ေအာင္လ၏ခ်န္ပီယံစိန္ေခၚပြဲ ၾကည့္ေနရင္း အမ်ိဳးသားတစ္ဦးေသဆံုး

အသက္နဲ႔ရင္းျပီး အားေပးခဲ့သူ ...

ေအာင္လ၏ခ်န္ပီယံစိန္ေခၚပြဲ ၾကည့္ေနရင္း
အမ်ိဳးသားတစ္ဦးေသဆံုး

ရန္ကုန္- ရန္ကင္းၿမိဳ႕နယ္ (၁၂) ရပ္ ကြက္
ကံဘဲ့ဘူတာ႐ံုလမ္းရွိ လက္ ဖက္ရည္ဆိုင္တြင္
ေအာင္လအန္ ဆန္ႏွင့္ ႐ုရွားႏိုင္ငံသား
ဗစ္တာလီ ဘစ္ဒက္ရွ္တို႔ ယွဥ္ၿပိဳင္သည့္ MMA
(One Championship) ၿပိဳင္ပြဲကို႐ုပ္ျမင္သံၾကားမွ
အားေပးေနစဥ္ (၆၅) ႏွစ္အရြယ္ရွိ ဦးခင္ေမာင္ဝင္းသည္
႐ုတ္တရက္ေသဆံုးခဲ့သည္။ ၿပိဳင္ပြဲ၏  ပထမအခ်ီ
ထိုးသတ္ေနစဥ္အားေပးရင္း စိတ္လႈပ္ရွားလြန္းရာမွ
ေသဆံုးခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ဆိုသည္။

‘‘ေအာင္လကႏိုင္ငံျခားသား ကို ထိုးေနတဲ့အခ်ိန္မွာ
အရမ္းစိတ္ ေတြလႈပ္ရွားၿပီးေတာ့ ၾကည့္ေန ရင္းနဲ႔
ခါးဆန္႔သြားၿပီး ဆို႔သြားတဲ့ ပံုစံေပါ့။
‘ထိုင္ေနရင္းျဖစ္သြားတာ ၿပီးေတာ့ အန္တယ္၊
ႏွာေခါင္းထဲ ကပါအန္ဖတ္ေတြထြက္လာတာ။
အနားမွာရွိတဲ့ ေဆးခန္းကိုျပတာ အသက္က
မမီေတာ့ဘူး’ ဟု ကြယ္လြန္သူ၏နံေဘးတြင္
အတူထုိင္ ၾကည့္ခဲ့ေသာ ကိုလင္းခ်စ္က ေျပာ သည္။
ဦးခင္ေမာင္ဝင္းေသဆံုးခဲ့ ျခင္းကို သက္ဆိုင္ရာက
မည္သည့္ေရာဂါျဖင့္ ေသဆံုးျခင္းကို အတည္ျပဳ၍
မရေသးေၾကာင္း အခင္းျဖစ္ပြားရာေနရာသို႔
ေရာက္ရွိေနသည့္ ရဲအရာရွိတစ္ဦးက ေျပာသည္။

Source: 7 Day

ZN.H
================

အသက်နဲ့ရင်းပြီး အားပေးခဲ့သူ ...

အောင်လ၏ချန်ပီယံစိန်ခေါ်ပွဲ ကြည့်နေရင်း
အမျိုးသားတစ်ဦးသေဆုံး

ရန်ကုန်- ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်
ကံဘဲ့ဘူတာရုံလမ်းရှိ လက် ဖက်ရည်ဆိုင်တွင်
အောင်လအန် ဆန်နှင့် ရုရှားနိုင်ငံသား
ဗစ်တာလီ ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်သည့် MMA
(One Championship) ပြိုင်ပွဲကိုရုပ်မြင်သံကြားမှ
အားပေးနေစဉ် (၆၅) နှစ်အရွယ်ရှိ ဦးခင်မောင်ဝင်းသည်
ရုတ်တရက်သေဆုံးခဲ့သည်။ ပြိုင်ပွဲ၏  ပထမအချီ
ထိုးသတ်နေစဉ်အားပေးရင်း စိတ်လှုပ်ရှားလွန်းရာမှ
သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

‘‘အောင်လကနိုင်ငံခြားသား ကို ထိုးနေတဲ့အချိန်မှာ
အရမ်းစိတ် တွေလှုပ်ရှားပြီးတော့ ကြည့်နေ ရင်းနဲ့
ခါးဆန့်သွားပြီး ဆို့သွားတဲ့ ပုံစံပေါ့။
‘ထိုင်နေရင်းဖြစ်သွားတာ ပြီးတော့ အန်တယ်၊
နှာခေါင်းထဲ ကပါအန်ဖတ်တွေထွက်လာတာ။
အနားမှာရှိတဲ့ ဆေးခန်းကိုပြတာ အသက်က
မမီတော့ဘူး’ ဟု ကွယ်လွန်သူ၏နံဘေးတွင်
အတူထိုင် ကြည့်ခဲ့သော ကိုလင်းချစ်က ပြော သည်။
ဦးခင်မောင်ဝင်းသေဆုံးခဲ့ ခြင်းကို သက်ဆိုင်ရာက
မည်သည့်ရောဂါဖြင့် သေဆုံးခြင်းကို အတည်ပြု၍
မရသေးကြောင်း အခင်းဖြစ်ပွားရာနေရာသို့
ရောက်ရှိနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

Source: 7 Day

ZN.H

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...