အောင်လနိုင်ပွဲ လုပ်ပွဲမဟုတ်ကြောင်း ပွဲစီစဉ်သူရှင်း


MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲတွင် အောင်လ၏ အရည်အချင်းဖြင့်သာ ချန်ပီယံဖြစ် ခြင်းဖြစ်ပြီး ပြိုင်ပွဲကျင်းပရေးနှင့်ပူးပေါင်းကာ  လုပ်ပွဲဖန်တီးခြင်း မဟုတ်ကြောင်း ONE Championship ပြိုင်ပွဲအတွက် မြန်မာ နိုင်ငံမှ စီစဉ်သူ ဦးဇေသီဟက အခိုင်အမာပြောကြားလိုက် သည်။

အောင်လနှင့် ဘစ်ဒက်ရှ်တို့ ပထမအကြိမ် မယှဉ်ပြိုင်မီက တည်းက ချန်ပီယံစိန်ခေါ်ပွဲကို မြန်မာနိုင်ငံ၌ ကျင်းပရန် ပြိုင်ပွဲ ကျင်းပရေးကို တိုက်တွန်းခဲ့သော် လည်း ပြိုင်ပွဲစီစဉ်သူက မြန်မာ ပရိသတ်များ ပွဲဆူမည့် အနေအ ထားများကြောင့် ငြင်းပယ်ခဲ့ ကြောင်း ၎င်းက ဆိုသည်။
‘‘အောင်လနဲ့ ဘစ်ဒက်ရှ်တို့ ပထမအကြိမ် မဆုံခင်ကတည်းက ကျွန်တော်ရော အောင်လပါ မြန် မာပရိသတ်အရှေ့မှာ ချန်ပီယံလု ပွဲကျင်းပဖို့ တိုက်တွန်းညှိနှိုင်းခဲ့ပါ တယ်။ ဒါပေမဲ့ ONE Champion-ship အဖွဲ့က လက်မခံခဲ့ပါဘူး။ အကြောင်းရင်းက အိမ်ရှင်ပရိ သတ်အရှေ့မှာ ရှုံးခဲ့ရင် ဆူမှာစိုးလို့မဖြစ်နိုင်ကြောင်း ပြောပါတယ်။ ဒီလိုနဲ့ အခါအခွင့်ကြုံလာတော့ မထင်မှတ်ဘဲ အောင်လထိုးခွင့်ရ ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ အစား ဝင်ထိုးခဲ့ရတဲ့အတွက် နားလည်မှု တချို့ကို အရယူခဲ့ရပါတယ်။ အဲဒါကတော့ KO (အလဲထိုး)မဟုတ်ဘဲ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါက မြန်မာပရိ သတ်အရှေ့မှာ ထပ်မံတွေ့ဆုံခွင့် ပေးပါဆိုတဲ့ သဘောတူညီမှုပါ။ ကျွန်တော်တို့ဘက်က မြန်မာပရိ သတ်ကိုယ်စား အာမခံမှုတွေပေး ခဲ့ရပါတယ်။ ဖြစ်ခဲ့ရင် ရှင်းရမယ့် ပြဿနာတွေကို ကြိုတွက်ခဲ့ရပါ တယ်’’ဟု ဦးဇေသီဟက ပြော သည်။
ONE Championship ပြိုင်ပွဲစီစဉ်သူများအနေဖြင့် နိုင်ငံ ၁၁၂ နိုင်ငံသို့ တိုက်ရိုက်ထုတ်လွှင့်သည့် ပြိုင်ပွဲဖြစ်သဖြင့် ဒိုင်နှင့်ပေါင်းကာ အောင်လကို ချန်ပီယံဖြစ်ရန်စွမ်း ဆောင်မည်မဟုတ်ကြောင်း၊ ထို့အပြင် ယင်းပွဲစဉ်ကို တစ်ကမ္ဘာ လုံးရှိ MMA ကစားသမားများအ ပါအဝင် ပရိသတ်များက စိတ်ဝင် စားစောင့်ကြည့်နေခြင်းကြောင့် လုပ်ငန်းတန်ဖိုး ကန်ဒေါ်လာ တစ်ထရီလီယံ(ဘီလီယံ ၁,၀၀၀)ရှိသော ONE Championship ၏အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်သဖြင့် လုပ်ပွဲဖန်တီးမှုမရှိ ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်း ပြသည်။
ဇွန်လ ၃၀ ရက်က ယှဉ်ပြိုင် ခဲ့သည့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံလုပွဲတွင် အောင်လရှုံးနိမ့် ခဲ့ပါက ပွဲဆူမည်ကို စိုးရိမ်ခြင်း ကြောင့် ONE Championship အဖွဲ့က ပြင်ပလုံခြုံရေး ၁၉၀ ကို ငှားရမ်းအသုံးပြုပြီး ပွဲစဉ်၏သုံး ချီမြောက်၌ အောင်လရှုံးနိုင်မည့် အခြေအနေရှိခြင်းကြောင့် ကြိုး ဝိုင်းကိုကာကွယ်ရန် လုံခြုံရေးအားကြိုးဝိုင်းပတ်လည်၌ ချထားခဲ့ ကြောင်း ပြောသည်။
‘‘လုံခြုံရေးတင်းတင်းကျပ် ကျပ်လုပ်ခဲ့ပါတယ်။ ခုံအောက် တွေမှာ ကြိုတင်ဝှက်ထားနိုင်မယ့် တုတ်၊ ဓားများ ရှိ၊ မရှိကအစ စိစစ် ခဲ့ကြပါတယ်။ ဒါပေမဲ့ အောင်လ ပွဲ သုံးချီမြောက်မှာ ကျွန်တော်တို့ တာဝန်ရှိသူများ သံဆန်ခါစင်နားအလုပ်ရှုပ်နေတာကို သတိထားမိ နိုင်ပါတယ်။ အဲဒါက ရှုံးနိမ့်မယ့် အနေအထားမျိုး တစ်ချက်ဖြစ် သွားတဲ့အတွက် လုံခြုံရေးတွေ အားလုံးကို ပရိသတ်ဘက်မျက်နှာ မူပြီး အသင့်စောင့်နေရန် လိုက် မှာကြားနေရပြီဖြစ်ပါတယ်။ ကျွန် တော်တို့ စိတ်ပူနေမှုဟာ သုံးချီ ပြီး လေးချီ၊ နောက်ငါးချီအထိ လျော့ကျမသွားဘဲ တိုးလို့သာ နေ ပါတယ်။ နောက်ဆုံး ဒိုင်တွေဆုံး ဖြတ်ချက်မထွက်ခင် စက္ကန့်ပိုင်း လေးအထိ ရင်ခုန်နေရတယ်။ အောင်လအတွက် ရင်ခုန်မှုနဲ့ ပရိ သတ်ရဲ့ပေါက်ကွဲမှုအရှိန်ကို စိုး ရိမ်မှု နှစ်ခုလုံးရောပြွမ်းနေတဲ့အ ထိ ဖြစ်ခဲ့ရတယ်’’ဟု ဦးဇေသီဟ က ပြောသည်။
ONE Championship ပြိုင် ပွဲသည် နိုင်ငံတကာတွင် ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်နေ သည့် အားကစားကုမ္ပဏီက ဆောင်ရွက်နေခြင်းကြောင့် ၎င်း တို့၏ကုမ္ပဏီအမည်ကို အထိ ခိုက်ခံကာ လုပ်ပွဲဖန်တီးမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

http://www.7daydaily.com/story/100562

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...