မေကာင္းတာေတြ မစုေဆာင္းနဲ ့...


သဲတစ္ပြင့္ဟ သူ ့ခ်ည္းပဲဆို ဘယ္ေလာက္မွ မေလးေပမယ့္ သဲပြင့္ေလးေတြ အမ်ားၾကီး စုေပါင္းလိုက္ရင္
အင္မတန္ေလးပါတယ္။

ျမင္သာေအာင္ျပရမယ္ဆိုရင္ သစ္သားစင္ေလး တစ္ခုေပၚကို သဲတစ္ပြင့္ထည့္ထားတဲ့အိတ္ တစ္လုံး တင္
ၾကည့္လုိက္ပါ။ ဘယ္လိုမွ မေနပါဘူး။ စင္လည္း လွုပ္မွာေတာင္ မဟုတ္ဘူး။

ဒီအိတ္ထဲကိုပဲ သဲေတြ ျပည့္တဲ့ထိ နည္းနည္းျခင္း ထည့္သြားၾကည့္ပါ။ ေနာက္ဆုံး အိတ္လည္း သဲနဲ ့ျပည့္
ျပီး သစ္သားစင္လည္း ညႊတ္က်လာ ပါလိမ့္မယ္။ အဆုံးမွာ အရမ္းေလးျပီး စင္ပါ က်ိဳးက်သြားမွာပါ။

ဒီလိုပဲ စိတ္ထဲမွာ မေကာင္းတဲ့ ေလာဘ၊ ေဒါသ၊ ေမာဟေတြ၊ မနာလို ၀န္တိုျခင္းေတြ၊ အာဃာတ ရားေတြ၊
မေကာင္းတဲ့ အသိေတြ စတာကို ထည့္လိုင္ျခင္းဟာ အိတ္ထဲကို သဲေတြ နည္းနည္းျခင္း ျဖည့္သလိုပါပဲ။

မေကာင္းတဲ့စိတ္ စျဖစ္တည္ခ်ိန္မွာ အလြန္နည္းေတာ့ မသိသာေပမယ့္ မ်ားလာတဲ့ အခါမွာ စိတ္ကို အရမ္း
ေလးလံေစပါတယ္။ ဒီမေကာင္းစိတ္ေတြကို ခႏၶာၾကီးအေပၚ တင္လိုက္တဲ့အခါ ခႏၶာဟာ ပ်က္စီးသြားမွာပါပဲ။

စိတ္ညစ္ႏြမ္းေလးလံလာတဲ့ အခါ လူလည္း ေလးလာပါတယ္။ ဒါဟာ ပ်က္စီးျခင္း ေရာက္ဖို ့တာစူေနတာပါပဲ။
ဒါေၾကာင့္ မေကာင္းတဲ့စိတ္ကို မ်ားလာေအာင္ မေမြးပါနဲ ့၊ ေလးလာေအာင္ မစုေဆာင္းပါနဲ ့။

Credit: True Man

#Unicode Version

သဲတစ်ပွင့်ဟ သူ့ချည်းပဲဆို ဘယ်လောက်မှ မလေးပေမယ့် သဲပွင့်လေးတွေ အများကြီး စုပေါင်းလိုက်ရင်
အင်မတန်လေးပါတယ်။

မြင်သာအောင်ပြရမယ်ဆိုရင် သစ်သားစင်လေး တစ်ခုပေါ်ကို သဲတစ်ပွင့်ထည့်ထားတဲ့အိတ် တစ်လုံး တင်
ကြည့်လိုက်ပါ။ ဘယ်လိုမှ မနေပါဘူး။ စင်လည်း လှုပ်မှာတောင် မဟုတ်ဘူး။

ဒီအိတ်ထဲကိုပဲ သဲတွေ ပြည့်တဲ့ထိ နည်းနည်းခြင်း ထည့်သွားကြည့်ပါ။ နောက်ဆုံး အိတ်လည်း သဲနဲ့ပြည့်
ပြီး သစ်သားစင်လည်း ညွှတ်ကျလာ ပါလိမ့်မယ်။ အဆုံးမှာ အရမ်းလေးပြီး စင်ပါ ကျိုးကျသွားမှာပါ။

ဒီလိုပဲ စိတ်ထဲမှာ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ၊ မနာလို ဝန်တိုခြင်းတွေ၊ အာဃာတ ရားတွေ၊
မကောင်းတဲ့ အသိတွေ စတာကို ထည့်လိုင်ခြင်းဟာ အိတ်ထဲကို သဲတွေ နည်းနည်းခြင်း ဖြည့်သလိုပါပဲ။

မကောင်းတဲ့စိတ် စဖြစ်တည်ချိန်မှာ အလွန်နည်းတော့ မသိသာပေမယ့် များလာတဲ့ အခါမှာ စိတ်ကို အရမ်း
လေးလံစေပါတယ်။ ဒီမကောင်းစိတ်တွေကို ခန္ဓာကြီးအပေါ် တင်လိုက်တဲ့အခါ ခန္ဓာဟာ ပျက်စီးသွားမှာပါပဲ။

စိတ်ညစ်နွမ်းလေးလံလာတဲ့ အခါ လူလည်း လေးလာပါတယ်။ ဒါဟာ ပျက်စီးခြင်း ရောက်ဖို့တာစူနေတာပါပဲ။
ဒါကြောင့် မကောင်းတဲ့စိတ်ကို များလာအောင် မမွေးပါနဲ့၊ လေးလာအောင် မစုဆောင်းပါနဲ့။

Credit: True Man

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...