စိုးမြတ်သူဇာရဲ့ အကြောင်းတွေကို ဖွင့်ချလိုက်တဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုလ်
ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုလ် ဟာ မကြီးစိုး (စိုးမြတ်သူဇာ ) နဲ့ ဇာတ်ကားတူတူ ရိုက်ရငိး ဖြစ်လာတဲ့ ခံစားချက်ဆိုပြီး သူမ အကောင့်မှာ ရေးတင်ထားတာကိုတွေ့ရပါတယ် ။
Credit:popolay
Unicode
ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နှိုုင်းယှဉ်မြင့်မိုလ် ဟာ မကြီးစိုး (စိုးမြတ်သူဇာ ) နဲ့ ဇာတ်ကားတူတူ ရိုက်ရငိး ဖြစ်လာတဲ့ ခံစားချက်ဆိုပြီး သူမ အကောင့်မှာ ရေးတင်ထားတာကိုတွေ့ရပါတယ် ။
“ဒီ​နေ့ ရိုက်​ကွင်​းမှာ ဖြစ်​လာတဲ့ Feel​လေး ၁ခုကို ​ရေးချင်​မိလို့ ​ရေးပါရ​စေ​နော်​။ မကြီးစိုး (စိုးမြတ်​သူဇာ)ဆိုတာ အရမ်​းအရှိန်​အဝါကြီးမား​သော မင်​းသမီးတလက်​ပါ။ ဟိုး ဖြတ်​​လျှောက်​ဘဝထဲက မကြီးနဲ့တူတူသရုပ်​​ဆောင်​ရရင်​ စိတ်​ထဲ၁ခုခုကို ​ကြောက်​​နေ ရှိန်​​နေသလို ခံစား​နေမိတာ ခုချိန်​ထိပါပဲ။ မကြီးနဲ့လဲ အရမ်​းတွဲပြီးမရိုက်​ဖူးခဲ့ပါဘူး အခု ပုပ္ပားမှာ မကြီးနဲ့တွဲပြီးချစ်​​တီးမကြီးများဆိုတဲ့ကားကြီးရိုက်​ရတယ်​ အရင်​အတိုင်​းပဲ ရှိန်​​နေ​ကြောက်​​နေတဲ့စိတ်​​လေးနဲ့ပဲ​ပေါ့ ဒါ​ပေမယ်​့ မထင်​မှတ်​စွာပဲ မကြီးက actor အချင်​းချင်​း​ပေါ်မှာ ​လေး​လေးစားစားဆက်​ဆံတယ်​ ။
မင်​းသမီးနဲ့ဇာတ်​ပို့ဆိုပြီး ခွဲခြားနှိမ်​ချ​ပြောဆိုခြင်​းတစ်​စက်​မှမရှိဘူး ဖေး​ဖေးမမကြင်​ကြင်​နာနာနဲ့ အရမ်​းပဲ ရင်​ထဲမှာဆို့ပြီးဝမ်​းသာမိတယ်​ ဒီ​နေ့ရိုက်​တဲ့၂ခန်​းလုံး နှိုင်​းရှင်​အချ ခံရတဲ့အခန်​း​တွေရိုက်​ရ​ပေမယ်​့ မကြီးက နှိုင်​းရှင်​ကို မ​ကြောက်​နဲ့​နော်​ မကြီးဘာမှမလုပ်​ဘူး ​အေး​ဆေး​နော်​ ဆိုပြီး​ပြောခဲ့တယ်​ ။တကယ်​ရိုက်​​တော့လဲ လုပ်​လို့ရရဲ့သားနဲ့ မလုပ်​ပဲညှာခဲ့တယ်​ ညှာတယ်​ဆို​ပေမယ်​့ အိုက်​တင်​က​တော့အပြည်​့ပဲ မသိရင်​ မကြီး တကယ်​ပဲ​ဆော်​​နေသလိုလို ။ ဒါ​ပေမယ်​့ မကြီးအရမ်​းညှာခဲ့တယ်​။တခြားသူလုပ်​လို့​တောင်​ မကြီးက ကာကွယ်​​ပြော​ပေးခဲ့တယ်​ ထမီ​တွေ အကျီ​တွေလန်​​နေတာ ဆွဲဖုံး​ပေးပြု​ပေးနဲ့ ဒီ​နေ့ ဖြစ်​လာတဲ့ ခံစားချက်​ကြီးက ဝမ်​းနည်​းဝမ်​းသာကြီးပါ။
​သြော်​ ငါတို့လို ဘာမဟုတ်​တဲ့ ဇာတ်​ပို့​တွေအ​ပေါ်မှာ လူလူခြင်​းညှာတာစာနာစိတ်​ထား​ပေးတတ်​တဲ့ မကြီးပါလားလို့ ​တွေးပြီး အရမ်​း​ကျေးဇူးတင်​မိတယ်​ ။ မကြီးရဲ့ စိတ်​ကို မ​လေးစားပဲလဲမ​နေနိုင်​ဘူး ။ ရင်​ထဲမှာ အမြဲမှတ်​ထားပါ့မယ်​ မကြီး ။ မကြီးနဲ့ fb မှာ friend လဲမဟုတ်​ပါဘူး မြင်​​စေချင်​တဲ့ဆန္ဒနဲ့​ရေးတာလဲ မဟုတ်​ပါဘူး နှိုင်​းရှင်​ရဲ့ fb ဟာ နှိုင်​းရှင်​ရဲ့ ဒိုင်​ယာရီပါ ။ feel ဖြစ်​လာတိုင်​း ဘယ်​လို feel မျိူ းမဆ်​ို ဒီဒိုင်​ယာရီ​လေးထဲမှာ ရင်​ဖွင်​့မယ်​ ​ပေါက်​ကွဲမယ်​ ။ ဒါဒီ​နေ့ နှိုင်​းရှင်​ရဲ့ feel ​လေး​ပေါ့”ဆိုပြီးရေးထားခဲ့ပါတယ်။
Credit:popolay
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...