ေခတ္သစ္ေ၀သႏၱရာ ဦးစုိးတင္႔ မေသပါ


ကေလးေတြ ေက်ာင္းဖြင့္ခ်ိန္ သူပူျပန္ၿပီေပါ့
ဆိုကၠားဆရာေတြ ေဈးသည္ ေတြကို
ကေလးေတြ ေက်ာင္းစရိတ္ လွူရေအာင္တဲ့။
ပ်ဥ္းမနား က ကေလးေတြ ေက်ာင္းေနေပ်ာ္ေအာင္
၃ ထပ္ ၄ ထပ္ေက်ာင္းေဆာင္ေတြ ေဆာက္ေပးလိုက္ျပန္ၿပီ။
ဆရာမႀကီးေရ ကေလးေတြ ကိုဘာသာေရးလည္း
ေသေသခ်ာခ်ာ လုပ္ေပးပါ
ဦးေလး ဓမၼာ႐ုံႀကီးေဆာက္ေပးမယ္တဲ့။
ကိုယ္လက္ႀကံ့ခိုင္ေရးကလည္းအေရးႀကီးတယ္ေနာ္
စာေတြခ်ည္းစြတ္မသင္ေန နဲ႔
ကေလးေတြ ထြားထြားက်ိဳင္းက်ိဳင္း မရွိၾကဘူး
ဦးေလး အားကစား႐ုံႀကီး ေဆာက္ေပးမယ္တဲ့။
အိုး…ေက်ာင္းဝင္းႀကီးက ဧက ၂၀ ေတာင္
ၿခံစည္းရိုးကမရွိ သူပူပန္ေနရျပန္ၿပီ
ကဲေရာ့ ေပ ၃၀၀၀ ေက်ာ္ အုတ္တံတိုင္း လုပ္လိုက္ကြာတဲ့။
သူေထာက္ပံ့ခဲ့တဲ့ ကေလးေတြ ပညာတတ္ႀကီးေတြျဖစ္
နိုင္ငံတာဝန္ေတြ ထမ္းေဆာင္ေနၾကၿပီ။
ဆရာမႀကီးေရ..ဆရာ ဆရာမ ေတြ ထဲမွာ
အသက္လုရမယ့္ အေျခအေန ရွိရင္ ဦးေလးကိုေျပာ
ဦးေလး အသက္ကယ္ေပးမယ္တဲ့။
ပိုလီယို လူနာေတြအတြက္ ဝွီးခ်ဲလ္ တစ္ခုစီတဲ့
မတတ္နိုင္တဲ့ လူနာေတြ အတြက္
သူ႔ ေဆးခန္းက အားကိုးစရာတစ္ခုပါ။
ေရစည္လွည္းေတြ ေထာ္လာဂ်ီ ေတြကအစ
သူပုံစံ ေျပာင္းေပးခဲ့တယ္။
ဖိတ္ေခၚေဘာလုံးၿပိဳင္ပြဲေတြ သူ႔ကိုသတိရေနဦးမွာ
ၿပီးေတာ့ ပ်ဥ္းမနားရဲ့ ႏွိပ္က်ိပ္ရွစ္ဆူပူေဇာ္ပြဲႀကီး
သူရွိသလို ျပည့္စုံနိုင္ပါ့မလား။
ရဲစခန္းေတြ ေဆး႐ုံေတြ ေရရွားေနၾကၿပီ။
ဒါလည္း သူ႔အလုပ္ ေတြပဲေပါ့။
ဆရာမႀကီးေရ.. ဦးေလးကို နိုင္ငံေရးပါတီထဲဝင္ဖို႔
ကမ္းလွမ္းတယ္ ဦးေလးစိတ္မဝင္စားဘူးတဲ့
သူလုပ္တဲ့နိုင္ငံေရး ဘယ္သူမ်ား လိုက္မီ ဦးမလည္း။
ဘိုးဘြားေတြအတြက္ ဦးေလးမရွိေတာ့ရင္လည္း
လစဥ္ေထာက္ပံ့နိုင္ေအာင္ အၿပီးစီစဥ္ခဲ့ၿပီးသားတဲ့ေလ။
သူလွူခဲ့တဲ့ တံတားေတြေပၚ ျဖတ္ၾကရင္ေကာ
သူ႔ကို သတိရေနၾကဦးမွာ။
သူ႔လွူခဲ့တဲံ့ ဘုရား ေက်ာင္း ကန္ ေစတီ ဓမၼာ႐ုံေတြ
ေရာက္ရင္လည္း သူ႔အတြက္ အားလုံးက
သာဓုေခၚေပးေနၾကဦးမွာပါ။
သူလိုလူ ပ်ဥ္းမနားမွာမရွိသလို
တစ္နိုင္ငံလုံးမွာလည္း မရွိနိုင္ပါဘူး။
ဦးေလးေရ…
သမီးတို႔ ရင္ထဲ…အားလုံး ရဲ့ ရင္ထဲမွာ
ဦးေလး အျမဲရွိေန သတိရေနမွာပါ။
သူ မသေပါဘူး။
Unicode
ကလေးတွေ ကျောင်းဖွင့်ချိန် သူပူပြန်ပြီပေါ့
ဆိုက္ကားဆရာတွေ ဈေးသည် တွေကို
ကလေးတွေ ကျောင်းစရိတ် လှူရအောင်တဲ့။
ပျဉ်းမနား က ကလေးတွေ ကျောင်းနေပျော်အောင်
၃ ထပ် ၄ ထပ်ကျောင်းဆောင်တွေ ဆောက်ပေးလိုက်ပြန်ပြီ။
ဆရာမကြီးရေ ကလေးတွေ ကိုဘာသာရေးလည်း
သေသေချာချာ လုပ်ပေးပါ
ဦးလေး ဓမ္မာရုံကြီးဆောက်ပေးမယ်တဲ့။
ကိုယ်လက်ကြံ့ခိုင်ရေးကလည်းအရေးကြီးတယ်နော်
စာတွေချည်းစွတ်မသင်နေ နဲ့
ကလေးတွေ ထွားထွားကျိုင်းကျိုင်း မရှိကြဘူး
ဦးလေး အားကစားရုံကြီး ဆောက်ပေးမယ်တဲ့။
အိုး…ကျောင်းဝင်းကြီးက ဧက ၂၀ တောင်
ခြံစည်းရိုးကမရှိ သူပူပန်နေရပြန်ပြီ
ကဲရော့ ပေ ၃၀ဝ၀ ကျော် အုတ်တံတိုင်း လုပ်လိုက်ကွာတဲ့။
သူထောက်ပံ့ခဲ့တဲ့ ကလေးတွေ ပညာတတ်ကြီးတွေဖြစ်
နိုင်ငံတာဝန်တွေ ထမ်းဆောင်နေကြပြီ။
ဆရာမကြီးရေ..ဆရာ ဆရာမ တွေ ထဲမှာ
အသက်လုရမယ့် အခြေအနေ ရှိရင် ဦးလေးကိုပြော
ဦးလေး အသက်ကယ်ပေးမယ်တဲ့။
ပိုလီယို လူနာတွေအတွက် ဝှီးချဲလ် တစ်ခုစီတဲ့
မတတ်နိုင်တဲ့ လူနာတွေ အတွက်
သူ့ ဆေးခန်းက အားကိုးစရာတစ်ခုပါ။
ရေစည်လှည်းတွေ ထော်လာဂျီ တွေကအစ
သူပုံစံ ပြောင်းပေးခဲ့တယ်။
ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွေ သူ့ကိုသတိရနေဦးမှာ
ပြီးတော့ ပျဉ်းမနားရဲ့ နှိပ်ကျိပ်ရှစ်ဆူပူဇော်ပွဲကြီး
သူရှိသလို ပြည့်စုံနိုင်ပါ့မလား။
ရဲစခန်းတွေ ဆေးရုံတွေ ရေရှားနေကြပြီ။
ဒါလည်း သူ့အလုပ် တွေပဲပေါ့။
ဆရာမကြီးရေ.. ဦးလေးကို နိုင်ငံရေးပါတီထဲဝင်ဖို့
ကမ်းလှမ်းတယ် ဦးလေးစိတ်မဝင်စားဘူးတဲ့
သူလုပ်တဲ့နိုင်ငံရေး ဘယ်သူများ လိုက်မီ ဦးမလည်း။
ဘိုးဘွားတွေအတွက် ဦးလေးမရှိတော့ရင်လည်း
လစဉ်ထောက်ပံ့နိုင်အောင် အပြီးစီစဉ်ခဲ့ပြီးသားတဲ့လေ။
သူလှူခဲ့တဲ့ တံတားတွေပေါ် ဖြတ်ကြရင်ကော
သူ့ကို သတိရနေကြဦးမှာ။
သူ့လှူခဲ့တဲံ့ ဘုရား ကျောင်း ကန် စေတီ ဓမ္မာရုံတွေ
ရောက်ရင်လည်း သူ့အတွက် အားလုံးက
သာဓုခေါ်ပေးနေကြဦးမှာပါ။
သူလိုလူ ပျဉ်းမနားမှာမရှိသလို
တစ်နိုင်ငံလုံးမှာလည်း မရှိနိုင်ပါဘူး။
ဦးလေးရေ…
သမီးတို့ ရင်ထဲ…အားလုံး ရဲ့ ရင်ထဲမှာ
ဦးလေး အမြဲရှိနေ သတိရနေမှာပါ။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...