အေရွ႕ဒဂံုက ဒီ တိုက္ဝါႀကီးအေၾကာင္းသိျပီးၾကျပီလား


မင္းရဲေက်ာ္စြာလမ္း၊ ၈၀ ရပ္ကြက္၊ အေရွ႕ဒဂံုမွာရွိတဲ့ သရဲအင္မတန္အေျခာက္ၾကမ္းတယ္လို႔ ထင္ရွားတဲ့ အိမ္ၾကီးပါ။ တုိက္၀ါၾကီးလို႔ အမ်ားသိၾကပါတယ္။ဒဂံုတကၠသို္လ္ကိုေက်ာ္ျပီး လမ္းသစ္မွတ္တိုင္နားကပါ။ အခ်ိဳ႕ Taxi သမားေတြ၊ Bus Driver ေတြကို အက်ီအ၀ါ၀တ္ထားတဲ့ မိန္းမတစ္ေယာက္က ထြက္ထြက္တားတတ္ျပီး ကားေပၚတင္လိုက္မိတယ္ဆိုရင္ ကားေပၚတင္ပဲ ေပ်ာက္သြားတတ္ပါတယ္တဲ့။ အိမ္ေရွ႕မွာ လမ္းမညီလို႔ ကားေတြ ခဏခဏ ေမွာက္တတ္တယ္ေျပာၾကျပီး ကားတစ္ခါေမွာက္ရင္ အနည္းဆံုး ၁ ေယာက္ေတာ့ အသက္ဆံုးပါးရပါတယ္။
ဆိုင္ကယ္ေမွာက္ျပီး ၃ ေလာင္းျပိဳင္လည္​း တစ္ခါရွိျဖစ္ခဲ့ဖူးပါတယ္။ ေနာက္ဆံုး ေသခါနီးမွာ ဆိုင္ကယ္ေမာင္းသမားေျပာသြားတာကေတာ့ အဝါေရာင္ဝတ္စံုနဲ႔ မိန္းမတစ္ေယာက္ကို ေရွာင္လိုက္တာတဲ့၊ ေနာက္ကစီးတဲ့သူ ေျပာတာက ဘယ္သူမွမျမင္မိဘူးတဲ့၊ ေမာင္းတဲ့သူပဲ ျမင္တာတဲ့။အဲ့ေရွ႕နားကေန အလုပ္ျပန္တဲ့ စက္ဘီးေတြေနာက္မွာ မိန္းမတစ္ေယာက္ လိုက္ထိုင္စီးတတ္တယ္လို႔ ေျပာေသးတယ္။ လွည့္ၾကည့္ရင္ မ်က္ႏွာမပါဘူးတဲ့။ စက္ဘီးေတာင္ မယူႏိုင္ဘူး၊ ဒီအတိုင္း ထြက္ေျပးရပါတယ္တဲ့။ လူအေသအေပ်ာက္ျဖစ္တိုင္း အိမ္ေရွ႕က လမ္းမွာ ဆရာေတာ္ၾကီးမ်ားပင့္ဖိတ္၍ ခဏခဏ ပရိတ္တရားရြတ္ဖတ္သရဇၨာယ္ရသည္..။

အိမ္ေစာင့္အဖိုးၾကီးရွိပါတယ္။ သူက စကားထြက္မေျပာဘဲ ဘုရားစာပဲ ကုန္းရြတ္ေနပါတယ္။ ဘယ္လိုမွလည္​း ေခၚမရပါဘူး။ ဘုရားရွိခိုးတာ ၃၀ မိနစ္ေလာက္ၾကာတဲ့အထိ မျပီးပါဘူး။ ေအာ္ပီး ဘုရားစာေတြရြတ္ေနတာပါ။ ေဘးပတ္၀န္းက်င္ကိုငွားဖို႔ ေမးၾကည့္ေတာ့ ငွားမွာမဟုတ္ဘူးလို႔ပဲ သိရပါတယ္..။


စိတ္၀င္စားသူမ်ား သြားေရာက္ေလ့လာႏိုင္ပါတယ္ …။

Credit to- Wutt Ye Oo

==========

Unicode

မင်းရဲကျော်စွာလမ်း၊ ၈၀ ရပ်ကွက်၊ အရှေ့ဒဂုံမှာရှိတဲ့ သရဲအင်မတန်အခြောက်ကြမ်းတယ်လို့ ထင်ရှားတဲ့ အိမ်ကြီးပါ။ တိုက်ဝါကြီးလို့ အများသိကြပါတယ်။ဒဂုံတက္ကသို်လ်ကိုကျော်ပြီး လမ်းသစ်မှတ်တိုင်နားကပါ။ အချို့ Taxi သမားတွေ၊ Bus Driver တွေကို အကျီအဝါ၀တ်ထားတဲ့ မိန်းမတစ်ယောက်က ထွက်ထွက်တားတတ်ပြီး ကားပေါ်တင်လိုက်မိတယ်ဆိုရင် ကားပေါ်တင်ပဲ ပျောက်သွားတတ်ပါတယ်တဲ့။ အိမ်ရှေ့မှာ လမ်းမညီလို့ ကားတွေ ခဏခဏ မှောက်တတ်တယ်ပြောကြပြီး ကားတစ်ခါမှောက်ရင် အနည်းဆုံး ၁ ယောက်တော့ အသက်ဆုံးပါးရပါတယ်။

ဆိုင်ကယ်မှောက်ပြီး ၃ လောင်းပြိုင်လည်​း တစ်ခါရှိဖြစ်ခဲ့ဖူးပါတယ်။ နောက်ဆုံး သေခါနီးမှာ ဆိုင်ကယ်မောင်းသမားပြောသွားတာကတော့ အဝါရောင်ဝတ်စုံနဲ့ မိန်းမတစ်ယောက်ကို ရှောင်လိုက်တာတဲ့၊ နောက်ကစီးတဲ့သူ ပြောတာက ဘယ်သူမှမမြင်မိဘူးတဲ့၊ မောင်းတဲ့သူပဲ မြင်တာတဲ့။အဲ့ရှေ့နားကနေ အလုပ်ပြန်တဲ့ စက်ဘီးတွေနောက်မှာ မိန်းမတစ်ယောက် လိုက်ထိုင်စီးတတ်တယ်လို့ ပြောသေးတယ်။ လှည့်ကြည့်ရင် မျက်နှာမပါဘူးတဲ့။ စက်ဘီးတောင် မယူနိုင်ဘူး၊ ဒီအတိုင်း ထွက်ပြေးရပါတယ်တဲ့။ လူအသေအပျောက်ဖြစ်တိုင်း အိမ်ရှေ့က လမ်းမှာ ဆရာတော်ကြီးများပင့်ဖိတ်၍ ခဏခဏ ပရိတ်တရားရွတ်ဖတ်သရဇ္ဇာယ်ရသည်..။

အိမ်စောင့်အဖိုးကြီးရှိပါတယ်။ သူက စကားထွက်မပြောဘဲ ဘုရားစာပဲ ကုန်းရွတ်နေပါတယ်။ ဘယ်လိုမှလည်​း ခေါ်မရပါဘူး။ ဘုရားရှိခိုးတာ ၃၀ မိနစ်လောက်ကြာတဲ့အထိ မပြီးပါဘူး။ အော်ပီး ဘုရားစာတွေရွတ်နေတာပါ။ ဘေးပတ်ဝန်းကျင်ကိုငှားဖို့ မေးကြည့်တော့ ငှားမှာမဟုတ်ဘူးလို့ပဲ သိရပါတယ်..။

စိတ်ဝင်စားသူများ သွားရောက်လေ့လာနိုင်ပါတယ် …။

Credit to- Wutt Ye Oo

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...