
#တကၠသိုလ္ဘုန္းႏိုင္မာလာဆောင် ပြည်လမ်းရှေ့မှာ သွေးကွက်နီနီနဲ့ ကျောင်းသား အလောင်းတွေ

ရာမညဆောင် အဓိပတိလမ်းမနဲ့ မန္တလေးဆောင် လှေကားရင်းမှာ ကျောင်းသား အလောင်းတွေ
ရေတမာ ၊ အင်းလျား ၊ သီရိမာလာက တစ်ယောက်ပေါ်တစ်ယောက်ထပ် ကျောင်းသား အလောင်းတွေ

မြင်သမျှဟာ ကြေကွဲစရာချည်းပဲ ကျောင်းဝန်းထဲက စိန်ပန်းတွေဟာ ကျောင်းသားသွေးတွေနဲ့ ရဲရဲနီတယ် ညှီနံ့က တသင်းသင်းနဲ့လေ ဒီပန်းတွေကို ဘယ်သူကများ ကောက်ယူရက်မယ်တဲ့လဲ ပြောကြပါဦး ပစ်မိန့်တစ်ခုရဲ့ ဂျီသရီးသေနတ်သံတွေ ဘယ်လောက်တောင်မှ ညံ့ခဲ့ရတယ်တဲ့လဲ
ကြည့်စမ်း ပြန်ရောက်မလာတော့မယ့် ကျောင်းသားတွေကို မျက်ရည်စက်လက်နဲ့ မိဘတွေက မျှော်လို့ အဲ့သည့်က စလို့ ကြားကြားနေကျ မာလာဆောင်ရှေ့က ဂစ်တာသံတွေ
မကြားရတော့ဘူး အဲ့သည့်က စလို့ ငိုညည်းသံတွေနဲ့ တိုက်ပွဲခေါ်သံတွေ ယနေ့တိုင် မြည်တမ်းခဲ့ပြီ မမေ့ဘူးကွယ်…အဲ့သည့်အတွက် ဘယ်တော့မှ မမေ့ဘူး
7.7.62 ရဲ့မိုးဟာ ကျုပ်တို့ သမိုင်း အဆက်ဆက် စိုရွှဲစေခဲ့ပြီ။
#တက္ကသိုလ်ဘုန်းနိုင်

0 comments :
Post a Comment