ညဥ့္နက္ပုိင္းမွာ အိမ္တံခါးေတြ လုိက္ေခါက္ၿပီးငုိတဲ့ အမ်ိဳးသမီးေၾကာင့္ ထိတ္လန္႔ေနရ


အဂၤလန္ႏုိင္ငံ အေနာက္ေျမာက္ပိုင္း Merseyside၊ လီဗာပူးၿမိဳ႕နဲ႔ မလွမ္းမကမ္းမွာတည္ရွိတဲ့ Kirkby အမည္ရ ေရွးေဟာင္းၿမိဳ႕ေလးဟာ ယခုႏွစ္အေစာပုိင္းတုန္းကအထိ ေအးေအးခ်မ္းခ်မ္းနဲ႔ ေနေပ်ာ္စရာ ၿမိဳ႕ကေလး ျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္လအနည္းငယ္အတြင္းမွာေတာ့ Kirkby ၿမိဳ႕သားေတြ ေျခာက္ျခားတႈန္လႈပ္မႈေတြ စတင္ခဲ့ပါတယ္။
အေၾကာင္းကေတာ့ ညဘက္ဆုိရင္ Kirkby ၿမိဳ႕အတြင္းမွာ မည္သူမည္၀ါမွန္း မသိရတဲ့ အမ်ိဳးသမီးတစ္ဦးဟာ အိမ္တံခါးေတြကို လုိက္ေခါက္ၿပီး၊ စူးစူး၀ါး၀ါးေအာ္ငုိတဲ့ အသံေၾကာင့္ပါ။ အဆုိပါ အမ်ိဳးသမီးဟာ နာနာဘာ၀လား၊ စိတ္ေရာဂါသည္တစ္ဦးလား၊ တမင္သက္သက္ လုိက္ၿပီး ေႏွာက္ယွက္ေနသူလားဆုိတာ ၿမိဳ႕ခံရဲတပ္ဖြဲ႕က မေဖာ္ထုတ္ႏုိင္ေသးပါဘူး။

အဲဒီအမ်ိဳးသမီးလႈပ္ရွားခ်ိန္ဟာ အထူးသျဖင့္ ညသန္းေခါင္ေနာက္ပုိင္းမွ ျဖစ္ၿပီး၊ မနက္ပိုင္း 1 နာရီနဲ႔ 2 နာရီၾကား၊ လူေတြ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနခ်ိန္မွာ ျဖစ္တတ္ပါတယ္။ သူမဟာ တစ္ခါတေလး တံခါးမေခါက္ဘဲ၊ ေပးစာထည့္သည့္ အေပါက္ငယ္ (Letterbox) မွ တစ္ဆင့္ အိမ္အတြင္းကို စူးစူး၀ါး၀ါး လွမ္းေအာ္တာမ်ိဳးေတာင္ ရွိတတ္ပါတယ္။

ေဒသခံရဲတပ္ဖြဲ႕ကလည္း ဒီသတင္းကို အတည္ျပဳထားၿပီး၊ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ” Burnard Crescent အပိုင္းမွာ ေနထုိင္ၾကတဲ့သူေတြဆီက မ်ားျပားလွတဲ့ ဖုန္းေခၚဆုိမႈေတြကို ဇူလုိင္လ 15 ရက္ကေန စၿပီး လက္ခံရရွိခဲ့ပါတယ္ … သူတုိ႔ သတင္းေပးခ်က္အရေတာ့ မနက္ 2 နာရီနဲ႔ 5 နာရီၾကားမွာ အမ်ိဳးသမီးတစ္ေယာက္ အိမ္ေတြရဲ႕ Letterbox ကေနတဆင့္ ေအာ္ဟစ္ငုိယုိေနတယ္လုိ႔ သိရပါတယ္ “လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။

ေဒသခံတစ္ဦးကလည္း သူတုိ႔ဟာ ယခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး၊ အလြန္စုိးရိမ္ေနေၾကာင္း၊ ဒါေပမယ့္ မသမာတဲ့စိတ္နဲ႔ ဒီလုိ ျပဳမူတာျဖစ္ႏုိင္ၿပီး၊ တစ္စုံတစ္ေယာက္က တံခါးဖြင့္ေပးပါက အိမ္ရွင္ကိုရန္ျပဳျခင္းနဲ႔၊ ပစၥည္းလုယက္ျခင္း က်ဴးလြန္ခံရႏုိင္ေၾကာင္း၊ နာနာဘာ၀ မဟုတ္ေၾကာင္း သူက ဆုိပါတယ္။

ေဖာ္ထုတ္နုိင္ျခင္းမရွိေသးတဲ့ အဆုိပါ အမ်ိဳးသမီး ေအာ္ဟစ္ငုိယုိတဲ့ စကားကေတာ့ ” က်မကို ကူညီပါ … က်မကုိ ၀င္ခြင့္ျပဳပါ .. က်မမွာ သြားစရာ ေနရာမရွိပါဘူး “လုိ႔ ကုိယ္တုိင္ ႀကဳံေတြ႕ခဲ့ရတဲ့ အမ်ိဳးသမီးတစ္ဦးက ဆုိပါတယ္။ ဒါေပမယ့္ သူမကေတာ့ အဲဒီအမ်ိဳးသမီးကို လုံး၀ ၀င္ခြင့္မေပးခဲ့ဘူးလုိ႔ ေျပာပါတယ္။
Credit: http://www.shwemom

Unicode

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း Merseyside၊ လီဗာပူးမြို့နဲ့ မလှမ်းမကမ်းမှာတည်ရှိတဲ့ Kirkby အမည်ရ ရှေးဟောင်းမြို့လေးဟာ ယခုနှစ်အစောပိုင်းတုန်းကအထိ အေးအေးချမ်းချမ်းနဲ့ နေပျော်စရာ မြို့ကလေး ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်လအနည်းငယ်အတွင်းမှာတော့ Kirkby မြို့သားတွေ ခြောက်ခြားတှုန်လှုပ်မှုတွေ စတင်ခဲ့ပါတယ်။

အကြောင်းကတော့ ညဘက်ဆိုရင် Kirkby မြို့အတွင်းမှာ မည်သူမည်ဝါမှန်း မသိရတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်တံခါးတွေကို လိုက်ခေါက်ပြီး၊ စူးစူးဝါးဝါးအော်ငိုတဲ့ အသံကြောင့်ပါ။ အဆိုပါ အမျိုးသမီးဟာ နာနာဘာဝလား၊ စိတ်ရောဂါသည်တစ်ဦးလား၊ တမင်သက်သက် လိုက်ပြီး နှောက်ယှက်နေသူလားဆိုတာ မြို့ခံရဲတပ်ဖွဲ့က မဖော်ထုတ်နိုင်သေးပါဘူး။

အဲဒီအမျိုးသမီးလှုပ်ရှားချိန်ဟာ အထူးသဖြင့် ညသန်းခေါင်နောက်ပိုင်းမှ ဖြစ်ပြီး၊ မနက်ပိုင်း 1 နာရီနဲ့ 2 နာရီကြား၊ လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ ဖြစ်တတ်ပါတယ်။ သူမဟာ တစ်ခါတလေး တံခါးမခေါက်ဘဲ၊ ပေးစာထည့်သည့် အပေါက်ငယ် (Letterbox) မှ တစ်ဆင့် အိမ်အတွင်းကို စူးစူးဝါးဝါး လှမ်းအော်တာမျိုးတောင် ရှိတတ်ပါတယ်။

ဒေသခံရဲတပ်ဖွဲ့ကလည်း ဒီသတင်းကို အတည်ပြုထားပြီး၊ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ” Burnard Crescent အပိုင်းမှာ နေထိုင်ကြတဲ့သူတွေဆီက များပြားလှတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ဇူလိုင်လ 15 ရက်ကနေ စပြီး လက်ခံရရှိခဲ့ပါတယ် … သူတို့ သတင်းပေးချက်အရတော့ မနက် 2 နာရီနဲ့ 5 နာရီကြားမှာ အမျိုးသမီးတစ်ယောက် အိမ်တွေရဲ့ Letterbox ကနေတဆင့် အော်ဟစ်ငိုယိုနေတယ်လို့ သိရပါတယ် “လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတစ်ဦးကလည်း သူတို့ဟာ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး၊ အလွန်စိုးရိမ်နေကြောင်း၊ ဒါပေမယ့် မသမာတဲ့စိတ်နဲ့ ဒီလို ပြုမူတာဖြစ်နိုင်ပြီး၊ တစ်စုံတစ်ယောက်က တံခါးဖွင့်ပေးပါက အိမ်ရှင်ကိုရန်ပြုခြင်းနဲ့၊ ပစ္စည်းလုယက်ခြင်း ကျူးလွန်ခံရနိုင်ကြောင်း၊ နာနာဘာဝ မဟုတ်ကြောင်း သူက ဆိုပါတယ်။

ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ အဆိုပါ အမျိုးသမီး အော်ဟစ်ငိုယိုတဲ့ စကားကတော့ ” ကျမကို ကူညီပါ … ကျမကို ဝင်ခွင့်ပြုပါ .. ကျမမှာ သွားစရာ နေရာမရှိပါဘူး “လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် သူမကတော့ အဲဒီအမျိုးသမီးကို လုံးဝ ဝင်ခွင့်မပေးခဲ့ဘူးလို့ ပြောပါတယ်။
Credit: http://www.shwemom

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...