ေပးကမ္းစြန္႔ႀကဲမွုမ်ားျဖင့္ နာမည္ႀကီးေသာ စိုးလွ်ပ္စစ္ ဥကၠဌ ဦးစိုးတင့္ ကြယ္လြန္


ပ်ဥ္းမနားၿမိဳ႕မွ စိုးလွ်ပ္စစ္ဥကၠဌ ဦးစိုးတင့္ ကြယ္လြန္သြားၿပီဟု အြန္လိုင္းသတင္းမ်ားတြင္ အခိုင္အမာေရးသားၾကသည္။ သူသည္ ဆင္းရဲမဲြေတသူမ်ားကို ရက္ရက္ေရာေရာ ေပးကမ္းမွဳမ်ား ျပဳလုပ္ခဲ့ၿပီး။ တစ္ႏုိင္ငံလံုး လူသိမ်ားသူလည္းျဖစ္သည္။ ေသာက္သံုးေရမရွိေသာ ေက်းလက္ရြာမ်ားတြင္း စက္ေရတြင္းမ်ား တူလွူခဲ့သည္။ ပ်ဥ္းမနားတစ္ၿမိဳ႕နယ္လံုးႏွင့္ အျခားေနရာမ်ားတြင္ပါ လိုအပ္သည္မ်ားကို သိန္းေထာင္၊ ေသာင္းေပါင္းမ်ားစြာ ကုန္က်ခံလွူဒါန္းခဲ့သည္။ စာသင္ေက်ာင္းေဆာင္ႀကီးမ်ား ေဆာက္လုပ္လွဴဒါန္းခဲ့သည္။
Facebook သံုးစဲြသူမ်ားစြာကလည္း ေကာင္းရာသုဂတိ ေရာက္ရွိပါေစ စသည္ျဖင့္ ဆုေတာင္းမွုမ်ား ျပဳလုပ္ေပးၾကသည္။
ဦးဗိတ္ အေကာင့္ပိုင္ရွင္ Facebook သံုးစဲြသူတစ္ဦးက
”ပ်ဥ္​းမနားတစ္​ၿမိဳ႕လုံး သာဓု​ေခၚသံ​ေတြဖုံးလွြမ္​း​ေလာက္​​ေအာင္​. . .
ျသခ်ရ​ေလာက္​​ေအာင္​…. လႉႏိုင္​တဲ ့
ဥကၠဌႀကီး ဦးစိုးတင္​့ (စိုးလွ်ပ္​စစ္​)
ယေန႔ 16.7.2017 နံနက္(၁၀:၁၀)နာရီအခ်ိန္က
ကြယ္​လြန္​သြားၿပီ 😪 ပ်ဥ္းမနားဝန္းက်င္က လက္လုပ္လက္စား
လူတန္းစားမ်ားအတြက္ ျကီးမားေသာဆံုးရံႈးမႈပါ ”
ဟု ေရးသား ထားသည္။
PannPwint
photo-facebook
======
Unicode –
ပျဉ်းမနားမြို့မှ စိုးလျှပ်စစ်ဥက္ကဌ ဦးစိုးတင့် ကွယ်လွန်သွားပြီဟု အွန်လိုင်းသတင်းများတွင် အခိုင်အမာရေးသားကြသည်။ သူသည် ဆင်းရဲမွဲတေသူများကို ရက်ရက်ရောရော ပေးကမ်းမှုများ ပြုလုပ်ခဲ့ပြီး။ တစ်နိုင်ငံလုံး လူသိများသူလည်းဖြစ်သည်။ သောက်သုံးရေမရှိသော ကျေးလက်ရွာများတွင်း စက်ရေတွင်းများ တူလှူခဲ့သည်။ ပျဉ်းမနားတစ်မြို့နယ်လုံးနှင့် အခြားနေရာများတွင်ပါ လိုအပ်သည်များကို သိန်းထောင်၊ သောင်းပေါင်းများစွာ ကုန်ကျခံလှူဒါန်းခဲ့သည်။ စာသင်ကျောင်းဆောင်ကြီးများ ဆောက်လုပ်လှူဒါန်းခဲ့သည်။
Facebook သုံးစွဲသူများစွာကလည်း ကောင်းရာသုဂတိ ရောက်ရှိပါစေ စသည်ဖြင့် ဆုတောင်းမှုများ ပြုလုပ်ပေးကြသည်။
ဦးဗိတ် အကောင့်ပိုင်ရှင် Facebook သုံးစွဲသူတစ်ဦးက
”ပျဉ်းမနားတစ်မြို့လုံး သာဓုခေါ်သံတွေဖုံးလှွမ်းလောက်အောင်. . .
သြချရလောက်အောင်…. လှူနိုင်တဲ့
ဥက္ကဌကြီး ဦးစိုးတင့် (စိုးလျှပ်စစ်)
ယနေ့ 16.7.2017 နံနက်(၁၀:၁၀)နာရီအချိန်က
ကွယ်လွန်သွားပြီ 😪 ပျဉ်းမနားဝန်းကျင်က လက်လုပ်လက်စား
လူတန်းစားများအတွက် ကြီးမားသောဆုံးရှုံးမှုပါ ”
ဟု ရေးသား ထားသည်။
PannPwint
photo-facebook










Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...