အကယ်ဒမီ နဲ့ပတ်သက်ပြီး မြင့်မြတ်ကို ပြေတီဦး ပြောပြီ
Unicode
မကြာခင် ရုံတင်တော့မယ့် ရာဇဝင်ရိုင်းသူများရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီဦး ၊မြင့်မြတ် စတဲ့ ထိပ်တန်းမင်းသား နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကားစရိုက်ကတည်း ပရိသတ်စိတ်ဝင်စားမူ ရရှိခဲ့တဲ့ဇာတ်ကား တစ်ကားပါ။ “လူတွေကဘဝမှာ ကိုယ်ထင်တာ ကိုယ်ကြိုက်သလို ဖြစ်မလာတဲ့အခါ ၊ ကိုယ်စီမံသလို ဖြစ်မလာတဲ့အခါ ရာဇဝင်ရိုင်းကြတယ်လို့ သုံးနှုန်းကြတယ်။ ကိုယ်စီမံတဲ့အတိုင်း ဖြစ်လာတာ ဘဝမဟုတ်ပါဘူး။ အဲ့လိုပဲ လူ့ဘဝထဲက ထင်တိုင်းမဖြစ်တဲ့ ၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာတွေအားလုံး ဘယ်လိုစိတ်အခြေအနေကြောင့်ဖြစ်တယ်ဆိုတာကို ဒီဇာတ်ကားထဲမှာ ရိုက်ပြထားပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဆိုပါတယ်။
ဇာတ်ကား နဲ့ပတ်သတ်ပြီးတော့လည်းပြေတီဦး က Myanmar Celebrities (Myanmar Cele Wiki) ကို အခုလိုပြောပြခဲ့ပါတယ်။ ” ဒီဇာတ်ကားထဲမှာ အစ်ကိုက မြင့်မိုရ်နေရာကနေ သရုပ်ဆောင်ရတယ် မြင့်မြတ်နဲ့ ရန်ငြိုးရှိတဲ့ သူတစ်ယောက်ပေါ့။ ဇာတ်လမ်းကလည်း အရင်ကတည်းက ကောင်းထားပြီးသား ဇာတ်လမ်းဆိုတော့ အစ်ကိုတို့တွေ ဦးမျိူးနဲ့ တိုင်ပင်ပြီးတော့ သေချာလုပ်ထားတယ်။ အစ်ကို ကိုယ်တိုင်လည်းအားရတဲ့ ဇာတ်ကားတစ်ကားပါ” လို့ပြောပါတယ်။ လုပ်ကွက်အများကြီးရတာကြောင့် အကယ်ဒမီ ကြိုမှန်းနေကြတဲ့အပေါ်ကိုလည်း ” ဒီဇာတ်ကားက မြင့်မြတ်အတွက်အဓိကပေါ့နော်။
သူ့ကို အကယ်ဒမီ ရစေချင်တယ် သူကလည်း သရုပ်ဆောင်ပိုင်း နဲ့ ပတ်သတ်ပြီးတော့ တကယ်ကောင်းတဲ့ အနုပညာရှင်တစ်ယောက်၊ ရှေ့မှာလည်း လွဲခဲ့ရတာတွေရှိတာကြောင့် ဒါနဲ့တော့ သူ့ကို ရစေချင်တယ်” လို့ပြောပါတယ် ။ ဟာသဇာတ်ကားတွေ ဝင်ငွေစံချိန်ကောင်းနေတဲ့ အချိန် ဒရာမာ ဇာတ်ကားရုံတင်မှာကြောင့် ပရိသတ်အားပေးမူနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်စိတ်ရှိလားဆိုတော့ “အဲ့ဒီလိုတော့ မရှိပါဘူး ဒရာမာလည်း ဒရာမာအလျှောက် ဟာသလည်း ဟာသအလျှောက် ပရိသတ်ရှိကြတာပဲလေ။ အဓိက က ဇာတ်လမ်းကောင်းဖို့ပဲ လိုပါတယ် အစ်ကိုတို့တွေ အားလုံးသေချာ ကြိုးစားထားတဲ့ ဇာတ်ကားကောင်းတစ်ခုဆိုတာတော့ ပရိသတ်တွေကို အာမခံနိုင်ပါတယ် ” လို့သိရပါတယ်။ အဲ့ဒီဇာတ်ကားကိုတော့ ဒါရိုတ်တာ မောင်မျိူးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးပြီး ပြေတီဦး ၊ မြင့်မြတ် ၊ ပတ်ထရစ်ရှာ နဲ့ လိုင်လာခမ်းတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတယ်ပါတယ်။
Credit – ရန်ပိုင်စိုး (Myanmar Celebrities)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...