အမေကို အကာအကွယ်ပေးသည့်သားအား ဖခင်က သေနတ်ဖြင့် ပစ်သတ် (ရုပ်သံ)


အီဂျစ်နိုင်ငံ အက်စ်ယု(တ်) မြို့မှာ ဖခင်နဲ့ မိခင် ရန်ဖြစ်တာကို သားက မိခင်ရှေ့က အကာအကွယ်ပေးခဲ့လို့ သားကို ဖခင်က သေနတ်နဲ့ ပစ်သတ်လိုက်တဲ့အမှု ဖြစ်ခဲ့ပါတယ်။
အနီးအနားဈေးဆိုင်ရဲ့ စောင့်ကြည့်ကင်မရာကနေ ဖမ်းယူရိုက်ကူးရရှိတဲ့ ရုပ်သံထဲမှာ ဈေးဆိုင်နား လူတစု ရန်ဖြစ်ငြင်းခုန်နေကြပြီး အဲ့ဒီနောက် အမျိုးသားတဦးက သေနတ်ကို ဆွဲထုတ် လူတဦးကို အကြိမ်ကြိမ်ပစ်ခတ်လိုက်ပြီး ပစ်ခတ်ခံရသူ မြေပြင်ပေါ်ကို လဲကျသွားတာ မြင်ရပါတယ်။
ဒီလိုထိတ်လန့်ဖွယ်ရာ ရုပ်သံက ဖခင်ဖြစ်သူဟာ သားဖြစ်သူကို လမ်းမပေါ်မှာ ကလေးငယ်လေးတဦးအပါအဝင် လူအုပ်ရှေ့ ပစ်ခတ်လိုက်တာလို့ သိရပါတယ်။
လူအုပ်တအုပ် ဈေးဆိုင်တွေနဲ့ အိမ်နားမှာ ရန်ဖြစ်ငြင်းခုန်နေတာ တွေ့မြင်ရတဲ့ ထိတ်လန့်ဖွယ်ရုပ်သံကို သတင်းဌာနပေါင်းများစွာက သတင်းထုတ်ပြန်ခဲ့တာပါ။
အမျိုးသားတဦးက အင်္ကျီအောက်က သေနတ်ကို ဆွဲထုတ်ပြီး အခြားအမျိုးသား တဦးကို သေနတ်နဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်ခံရသူ လဲကျသွားတာတောင် အခြားလူတွေ ထွက်မပြေးခင် ဒီလူကို ဆက်ပစ်ခဲ့ပါသေးတယ်။
လူတွေလည်း အထိတ်တလန့်ဖြစ်ကုန်ပြီး မြေပြင်ပေါ်ကလူ လှုပ်ရှားမှု ရပ်တန့်သွားချိန်မှာ လမ်းသွာလမ်းတွေက ကူညီဖို့ အပြေးလာခဲ့ကြရပါတယ်။
ဒီထိတ်လန့်ဖွယ်ရာ အဖြစ်တခုလုံးကို ကလေးငယ်တဦးကလည်း မြင်ခဲ့ပြီး ဦးဆုံးသေနတ်နဲ့ အကြိမ်ကြိမ်ပစ်ခဲ့တဲ့ အချိန်ထိအောင် ကြောက်လွန်းလို့ ကလေးငယ်က ထွက်မပြေးခဲ့ပါဘူး။ ဒီလိုပစ်ခတ်နေတုန်း အခြားလူကြီးတွေက ကလေး ပစ်ခတ်မခံရအောင် ဒိုင်းသဖွယ် သူတို့ကိုယ်တွေနဲ့ အကာအကွယ်ပေးခဲ့တာကိုလည်း ရုပ်သံထဲမှာ မြင်ရပါတယ်။
အသက် ၆၅ နှစ်အရွယ် လယ်သမားအဖြစ် အလုပ်လုပ်ကိုင်တဲ့ ဖခင်ဖြစ်သူအား သားကို သတ်မှုနဲ့ ဖမ်းဆီး တရားစွဲလိုက်တယ်လို့ မေရာသတင်းရဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ရေးထားပါတယ်။
Credit : DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...