ဒံုက်ည္စမ္းသပ္မွု ေအာင္ျမင္တဲ့ ေဖ်ာ္ေျဖပဲြမွာ ျပန္ေပၚလာတဲ့ ကင္ဂ်ံဳအန္ရဲ့ ဇနီးေခ်ာ


ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳန္အန္နဲ႔ အဆင္မေျပလို႔ ေဖ်ာက္ထားခံရၿပီလို႔ ထင္ေၾကးေပးထားၾကတဲ့ ဇနီျဖစ္သူဟာ လူထုေရွ႕မွ ေလးလခန္႔ ေပ်ာက္ကြယ္ေနခဲ့ရာက ခုေတာ့ ေပါ့ပ္ေဖ်ာ္ေျဖပဲြတစ္ခုမွာ ျပန္ေပၚလာပါတယ္။

သူတုိ႔စံုတဲြဟာ ေျမာက္ကိုရီးယားအသစ္စမ္းသပ္လိုက္တဲ့ တိုက္ခ်င္းပစ္ ဒံုးက်ည္ေအာင္ျမင္မွု ေပ့ါပ္ေဖ်ာ္ေျဖပဲြမွာ တက္ေရာက္ခဲ့ၾကသည္။

အသက္ ၂၇ ႏွစ္ရွိ ရီဆိုလ္ဂ်ဳဟာ ၂၀၁၆ ခုႏွစ္တည္းက ၉  လခန္႔ လူထုေရွ႕မွ ျဖည္းျဖည္း ထြက္ေပၚမွ ု နည္းနည္းလာခဲ့ပါတယ္။

ထိုပဲြမွာ ဒံုးက်ည္ေအာင္ျမင္ေၾကာင္း သီခ်င္းေတြကို ကင္ဂ်ံဳအန္ကိုယ္တိုင္ ေရြးခ်ယ္ထားတဲ့ အမ်ိဳးသမီး ေဖ်ာ္ေျဖေရးသမားေတြက တီးခတ္ေဖ်ာ္ေျဖၾကပါတယ္။

ရီဟာ အေကာင္းစား လက္၀တ္ရတနာေတြ ဒီဇုိင္းေကာင္း လက္ကိုင္အိတ္ေတြနဲ႔ ပဲြထြက္လာၿပီး လူအမ်ားအာရံုစိုက္မွုကို ရရွိကာ ႏိုင္ငံတြင္းက အမ်ိဳးသမီးေတြနဲ႔ အဆင့္အတန္း ကြာဟမွုပံုစံ ျပဳလုပ္လိုက္သလိုျဖစ္ပါတယ္။

ကင္ဂ်ံုအန္က ေဘးတစ္ဖက္မွာ ဇနီးေခ်ာကိုထား တစ္ဖက္မွာ ဒံုးက်ည္အင္ဂ်င္နီယာ ဂ်န္ခ်န္ဟကို ထားၿပီး အေမရိကန္ႏိုင္ငံ အလစကာျပည္နယ္ထိ ေရာက္ေအာင္ ပစ္ႏိုင္တယ္လို႔ ယံုၾကည္ရတဲ့ ဟြာေဆာင္ ၁၄ ဒံုးက်ည္ေအာင္ပဲြကို ဆင္ႏြဲေနသည္။
ဒီပဲြကို ၿပီခဲ့တဲ့ တနဂၤေႏြေန႔က က်င္းပခဲ့ၿပီး မ်ားစြာေသာ ယူနီေဖာင္း၀တ္သူမ်ားက ကခုန္ခဲ့ၾကသည္။

ေျမာက္ကိုရီးယား ရုပ္ျမင္သံၾကားက ထုတ္လႊင့္တဲ့ ဗီြဒီယိုဖိုင္အရ လူအုပ္ႀကီးဟာ ေခါင္းေဆာင္ျဖစ္သူကို ခ်ီးက်ဴးေထားမနာျပဳတဲ့ လက္ခုပ္ေတြကို အႀကိမ္ေပါင္းမ်ားစြာ တီးခဲ့ၾကသည္။

ေျမာက္ကိုရီးယား သတင္းေအဂ်င္စီ ယြန္ဟပ္ရဲ့ ေဖာ္ျပခ်က္အရ ကင္ေဘးမွာ ထိုင္ေနတဲ့ အမ်ိဳးသားစစ္သိပၺံေက်ာင္း ဥကၠ႒ျဖစ္သူ ဂ်န္ခ်န္ဟ ဟာ ဒီစြမ္းေဆာင္မွုေၾကာင့္ ဗိုလ္မွုးႀကီး ရာထူးအပ္ႏွင္းခံရၿပီ လို႔ သိရပါတယ္။

PannPwint
ref-Dailymail


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုန်အန်နဲ့ အဆင်မပြေလို့ ဖျောက်ထားခံရပြီလို့ ထင်ကြေးပေးထားကြတဲ့ ဇနီဖြစ်သူဟာ လူထုရှေ့မှ လေးလခန့် ပျောက်ကွယ်နေခဲ့ရာက ခုတော့ ပေါ့ပ်ဖျော်ဖြေပွဲတစ်ခုမှာ ပြန်ပေါ်လာပါတယ်။

သူတို့စုံတွဲဟာ မြောက်ကိုရီးယားအသစ်စမ်းသပ်လိုက်တဲ့ တိုက်ချင်းပစ် ဒုံးကျည်အောင်မြင်မှု ပေ့ါပ်ဖျော်ဖြေပွဲမှာ တက်ရောက်ခဲ့ကြသည်။

အသက် ၂၇ နှစ်ရှိ ရီဆိုလ်ဂျုဟာ ၂၀၁၆ ခုနှစ်တည်းက ၉  လခန့် လူထုရှေ့မှ ဖြည်းဖြည်း ထွက်ပေါ်မှ ု နည်းနည်းလာခဲ့ပါတယ်။

ထိုပွဲမှာ ဒုံးကျည်အောင်မြင်ကြောင်း သီချင်းတွေကို ကင်ဂျုံအန်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အမျိုးသမီး ဖျော်ဖြေရေးသမားတွေက တီးခတ်ဖျော်ဖြေကြပါတယ်။

ရီဟာ အကောင်းစား လက်ဝတ်ရတနာတွေ ဒီဇိုင်းကောင်း လက်ကိုင်အိတ်တွေနဲ့ ပွဲထွက်လာပြီး လူအများအာရုံစိုက်မှုကို ရရှိကာ နိုင်ငံတွင်းက အမျိုးသမီးတွေနဲ့ အဆင့်အတန်း ကွာဟမှုပုံစံ ပြုလုပ်လိုက်သလိုဖြစ်ပါတယ်။

ကင်ဂျုံအန်က ဘေးတစ်ဖက်မှာ ဇနီးချောကိုထား တစ်ဖက်မှာ ဒုံးကျည်အင်ဂျင်နီယာ ဂျန်ချန်ဟကို ထားပြီး အမေရိကန်နိုင်ငံ အလစကာပြည်နယ်ထိ ရောက်အောင် ပစ်နိုင်တယ်လို့ ယုံကြည်ရတဲ့ ဟွာဆောင် ၁၄ ဒုံးကျည်အောင်ပွဲကို ဆင်နွဲနေသည်။
ဒီပွဲကို ပြီခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး များစွာသော ယူနီဖောင်းဝတ်သူများက ကခုန်ခဲ့ကြသည်။

မြောက်ကိုရီးယား ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ဗွီဒီယိုဖိုင်အရ လူအုပ်ကြီးဟာ ခေါင်းဆောင်ဖြစ်သူကို ချီးကျူးထေားမနာပြုတဲ့ လက်ခုပ်တွေကို အကြိမ်ပေါင်းများစွာ တီးခဲ့ကြသည်။

မြောက်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်ရဲ့ ဖော်ပြချက်အရ ကင်ဘေးမှာ ထိုင်နေတဲ့ အမျိုးသားစစ်သိပ္ဗံကျောင်း ဥက္ကဋ္ဌဖြစ်သူ ဂျန်ချန်ဟ ဟာ ဒီစွမ်းဆောင်မှုကြောင့် ဗိုလ်မှုးကြီး ရာထူးအပ်နှင်းခံရပြီ လို့ သိရပါတယ်။

PannPwint
ref-Dailymail









Ri Sol-ju Photos







Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...