၅ နှစ်သမီးလေးကို နေအိမ်မှ ခိုးယူပြီး သားမယားပြုကျင့် ပစ္စည်းဖြုတ်ယူသူ ဖမ်းမိ





3-7-2017 ရက်နေ့2145 နာရီခန့်အချိန် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ဟင်သော်ကျေးရွာနေ မ——(၅)နှစ်သမီးအား ကောလင်းမြို့နယ် တောင်ပုံကျေးရွာနေ မင်းမင်း(ခ)အေးမင်းဦးက နေအိမ်မှ ခိုးယူ၊ သား မယားအဖြစ်ပြုကျင့်၊ နားကွင်း တစ်ရံပါဖြုတ်ယူ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ယင်းတရားခံ မင်းမင်းကို ဖမ်းဆီးရမိရေး ဇင်းရဲကင်းစခန်းမှူး ရဲအုပ်ဘိုဘိုနိုင်နှင့်အဖွဲ့ တောနင်းရှာဖွေခဲ့ရာ 14-7-2017 ရက်နေ့ 1030 နာရီခန့် အုန်းခြောက်လုံး တောတိုက်တွင် သက်သေခံ နားကွင်းတစ်ရံနှင့်အတူ တရားခံမင်းမင်းအား ဖမ်းဆီးရမိခဲ့သည်။
ကန့်ဘလူမြို့မ ရဲစခန်းသို့ (ပ)၁၆၇/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၉၂ တို့ဖြင့် အရေးယူထားကြောင်း သိရပါသည်။
( ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ပါစေ )

Myint Win
Via – Pho Nyan
16.7.2017
Share From Sun Thit

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...