရဲထဲကထြက္ေတာ့ လည္း အန္တီတို႔ေမးပါတယ္။ ဘာလို႔ထြက္တာလဲဆိုေတာ့ မေျဖပါ ဘူး။ သူမလုပ္ခ်င္လို႔ထြက္တာပဲ ေျပာတယ္။ အန္တီတို႔ေတာင္တ ကယ္မထြက္ဘဲ ရဲသတင္းေပးပံုစံ လုပ္ေနတယ္လို႔ ထင္တာပါ။ အိမ္ကိုလာေခ်ာင္းတဲ့ အမ်ိဳးသားသံုး ဦးကိုက်ေတာ့ ရွာမေတြ႕ေသးဘဲနဲ႔ အခုလိုထုတ္ျပန္လိုက္တာေတာ့ အန္တီတို႔ တစ္မ်ိဳးလံုးစိတ္မေကာင္းျဖစ္ရသလို မေက်လည္းမေက်နပ္ပါဘူး။ ဒီအမႈနဲ႔ပတ္ သက္ၿပီး တာဝန္ရွိသူေတြကိုလည္း ေမးဖို႔စီစဥ္ထားပါတယ္။ သူမ်ားကိုသတ္တာေတာ့ထားပါဦး။ ကိုယ့္ကိုယ္ကိုယ္  ဓားနဲ႔အဲဒီလိုေလးခ်က္ထိုးလို႔   ရမလားသိခ်င္တယ္။

လူသတ္မႈမျဖစ္ခင္ကိုစိုးေနာင္က ဘာေတြမ်ားထူးထူးျခားျခားေျပာ တာရွိလဲ။

အခုေနတဲ့အိမ္ေရာင္းၿပီးစိုး ေနာင္ သူ႔ဇာတိေညာင္ေလးပင္ ျပန္ခ်င္တယ္ေျပာတယ္။ ဘာလို႔ လဲေမးေတာ့ ဒီမွာအလုပ္အကိုင္ ေတြအဆင္မေျပဘူးေျပာတယ္။ အေႂကြးေတြမ်ားရွိလားေမးေတာ့ လည္း မရွိဘူးေျပာတယ္။ ဒါ ေၾကာင့္ အန္တီကေတာင္ငါရွိတဲ့ ေျမကြက္ေလးေတြေရာင္းၿပီးအ လုပ္ထဲေငြထပ္ျဖည့္ေပးမယ္ေျပာ ေတာ့ သူကရန္ကုန္မွာ မေနခ်င္ တာအေမလို႔ေျပာတယ္။ အန္တီ ကေတာင္ (သား)မေခၚဖူးပါဘူး။ အဲဒီေန႔ကေတာ့ေခၚၿပီး မင္းမွာရန္ ၿငိဳးရန္စေတြရွိလား ေမးေတာ့ လည္းမရွိဘူးေျပာတယ္။

အန္တီ့အေနနဲ႔ ဘာေတြဆက္လုပ္ သြားဖို႔ စီစဥ္ထားပါသလဲ။

အမႈနဲ႔ပတ္သက္လို႔တာဝန္ရွိ သူေတြကို ေမးစရာရွိတာေတြေမး မယ္။ ၿပီးရင္အိမ္ေရွ႕မွာလာၿပီး ဓာတ္ပံု႐ိုက္ေနတဲ့ သံုးေယာက္ ဘာလို႔ရွာမရတာလဲသိခ်င္တယ္။ အိမ္ကေတာ့လွဴတာေတာင္ ယူ မယ့္သူမရွိပါဘူး။ အခုေတာ့က်ဴး ေက်ာ္ဆိုၿပီး ဇြန္လ၂၂ ရက္က စမတ္ကတ္ေပးသြားတယ္။ က ေလးေတြအတြက္ တစ္ႏွစ္ျပည့္ အလွဴလုပ္ေပးမယ္။ ၿပီးရင္ေတာ့ အန္တီ က်ိဳက္ထီး႐ိုးမွာ မယ္သီလ ရွင္ဝတ္ဖို႔ စဥ္းစားထားပါတယ္။ အန္တီတို႔လို အျဖစ္မ်ိဳးလည္း ဘယ္မိသားစုမွ မျဖစ္ပါေစနဲ႔ဆု ေတာင္းတယ္။ အမႈမွန္ဆိုတာ ထက္ အျဖစ္မွန္ေပၚပါေစလို႔ အန္ တီကေတာ့ဆုေတာင္းပါတယ္။

ေက်းဇူးတင္ပါတယ္။
Credit:  7Day Daily
=============

လေးလောင်းပြိုင်လူသတ်မှုမှ မချယ်ရီပွင့်၏ မိခင်၊ ကလေးနှစ်ဦး၏အဘွား ဒေါ်ရီရီနွဲ့(ဓာတ်ပုံ − မြတ်သီဟမောင်)
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ ပတ္တမြားမြို့သစ် မြအေးချမ်းသာလမ်းရှိ အိမ်တွင် ၂၀၁၆ ဩဂုတ် ၁၉ ရက်၌ ဖြစ်ပွားခဲ့သော လူသတ်မှုသည် အိမ်ထောင်ဦးစီးစိုးနောင်က သားနှစ်ဦးနှင့် ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်ပြီး ကိုယ့်ကိုယ်ကုုိယ်ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်ဟုစစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယမန်နေ့ကထုတ်ပြန်သည်။ အသတ်ခံရသော မချယ်ရီပွင့်၏ မိခင်၊ ကလေးငယ်နှစ်ဦး၏အဘွားဖြစ်သော ကျန်ရစ်သူဒေါ်ရီရီနွဲ့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ဇွန်လ ၃၀ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များမှကောက်နုတ် ဖော်ပြလိုက်ပါသည်။

လူသတ်မှုနဲ့ပတ်သက်ပြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက််အပေါ် အန်တီဘာပြောချင် ပါသလဲ။

ဇွန်လ ၂၉ ရက် ည ၈ နာရီ သတင်းမှာတီဗီကနေကြေညာ တယ်ဆိုပြီး အသိတွေဖုန်းဆက်ပါ တယ်။ အိမ်မှာဖွင့်ကြည့်တော့ မမီ တော့ဘူး။ မနက်မြန်မာ့အလင်း သတင်းစာမှာပါမှ သတင်းဖတ်ရ ပြီး သိရတာပါ။ ဘယ်ရဲဌာနကမှ လာရောက်ပြောဆိုခြင်း မရှိပါ ဘူး။ လူသတ်မှုဖြစ်ပြီး လေးလ လောက်နောက်ပိုင်းကတည်းက ရဲတွေက အဆက်အသွယ်မလုပ် တော့ဘူး။ အခုလိုကြေညာလိုက် တော့ မိသားစုအနေနဲ့ မကျေနပ် ပါဘူး။

ဒီသတင်းထုတ်ပြန်ချက်ကို ယုံ ကြည်ပါသလား။

သားသမီးတွေကို ချစ်တဲ့သူ တစ်ယောက်က ဒီလိုလုပ်စရာအ ကြောင်းမရှိပါဘူး။ သူ့သားတွေ ကို သူဘယ်လောက်ချစ်ကြောင်း ပတ်ဝန်းကျင်ကတောင် သိပါ တယ်။ အန်တီတို့ကတော့ ရဲတပ် ဖွဲ့က ဘယ်လိုတွေထုတ်ပြန်တယ် ဆိုတာ သတင်းစာဖတ်မှသိရတာ ပါ။ အခုလို ထုတ်ပြန်ချက်နဲ့ ပတ် သက်လို့တော့ မယုံကြည်ဘူး။ အန်တီလည်း ဒီနေ့သတင်းစာဖတ် ပြီးတော့မှ ဆေးတစ်လုံးတောင် ထိုးထားရတယ်။ ဒီလိုတွေ သတင်းဖတ်ပြီး ဒီနေ့ည မအိပ်နိုင် သေးဘူး။ ရဲတပ်ဖွဲ့ကတော့ ဘာ တွေတွေ့ပြီး အခုလိုပြောတာလဲ မသိဘူး။ အမှန်က အန်တီတို့ကိုအသိပေးပြီး မေးမြန်းသင့်တယ်။ အခုလို သတင်းထုတ်ပြန်တာတော့မယုံကြည်ပါဘူး။

လူသတ်မှုမဖြစ်ခင် မိသားစုမှာ ထူးခြားမှု ဘာတွေများရှိပါသလဲ။

လူသတ်မှုမဖြစ်ခင် သုံးလေး ရက်အလိုမှာ အိမ်ကို သူစိမ်းနှစ် ယောက်လာတယ်။ အဲဒီနေ့က အိမ်မှာ အန်တီတစ်ယောက် တည်းရှိတယ်။ ညဘက်သူတို့ လင်မယားပြန်လာတော့ ကလေး သူခိုးတွေလားမသိဘူး။ ကလေး တွေသတိထားဦးလို့ ပြောမိသေး တယ်။ အန်တီအစ်မအိမ်သွားအိပ် ပြီး အိမ်ပြန်လာတဲ့နေ့မှာ သမီးက အမေ့ကို ပြစရာရှိတယ်ဆိုပြီး သူ့ ဖုန်းကိုပြတယ်။ အမေ့အိမ်ကို လာချောင်းတာ ဒီလူတွေလား မေးတယ်။ အန်တီက သုံးယောက် မှာဘေးကနှစ်ယောက်ကတော့ ပါတယ်။ အလယ်က တစ်ယောက် တော့မပါဘူးလို့ ပြောလိုက်တယ်။ စိုးနောင်လည်း အဲဒီအချိန်အိမ်မှာ ရှိတော့ သူ့ကိုတောင်ပြောလိုက် သေးတယ်။ စိုးနောင်က ထား လိုက်အမေရာ၊ ဘယ်ကလူတွေ မှန်းလည်း မသိဘဲနဲ့လို့ ပြန်ပြော သေးတယ်။

ငွေကြေးနဲ့ပတ်သက်လို့ အကြွေး တင်ထားတာတွေရှိတယ်လို့ သိ ရပါတယ်။ ဟုတ်ပါသလား။

သူ အုတ်သဲကျောက်ယူ ရောင်းတဲ့ဒိုင်မှာ အကြွေးရှိတယ် လို့ပြောတယ်။ အန်တီက ဘယ် လောက်လဲလို့မေးတော့ ၁၇ သိန်း ရှိတယ်။ ဆိုင်ရှင်အမျိုးသမီးက ပါးစပ်ဆိုးတယ်။ အမေပြန်ဆပ်ရ မယ်ပြောတော့ အန်တီကတောင် ဆပ်လိုက်ပေါ့။ ငွေလိုလို့ဆိုပြီး ဝယ်ထားတဲ့ ထော်လာဂျီကို ၁၂ သိန်းခွဲနဲ့ရောင်းပြီး ၁၀ သိန်းသွား ဆပ်ခဲ့တယ်လို့ လင်မယားနှစ် ယောက်အန်တီ့ကို ပြောတယ်။ အန်တီက ငွေလိုရင်ငါ့မြေကွက် တွေရောင်းပြီး ပေးမယ်တောင် ပြောလိုက်သေးတယ်။ လူသတ် မှုဖြစ်ပြီးနောက်ပိုင်း အဲဒီအကြွေး ရှင်ဆိုတဲ့သူတွေလည်း မလာပါ ဘူး။ သတင်းစာထဲမှာတော့ ၂၇ သိန်းရေးထားတာတွေ့တယ်။

သေဆုံးသူ မချယ်ရီပွင့်ခြေ ထောက်မှာ အကြွေးပေးဖို့ရှိတဲ့ သူတွေနာမည်တွေ ရေးပြီး ယ တြာချေတယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။

အန်တီတို့အိမ်မှာ ယတြာ ချေတဲ့ပစ္စည်းတွေ ဘာမှမရှိပါ ဘူး။ ငွေရေးကြေးရေးလည်း အ ရင်ကတည်းက အန်တီပေးနေ တာပါ။ ဒီဘက်ပြောင်းလာပြီးမှ သူတို့လုပ် ချင်တဲ့ စီးပွားရေးလုပ်ဖို့ အန်တီ့ အိမ်ခြံတွေရောင်းပြီး သူ တို့ကို စီးပွားရေးလုပ်ပေးထား တာပါ။ ဒီရပ်ကွက်မှာလည်း အန် တီတို့ ရစရာငွေကြေးတွေ အများ ကြီးရှိတယ်။ သမီးခြေထောက် ပေါ်မှာ ဒေါ်တင်တင်ငြိမ်းဆိုတဲ့ နာမည်ရေးထားတယ်လို့ အ လောင်းကို သူတို့စစ်တဲ့အခါမှာ တွေ့တဲ့အကြောင်း ပြောဖူးပါ တယ်။ ဘယ်ဘက်မှာရေးထားလဲ အန်တီလည်း မသိသလို မြင် လည်း မမြင်လိုက်ရပါဘူး။ ရဲတွေ ပြောမှ ဒီနာမည်ရေးထားတယ်ဆို တာ သိရတာပါ။

မချယ်ရီပွင့်အရက်နဲ့ဝိုင်သောက် လေ့ရှိတယ်လို့ ရဲသတင်းထုတ်ပြန် ချက်မှာ တွေ့ရပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး ဘာများပြောချင် ပါသလဲ။

အန်တီ့သမီးအရက်တို့၊ ဝိုင် တို့မသောက်တတ်ပါဘူး။ ပျော်ပွဲ ရွှင်ပွဲညတွေမှာ ညီအစ်မတွေဆုံ တဲ့အခါ ဘီယာတော့ သောက်ပါ တယ်။ မိသားစုတွေပွဲဆိုတာ လည်း အမြဲလုပ်နေတာမဟုတ် ပါဘူး။ ဝိုင်ပုလင်းနှစ်လုံးကလည်း အန်တီအထက်မြန်မာပြည်ကပြန် လာတော့ လက်ဆောင်ပေးဖို့ ဝယ်လာတာပါ။ စိုးနောင်ဆိုရင် အရက်၊ ဘီယာ ဘာမှမသောက်ပါ ဘူး။ အိမ်မှာအရက်ပုလင်းထား တာက အလုပ်နဲ့မပတ်သက်လို့ အိမ်ကို ဧည့်သည်တွေလာရင် တိုက်ဖို့ တစ်ခါတလေဝယ်ထား တဲ့ဟာတွေပါ။

ဆရာဝန်ဆေးစစ်ချက်မှာ ကိုစိုး နောင်ဟာ ဘယ်သန်လို့ပြောပါ တယ်။ စိတ်အခြေအနေပုံမှန် မဟုတ်တဲ့အတွက် အခုလိုမိသား စုကို ပြုလုပ်ခဲ့တယ်လို့ သုံးသပ် ထားပါတယ်။ ဒီအတွက်အန်တီ့ အနေနဲ့ ဘာများပြောချင်ပါသ လဲ။

ဒီအချက်ကတော့ အထူးလွဲ မှားတဲ့ အချက်လို့တောင်ပြောလို့ ရပါတယ်။ စိုးနောင်ဟာ ညာသန် တစ်ယောက်ပါ။ ဘယ်သန်လည်း မဟုတ်သလို အိမ်မှာလည်း သူက ခပ်အေးအေးနေတတ်တဲ့သူတစ် ယောက်ပါ။ သားသမီးတွေကို ချစ်လား (ဒါမှမဟုတ်) သူတို့လင် မယားတွေ စကားများရန်ဖြစ်လား သိချင်ရင် ရပ်ကွက်ကသူတွေမေး ကြည့်လို့ရပါတယ်။ လင်မယား စကားများတာတော့ အိမ်ထောင် သည်တိုင်းဖြစ်တတ်တဲ့သဘာဝ ပါ။ အန်တီ့မြေးတွေကလည်း ရိုက်ပြီးဆုံးမဖို့လိုတဲ့ကလေးတွေ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာဖြစ် ဖြစ်၊ စာသင်ကျောင်းမှာဖြစ်ဖြစ် ကလေးတွေဘယ်လိုနေလဲ မေး ကြည့်လို့ရပါတယ်။ အဖေကိုယ် တိုင်က မိန်းမနဲ့သားကိုရက်ရက် စက်စက်သတ်ပြီး ကိုယ့်ကိုယ် ကိုယ်သတ်သေတယ်ဆိုဖြစ်နိုင်မ လား စဉ်းစားစေချင်ပါတယ်။ (မျက်ရည်များဖြင့် ပြောသည်)

အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကို ဘာများပြောချင်ပါသ လဲ။

အန်တီတို့မှာလူလည်းသေ ဆုံးလို့ ဆုံးရှုံးရပြီးပြီ။ အခုသတင်း ထုတ်ပြန်ချက်အရ စိုးနောင်က စိတ်ဖောက်ပြန်ပြီးသတ်သလို တွေရေးထားတယ်။ သူ့မှာဘာ ရောဂါမှ မရှိသလိုဘယ်လိုဆေး ခန်းမှလည်း သွားပြရတဲ့သူလည်း မဟုတ်ဘူး။ ရဲထဲကထွက်တော့ လည်း အန်တီတို့မေးပါတယ်။ ဘာလို့ထွက်တာလဲဆိုတော့ မဖြေပါ ဘူး။ သူမလုပ်ချင်လို့ထွက်တာပဲ ပြောတယ်။ အန်တီတို့တောင်တ ကယ်မထွက်ဘဲ ရဲသတင်းပေးပုံစံ လုပ်နေတယ်လို့ ထင်တာပါ။ အိမ်ကိုလာချောင်းတဲ့ အမျိုးသားသုံး ဦးကိုကျတော့ ရှာမတွေ့သေးဘဲနဲ့ အခုလိုထုတ်ပြန်လိုက်တာတော့ အန်တီတို့ တစ်မျိုးလုံးစိတ်မကောင်းဖြစ်ရသလို မကျေလည်းမကျေနပ်ပါဘူး။ ဒီအမှုနဲ့ပတ် သက်ပြီး တာဝန်ရှိသူတွေကိုလည်း မေးဖို့စီစဉ်ထားပါတယ်။ သူများကိုသတ်တာတော့ထားပါဦး။ ကိုယ့်ကိုယ်ကိုယ်  ဓားနဲ့အဲဒီလိုလေးချက်ထိုးလို့   ရမလားသိချင်တယ်။

လူသတ်မှုမဖြစ်ခင်ကိုစိုးနောင်က ဘာတွေများထူးထူးခြားခြားပြော တာရှိလဲ။

အခုနေတဲ့အိမ်ရောင်းပြီးစိုး နောင် သူ့ဇာတိညောင်လေးပင် ပြန်ချင်တယ်ပြောတယ်။ ဘာလို့ လဲမေးတော့ ဒီမှာအလုပ်အကိုင် တွေအဆင်မပြေဘူးပြောတယ်။ အကြွေးတွေများရှိလားမေးတော့ လည်း မရှိဘူးပြောတယ်။ ဒါ ကြောင့် အန်တီကတောင်ငါရှိတဲ့ မြေကွက်လေးတွေရောင်းပြီးအ လုပ်ထဲငွေထပ်ဖြည့်ပေးမယ်ပြော တော့ သူကရန်ကုန်မှာ မနေချင် တာအမေလို့ပြောတယ်။ အန်တီ ကတောင် (သား)မခေါ်ဖူးပါဘူး။ အဲဒီနေ့ကတော့ခေါ်ပြီး မင်းမှာရန် ငြိုးရန်စတွေရှိလား မေးတော့ လည်းမရှိဘူးပြောတယ်။

အန်တီ့အနေနဲ့ ဘာတွေဆက်လုပ် သွားဖို့ စီစဉ်ထားပါသလဲ။

အမှုနဲ့ပတ်သက်လို့တာဝန်ရှိ သူတွေကို မေးစရာရှိတာတွေမေး မယ်။ ပြီးရင်အိမ်ရှေ့မှာလာပြီး ဓာတ်ပုံရိုက်နေတဲ့ သုံးယောက် ဘာလို့ရှာမရတာလဲသိချင်တယ်။ အိမ်ကတော့လှူတာတောင် ယူ မယ့်သူမရှိပါဘူး။ အခုတော့ကျူး ကျော်ဆိုပြီး ဇွန်လ၂၂ ရက်က စမတ်ကတ်ပေးသွားတယ်။ က လေးတွေအတွက် တစ်နှစ်ပြည့် အလှူလုပ်ပေးမယ်။ ပြီးရင်တော့ အန်တီ ကျိုက်ထီးရိုးမှာ မယ်သီလ ရှင်ဝတ်ဖို့ စဉ်းစားထားပါတယ်။ အန်တီတို့လို အဖြစ်မျိုးလည်း ဘယ်မိသားစုမှ မဖြစ်ပါစေနဲ့ဆု တောင်းတယ်။ အမှုမှန်ဆိုတာ ထက် အဖြစ်မှန်ပေါ်ပါစေလို့ အန် တီကတော့ဆုတောင်းပါတယ်။

ကျေးဇူးတင်ပါတယ်။
Credit:  7Day Daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...