ပခုကၠဴတြင္ ျမစ္ထဲျပိဳက်ခဲ့သည့္ေစတီကို ဦးသိန္းစိန္ ျပန္လည္ တည္ေပးမည္




ဧရာဝတီျမစ္ေရတက္၍ ေရထဲသို႔ ၿပိဳက်ခဲ့ေသာ ပခုကၠဴျမိဳ႕နယ္ ၊ အေနာက္သီရိေက်းရြာမွ သီရိရတနာ ျပည္လံုးခ်မ္းသာေစတီေတာ္ကို ႏိုင္ငံေတာ္သမၼတ(ေဟာင္း) ဦးသိန္းစိန္က မူလအတိုင္း ျပန္လည္တည္ထားေပးမည္ျဖစ္ေႀကာင္း သိရသည္။ယင္းေစတီသည္ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္ေန႕ ညေနပိုင္းက ျမစ္ထဲသို႔ ၿပိဳက်ခဲ့ျခင္းျဖစ္ျပီး ဦးသိန္းစိန္က ေစတီျပန္တည္ေပးမည့္အေၾကာင္းကို ေရႊျပည္ေတာ္ဆံုမွတ္ပရဟိတအဖြဲ႔႔မွ ဦးေအာင္ပိုင္မင္းက မဇၥ်ိမသို႔ အတည္ျပဳေပးခဲ့သည္။

“ကြ်န္ေတာ္တို႕ အေနာက္သီရိေက်းရြာကိုသြားေတာ႕ ဆရာေတာ္နဲ႔ ေတြ႕ဆံုေလွ်ာက္ထားမႈေတြကို အဘႀကီး(ဦးသိန္းစိန္)က ေမးလို႔ ျပန္ေျပာျပပါတယ္။အဲဒီေနာက္ ဆရာေတာ္ထံ ဝါဆိုသကၤန္း လွဴပါတယ္။ျပီးေတာ႕Facebook ေပၚတင္ထားတဲ႕အတိုင္း အဘႀကီးက အမွာစာအတိုင္း ေလွ်ာက္ထားပါတယ္။အႀကိမ္ႀကိမ္ ျပိဳမယ့္ေနရာမွာ မတည္ဘဲ ေနရာေကာင္းတဲ့ေနရာမွာ ပြင့္လင္းရာသီ ေရာက္တာနဲ႕ျပန္တည္ေပးပါ့မယ္လို႔ေလွ်ာက္ထားခဲ့ပါတယ္”ဟု ကိုေအာင္ပိုင္မင္း ကမဇၥ်ိမကို ေျပာသည္။


အဆိုပါေစတီကို ယင္း၌ မတည္ထားေတာ့ဘဲ လာမည့္ ပြင့္လင္းရာသီတြင္ မျပိဳက်ႏိုင္ေသာေနရာသို႔ ေျပာင္းေရႊ႕တည္ ထားမည္ ျဖစ္သည္။

ဦးသိန္းစိန္၏ေလွ်ာက္ထားမႈနဲ႔ ပတ္သက္ျပီး ဦးေအာင္မင္းပိုင္က Facebook တင္ထားရာတြင္

“ဘဒၵႏၲ ေဝပုလႅ အရွင္သူျမတ္ဘုရားဘုရားတပည့္ေတာ္ ဦးသိန္းစိန္ ႐ိုေသစြာ ေလွ်ာက္ၾကားအပ္ပါ သည္။၂၀.၇.၂၀၁၇ ရက္ေန႔က အရွင္သူျမတ္၏ ေက်ာင္းတိုက္အတြင္းမွ သီရိရတနာ ျပည္လံုးခ်မ္းသာ ေစတီေတာ္သည္ ဧရာဝတီျမစ္ေရခၿပီး ၿပိဳလဲေတာ္မူရသည့္အေၾကာင္းကိုလည္းေကာင္း၊ သာသနာ့ေဝပုလႅေက်ာင္းတိုက္သည္လည္း ဧရာဝတီျမစ္ေရဒဏ္ကို စိုးရိမ္ေနရသည့္ အေၾကာင္းကို လည္းေကာင္း သိရပါသျဖင့္ အရွင္သူျမတ္ႏွင့္ထပ္တူ စိတ္မခ်မ္းမသာျဖစ္ရပါေၾကာင္း ေလွ်ာက္ထားလိုပါသည္။သဘာဝေဘးဒဏ္ျဖစ္သည့္အေလ်ာက္ ေရွာင္လႊဲ၍မရသည့္အားေလ်ာ္စြာ ၾကံဳေတြ႕ရျခင္းအေပၚ အားငယ္ေတာ္မမူပါရန္လည္း ေလွ်ာက္ၾကားလိုပါသည္။

မိုးေလကင္းရွင္း သည့္အခါ ဘုရားတပည့္ေတာ္မိသားစုမွ သီရိရတနာ ျပည္လံုးခ်မ္းသာ ေစတီေတာ္သစ္ကို အသစ္ပကတိ ျပန္လည္တည္ထားေပးမည္ျဖစ္ပါေၾကာင္းႏွင့္ ခိုင္မာၿမဲၿမံေသာေနရာကိုသာ ရွာေဖြစီစဥ္ထားေစလိုပါေၾကာင္း ႐ိုေသစြာေလွ်ာက္ထားအပ္ပါသည္။အရွင္သူျမတ္ က်န္းမာစြာျဖင့္ သာသနာ့ဝန္ကို သက္ေတာ္ရာေက်ာ္တိုင္ ထမ္းေဆာင္ႏိုင္ပါေစ “ဟု ေရးသားေဖာ္ျပထားသည္။

ယခုႏွစ္မိုးဦးကာလတြင္ ဘဂၤလားပင္လယ္ေအာ္၌ မုတ္သုန္ေလအား အလြန္ေကာင္းေနျပီး တိုင္းႏွင့္ျပည္နယ္ ေဒသႀကီး ၅ ခုတြင္ ေရဖုံးလႊမ္းမႈ ခံရႏိုင္ေျခ ျမင့္မားေနေၾကာင္း မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က ခန္႔မွန္းထားသည္။ ျပီးခဲ့သည့္ႏွစ္တြင္ ေရလႊမ္းမိုးမႈႏွင့္အတူ ေနာက္ဆက္တြဲေျမျပိဳမႈမ်ား ျဖစ္ပြားခဲ့သည္။

Unicode

ဧရာဝတီမြစ်ရေတက်၍ ရေထဲသို့ ပြိုကျခဲ့သော ပခုက္ကူမြို့နယ် ၊ အနောက်သီရိကျေးရွာမှ သီရိရတနာ ပြည်လုံးချမ်းသာစေတီတော်ကို နိုင်ငံတော်သမ္မတ(ဟောင်း) ဦးသိန်းစိန်က မူလအတိုင်း ပြန်လည်တည်ထားပေးမည်ဖြစ်ကြောင်း သိရသည်။ယင်းစေတီသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းက မြစ်ထဲသို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်က စေတီပြန်တည်ပေးမည့်အကြောင်းကို ရွှေပြည်တော်ဆုံမှတ်ပရဟိတအဖွဲ့မှ ဦးအောင်ပိုင်မင်းက မဇ္ဈိမသို့ အတည်ပြုပေးခဲ့သည်။

“ကျွန်တော်တို့ အနောက်သီရိကျေးရွာကိုသွားတော့ ဆရာတော်နဲ့ တွေ့ဆုံလျှောက်ထားမှုတွေကို အဘကြီး(ဦးသိန်းစိန်)က မေးလို့ ပြန်ပြောပြပါတယ်။အဲဒီနောက် ဆရာတော်ထံ ဝါဆိုသင်္ကန်း လှူပါတယ်။ပြီးတော့Facebook ပေါ်တင်ထားတဲ့အတိုင်း အဘကြီးက အမှာစာအတိုင်း လျှောက်ထားပါတယ်။အကြိမ်ကြိမ် ပြိုမယ့်နေရာမှာ မတည်ဘဲ နေရာကောင်းတဲ့နေရာမှာ ပွင့်လင်းရာသီ ရောက်တာနဲ့ပြန်တည်ပေးပါ့မယ်လို့လျှောက်ထားခဲ့ပါတယ်”ဟု ကိုအောင်ပိုင်မင်း ကမဇ္ဈိမကို ပြောသည်။

အဆိုပါစေတီကို ယင်း၌ မတည်ထားတော့ဘဲ လာမည့် ပွင့်လင်းရာသီတွင် မပြိုကျနိုင်သောနေရာသို့ ပြောင်းရွှေ့တည် ထားမည် ဖြစ်သည်။

ဦးသိန်းစိန်၏လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ဦးအောင်မင်းပိုင်က Facebook တင်ထားရာတွင်

“ဘဒ္ဒန္တ ဝေပုလ္လ အရှင်သူမြတ်ဘုရားဘုရားတပည့်တော် ဦးသိန်းစိန် ရိုသေစွာ လျှောက်ကြားအပ်ပါ သည်။၂၀.၇.၂၀၁၇ ရက်နေ့က အရှင်သူမြတ်၏ ကျောင်းတိုက်အတွင်းမှ သီရိရတနာ ပြည်လုံးချမ်းသာ စေတီတော်သည် ဧရာဝတီမြစ်ရေခပြီး ပြိုလဲတော်မူရသည့်အကြောင်းကိုလည်းကောင်း၊ သာသနာ့ဝေပုလ္လကျောင်းတိုက်သည်လည်း ဧရာဝတီမြစ်ရေဒဏ်ကို စိုးရိမ်နေရသည့် အကြောင်းကို လည်းကောင်း သိရပါသဖြင့် အရှင်သူမြတ်နှင့်ထပ်တူ စိတ်မချမ်းမသာဖြစ်ရပါကြောင်း လျှောက်ထားလိုပါသည်။သဘာဝဘေးဒဏ်ဖြစ်သည့်အလျောက် ရှောင်လွှဲ၍မရသည့်အားလျော်စွာ ကြုံတွေ့ရခြင်းအပေါ် အားငယ်တော်မမူပါရန်လည်း လျှောက်ကြားလိုပါသည်။

မိုးလေကင်းရှင်း သည့်အခါ ဘုရားတပည့်တော်မိသားစုမှ သီရိရတနာ ပြည်လုံးချမ်းသာ စေတီတော်သစ်ကို အသစ်ပကတိ ပြန်လည်တည်ထားပေးမည်ဖြစ်ပါကြောင်းနှင့် ခိုင်မာမြဲမြံသောနေရာကိုသာ ရှာဖွေစီစဉ်ထားစေလိုပါကြောင်း ရိုသေစွာလျှောက်ထားအပ်ပါသည်။အရှင်သူမြတ် ကျန်းမာစွာဖြင့် သာသနာ့ဝန်ကို သက်တော်ရာကျော်တိုင် ထမ်းဆောင်နိုင်ပါစေ “ဟု ရေးသားဖော်ပြထားသည်။

ယခုနှစ်မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်၌ မုတ်သုန်လေအား အလွန်ကောင်းနေပြီး တိုင်းနှင့်ပြည်နယ် ဒေသကြီး ၅ ခုတွင် ရေဖုံးလွှမ်းမှု ခံရနိုင်ခြေ မြင့်မားနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ ပြီးခဲ့သည့်နှစ်တွင် ရေလွှမ်းမိုးမှုနှင့်အတူ နောက်ဆက်တွဲမြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...