



Image may contain: sky and outdoor

.
အသည်းအသန် လိုက်ရှာနေတဲ့ သူတို့ကား စက်မကောင်း ရင် မထွက်နိုငမှာစိုးလို့ အသည်းအသန် အဝေးလိုက် ပြင်ပေးတဲ့ ကျွန်တော်တို့တွေကို အသက်သေတဲ့ ဖြစ်ပြီး နောက်မှာတောင် နှိမ်ချစော်ကားတာပါ ...........
အသက် 20 ဘဲ ရှိသေးတဲ့ စက်ပြင်ဆရာငါညီ ရေခဲတိုက်ထဲ ခွေးသေသလို စောင်ပါတ် ပိုင်ရှင်မဲ့ အလောင်း အခေါ်ခံခဲ့ရသလို ငါတို့ ကူညီပေးခဲ့တဲ့ မင်းတို့လိုင်း ငါတို့လို မခံစားပါစေနဲ့…
.
.
မင်းတို့ဂိတ်ကို တောက်လျှောက် ခေါ်တဲ့အချိန် တစ်ယောက်ပြီး တစ်ယောက်ဖုန်းလွဲပေးရင်းနောက်ဆုံး စုံစမ်း ပေးပါမယ်ဆိုတဲ့ အသံကြီးလည်း နားထောင်ချင်သေးရင် ငါတို့ ဖွင့်ပြပေးမယ် .....
တွေ နားလည်ကြပါတယ်ကွာ …
ငါတို့တပည့် အလောင်းငါတို့ ချွေးနဲစာနဲ့ သယ်သွားခဲ့ပြီ မင်းတို့အမည်သာ မင်းတိုပိုက်ဆံနဲ့ ဆက်သယ်နိုင်ပါစေ
Image may contain: 1 person, outdoor and text
Unicode
အစတေးခံလူသားတစ်ယောက် (သို့ )အပြစ်မဲ့လူသားတစ်ယောက်
12.7.2017 ရက်နေ့ ည 11 နာရီလောက်က ကျိုက်ထို 
မြို့ အဝင် ကော့ဘိန်း ရွာနားမှာ ကားကြီး နှစ်စင်းခေါင်းချင်းဆိုင် တိုက် ခဲ့တာကြောင့် ခရီးသည်တွေ ကမ္ဘာပျက်သလို အော်ဟစ်နေသလို လွန်စွာ အေးချမ်းလှပါတယ် ဆိုတဲ့ ......... ကျိုက်ထို မြို့ကလေး ည 11 နာရီလောက်မှာ ကယ်ဆယ်ရေး အသံများနဲ့ ဆေးရုံ ဝန်းအတွင်း လူ ကိုးဆယ် နီးပါးလောက် ပြည့်နှက်သွားခဲ့ပါတယ် .
ဖြစ်စဉ်အကျဉ်းမှာ မော်လမြိုင် မှ ထွက်ခွာလာသော ရာဇာအောင် ခရီးသည်တင် ကားမှ ကုန်တင်ကား နှင့် ကုန်တင်ကားနောက်တွင်လိုက်ပါလာသော အိမ်စီးကား အား အရှိန်ဖြင့် ဆင်းလာသော လမ်းအကွေ့ ကုန်အတက်တွင် ကုန်ကားနှင့် ကားလေးအား ကျော်ချင်ဇောဖြင့် အရှိန်ဖြင့် အားယူရာမှ တဘက်လမ်းကြောမှ မော်လမြိုင်မြို့သို့လာရောက်သော ရွှေပျံလွှား ယာဉ်အား ခေါင်းချင်းဆိုင် သူတပါးလမ်းကြောသို့ ဝင်ရောက် တိုက်မှု ဖြစ်ပွားခဲ့ပါတယ် .........
ယနေ့ 13 ရက်နေ့မနက် အေးအေးလူလူ ကော်ဖီသောက် နေချိန်မှာဘဲ အကို့ဆီက ဖုန်းဝင်လာတယ် ညီလေး ငါတပည့်တယောက် မနေ့က တိုက်တဲ့ ကား မှာ ပါသွားတယ်ထင်တယ် အဲ့ကားနံပါတ် 1D / 5333 နဲ့ သူတို့ ကားဂိတ်က ဒိုင်နမို မကောင်းလို့ ကူညီပါဆိုလို့ ငါမလိုက်နိုင်လို့ တပည့် စိမ်းလန်းကို ထည့်ပေးလိုက်တာ အဲ့ကား ညက တိုက်တယ်ပြောတယ် သူကို လာခေါ်တဲ့ ယာဉ်မောင်းကို ဖုန်းဆက်တော့လည်း ...... ဖုန်းပိတ်ထားတယ် ........ နောက်ပြီး သူ့ဖုန်းလည်း ပိတ်ထားတယ် ...... ဒီကလေး က အရင် ကားအရေးပေါ် ပြုပြင် ပေးဖို့ လိုက်သွားရင် ရောက်ရာမြို့ တစ်မြို့ရောက်ရင် တစ်မြို့ ဖုန်းဆက်နေကြ .......... ခု ဘယ်လိုမှ ဆက်သွယ်လို့ မရလို့ လိုက်ခဲ့ပေးပါဦးကွာ ငါတို့ ညီအကိုတွေ သွားမေးကြရအောင် .......
.
ကျွန်တော်တို့ မနက် ချက်ခြင်း ထွက်ပါတယ် ဖုန်းတွေလည်း ဆက်သွယ်လို့မရပါ ....... မိုးကလည်း တော်တော်သည်းပါတယ် ........ တစ်လမ်းလုံး ရာဇာအောင်ဂိတ်ကိုလည်း ဖုန်းဆက်ပါတယ် …
အမရေ အမတို့ကားကို ညက ဒိုင်နမို လာပြင်ပေးတဲ့ ကလေး ဆက်သွယ်လို့ မရဘဲ ပျောက်နေတယ် ...... အဲ့ဒါ အမတို့ သိသလား ........ ကျွန်တော့် ကလေး အဆက်အသွယ်ပျောက်နေတယ် ကားကလူတွေကို ဆက်သွယ်ပေးပါ ပြောပါတယ် ....... သူတို့ကလည်း ပန်ပြော တယ် ....... ကျွန်မတို့ ဆွေးနွေးနေပါတယ် စီစဉ်ပေးနေပါတယ် မသိပါဘူး ပြောပါတယ် ......
အကြိမ်ကြိမ် ကျွန်တော်ဆက်ပါတယ်.ဆက်တိုင်းလည်း မော်လမြိုင်ဂိတ်က ... ဝန်ထမ်းသုံးယောက်လောက် သာ ပြောင်းပေမယ့် ဘာမှ တိကျတဲ့ အဖြေမပေးနိုင်ပါဘူး ....... ဒါနဲ့ ကျွန်တော် ပြောခဲ့ပါတယ် ......
ညီမ မင်းတို့ ဂိတ်က ထွက်တဲ့ ကား ဒရိုင်ဘာ နဲ့ စပယ်ယာ အသက်ရှင်သလား မရှင်ဘူးလား ကို မင်းတို့ မသိဘူးလား ဘာဘဲ ဖြစ်ဖြစ် ကားကလည်း ဆက်စီစဉ်ရမှာ လေ လို့လဲမေးခဲ့ပါတယ် …
အဖြေက မရေရာပါ ကျွန်မတို့ အကြောင်းစုံသိရင် ပြန်ဆက်သွယ်ပါ့မယ်ပါဘဲ…
ဒါနဲ့ဘဲ ကျွန်တော်တို့ ကျိုက်ထိုရောက်ပါတယ် ရောက်ရောက်ချင်း ဆေးရုံ ပြေးပါတယ် ......... သွားမေးပါတယ် သူတို့က ပြောပါတယ် ပဲခူးသွားတဲ့ လူနာလည်း သွားပါတယ် ခြေထောက်ထိတဲ့ လူနာလည်း ...... ရန်ကုန်သွားပါတယ် ကားမှ ညှပ်တဲ့ စပယ်ယာပါ သွေးပေါင်ချိန်က ဇီးရိုးပေမယ့် သတိကောင်းသေးတယ် အားတင်းထားတယ်တဲ့ … ဒီလောက်ဘဲ သိရပါတယ် ......... 
ပြီးတော့ အကြောင်းစုံ သိချင်ရင် ရဲစခန်းသွားဆိုတာနဲ့ ကျွန်တော်တို့ ကျိုက်ထို ရဲစခန်းကို ဆက်လက်သွားခဲ့ပါတယ် .........
စခန်းမှုးကြီးကို အကြောင်းစုံပြောပြပါတယ်.သူတို့လည်း သိပါတယ် ....ဟိုရောက်တာနဲ့ ကျွန်တော်တို့ ညီလေး မနေ့က အခုတိုက်တဲ့ကား ဒိုင်နမိုမကောင်းလို့ လာပြင်
ပေးပြီး ကောင်းတာနဲ့ အဲ့ကားနဲ့ ပြန်လိုက်လာတာ …
အဆက်အသွယ်ပျက်နေလို့ပါလို့ ကျွန်တော်ပြောပြပါတယ် .........
စခန်းမှုးကြီးကတော့ ပွင့်ပွင့်လင်းလင်းပါ လူတွေ့တာနဲ့ ဘယ်သူလဲ ဓါတ်ပုံပြပါလို့ ပြောပြီး သေဆုံးသူ ပုံတွေနဲ့ တိုက်စစ်ပါတယ် ဟောတွေ့ပါပြီ ရေခဲတိုက်ထဲက ပုံတစ်ပုံနဲ့ တူနေပါတယ် .........
ဒါနဲ့ စခန်းမှု မေးသမျှ အချက်အလတ် အသေးစိတ် အကုန်ဖြေကြားပြီးတဲ့နောက် အံသြမိတဲ့ အချက်က သူတို့ မနေ့က ကားတိုက်မှုမှာ သုံးဦးသေဆုံးသွားကြောင်း
ရွှေပျံလွှားက ........... ဒရိုင်ဘာ ပွဲချင်းပြီး သေဆုံး ပြီး
သူများလမ်းကြော ဝင်လာတိုက်တဲ့ ရာဇာအောင်…ဂိတ်က ............ စပယ်ယာ တစ်ယောက်သေဆုံး နဲ့ 
ဒိုင်နမိုစက်ပြင်ကောင်လေး တစ်ယောက် သေဆုံးကြောင်း ဂိတ်ကို အကြောင်းကြားထားကြောင်း… 
ပြီးတော့ သူတို့က ဘယ်ကမှန်း မသိဘူး စုံစမ်းနေကြောင်းပြောပါတယ်(ဒါကစခန်းမှုးကိုယ်တိုင် ကျွန်တော် တို့ကို ပြောတော့ ) ကျွန်တော်တော် ကြောင်သွားပါတယ် …
အကို ကျွန်တော်တို့ကဝါယာရိန်းဆိုင်ကပါ … မနေ့က ကလေး အသက်ရှင်သေးမရှင်ဘူးဆိုတာ သူတို့တောင် မသိဘူး… အထက်ကလူမေးရဦးမယ် ဆိုတာ ရဲစခန်း မရောက်ခင် 5 မိနစ်အထိ ကျွန်တော့်ကို ပြောကောင်းတုန်းပါ ........
ရဲစခန်းက သူတို့လူမခေါ်ပေးလို့ ပိုင်ရှင်မဲ့တွေကို ဒီတိုင်းထားမရဘူး … ချက်ချင်းဆက်သွယ်ပါ ပြောထားပါတယ် ပြီးတော့ ဝါယာရိန်း ဆိုင် အမည်ကိုလည်း ပြောထားပေး ပြီးသားပါ ......
အံသြဖို့ကောင်းတာက .......... ကျွန်တော်တို့ ဆိုင်ကို ယခု အချိန်အထိ ယာဉ်လိုင်းက ဆိုတဲ့ ခွေးတစ်ကောင် ကြောင်တစ်မှီးမှ ဖုန်းမခေါ်ပါ…ယခု အချိန်အထိပါ
အားလုံးပြီးတာနဲ့ ကျွန်တော်တို့ စခန်းကနေ ဆေးရုံကို အပြေးတပိုင်း သွားရပြန်ပါတယ်… ပြီးတော့ ရဲစခန်း မှာ လိုအပ်သည်များကို အကုန်ဖြေပေးခဲ့ပြီး Body ကို ဟုတ်မဟုတ် အတည်ပြုဖို့ ရေခဲတိုက်တွင်းကြည့်ပါရစေလို့ 
ခွင့်တောင်း စစ်ဆေးခဲပါတယ် …
သေချာခဲ့ပါပြီ အလောင်း သုံးလောင်းသာ ရှိပါတယ်…
ရွှေပျံလွား ယာဉ်မောင်း ကတော့ ပဲခူး ကို သယ်ဆောင်သွားပြီမို့ မရှိတော့ပါ … ကျွန်တော့် တပည့် လေး
အလောင်းနဲ့ စပယ်ယာ အလောင်းလေးသာ ကျန်ပါတော့တယ် .........
ကျိုက်ထို တစ်မြို့လုံးနဲ့ လိုင်းပေါ်က အမျိုးတွေ အကုန်နီးပါးလောက်က ဒရိုင်ဘာ နှစ်ယောက်နဲ့ စပယ်ယာ တစ်ယောက်သေတယ် လို့ဘဲ သိကြပါတယ် …
အမှန်တော့ ဒရိုင်ဘာတစ်ယောက် ၊ ယာဉ်အကူတစ်ယောက်နဲ့ ၊ စက်ပြင်ဖို့ သွားကူညီပေးတဲ့ ကျွန်တော့် တို့ တပည့်လေး မောင်စိမ်းလန်းပါ သေးဆုံးတာပါ …
သုံးယောက်ချင်းတူပေမယ့် ...အဓိပါယ်က တော်တော်ကွာပါတယ် …
လူအများက ယာဉ်တိုက်မှုကို အစပြုခဲ့တဲ့ ရာဇာအောင် ယာဉ်မောင်းသေပြီလို့ သတ်မှတ်ထားခဲ့ပါတယ် …
အမှန်တော့ မသေပါဘူး .ကျိုက်ထိုစခန်းမှာ တရားခံပြေးအနေနဲ့ ဖမ်းဆီးဖို့ ...... ရဲစခန်းကို ယာဉ်ပိုင်ကတောင် ကိုယ်ရေးအချက်အလက်ဒေတာ မပေးရသေးပါဘူး…
ရဲစခန်းကိုတင် ထွက်ပြေးတရားခံ အချက်အလက်မပေးတာ မဟုတ်ပါဘူး ........ ခရီးသည်တွေရဲ့ ပစည်းတွေလည်း မပေးရသေးတာ … ကားဝမ်းဗိုက်ထဲ တွေ့လည်း တွေ့ခဲ့တယ် … ခံရတဲ့ ခရီးသည်တွေလည်းကိုယ့်ဘေးမှာပါ ......
အံသြဖို့ကောင်းတာက တရားခံယာဉ်မောင်း နဲ့ ယာဉ်အကူ သေသွားတယ်ဆိုတဲ့ စကားလုံးတွေအောက်မှာ ကားကိုရွှေပြောင်းနိုင်အောင် ကြိုးစားနေတာကိုလည်း တွေ့ခဲ့ပါတယ် ...
ကျွန်တော့်ကို မသိပါဘူး လို့ အကြိမ်ကြိမ်ပြောခဲ့တဲ့ ဂိတ်က ကျွန်တော်တို့ သူတို့ကားထွက်နိုင်အောင် သွားပြင် ပေးခဲ့တဲ့ တပည့်လေး သေသွားတာကို သိနေပါတယ်…
သေသွားတဲ့ စပယ်ယာလေး နဲ့ ကျွန်တော့် တပည့်လေးကို ရေခဲတိုက်ထဲမှာ ပိုင်ရှင်မဲ့ အမည်မသိ ပြစ်ထားပေမယ့် ယာဉ်မောင်းထွက်ပြေးလို့ ထိန်းသိမ်းရမယ့် အရာကို တော့ အသည်းအသန် ရွှေ့ပြောင်းဖို့ ကြိုးစားနေတော့ ကာ ... ကျွန်တော်တို့ ရာဇာအောင်ဂိတ်ကို တော်တော် နားလည်ပေးဖို့ခက်ခဲ့ပါတယ် …
ဒီပေ 50 လောက်ရှည်တဲ့ ကားကြီးကို အသည်းအသန် ရွှေ့နေပေမယ့် ....သူကားပေါ်ပါလာတဲ့ 5 ပေလောက်သာ ရှိတဲ့အပြစ်မဲ့တဲ့ လူနှစ်ယောက်ကို ပိုင်ရှင်ကို 
အကြောင်းကြားပေးဖို့ ဘာတွေက ခက်ခဲ့နေသလဲဆိုတာ တော်တော် စဉ်းစားရခက်ပါတယ် …
ကိုယ့်အရပ်ဒေသမဟုတ်တဲ့နေရာ သေမယ်ရှင်မယ် 
မသိတဲ့ အခြေအနေ စိတ်ပူပန်မှုတွေကို ထွေးပိုက်ပြီး 
အသည်းအသန် လိုက်ရှာနေတဲ့ သူတို့ကား စက်မကောင်း ရင် မထွက်နိ်ုငမှာစိုးလို့ အသည်းအသန် အဝေးလိုက် ပြင်ပေးတဲ့ ကျွန်တော်တို့တွေကို အသက်သေတဲ့ ဖြစ်ပြီး နောက်မှာတောင် နှိမ်ချစော်ကားတာပါ ...........
တရားခံသေသလိုလို လေလှိုင်းထဲ အသံလွင့်လာချိန်မှာ အချိန်ကိုက် လုပ်ဆောင်မှုတွေအောက်မှာ ... ဒရိုင်ဘာ
သေတော့ တရားခံ အလောင်းလိုလို ဘာလိုလို ပိုင်ရှင်မဲ့ လိုလို နဲ့ နောက်ဆုံး အချိန်အထိ ကိုယ့်လိုင်းအတွက် ကူညီခဲ့တဲ့ လူကို ပစ်ထားပြီး အမြတ်ထုတ်ခဲ့တဲ့ ရာဇာအောင် လိုင်းကတော့ ..စက်ပြင်လောကမှာ နံမည်သေသွားပါပြီ ....
ညနေစောင်းမှ ငါတို့ တပည့်လေးသေတာ သိရတော့ 
ဈေးပိတ်ဖို့ 10 မိနစ်လောက် လိုမှ လူသေပါတ်ဖို့ ဖျင်စလိုက်ဝယ်ရတဲ့ ငါတို့ နာကျင်မှုကို မင်းတို့ နားလည်နိုင်မလား ...... ရေခဲတောင် မ၇ိုက်ထားလို့ ပလစ်စတစ် အလုံပိတ် ရတဲ့ ငါတို့သောကကို မင်းတို့ကို မခံစားစေချင်ပါဘူး …
မင်းတို့ သိသလို ငါတို့လည်း သိပါတယ် …
တရားခံသေပြီဆိုရင် အမှုကလည်း မြန်မြန်ပြီးမှာပေါ့…
အသက် 20 ဘဲ ရှိသေးတဲ့ စက်ပြင်ဆရာငါညီ ရေခဲတိုက်ထဲ ခွေးသေသလို စောင်ပါတ် ပိ်ုင်ရှင်မဲ့ အလောင်း အခေါ်ခံခဲ့ရသလို ငါတို့ ကူညီပေးခဲ့တဲ့ မင်းတို့လိုင်း ငါတို့လို မခံစားပါစေနဲ့…
အခု မင်းတို့ကို ကူညီခဲ့တဲ့ ငါတပည့်ရဲ့ အသက်မဲ့တဲ့ 
ခန္ဓကိုယ်ကို မပုတ်မသိုးဆေးထိုးပြီး သချိုင်း လက်မှတ်နဲ့ သေစာရင်းယူပြီး သူဇာတိ အညာကို ပြန်ခေါ်သွားခဲ့ပြီ
လူတစ်ယောက်လုံး သေတာတောင် သိရက်နဲ့ ရူးချင်ယောင်ဆောင်နေတဲ့ မင်းတို့ တွေအစား ငါရှက်မိတယ်…
.
ငါညီသေခဲ့တဲ့ ကားကို သေချာ ဓါတ်ပုံရိုက်ထားတယ် 1D / 5333 မင်းတို့လာရွှေ့နေတဲ့ အချိန် ...... မင်းတို့ ဘာပြောလည်း ........ ပိုင်ရှင်နဲ့ ဥက္ကဋ္ဌလား ဘာလား ဘာဖြစ်တယ် .ဒါမျိုးတွေက ဘယ်သူမှ မဖြစ်ချင်ပါဘူး …
အော် ဟုတ်လား ........ မင်းတို့ မဖြစ်ချင်တာ ငါတို့ သိတာပေါ့ ...... ငါတို့လည်း ကားတွေ ထောင်ထားတဲ့ လူဘဲ ...... နားလည်တယ် ငါတို့ နားမလည်တာ ........ ကားသမား အချင်းချင်း ........ မင်းတို့ ပျက်တဲ့ ကားကို ဒိုင်နမိုလေး နှစ်လုံးကိုင်ပြီး အသည်းအသန် လာပြုပြင်
ပေးတဲ့ စက်ဆရာအပေါ်တောင် စေတနာမထားနိုင်ရင်
တောင် ကားသမား အချင်းချင်း သစ္စာထားရတယ်ကွ .
နောက်တယ် ပြောင်တယ် တွေဝေတယ်ဆိုတာ ......... ကျန်တဲ့ အချိန်ရပေမယ့် အသက်နဲ့ ရင်းပြီး နောက်ပြောင်ခွင့်တော့ မရှိစကောင်းဘူးဆိုတာ ....... ကားလောကထဲက ရာဇာအောင် လိုင်း နားလည်မှနားလည်ပါရဲ့လား
အပေါ်ကရေးသားခဲ့တဲ့ စာတွေအတွက် သက်သေလိုချင်ရင် ..........
.
သေသွားတဲ့ အလောင်း မြေမချရသေးပါဘူး …
သေစားရင်းစာရွက်စာတမ်း အပြည့်အစုံနဲ့ ရဲစခန်းမှာ 
ထွက်ဆိုချက် အကုန် ၇ှိပါတယ် …
ဆေးရုံ ရေခဲတိုက်ထဲ ရိုက်ထားတဲ့ ဘယ်လိုပုံစံ ပိုင်ရှင်မဲ့ ဖြစ်နေတယ်ဆိုတာလည်း သိချင်ရင် ငါပြပါ့မယ် …
မင်းတို့ဂိတ်ကို တောက်လျှောက် ခေါ်တဲ့အချိန် တစ်ယောက်ပြီး တစ်ယောက်ဖုန်းလွဲပေးရင်းနောက်ဆုံး စုံစမ်း ပေးပါမယ်ဆိုတဲ့ အသံကြီးလညး် နားထောင်ချင်သေးရင် ငါတို့ ဖွင့်ပြပေးမယ် .....
ဘာလဲ မင်းတို့က ငါတို့လည်း ကားဆုံးရှုံးတာဘဲ ပြောမလို့လား ဟုတ်လို့လားကွာ ...... မင်းတို့လည်း အာမခံတင်ထားတာဘဲ … ကံကောင်းရင်တစ်စင်းကနေနှစ်စင်း တောင် ချက်ခြင်း ဖြစ်သွားဦးမယ် ..ဒါတော့ ထားလိုက်ပါ … ကားလောကထဲက လူတွေ အကုန် ဒီအကြောင်းသိပြိးသားပါ
ငါတို့ စက်ဆရာမို့ ငါတို့ လက်တွေ စက်ဆီတွေနဲ့ ညစ်ပါတ်ကောင်း ညစ်ပါတ်နိုင်ပေမယ့်… ငါတို့ ချွေးနဲစာက သန့်ရှင်းပါတယ် …
ကားသမား နဲ့ စက်ဆရာဆိုတာ မေတ္တာ မထားနိုင်ရင်
တောင် သစ္စာ ထားရတယ်ဆိုတာ ကားသမား စစ်စစ်
တွေ နားလည်ကြပါတယ်ကွာ …
ငါတို့တပည့် အလောင်းငါတို့ ချွေးနဲစာနဲ့ သယ်သွားခဲ့ပြီ မင်းတို့အမည်သာ မင်းတိုပိုက်ဆံနဲ့ ဆက်သယ်နိ်ုင်ပါစေ
မင်းတို့ ရာဇာအောင် ကားလိုင်းကြီး ဒီထက် အောင်မြင်တိုးတက်ပါစေကွာ စိတ်ပုတ်စိတ်ယုတ်ငါတို့မှာမရှိပါဘူး
Credit - San Htike ( 13.7.2017 )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...