ေဖ့စ္ဘုတ္ခ္မွာ ပိပိရိရိလိမ္တဲ့ လိမ္လည္မႈအႀကီးစားေတြ သတိထားပါ


လတ္တေလာမွာ လူမႈကြန္ရက္ေဖ့စ္ဘုတ္ခ္စာမ်က္ႏွာကေန လိမ္လည္မႈနည္းအသစ္နဲ႔ အႀကီးစားလိမ္လည္မႈေတြ ျဖစ္ပြားေနတယ္လို႔ကိုယ္တိုင္အလိမ္ခံရသူတခ်ိဳ႕ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။
ပ်ဥ္းမနားၿမိဳ႕ စြမ္းရည္ထက္ အဂၤလိပ္စာသင္တန္းေက်ာင္းမွ ဆရာဦးသန္းထိုက္လင္းက အခု ဆရာ့ကိုလိမ္တဲ့သူက အရမ္းပိရိတယ္၊ သူက အဂၤလိပ္လိုပဲ ေျပာတာ၊ သူက UK က၊ သူဟာကင္ဆာေဝဒနာ ေနာက္ဆံုုးခံစားေနရတဲ့ ဝဒနာရွင္တစ္ေယာက္ျဖစ္တယ္၊ ဒါေၾကာင့္သူ႕မွာရွိတဲ့ ပိုက္ဆံေတြကို ျမန္မာျပည္ကမရွိ ဆင္းရဲတဲ့ကေလးေတြနဲ႔ သူ႕လို မုဆိုးမေတြကို လွဴေပးဖို႔ေျပာရင္း ကိုယ့္ဆီကေငြကိုညႇစ္ေတာင္းတဲ့ နည္း အသစ္နဲ႔လိမ္တာပါလို႔ ေျပာပါတယ္။
လိမ္လည္မႈပံုစံမွာ ပထမအဆင့္အေနနဲ႔ ေဖ့စ္ဘုတ္ခ္မွာသူငယ္ခ်င္းအျဖစ္လာေရာက္အပ္ၿပီး သူငယ္ခ်င္းျဖစ္သြားရင္ခ်က္ေဘာက္စ္မွာ စကားလာေျပာတာ ျဖစ္ပါတယ္။အခု သူဟာကင္ဆာေရာဂါခံစားေနရသူတစ္ေယာက္ပါ။ အခ်ိန္အားျဖင့္သိပ္မေနရေတာ့လို႔ သူ႕မွာရွိတဲ့ အေမရိကန္ေဒၚ လာႏွစ္သန္းကို ျမန္မာႏိုင္ငံအတြင္းက ကင္ဆာေဝဒနာရွင္ေတြနဲ႔ မိဘမဲ့ကေလးေတြကိုလွဴေပးပါ။ သည္ေငြရဲ႕ ၃၀ ရာခိုင္ႏႈန္းကိုေတာ့ ေငြလက္ခံသူက လိုတာကို အသံုးျပဳႏိုင္ပါတယ္ဆိုၿပီး မက္လံုးေပးၿပီး စတင္စည္း႐ံုးမႈေတြျပဳလုပ္တာ ျဖစ္ပါတယ္။
အဲသည္ ပိုက္ဆံေငြပမာဏမ်ားျပားေနတာေၾကာင့္ ျမန္မာႏိုင္ငံကိုလႊဲေပးရာတြင္အဂၤလန္ႏိုင္ငံအေနနဲ႔ ခြင့္ျပဳမွာမဟုတ္ဘူး။ ဒါေၾကာင့္ ေအးဂ်င့္နဲ႔ပို႔ေပးမယ္။ အဲသည္ ပိုက္ဆံေသတၱာကို ေသခ်ာပက္ကင္ထုပ္ေပးတယ္။ သူ႕ရဲ႕ေသတၱာေသာ့က ပက္စ္ဝပ္နံပါတ္နဲ႔ဖြင့္ရမွာ၊ အဲသည္နံ ပါတ္ကို ဘယ္သူ႕မွမေပးဘူး။ ေငြလက္ခံသူ တစ္ေယာက္တည္းကိုေပးတာျဖစ္ပါတယ္။
အခု သူ႕ေငြေတြကို ေအးဂ်င့္နဲ႔ပို႔တာကို ေငြပမာဏမ်ားတဲ့အတြက္ ဘယ္သူ႔ကိုမွမေျပာဘူး။ ေငြလက္ခံသူကိုယ္တိုင္လည္း ဘယ္သူ႕မွ မေျပာဖို႔နဲ႔ ေနာက္ဆံုး မိသားစုဝင္ေတြကိုပါမေျပာဖို႔ ေငြေတြလက္ထဲေရာက္ၿပီဆိုမွ သူ႕ဆီကိုဆက္သြယ္ပါ။ သူစိတ္ခ်ပါ႔မယ္။ သူဟာအခု အေျခအေနကေဆး႐ံုမွာပဲ ေနေနရတာမို႔ သူနဲ႔တိုက္႐ိုက္ဖုန္းေျပာလို႔မရပါဘူး။ ေအးဂ်င့္က ဆရာ့ကိုဆက္သြယ္ပါလိမ့္မယ္ဆိုၿပီး လိမ္လည္ မႈေတြျပဳလုပ္ေနတာျဖစ္ တယ္လို႔လည္း သိရပါတယ္။
ဆရာ့ကိုေအးဂ်င့္ကဆက္တယ္၊ ဆရာ့နာမည္နဲ႔ပါဆယ္တစ္ခု သူတို႔ဆီေရာက္ေနပါတယ္၊ ေလဆိပ္ကိုလာယူမလား၊ ဒါမွမဟုတ္ အိမ္ကို လာပို႔ေပးရမလား၊ ဒါေပမဲ့ ဒီပစၥည္းထုတ္ယူဖို႔အတြက္ ကြ်န္မတို႕အေကာင့္ထဲကို ေငြ ၁,၃၆၀,ဝ၀ဝ ထည့္ေပးရပါမယ္၊ ၿပီးရင္အိမ္အထိ ပို႔ေပး ပါမယ္လို႔ ေငြလိမ္လည္ေတာင္းခံရသူ ဆရာ ဦးသန္းထိုက္လင္းက ေျပာျပပါတယ္။ တစ္ဖက္က ယံုၾကည္ၿပီးေငြလႊဲလာေအာင္ ပိုက္ဆံပါေသတၱာကိုလည္း ဓာတ္ပံု႐ိုက္ၿပီးခ်က္ေဘာက္စ္က ပို႔ေပးတာျဖစ္သလို သူတက္ေရာက္ေန ရတဲ့ ေဆး႐ံုရဲ႕လိပ္စာေတြကိုပါအတိအက်ေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းမွာပဲ လုပ္ငန္းရွင္အခ်ိဳ႕နဲ႔ ပိုက္ဆံေပါေပါသံုးႏိုင္တဲ့ သူတခ်ိဳ႕ရဲ႕အေကာင့္ေတြကိုလိုက္အပ္ၿပီး အခုလို နည္းမ်ိဳးစံုသံုးကာေငြလိမ္လည္မႈေတြျပဳလုပ္ေနတာ ျဖစ္ပါတယ္။
ဆရာနဲ႔ အခုျဖစ္တဲ့အမ်ိဳးသမီးကေဖ့စ္ဘုတ္ခ္မွာ သူကလာအပ္တာ၊ သံုးပတ္ေလာက္ပဲရွိေသးတာ၊ အစကေတာ့အဟုတ္ထင္ၿပီးမက္လံုးေပးေတာ့ ဆရာလဲျပန္ေျပာေနတာေပါ့၊ ေနာက္ပိုင္းက်ေတာ့ စကားေျပာပံုက ကိုယ့္ဆီကေငြလႊဲၿပီးလားပဲေမးေနေတာ့မဟုတ္ေတာ့ဘူးဆိုတာသိလို႔၊ မဟုတ္ရင္လႊဲမိေတာ့မွာလို႔ ေျပာပါတယ္။
Author – မိုးမိုး
Credit: Kumudra Journal
Unicode
လတ်တလောမှာ လူမှုကွန်ရက်ဖေ့စ်ဘုတ်ခ်စာမျက်နှာကနေ လိမ်လည်မှုနည်းအသစ်နဲ့ အကြီးစားလိမ်လည်မှုတွေ ဖြစ်ပွားနေတယ်လို့ကိုယ်တိုင်အလိမ်ခံရသူတချို့ရဲ့ပြောပြချက်အရ သိရပါတယ်။
ပျဉ်းမနားမြို့ စွမ်းရည်ထက် အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာဦးသန်းထိုက်လင်းက အခု ဆရာ့ကိုလိမ်တဲ့သူက အရမ်းပိရိတယ်၊ သူက အင်္ဂလိပ်လိုပဲ ပြောတာ၊ သူက UK က၊ သူဟာကင်ဆာဝေဒနာ နောက်ဆုံးခံစားနေရတဲ့ ဝဒနာရှင်တစ်ယောက်ဖြစ်တယ်၊ ဒါကြောင့်သူ့မှာရှိတဲ့ ပိုက်ဆံတွေကို မြန်မာပြည်ကမရှိ ဆင်းရဲတဲ့ကလေးတွေနဲ့ သူ့လို မုဆိုးမတွေကို လှူပေးဖို့ပြောရင်း ကိုယ့်ဆီကငွေကိုညှစ်တောင်းတဲ့ နည်း အသစ်နဲ့လိမ်တာပါလို့ ပြောပါတယ်။
လိမ်လည်မှုပုံစံမှာ ပထမအဆင့်အနေနဲ့ ဖေ့စ်ဘုတ်ခ်မှာသူငယ်ချင်းအဖြစ်လာရောက်အပ်ပြီး သူငယ်ချင်းဖြစ်သွားရင်ချက်ဘောက်စ်မှာ စကားလာပြောတာ ဖြစ်ပါတယ်။အခု သူဟာကင်ဆာရောဂါခံစားနေရသူတစ်ယောက်ပါ။ အချိန်အားဖြင့်သိပ်မနေရတော့လို့ သူ့မှာရှိတဲ့ အမေရိကန်ဒေါ် လာနှစ်သန်းကို မြန်မာနိုင်ငံအတွင်းက ကင်ဆာဝေဒနာရှင်တွေနဲ့ မိဘမဲ့ကလေးတွေကိုလှူပေးပါ။ သည်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ ငွေလက်ခံသူက လိုတာကို အသုံးပြုနိုင်ပါတယ်ဆိုပြီး မက်လုံးပေးပြီး စတင်စည်းရုံးမှုတွေပြုလုပ်တာ ဖြစ်ပါတယ်။
အဲသည် ပိုက်ဆံငွေပမာဏများပြားနေတာကြောင့် မြန်မာနိုင်ငံကိုလွှဲပေးရာတွင်အင်္ဂလန်နိုင်ငံအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် အေးဂျင့်နဲ့ပို့ပေးမယ်။ အဲသည် ပိုက်ဆံသေတ္တာကို သေချာပက်ကင်ထုပ်ပေးတယ်။ သူ့ရဲ့သေတ္တာသော့က ပက်စ်ဝပ်နံပါတ်နဲ့ဖွင့်ရမှာ၊ အဲသည်နံ ပါတ်ကို ဘယ်သူ့မှမပေးဘူး။ ငွေလက်ခံသူ တစ်ယောက်တည်းကိုပေးတာဖြစ်ပါတယ်။
အခု သူ့ငွေတွေကို အေးဂျင့်နဲ့ပို့တာကို ငွေပမာဏများတဲ့အတွက် ဘယ်သူ့ကိုမှမပြောဘူး။ ငွေလက်ခံသူကိုယ်တိုင်လည်း ဘယ်သူ့မှ မပြောဖို့နဲ့ နောက်ဆုံး မိသားစုဝင်တွေကိုပါမပြောဖို့ ငွေတွေလက်ထဲရောက်ပြီဆိုမှ သူ့ဆီကိုဆက်သွယ်ပါ။ သူစိတ်ချပါ့မယ်။ သူဟာအခု အခြေအနေကဆေးရုံမှာပဲ နေနေရတာမို့ သူနဲ့တိုက်ရိုက်ဖုန်းပြောလို့မရပါဘူး။ အေးဂျင့်က ဆရာ့ကိုဆက်သွယ်ပါလိမ့်မယ်ဆိုပြီး လိမ်လည် မှုတွေပြုလုပ်နေတာဖြစ် တယ်လို့လည်း သိရပါတယ်။
ဆရာ့ကိုအေးဂျင့်ကဆက်တယ်၊ ဆရာ့နာမည်နဲ့ပါဆယ်တစ်ခု သူတို့ဆီရောက်နေပါတယ်၊ လေဆိပ်ကိုလာယူမလား၊ ဒါမှမဟုတ် အိမ်ကို လာပို့ပေးရမလား၊ ဒါပေမဲ့ ဒီပစ္စည်းထုတ်ယူဖို့အတွက် ကျွန်မတို့အကောင့်ထဲကို ငွေ ၁,၃၆၀,ဝဝဝ ထည့်ပေးရပါမယ်၊ ပြီးရင်အိမ်အထိ ပို့ပေး ပါမယ်လို့ ငွေလိမ်လည်တောင်းခံရသူ ဆရာ ဦးသန်းထိုက်လင်းက ပြောပြပါတယ်။ တစ်ဖက်က ယုံကြည်ပြီးငွေလွှဲလာအောင် ပိုက်ဆံပါသေတ္တာကိုလည်း ဓာတ်ပုံရိုက်ပြီးချက်ဘောက်စ်က ပို့ပေးတာဖြစ်သလို သူတက်ရောက်နေ ရတဲ့ ဆေးရုံရဲ့လိပ်စာတွေကိုပါအတိအကျရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာပဲ လုပ်ငန်းရှင်အချို့နဲ့ ပိုက်ဆံပေါပေါသုံးနိုင်တဲ့ သူတချို့ရဲ့အကောင့်တွေကိုလိုက်အပ်ပြီး အခုလို နည်းမျိုးစုံသုံးကာငွေလိမ်လည်မှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။
ဆရာနဲ့ အခုဖြစ်တဲ့အမျိုးသမီးကဖေ့စ်ဘုတ်ခ်မှာ သူကလာအပ်တာ၊ သုံးပတ်လောက်ပဲရှိသေးတာ၊ အစကတော့အဟုတ်ထင်ပြီးမက်လုံးပေးတော့ ဆရာလဲပြန်ပြောနေတာပေါ့၊ နောက်ပိုင်းကျတော့ စကားပြောပုံက ကိုယ့်ဆီကငွေလွှဲပြီးလားပဲမေးနေတော့မဟုတ်တော့ဘူးဆိုတာသိလို့၊ မဟုတ်ရင်လွှဲမိတော့မှာလို့ ပြောပါတယ်။
Author – မိုးမိုး
Credit: Kumudra Journal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...