အိမ်ထောင်ကျသွားပေမယ့် ပရိသတ်အားပေးမှု မလျော့သွားတဲ့ ဂျင်းကောင်


မြန်မာရုပ်ရှင်လောကမှာ အနုပညာရှင်တော်တော်များများဟာ အိမ်ထောင်ကျသွားတာနဲ့ အနုပညာအလုပ်တွေ လှုပ်ရှားမှုအားနည်းသွားသလို ပရိသတ်အားပေးမှုလည်း လျော့ကျသွားလေ့ရှိတာ ဟာမြန်မာနိုင်ငံရဲ့ အနုပညာလောက ဓလေ့တစ်ခုလိုဖြစ်နေပါတယ်။ အိမ်ထောင်ကျသွားပြီး အနုပညာအလုပ်တွေဆက်လုပ်ပြီ ပရိသတ်အားပေးမှုလျော့ကျမသွားတဲ့ အနုပညာရှင်ဆိုတာရှိတော့ရှိပေမယ့်ရှားပါတယ်။ အခုအဲ့ဒီလိုရှားတဲ့ အနုပညာရှင်တစ်ယောက်ကတော့ သရုပ်ဆောင်မြင့်မြတ်ပဲဖြစ်ပြီး သူ အိမ်ထောင်ကျသွားပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုလျှော့ကျမသွားပဲ အနုပညာအလုပ်တွေပိုလုပ်ဖြစ်နေတဲ့အကြောင်းကို အခုလို ပြောပြထားပါတယ်။ 

“ ကျွန်တော်အိမ်ထောင်ကျသွားပေမယ့် ပရိသတ်တွေရဲ့အားပေးမှုက လျော့ကျသွားတာမျိုး မရှိဘူးတော့ အရမ်းဝမ်းသာပါတယ်။ ထင်တာပြောရရင် အိမ်ထောင်ကျသွားတော့မှာ အနုပညာအလုပ်တွေပိုလုပ်ဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုလည်းပိုရလာတယ်လို့ခံစားမိပါတယ်။ ကျွန်တော့်တို့အနုပညာလောကမှာ အိမ်ထောင်ကျသွားတာနဲ့ အနုပညာအလုပ်တွေနဲ့အတူပရိသတ်တွေရဲ့အားပေးမှုလည်းလျော့ကျသွားတာမျိုးရှိပေမယ့် ကျွန်တော့်မှာအဲ့ဒီလိုမဖြစ်လို့ အားပေးတဲ့ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ အနုပညာအလုပ်တွေကို အခုထက်ပိုကြိုးစားလုပ်သွားမှာဖြစ်သလို ကျွန်တော့်အိမ်သူကလည်း နာလည်းမှုရှိပါတယ်” လို့ မြင့်မြတ်ကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြင့်မြတ်ပါဝင်သရုပ်ဆောင်ထားတဲ့ Original Gangsters 2 ရုပ်ရှင်ဇာတ်ကားနဲ့ ဘုန်းကညာနှစ်ပါး စတဲ့ရုပ်ရှင်ဇာတ်ကားကြော်ငြာတွေကို အွန်လိုင်ပေါ်မှာကြည့်ပြီး ပရိသတ်အများစုက ရုံတင်ရက်ကိုစောင့်မျှော်ကြည့်ရှုနိုင်ဖို့မျှော်လင့်နေကြပါတယ်။

Credit: သုတဗိုလ် (မိုမိုလေး)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...