တရားခံဖမ္းဆီးစဥ္ ေအာ္ဟစ္ဆဲဆိုၿပီး ႀကိမ္းေမာင္း႐ိုက္ႏွက္ခဲ့ေသာ အမ်ဳိးသမီး(၂)ဦးအား ရဲတပ္ဖြဲ႕မွ အမႈဖြင့္အေရးယူ


ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္ ဇြန္လ ပိုင္းက ပုသိမ္-ေခ်ာင္းသာ၊ ေငြေဆာင္သို႔ ျဖတ္သန္းသြားလာ ေသာျကိုးတံတားေပၚတြင္ လုယက္မႈက်ဳးလြန္ခဲ့ေသာ တရားခံ .(၁) ဦးအား ပုသိမ္ၿမိဳ႕မ ရဲစခန္းမွ ဒုရဲအုပ္ လွသိန္းႏွင့္ နယ္ထိန္း တပ္ဖြဲ႕၀င္မ်ားမွ ယေန႔ ေန႔လည္ပိုင္းတြင္ သက္ေသမ်ားႏွင့္အတူ သြားေရာက္ဖမ္းဆီး ႏိုင္ခဲ့ေၾကာင္းသိရသည္။



ဖမ္းဆီးရမိေသာတရားခံ ထက္ျမက္ေအာင္မွာ ပုသိမ္ၿမိဳ႕၊ အမွတ္(၆) ရက္ကြက္တြင္ေနထိုင္သူျဖစ္ၿပီး ၿမိဳ႕နယ္ လ၀က ႐ံုးတြင္ ႏိုင္ငံသားမွတ္ပံုတင္လာေရာက္ျပဳလုပ္စဥ္ ရဲတပ္ဖြဲ႕၀င္ မ်ားမွ သတင္းအရလာေရာက္ဖမ္းဆီးခဲ့ျခင္း ျဖစ္ၿပီး တရားခံအား ဖမ္းဆီးစဥ္ တရားခံ၏ မိခင္ႏွင့္ အေဒၚ ျဖစ္သူတို႔မွ ရဲတပ္ဖြဲ႕၀င္မ်ားအား ေအာ္ဟစ္ဆဲဆို႐ိုက္ႏွက္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။


ပုသိမ္ၿမိဳ႕ ႀကိဳးတံတားေပၚတြင္ လူယက္မႈက်ဴးလြန္ခဲ့သူ မ်ားမွ ထက္ျမက္ေအာင္အပါအ၀င္(၆) ဦးျဖစ္ေသာ္လည္း အခင္း ျဖစ္ပြား ၿပီးခ်ိန္တြင္ တရားခံ(၂)ဦးဖမ္းဆီးႏိုင္ခဲ့ၿပီး ယေန႔တြင္ လြတ္ေျမာက္ေနေသာ တရားခံ(၄) ဦးအနက္မွ (၁) ဦးအား ထပ္မံဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။



လူယက္မႈက်ဳးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ တရားခံ ထက္ျမက္ေအာင္အား ပုသိမ္ၿမိဳ႕မရဲစခန္းမွ (ပ) ၁၇၈/၁၇၊ ပုဒ္မ ၃၉၅ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရိွၿပီး တရားခံ ဖမ္းဆီးစဥ္ ေအာ္ဟစ္ဆဲဆို႐ိုက္ႏွက္မႈမ်ားျပဳလုပ္ခဲ့ေသာ တရားခံ ၏ မိခင္ႏွင့္ အေဒၚျဖစ္သူတို႔အား ပုသိမ္ၿမိဳ႕မရဲစခန္းမွ (ပ) ၂၆၀/၁၇၊ ပုဒ္မ ၃၃၂/၃၅၃/၂၉၄/၅၀၆/၃၂၃ တို႔နဲ႔ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိ႐ွိရသည္။

ဓာတ္ပံု - ဧရာဝတီတိုင္းမ္
မင္း ထက္မုန္း/ဧရာ၀တီတိုင္းမ္
Ayeyarwaddy Times


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လ ပိုင်းက ပုသိမ်-ချောင်းသာ၊ ငွေဆောင်သို့ ဖြတ်သန်းသွားလာ သောကြိုးတံတားပေါ်တွင် လုယက်မှုကျုးလွန်ခဲ့သော တရားခံ .(၁) ဦးအား ပုသိမ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် လှသိန်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များမှ ယနေ့ နေ့လည်ပိုင်းတွင် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီး နိုင်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသောတရားခံ ထက်မြက်အောင်မှာ ပုသိမ်မြို့၊ အမှတ်(၆) ရက်ကွက်တွင်နေထိုင်သူဖြစ်ပြီး မြို့နယ် လဝက ရုံးတွင် နိုင်ငံသားမှတ်ပုံတင်လာရောက်ပြုလုပ်စဉ် ရဲတပ်ဖွဲ့ဝင် များမှ သတင်းအရလာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး တရားခံအား ဖမ်းဆီးစဉ် တရားခံ၏ မိခင်နှင့် အဒေါ် ဖြစ်သူတို့မှ ရဲတပ်ဖွဲ့ဝင်များအား အော်ဟစ်ဆဲဆိုရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ ကြိုးတံတားပေါ်တွင် လူယက်မှုကျူးလွန်ခဲ့သူ များမှ ထက်မြက်အောင်အပါအဝင်(၆) ဦးဖြစ်သော်လည်း အခင်း ဖြစ်ပွား ပြီးချိန်တွင် တရားခံ(၂)ဦးဖမ်းဆီးနိုင်ခဲ့ပြီး ယနေ့တွင် လွတ်မြောက်နေသော တရားခံ(၄) ဦးအနက်မှ (၁) ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူယက်မှုကျုးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တရားခံ ထက်မြက်အောင်အား ပုသိမ်မြို့မရဲစခန်းမှ (ပ) ၁၇၈/၁၇၊ ပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး တရားခံ ဖမ်းဆီးစဉ် အော်ဟစ်ဆဲဆိုရိုက်နှက်မှုများပြုလုပ်ခဲ့သော တရားခံ ၏ မိခင်နှင့် အဒေါ်ဖြစ်သူတို့အား ပုသိမ်မြို့မရဲစခန်းမှ (ပ) ၂၆၀/၁၇၊ ပုဒ်မ ၃၃၂/၃၅၃/၂၉၄/၅၀၆/၃၂၃ တို့နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဧရာဝတီတိုင်းမ်
မင်း ထက်မုန်း/ဧရာဝတီတိုင်းမ်

Ayeyarwaddy Times

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...