သရဲ၀င္ပူးတယ္ဆုိၿပီး ဆရာဝန္က အမ်ိဳးသမီးတဦးကုိ ဆံပင္ဆြဲပါး႐ုိက္ အစြဲခၽြတ္ (႐ုပ္သံ)



မိသားစုဝင္ေတြက သရဲပူးေနတယ္လို႔ ယူဆေနတဲ့အမ်ိဳးသမီးတဦးကို ဆရာဝန္က ၾကမ္းၾကမ္းတမ္းတမ္း ဆံပင္ဆြဲကာ ပါးေတြ႐ုိက္ၿပီး မေကာင္းဆုိးရြား အစြဲခြ်တ္ျပခဲ့တယ္လုိ႔ ဇြန္လ ၃၀ ရက္ေန႔ ေမရာသတင္းမွာ  ေရးထားပါတယ္။ အိႏိၵယႏုိင္ငံမွာ အမ်ိဳးသမီးတဦး အိမ္မွာ ဟင္းခ်က္ျပဳတ္ရင္း သတိလစ္ေမ့လဲသြားလုိ႔ ဇြန္လ ၂၈ ရက္ေန႔ ညေနက အိႏိၵယႏုိင္ငံ ရာဂ်စ္စတန္ျပည္နယ္ထဲက ဘာမားခ႐ုိင္ေဆး႐ုံကုိ ေခၚေဆာင္သြားခဲ့ရတာပါ။ ရြာထဲမွာ အမ်ိဳးသမီးေတြရဲ႕ အေနာက္ဘက္ကို ခ်ည္းကပ္ သူတုိ႔ေက်ာကံုးေတြကို ဖမ္းကိုင္ၿပီး မေကာင္းဆုိးရြား ဝင္ကပ္တယ္ဆုိတဲ့ ေကာလာဟလအရ ေဆြမ်ိဳးေတြက အမ်ိဳးသမီးကို သရဲကပ္ မေကာင္းဆုိးဝါးဝင္တယ္ဆုိၿပီး ထိတ္လန္႔ေနၾကတယ္လုိ႔ ဆုိပါတယ္။ သရဲပူး မေကာင္းဆုိးရြား ကပ္ေနတယ္လုိ႔ ယူဆရတဲ့ ႐ုပ္သံထဲမွာ ဆရာဝန္က ထိတ္လန္႔ေနတဲ့ အမ်ိဳးသမီးရဲ႕ ဆံပင္ေတြကိုဆြဲၿပီး သူမရဲ႕ပါးကို အႀကိမ္ေပါင္းမ်ားစြာ ႐ုိက္ႏွက္ေနတာ ျမင္ရပါတယ္။ ဒါေပမယ့္ ဆရာဝန္က ဒီအျဖစ္အပ်က္ကို သူမမွတ္မိေတာ့ဘူးလုိ႔လည္း ေျပာပါတယ္။ အမ်ိဳးသမီးကို ႐ိုက္ႏွက္ခဲ့သူ ေဒါက္တာ ဘာရီက အမ်ိဳးသမီးကို သူ႐ိုက္ခဲ့တာ သူ မမွတ္မိေတာ့ဘူးလုိ႔ ဆုိခဲ့ၿပီး “သူ႔ေခါင္းထဲမွာ ထူးဆန္းတဲ့ ေလးလံမႈတခုလို ခံစားရတယ္၊ အဲဒီစိတ္က အမ်ိဳးသမီးကို ဒီပံုစံမ်ိဳး ဆက္ဆံမိသြားတယ္” လို႔ ေျပာပါတယ္။ “က်ေနာ္ေခါင္းမူးသြားၿပီး သူမကို ဘာလုပ္ခဲ့တယ္ဆုိတာ မမွတ္မိေတာ့ဘူး” လုိ႔ ဆရာဝန္က ေျပာပါတယ္။ ဆရာဝန္က အမ်ိဳးသမီးကုိ ဒီလုိ ႐ုိက္ခဲ့လုိ သတိျပန္မလည္လာေပမယ့္ ေဆး႐ံုအိပ္ရာထက္ အမ်ိဳးသမီးက အၾကာႀကီး အိပ္ေပ်ာ္ေနခဲ့ပါတယ္။ သူမရဲ႕ မိသားစုဝင္ေတြကေတာ့ မေကာင္းဆုိးဝါးကို ထုတ္ဖုိ႔ အေမႊးတုိင္ေတြ ထြန္းေနၾကပါတယ္။ ေဆးပညာရဲ႕လုပ္ထံုးလုပ္နည္းကို ဆန္႔က်င္ၿပီး ဆရာဝန္က မေကာင္းဆိုးဝါး ထုတ္ဖုိ႔ အမ်ိဳးသမီးကို ႐ုိက္တဲ့ ႐ံုပ္သံ ထြက္ေပၚၿပီးတဲ့ေနာက္ ဒီအမႈကို စံုစမ္းဖို႔ ေဆး႐ုံအာဏာပိုင္ေတြက အမိန္႔ေပးလိုက္တယ္လုိ႔ ဆုိပါတယ္။ ေဒါက္တာဘာရီကုိ ေဆး႐ုံက ဖယ္ရွားခဲ့ၿပီး က်န္းမာေရးဌာနခ်ဳပ္ကို သတင္းပုိ႔ဖုိ႔ အမိန္႔ေပးထားတယ္လုိ႔လည္း သိရပါတယ္။ အဲဒီညေနေနာက္ပိုင္းမွာပဲ အမ်ဳိးသမီး ေဆး႐ုံက ဆင္းသြားၿပီး မိသားစုဝင္ေတြက ထူးျခားတဲ့ ကုသမႈအတြက္ ဘာတုံ႔ျပန္ေျပာဆုိမႈမွ မရွိဘူးလုိ႔ ဆုိပါတယ္။ ဘာမားခ႐ုိင္ ရဲအရာရွိတဦးျဖစ္သူ ဆင္းလားက မေကာင္းဆိုးဝါးကပ္တဲ့ အေၾကာက္တရားနဲ႔ ပတ္သက္ၿပီး ဘာမွအဓိပၸာယ္မရွိဘူး လုိ႔ ေျပာကာ ေနမေကာင္းတဲ့ သူမွန္သမွ် သင့္ေတာ္တဲ့ ကုသမႈ ခံယူဖုိ႔ ေဆး႐ုံကိုသာ လာသင့္ေၾကာင္း တုိက္တြန္းထားပါတယ္။\ Credit: DVB http://burmese.dvb.no/archives/215679 

Unicode မိသားစုဝင်တွေက သရဲပူးနေတယ်လို့ ယူဆနေတဲ့အမျိုးသမီးတဦးကို ဆရာဝန်က ကြမ်းကြမ်းတမ်းတမ်း ဆံပင်ဆွဲကာ ပါးတွေရိုက်ပြီး မကောင်းဆိုးရွား အစွဲချွတ်ပြခဲ့တယ်လို့ ဇွန်လ ၃၀ ရက်နေ့ မေရာသတင်းမှာ  ရေးထားပါတယ်။ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦး အိမ်မှာ ဟင်းချက်ပြုတ်ရင်း သတိလစ်မေ့လဲသွားလို့ ဇွန်လ ၂၈ ရက်နေ့ ညနေက အိန္ဒိယနိုင်ငံ ရာဂျစ်စတန်ပြည်နယ်ထဲက ဘာမားခရိုင်ဆေးရုံကို ခေါ်ဆောင်သွားခဲ့ရတာပါ။ ရွာထဲမှာ အမျိုးသမီးတွေရဲ့ အနောက်ဘက်ကို ချည်းကပ် သူတို့ကျောကုံးတွေကို ဖမ်းကိုင်ပြီး မကောင်းဆိုးရွား ဝင်ကပ်တယ်ဆိုတဲ့ ကောလာဟလအရ ဆွေမျိုးတွေက အမျိုးသမီးကို သရဲကပ် မကောင်းဆိုးဝါးဝင်တယ်ဆိုပြီး ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။ သရဲပူး မကောင်းဆိုးရွား ကပ်နေတယ်လို့ ယူဆရတဲ့ ရုပ်သံထဲမှာ ဆရာဝန်က ထိတ်လန့်နေတဲ့ အမျိုးသမီးရဲ့ ဆံပင်တွေကိုဆွဲပြီး သူမရဲ့ပါးကို အကြိမ်ပေါင်းများစွာ ရိုက်နှက်နေတာ မြင်ရပါတယ်။ ဒါပေမယ့် ဆရာဝန်က ဒီအဖြစ်အပျက်ကို သူမမှတ်မိတော့ဘူးလို့လည်း ပြောပါတယ်။ အမျိုးသမီးကို ရိုက်နှက်ခဲ့သူ ဒေါက်တာ ဘာရီက အမျိုးသမီးကို သူရိုက်ခဲ့တာ သူ မမှတ်မိတော့ဘူးလို့ ဆိုခဲ့ပြီး “သူ့ခေါင်းထဲမှာ ထူးဆန်းတဲ့ လေးလံမှုတခုလို ခံစားရတယ်၊ အဲဒီစိတ်က အမျိုးသမီးကို ဒီပုံစံမျိုး ဆက်ဆံမိသွားတယ်” လို့ ပြောပါတယ်။ “ကျနော်ခေါင်းမူးသွားပြီး သူမကို ဘာလုပ်ခဲ့တယ်ဆိုတာ မမှတ်မိတော့ဘူး” လို့ ဆရာဝန်က ပြောပါတယ်။ ဆရာဝန်က အမျိုးသမီးကို ဒီလို ရိုက်ခဲ့လို သတိပြန်မလည်လာပေမယ့် ဆေးရုံအိပ်ရာထက် အမျိုးသမီးက အကြာကြီး အိပ်ပျော်နေခဲ့ပါတယ်။ သူမရဲ့ မိသားစုဝင်တွေကတော့ မကောင်းဆိုးဝါးကို ထုတ်ဖို့ အမွှေးတိုင်တွေ ထွန်းနေကြပါတယ်။ ဆေးပညာရဲ့လုပ်ထုံးလုပ်နည်းကို ဆန့်ကျင်ပြီး ဆရာဝန်က မကောင်းဆိုးဝါး ထုတ်ဖို့ အမျိုးသမီးကို ရိုက်တဲ့ ရုံပ်သံ ထွက်ပေါ်ပြီးတဲ့နောက် ဒီအမှုကို စုံစမ်းဖို့ ဆေးရုံအာဏာပိုင်တွေက အမိန့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒေါက်တာဘာရီကို ဆေးရုံက ဖယ်ရှားခဲ့ပြီး ကျန်းမာရေးဌာနချုပ်ကို သတင်းပို့ဖို့ အမိန့်ပေးထားတယ်လို့လည်း သိရပါတယ်။ အဲဒီညနေနောက်ပိုင်းမှာပဲ အမျိုးသမီး ဆေးရုံက ဆင်းသွားပြီး မိသားစုဝင်တွေက ထူးခြားတဲ့ ကုသမှုအတွက် ဘာတုံ့ပြန်ပြောဆိုမှုမှ မရှိဘူးလို့ ဆိုပါတယ်။ ဘာမားခရိုင် ရဲအရာရှိတဦးဖြစ်သူ ဆင်းလားက မကောင်းဆိုးဝါးကပ်တဲ့ အကြောက်တရားနဲ့ ပတ်သက်ပြီး ဘာမှအဓိပ္ပာယ်မရှိဘူး လို့ ပြောကာ နေမကောင်းတဲ့ သူမှန်သမျှ သင့်တော်တဲ့ ကုသမှု ခံယူဖို့ ဆေးရုံကိုသာ လာသင့်ကြောင်း တိုက်တွန်းထားပါတယ်။
Cheap Offers: http://bit.ly/gadgets_cheap

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...