ဆိုရှယ်မီဒီယာကို စိတ်ပျက်နေတဲ့ ပိုင်ဖြိုးသု …!


ဝါဆိုလပြည့်နေ့က သင်္ဃန်းကျွန်းမြို့နယ် ကမာကြည် တံတားအနီးတွင် တည်ရှိသည့် မိဘမဲ့ကလေးများ စောင့်ရှောက် ရေးကျောင်းတွင် Mobile Volun-teer Medical Team နှင့်အတူ ကလေးများအား မုန့်များဝေခဲ့ ကြောင်း ပိုင်ဖြိုးသုက ပြောသည်။

‘သီရိရတနာ’ဆိုတဲ့ မိဘမဲ့ ဂေဟာပေါ့။ အဲဒါက သီလရှင် ဆရာလေးတွေ ဖွင့်ထားတာပါ။ ဆရာလေးတွေရော၊ မိဘမဲ့ ကလေးတွေရော၊ စစ်ဘေးသင့် ကလေးတွေရော အားလုံးပေါင်း အယောက် ၁၉၀ ရှိတယ်။ အဲဒါ ကို ညီမသူငယ်ချင်း ဒေါက်တာ ရှင်းသန့်တို့အဖွဲ့က ဆေးသွား ကုပေးတယ်။ သွားနေရင်းနဲ့ သူ တို့က လှမ်းသတင်းပေးတယ်။ သုသု နင်လာပါလားပေါ့။ ဆမ မရှိလို့ ကလေးတွေကို ဆေးမကု ပေးနိုင်ရင်တောင် ကလေးတွေအ တွက် တစ်ခုခုပါချင်သေးလားဆို တော့ အေး ငါမုန့်လိုက်ကျွေးချင် တယ်ဆိုပြီး သူတို့နဲ့ သွားဖြစ်သွား တာပါ။ မုန့်တွေဝေခဲ့ပါတယ်’’ဟု ဆိုသည်။

ဆမ မရှိခြင်းကြောင့် ဆေးမကုပေးရသော်လည်း ယခု နောက်ပိုင်းတွင် ဆရာဝန်မလုပ်ရ ခြင်းနှင့်ပတ်သက်၍ ခံစားချက် သိပ်မရှိတော့သလို နေသားကျ သွားပြီဟု ၎င်းက ပြောသည်။

ဇူလိုင် ၅ ရက်က ၎င်းအသုံးပြုသည့် အကောင့်တွင် SocialMedia များကို စိတ်ပျက်စိတ် ကုန်လာကြောင်း တင်ထားသော ပို့စ်နှင့်ပတ်သက်၍ ပိုင်ဖြိုးသုက အခုလိုပြောသည်။

‘‘လူတွေက အခုဆိုရှယ်မီဒီယာတွေ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး တစ် ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုတွေ အရမ်းများ တယ်။ အပြင်မှာ မပြောဝံ့တဲ့

စကားတွေ၊ ပြောမထွက်တဲ့စကား တွေကို ဖေ့စ်ဘွတ်ခ်ကနေ ပြော ကြ၊ သူများသားသမီးကို မစာမနာ တွေ ပြောကြ။ အဲဒါတွေကြည့်ပြီး တရားရလို့ တင်လိုက်တာပါ’’ဟု ဆိုသည်။

‘‘Social Media တွေကို စိတ်ပျက်လာပြီ… မသုံးချင်တော့ ဘူး… ။ အပြင်လောကမှာ ကောင်းတဲ့လူတွေတောင် Social Media ပေါ်ရောက်ရင် နှမချင်းမစာနာ၊ ကိုယ်ချင်းမစာနာတတ်တဲ့လူတွေ ဖြစ်ကုန်တယ်… ။ သူတစ်ပါးကိုနစ်နာအောင်၊ အကျိုးယုတ်အောင် ပြောလိုက်လို့ ကိုယ့်မှာလည်း ဘာ အကျိုးမှမရှိတာကို ဘာလို့အကု သိုလ်တွေ ယူနေကြလဲမသိ ဘူး…။ Social Media က လူတွေ ရဲ့ စိတ်တွေကြမ်းတမ်းလာ အောင် ဖျက်ဆီးပစ်နေသလိုပဲ…’’ ဟု ဇူလိုင် ၅ ရက်က ၎င်းအသုံးပြု သည့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် အကောင့်တွင် ရေးသားထား သည်။

ဖေ့စ်ဘွတ်ခ်ကို ပရိသတ်နှင့် ဆက်သွယ်ပြောဆိုသည့်အခါ အသုံးပြုခြင်းကလွဲ၍ ဖေ့စ်ဘွတ်ခ် သုံးရသည်ကို ကြာလေမကြိုက် လေဖြစ်ကြောင်း ၎င်းက ထပ်ဆင့် ပြောကြားသည်။

Credit:7Day Daily

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...