သမီးငယ္ကို အခန္းတြင္းထားခဲ့ၿပီး ဟိုတယ္ေခါင္မိုးထပ္မွ ခုန္ခ်ေသေၾကာင္းႀကံသည့္မိခင္ ေသဆံုး


ထိုင္းႏိုင္ငံမွာ အမ်ိဳးသမီးတဦးဟာ ၁၀ ႏွစ္အရြယ္ သမီးျဖစ္သူကို အခန္းတြင္း ခ်န္ထားခဲ့ၿပီး ဟိုတယ္ေခါင္မိုးထပ္က ခုန္ခ်ေသေၾကာင္းႀကံခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ဟာ ဖူးခက္ၿမိဳ႕၊ ပရာခ်န္ႏူကေရာ့လမ္းမေပၚက ဟိုတယ္တခုတြင္းမွာ ဒီေန႔မနက္ အေစာပိုင္း ၂ နာရီေလာက္က ျဖစ္ခဲ့ၿပီး အဲဒီအမ်ဳိးသမီးဟာ ႐ုရွားႏိုင္ငံသူျဖစ္တယ္လို႔ ဖူးခက္နယူးစ္ သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
ဟိုတယ္မွ အေၾကာင္းၾကားခ်က္အရ ရဲေတြေရာက္ရွိလာခ်ိန္မွာေတာ့ အဲဒီအမ်ိဳးသမီးကို ဟိုတယ္ေရွ႕ မ်က္ႏွာစာမွာ ထိခိုက္ဒဏ္ရာေတြ အမ်ားအျပားနဲ႔ ေတြ႔ရွိခဲ့ၾကတာပါ။
ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ သူ႔ကို ေဆး႐ုံပို႔ေဆာင္ေပးခဲ့ၿပီး မနက္ပိုင္း ၆း၃၀ နာရီေလာက္မွာေတာ့ ေသဆံုးသြားခဲ့တယ္လို႔ အတည္ျပဳခဲ့ၾကပါတယ္။
ေသဆံုးသူ အမ်ိဳးသမီးဟာ အသက္ ၃၉ ႏွစ္အရြယ္ ႐ုရွားႏိုင္ငံသူ ဂ်ဳံဆမ္ပရီရွာျဖစ္ၿပီး သူဟာ ကာဇက္စတန္ႏိုင္ငံနယ္စပ္ ထ႐ူမင္ခ႐ုိင္ထဲမွာ ေနထိုင္သူျဖစ္တယ္လို႔ ရဲေတြက ေျပာပါတယ္။
ပထံုခ႐ုိင္ ရဲအရာရွိခ်ဳပ္ ဗိုလ္မႉးႀကီး တက္ဆန္ႏိုင္း ေအာ္ရာရီဂါဒက္ခ်္က ဒါဟာ တကယ့္ကို အထူးဝမ္းနည္းစရာေကာင္းတဲ့ ျဖစ္စဥ္တခုလို႔ ေျပာခဲ့ပါတယ္။
“က်ေနာ္တို႔ ဟိုတယ္အေပၚဆံုး ေခါင္မိုးထပ္မွာ သူ႔ရဲ႕ ႐ႉးဖိနပ္ေတြကို ေတြ႔ခဲ့ပါတယ္။ သူ ခုန္ခ်သတ္ေသခ်ိန္မွာ သူ႔ရဲ႕ ၁၀ ႏွစ္အရြယ္ သမီးေလးဟာ အခန္းထဲမွာ က်န္ေနခဲ့တယ္။”
အမ်ိဳးသမီးဟာ ဖူးခက္ကို ၿပီးခဲ့တဲ့ ဇူလိုင္ ၁၇ ရက္ေန႔က ေရာက္ရွိခဲ့တာျဖစ္ၿပီး ေလေၾကာင္းခရီးစဥ္ အေျပာင္းအလဲေၾကာင့္ လာမယ့္ ဇူလိုင္ ၂၅ ရက္ေန႔မွာမွ ျပန္လည္ထြက္ခြာဖို႔ ျပင္ဆင္ထားခဲ့တာပါ။
သူဟာ ဖုန္းထဲကတဆင့္ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဘက္တဦးနဲ႔ စကားမ်ား၊ ကေတာက္ကဆျဖစ္ခဲ့ၿပီး အျငင္းပြားခဲ့တယ္လို႔ ဆိုပါတယ္။
လက္ရွိမွာေတာ့ ဟိုတယ္နဲ႔ ရဲေတြ ပူးေပါင္းၿပီး စီစီတီဗြီမွတ္တမ္းမွတဆင့္ ဘာေၾကာင့္ ခုလိုျဖစ္ရတယ္ဆုိတဲ့ အေၾကာင္းရင္းကို ရွာေဖြေဖာ္ထုတ္သြားမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
၁၀ ႏွစ္အရြယ္ သမီးျဖစ္သူကိုေတာ့ ထိုင္းႏိုင္ငံဆိုင္ရာ ႐ုရွားသံ႐ုံးမွာ ထိန္းသိမ္း ေစာင့္ေရွာက္ထားတာ ျဖစ္ပါတယ္။

Unicode
ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦးဟာ ၁၀ နှစ်အရွယ် သမီးဖြစ်သူကို အခန်းတွင်း ချန်ထားခဲ့ပြီး ဟိုတယ်ခေါင်မိုးထပ်က ခုန်ချသေကြောင်းကြံခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဖူးခက်မြို့၊ ပရာချန်နူကရော့လမ်းမပေါ်က ဟိုတယ်တခုတွင်းမှာ ဒီနေ့မနက် အစောပိုင်း ၂ နာရီလောက်က ဖြစ်ခဲ့ပြီး အဲဒီအမျိုးသမီးဟာ ရုရှားနိုင်ငံသူဖြစ်တယ်လို့ ဖူးခက်နယူးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဟိုတယ်မှ အကြောင်းကြားချက်အရ ရဲတွေရောက်ရှိလာချိန်မှာတော့ အဲဒီအမျိုးသမီးကို ဟိုတယ်ရှေ့ မျက်နှာစာမှာ ထိခိုက်ဒဏ်ရာတွေ အများအပြားနဲ့ တွေ့ရှိခဲ့ကြတာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ သူ့ကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး မနက်ပိုင်း ၆း၃၀ နာရီလောက်မှာတော့ သေဆုံးသွားခဲ့တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၃၉ နှစ်အရွယ် ရုရှားနိုင်ငံသူ ဂျုံဆမ်ပရီရှာဖြစ်ပြီး သူဟာ ကာဇက်စတန်နိုင်ငံနယ်စပ် ထရူမင်ခရိုင်ထဲမှာ နေထိုင်သူဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
ပထုံခရိုင် ရဲအရာရှိချုပ် ဗိုလ်မှူးကြီး တက်ဆန်နိုင်း အော်ရာရီဂါဒက်ချ်က ဒါဟာ တကယ့်ကို အထူးဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်တခုလို့ ပြောခဲ့ပါတယ်။
“ကျနော်တို့ ဟိုတယ်အပေါ်ဆုံး ခေါင်မိုးထပ်မှာ သူ့ရဲ့ ရှူးဖိနပ်တွေကို တွေ့ခဲ့ပါတယ်။ သူ ခုန်ချသတ်သေချိန်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ် သမီးလေးဟာ အခန်းထဲမှာ ကျန်နေခဲ့တယ်။”
အမျိုးသမီးဟာ ဖူးခက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး လေကြောင်းခရီးစဉ် အပြောင်းအလဲကြောင့် လာမယ့် ဇူလိုင် ၂၅ ရက်နေ့မှာမှ ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်ထားခဲ့တာပါ။
သူဟာ ဖုန်းထဲကတဆင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တဦးနဲ့ စကားများ၊ ကတောက်ကဆဖြစ်ခဲ့ပြီး အငြင်းပွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဟိုတယ်နဲ့ ရဲတွေ ပူးပေါင်းပြီး စီစီတီဗွီမှတ်တမ်းမှတဆင့် ဘာကြောင့် ခုလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၁၀ နှစ်အရွယ် သမီးဖြစ်သူကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှာ ထိန်းသိမ်း စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...