အပြစ်တင်သံ ၊ ဆဲသံတွေကြားမှာ ပေးဆပ်နေကြရတဲ့ဘဝတွေရှိတယ်
Image may contain: sky, tree, outdoor, nature and water
Image may contain: outdoor, water and nature
Image may contain: shoes, outdoor and water
သူဖိနပ်တစ်ရံကတော့ —–
Credit Tint lwin
Unicode
အန္တရာယ်ရှိတဲ့အထဲရေထိန်းတံခါးဝထွက်ပြီးရေထိန်းတံခါးမပျက်စီးအောင်ပြုလုပ်ခဲ့တဲ့ဆည်မြောင်းဦးစီးမှူးရဲ့လုပ်ရပ်ကိုလေးစားမိ
ထားဝယ်မြို့နယ်၊ခမောင်းလှချောင်းအပေါ်မှာတည်ဆောက်ထားတဲ့ခမောင်းလှရေထိန်းတံခါးဝမှာပိတ်နေတဲ့သစ်ခတ်ခြောက်တွေကြောင့် ရေထိန်းတံခါးထိခိုက်မပျက်စီးအောင်ဖယ်ရှားရင်းပြုတ်ကျသွားတယ်လို့ယူဆရတဲ့ဆည်မြောင်းဦးစီးမှူးရဲ့လုပ်ရပ်ကိုလေးစားမိပါတယ်။
ပြီးခဲ့တဲ့နေ့ ဇူလိုင်လ ၁၅ရက်နေ့က မိုးသည်းထန်စွာရွာသွန်း ခဲ့လို့တာဝန်အသိစိတ်နဲ့ရုံးပိတ်ရက်ဖြစ်တဲ့ဇူလိုင်လ၁၆ရက်၊နံနက်ပိုင်းမှာ”သူ”ရေထိန်းတံခါးရှိရာကိုရောက်လာပြီးတာဝန်ထမ်းဆောင်ခဲ့တာပါ။
တကယ်ဆိုမိုးအေးနေတဲ့အကြားအန္တရာယ်များတဲ့ရေထိန်းတံခါးဝမှာရှိတဲ့ပိတ်နေတဲ့သစ်ခတ်ခြောက်တွေဝါးလုံးနဲ့ဘယ်သူထွက်ထိုးရဲမလဲ ။ #သို့သော်သူတာဝန်အသိ်စိ်တ်ပြည့်နဲ့လုပ်ခဲ့တယ်။ သူကိုကျွန်တော်မသိ၊ မတွေ့ဖူး သို့သော်တာဝန်ကျေပြွန်စွာထမ်းဆောင်တဲ့သူကိုမလေးစားဘဲမနေနိုင်။
ဆည်မြောင်းဝန်ထမ်းတွေကအများပြည်သူအကျိုးအတွက်ရုံးပိတ်ရက်မရှိဘဲအလုပ်လုပ်ကြတယ်ဆိုတာလည်းသူကခေါင်းလောင်းအသံပေးလိုက်တယ်။
သူ့အသက်အချိန်မီကယ်နိုင်အောင်(သို့)သူ့အရုပ်လောင်းရှာဖွေနိုင်အောင်ကယ်ဆယ်ရေးအဖွဲ့တွေသတင်းရရခြင်းရေထိန်းတံခါးဆီသွားရောက်ကြတယ်၊ထားဝယ်မြစ်အထဲကနေခမောင်းလှချောင်း(ရေထိန်းတံခါးအောက်ဖက်)ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကြတယ်။ သိုသော်ညနေစောင်းအထိရှာလို့မရသေး။
သူဖိနပ်တစ်ရံကတော့ —–
Credit Tint lwin
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...