

Hmone Nathar Kyaw Ye Aung
Hmone Nathar Kyaw Ye Aung
Unicode
အနုပညာကို ဝါသနာပါတဲ့ ကျော်ရဲအောင်ရဲ့ သမီးလေး မှုံနံသာကျော်ရဲအောင်။ ဒါရိုတ်တာ ကျော်ဇော်လင်း( အတွေးပုံရိပ် ) ရိုက်ကူးပြီး အနုပညာရှင်တွေရဲ့ သားသမီးတွေ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဆယ်လီ ရုပ်ရှင်ဇာတ်ကားကြီးက ဩဂုတ်လအတွင်းမှာ ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလေး ” မှုံနံသာကျော်ရဲအောင်” လည်း ပါဝင်သရုပ်ဆောင်ထားတယ် လို့ သိရပါတယ်။
ဇာတ်ကား နဲ့ ပတ်သတ်ပြီးတော့ မှုံနံသာကျော်ရဲအောင်က Myanmar Celebrities (Myanmar Cele Wiki ) ကို အခုလို ပြောပြခဲ့ပါတယ် ။” အဲ့ဒီဇာတ်ကားက ပညာပေးဇာတ်ကားပါ ကျောင်းသားကျောင်းသူ အရွယ်လေးတွေ Facebook သုံးကြရင်း နဲ့ လမ်းမှားရောက်သွားနိုင်တဲ့ အကြောင်းလေးကို အခြေခံပြီးတော့ ရိုက်ကူး ထားပါတယ်။ ဒီဇာတ်ကားထဲမှာ ဆယ်ကျော်သက် ကျောင်းသူတစ်ဦး နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ် ” လို့ပြောပါတယ် ။
ဩဂုတ်လမှာ အသက် ၁၈ နှစ်ပြည့်တော့မယ် သူမက ပညာရေးနဲ့ အနုပညာ အလုပ်တွေကို အချိန်ပေးလုပ်သွားမှာ ဖြစ်တယ်လို့လည်း အခုလိုပြောပြခဲ့ပါတယ်။ ” အခုက psychology major နဲ့ အဝေးသင်တက်နေပါတယ် အနုပညာအလုပ်က ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အတွက် ဆက်လုပ်သွားမှာပါ ပညာရေးနဲ့ ပတ်သတ်ပြီးတော့လည်း ကြိုးစားသွားမှာ ဖြစ်ပြီးတော့ အနုပညာ အလုပ်တွေကိုလည်း အခွင့်ရေးရရင်ရသလို ကြိုးစား ပြီး လုပ်သွားမှာ ပါ” လို့ ပြောပါတယ်။
ရန်ပိုင်စိုး (Myanmar Celebrities)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...