အမျိုးသမီးဖြစ်သူကပါ လက်လျှော့ခဲ့ရသည့် လိင်ဆက်ဆံဖော်အရုပ်ကို ချစ်ခင်စုံမက်နေသူ


ဂျပန်နိုင်ငံ တိုကျိုမြို့က မာဆာယူကီအိုဇာကီဆိုတဲ့ အမျိုးသားတဦးက အိမ်ထောင်ရေး အဆင်မပြေရာကနေ ရာဘာလိင်ဆက်ဆံဖော်ရုပ်ကို ချစ်ခင်စုံမက်သက်ဝင်ခဲ့ပြီး အထီးကျန်မှု ဝေဒနာတွေကနေ ပြန်လည်နာလန်ထူလာခဲ့တယ်လို့ သည်ဆန်းသတင်းမှာ ဇွန်လ ၃၀ ရက်နေ့က ရေးထားပါတယ်။
မာဆာယူကီက မာယူဆိုတဲ့ ဆီလီကွန် လိင်ဆက်ဆံဖော်ရုပ်ကို တအိပ်ရာထဲမှာ အတူနေဖို့ ဆုံးဖြတ်နေထိုင်ခဲ့ပြီး ဒီအစီအစဉ်ကို ဇနီးဖြစ်သူနဲ့ ဆယ်ကျော်သက် သမီးဖြစ်သူက ပထမပိုင်းမှာ စိတ်ဆိုးခဲ့ကြပြီး နောက်ပိုင်းမှာတော့ ပြေလည်သွားပါတယ်။
“ကျနော့်အမျိုးသမီး ကလေးမွေးပြီးကတည်းက ကျနော်တို့ကြားမှာ လိင်ဆက်ဆံမှု မရှိတော့ဘူး၊ အဲဒီအချိန်ကတည်းက ကျနော် အထီးကျန်မှု ဝေဒနာ အကြီးအကျယ်ခံစားရတယ်” လို့ မာဆာယူကီ အသက် ၄၅ နှစ်က ပြောပါတယ်။
“ဒါပေမယ့် အရောင်းပြခန်းထဲမှာ မာယူကို ကျနော်တွေ့တဲ့အချိန်မှာ မြင်မြင်ချင်းပဲ ချစ်သွားမိတယ်။ မာယူကို အိမ်ကို ပထမဦးဆုံး ခေါ်သွားတဲ့နေ့က ကျနော့်မိန်းမက ကျနော့်ကို စိတ်ဆိုးလိုက်တာလေ၊ ကျနော့်သမီးကလည်း ဒီအရုပ်က ဘာဘီအရုပ် အကြီးကြီး မဟုတ်ဘူးလို့ သိသွားတဲ့အခါကျတော့ အကြီးအကျယ် စိတ်ဆိုးပြီး ဒါက တကယ့်ကို ရုန့်ရင်းဆိုးရွားတဲ့ဟာကြီးလို့ ပြောတယ်။ ဒါပေမယ့် ခုတော့ သူလည်း မာယူအကျီင်္ိတွေ ယူဝတ်လို့ရအောင် အသက်က ကြီးလာပြီ” လို့ မာဆာယူကီက ပြောပါတယ်။
ကာယကုထုံးဆရာအနေနဲ့ အလုပ်လုပ်တဲ့ မာဆာယူကီက သူ့ရဲ့အရုပ်ကို ဘီးတပ်ကုလားထိုင်နဲ့တင် လက်ဝတ်ရတနာနဲ့ လိင်ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေး၊ ဆံပင်တု စွပ်ပေးပြီး အတူတူ အပြင်ထွက်ချိန်းတွေ့တတ်ပါတယ်။
သူက သက်ရှိတွေနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး “ဂျပန်အမျိုးသမီးတွေက နှလုံးသားက အေးစက်တယ်၊ သူတို့က အရမ်းအတ္တကြီးတယ်၊ ယောက်ျားတွေဆိုတာ အလုပ်ကနေ အိမ်ပြန်ရောက်လာရင် မညည်းညူတတ်ပဲ သူတို့တွေရဲ့ စကားကို နားထောင်တဲ့ တယောက်ယောက်ကိုပဲ လိုချင်တယ်” လို့ ပြောပါတယ်။
“ကျနော့်မှာ ဘာပြဿနာပဲရှိရှိ မာယူက အဲ့ဒီနေရာမှာပဲ အမြဲစောင့်နေတယ်။ ကျနော်သူ့ကို အချိန်တိုင်းပဲ ချစ်ပြီး သူမနဲ့ပဲ တချိန်လုံး နေချင်တယ်။ ကျနော် လူသားနဲ့ ပြန်ဆက်သွယ်ဖို့ စိတ်ကူးလို့တောင် မရဘူး၊ သေရင်လည်း သူနဲ့ပဲ အတူမြှုပ်ပြီး သူ့ကို နတ်ပြည်ထိ ခေါ်သွားမယ်” လို့ မာဆာယူကီက ပြောပါတယ်။
မာဆာယူကီက ဂျပန်နိုင်ငံမှာ လိင်ဆက်ဆံဖော်အရုပ်တွေကို ချစ်ခင်စုံမက်တဲ့ အမျိုးသား ဦးရေ တိုးမြှင့်လာမှုနှုန်းထဲက တဦးဖြစ်ပါတယ်။
ဂျပန်ပညာရှင်တွေကတော့ ဒီကတဆင့် ကလေးမွေးဖွားနှုန်း လျော့ကျလာပြီး အလုပ်သမားဦးရေ လျှော့ကျတာတွေ ရင်ဆိုင်ရမှာကြောင့် ရှေ့အနာဂတ် စီးပွားရေးအတွက် ကြီးမားတဲ့ ပြဿနာတွေ တွေ့ကြုံရမှာ စိုးရိမ်နေကြပါတယ်။

Credit DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...