မဘသ ဆုိင္းဘုတ္ကုိ ျဖဳတ္ရဲရင္ လာျဖဳတ္ေပါ့ - ဇြဲကပင္ဆရာေတာ္ (႐ုပ္သံ)

ကရင္ျပည္နယ္ ဘားအံၿမိဳ႕တြင္း စုိက္ထူထားတဲ့ အမ်ဳိးဘာသာသာသနာ ေစာင့္ေရွာက္ေရးအဖြဲ႔ (မဘသ) ဆုိင္းဘုတ္ကုိ လုံးဝမျဖဳတ္ႏုိင္ေၾကာင္းနဲ႔ ျဖဳတ္ရဲတဲ့သူေတြ လာျဖဳတ္ၾကဖုိ႔ ဇြဲကပင္ဆရာေတာ္က မိန္႔ၾကားလုိက္ပါတယ္။

တႏိုင္ငံလံုးက မဘသဆိုင္းဘုတ္ေတြ ျဖဳတ္သိမ္းဖို႔၊ မဘသနာမည္ကို မသံုးဖို႔ သံဃမဟာနာယကအဖြဲ႔က ဇူလုိင္ ၁၅ ရက္ ေနာက္ဆုံး ညႊန္ၾကားထားတာျဖစ္ၿပီး ဒီအေပၚ ဒီဗြီဘီ သတင္းေထာက္က ေမးျမန္းရာမွာ မဘသအဖြဲ႔ဝင္ဆရာေတာ္ ဦးကဝိဓဇက အခုလုိ မိန္႔ၾကားလုိက္တာပါ။

“အခု ဦးဇင္းတုိ႔ မဘသ ဆုိင္းဘုတ္ကုိ ဘယ္ေန႔ ဘယ္သူ လာျဖဳတ္မလဲ၊ အဲဒါ ျဖဳတ္ရဲရင္ လာျဖဳတ္ေပါ့။ အဲေတာ့ ဘာအက်ိဳးရွိမလဲ။ သူတုိ႔လာျဖဳတ္လုိ႔ ဒီက ၿငိမ္းခ်မ္းေရးအဖြဲ႔က လုပ္လုိက္ရင္ သူတုိ႔ပဲ ဒုကၡေရာက္မယ္။ သူတုိ႔ပဲ နာမည္ပ်က္မယ္။ ဒီလုိလုပ္ေနမယ့္အစား မဟနနဲ႔ မဘသ ေဆြးေႏြးမယ္၊ တုိင္ပင္မယ္၊ မေကာင္းဘူးလား။ ေဆြးေႏြးတုိင္ပင္လုိက္ရင္ ျပည္သူေတြအားလုံး သာဓုေခၚၾကမယ္။”

ဆရာေတာ္က အခုလုိ မိန္႔ၾကားခဲ့တာနဲ႔ ပတ္သက္ၿပီး သာသနာေရးနဲ႔ မြန္တိုင္းရင္းသားေရးရာဝန္ႀကီး ဦးမင္းတင္ဝင္းက တဘက္နဲ႔တဘက္ ေတြ႔ဆုံေဆြးေႏြးမယ္ဆုိရင္ အေကာင္းဆုံးနည္းလမ္းျဖစ္ေၾကာင္း ေျပာပါတယ္။

“ဒီႏွစ္ဘက္က တဘက္နဲ႔တဘက္ ေတြ႔ဆံုခ်င္တယ္ဆိုတာ အေကာင္းဆံုးနည္းလမ္းပါ။ ေတြ႔ဆံုခ်င္တဲ့ဆႏၵရွိတာ ဝမ္းသာစရာပါ။ ဒါ ရန္ေျပရာ ေျပေၾကာင္းပဲ။ ငါတုိ႔ေနာက္ဘက္က လက္နက္ကုိင္ရွိတယ္၊ ဘာရွိတယ္ေျပာတာက ကရင္ျပည္နယ္အတြက္ မေကာင္းဘူး။ ဒီေန႔ အေျခအေနက ဆိုင္းဘုတ္မျဖဳတ္ေသးဘူး။ ေနာက္တခုက အဘတို႔ဘက္ကလည္း ဒီဆိုင္းဘုတ္ကို ျဖဳတ္ရင္ျဖဳတ္၊ မျဖဳတ္ရင္ ငါတို႔ လာျဖဳတ္မယ္လို႔ မေျပာထားဘူး။ ဆိုင္းဘုတ္ ျဖဳတ္ရမယ္လို႔ အမိန္႔ထုတ္ထားတာေလာက္ပဲ ရွိတယ္။”

လက္ရွိအထိမွာေတာ့ မႏၱေလးနဲ႔ ကရင္ျပည္နယ္မွာ ဆိုင္းဘုတ္ေတြ မျဖဳတ္သိမ္းေသးဘဲ ဒါကို သက္ဆိုင္ရာ တိုင္းအစိုးရေတြက ကိုင္တြယ္မယ္လို႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ညႊန္ၾကားေရးမႉး ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။

႐ုပ္သံ – ရဲမင္းေခါင္
Credit - DVB
==========

ကရင်ပြည်နယ် ဘားအံမြို့တွင်း စိုက်ထူထားတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်ကို လုံးဝမဖြုတ်နိုင်ကြောင်းနဲ့ ဖြုတ်ရဲတဲ့သူတွေ လာဖြုတ်ကြဖို့ ဇွဲကပင်ဆရာတော်က မိန့်ကြားလိုက်ပါတယ်။

တနိုင်ငံလုံးက မဘသဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့၊ မဘသနာမည်ကို မသုံးဖို့ သံဃမဟာနာယကအဖွဲ့က ဇူလိုင် ၁၅ ရက် နောက်ဆုံး ညွှန်ကြားထားတာဖြစ်ပြီး ဒီအပေါ် ဒီဗွီဘီ သတင်းထောက်က မေးမြန်းရာမှာ မဘသအဖွဲ့ဝင်ဆရာတော် ဦးကဝိဓဇက အခုလို မိန့်ကြားလိုက်တာပါ။

“အခု ဦးဇင်းတို့ မဘသ ဆိုင်းဘုတ်ကို ဘယ်နေ့ ဘယ်သူ လာဖြုတ်မလဲ၊ အဲဒါ ဖြုတ်ရဲရင် လာဖြုတ်ပေါ့။ အဲတော့ ဘာအကျိုးရှိမလဲ။ သူတို့လာဖြုတ်လို့ ဒီက ငြိမ်းချမ်းရေးအဖွဲ့က လုပ်လိုက်ရင် သူတို့ပဲ ဒုက္ခရောက်မယ်။ သူတို့ပဲ နာမည်ပျက်မယ်။ ဒီလိုလုပ်နေမယ့်အစား မဟနနဲ့ မဘသ ဆွေးနွေးမယ်၊ တိုင်ပင်မယ်၊ မကောင်းဘူးလား။ ဆွေးနွေးတိုင်ပင်လိုက်ရင် ပြည်သူတွေအားလုံး သာဓုခေါ်ကြမယ်။”

ဆရာတော်က အခုလို မိန့်ကြားခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက တဘက်နဲ့တဘက် တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပြောပါတယ်။

“ဒီနှစ်ဘက်က တဘက်နဲ့တဘက် တွေ့ဆုံချင်တယ်ဆိုတာ အကောင်းဆုံးနည်းလမ်းပါ။ တွေ့ဆုံချင်တဲ့ဆန္ဒရှိတာ ဝမ်းသာစရာပါ။ ဒါ ရန်ပြေရာ ပြေကြောင်းပဲ။ ငါတို့နောက်ဘက်က လက်နက်ကိုင်ရှိတယ်၊ ဘာရှိတယ်ပြောတာက ကရင်ပြည်နယ်အတွက် မကောင်းဘူး။ ဒီနေ့ အခြေအနေက ဆိုင်းဘုတ်မဖြုတ်သေးဘူး။ နောက်တခုက အဘတို့ဘက်ကလည်း ဒီဆိုင်းဘုတ်ကို ဖြုတ်ရင်ဖြုတ်၊ မဖြုတ်ရင် ငါတို့ လာဖြုတ်မယ်လို့ မပြောထားဘူး။ ဆိုင်းဘုတ် ဖြုတ်ရမယ်လို့ အမိန့်ထုတ်ထားတာလောက်ပဲ ရှိတယ်။”

လက်ရှိအထိမှာတော့ မန္တလေးနဲ့ ကရင်ပြည်နယ်မှာ ဆိုင်းဘုတ်တွေ မဖြုတ်သိမ်းသေးဘဲ ဒါကို သက်ဆိုင်ရာ တိုင်းအစိုးရတွေက ကိုင်တွယ်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

ရုပ်သံ – ရဲမင်းခေါင်
Credit - DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...