မြန်မာကျပ်ငွေ သိန်းပေါင်း ၇သောင်း ၅ထောင်ခန့်ရရှိ မည့် ဂျပန်ထီကို မြန်မာကျောင်းသားတစ်ဦးပေါက်






Popular News Journal

ရက်သတ္တ တစ်ပတ်လျှင် နှစ်ကြိမ်မျှ တနင်္လာနေ့နှင့် ကြာသပတေးနေများဝယ် ဖွင့်လေ့ရှိသော ဂျပန်ထီ Loto 6 ၁၁၈၅ အကြိမ်မြောက်ကို ပြီးခဲ့သည့်လနောက်ဆုံးပတ်က ဖွင့်လှစ်ခဲ့ရာတွင် ဂျပန်နိုင်ငံသို့ ရောက်နေသည်မှာ ၂လခန့်မျှသာရှိသေးသော မြန်မာကျောင်းသားတစ်ဦးက ပထမဆုပေါက်သွားကြောင်းသိရသည်။
အဆိုပါ Loto 6 ဂျပန်ထီ ၁၁၈၅ကြိမ်မြောက်၏ ပထမဆုအတွက် ဂျပန်ငွေ ယန်း သန်း ၆၀ဝ(မြန်မာကျပ်ငွေ သိန်းပေါင်း ၇သောင်း ၅ထောင်ခန့်)ရရှိမည်ဖြစ်သည်။
၁၁၈၅ ကြိမ်မြောက်မတိုင်မီ ထီဖွင့်ရာဝယ် နှစ်ကြိမ်မျှ ပထမဆုပေါက်သူ မရှိခဲ့သဖြင့် ပထမဆုအတွက် ဆုငွေများပိုမိုများပြားသွားသဖြင့် ယခုကဲ့သို့ မြန်မာကျပ်ငွေ သိန်းပေါင်း ၇သောင်း ၅ထောင်ခန့်ရရှိသွားခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံရှိ မြန်မာတစ်ဦးကပြောသည်။
“အရင်၂ခေါက်ကပထမဆုဘယ်သူမှမပေါက်လို့ ဆုငွေတွေ Carry Over ဖြစ်တော့ ခုလို ဆုကြေးအများဆုံးပေါက်သွားတာဗျ”ဟု ထိုပုဂ္ဂိုလ်ကပြောခြင်းဖြစ်သည်။

Popular News Journal

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...