မိတၳီလာၿမိဳ႕ ျပည္သာယာ ၿမိဳ႕သစ္ ေျမာက္ဖက္က အစၥလာမ္ ဘာသာဝင္ ေနအိမ္ တစ္အိမ္ကို လူ ေလးငါးဆယ္ ေလာက္က သြားေရာက္ ရန္ျပဳ တိုက္ခိုက္မွု ဇူလိုင္ ၁၀ ရက္ေန႔ ညက ျဖစ္ပြားခဲ့ ပါတယ္။
တုတ္ဓါး ေတြနဲ႔ တိုက္ခိုက္ခံရတဲ့ အတြက္ ဦးလွေအာင္ေခၚ မိုဟာမက္ အလီက ထိခိုက္ဒဏ္ရာ ရခဲ့တဲ့ အတြက္ ေဆး႐ုံမွာ ကုသမွု ခံေနရေပမဲ့ အသက္ အႏၲရာယ္ မစိုးရိမ္ရဘူးလို႔ ေဒသခံ ေတြက ေျပာပါတယ္။
အဲဒီလူက ေဆြမ်ိဳးသားခ်င္း တစ္ေယာက္ ဆီကေန အိမ္ကို ဝယ္ယူၿပီး မၾကာေသးခင္ ရက္ပိုင္းကမွ ရပ္ကြက္ထဲကိုေျပာင္းလာတာလို႔ ျပည္သာယာ ၿမိဳ႕သစ္ေတာင္ပိုင္းက ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွူး ဦးမင္းမင္းက ေျပာပါတယ္။
အဲဒီ မြတ္ဆလင္ေတြကို ရပ္ကြက္ထဲမွာ လက္မခံဖို႔နဲ႔ အိမ္ကို တရားဝင္ အေရာင္း အဝယ္ လုပ္ဖို႔ ဘုန္းေတာ္ႀကီး ႏွစ္ပါးက ရဲစခန္းမွာ သြားေျပာတဲ့ အခ်ိန္မွာပဲ အဲဒီ တိုက္ခိုက္မွု ျဖစ္ခဲ့တာလို႔ သူက ဆိုပါတယ္။
တိုက္ခိုက္မွုနဲ႔ ပတ္သက္ၿပီး အမွုဖြင့္ ထားေပမဲ့ ဖမ္းဆီးတာေတာ့ မရွိေသးဘူးလို႔ ဦးမင္းမင္းက ေျပာပါတယ္။
၂၀၁၃ ခုႏွစ္က လူမ်ိဳးေရးဆန္တဲ့ ပဋိပကၡေတြ အႀကီးအက်ယ္ ျဖစ္ခဲ့ၿပီး ေနာက္ပိုင္း အခုခ်ိန္ထိ အေျခအေနေတြ တည္ၿငိမ္ေနတဲ့ သေဘာေတြ႕ျမင္ရပါတယ္။
အခုအႀကိမ္ကေတာ့ ကိုယ့္ေနအိမ္မွာ ေနထိုင္သူကို အုပ္စုနဲ႔ သြားေရာက္ တိုက္ခိုက္မွု မိတၳီလာမွာ ပထမဆုံး အႀကိမ္ ျဖစ္ပြားတာလည္း ျဖစ္ပါတယ္။
BBC Burmese
မိတ္ထီလာမြို့ ပြည်သာယာ မြို့သစ် မြောက်ဖက်က အစ္စလာမ် ဘာသာဝင် နေအိမ် တစ်အိမ်ကို လူ လေးငါးဆယ် လောက်က သွားရောက် ရန်ပြု တိုက်ခိုက်မှု ဇူလိုင် ၁၀ ရက်နေ့ ညက ဖြစ်ပွားခဲ့ ပါတယ်။
တုတ်ဓါး တွေနဲ့ တိုက်ခိုက်ခံရတဲ့ အတွက် ဦးလှအောင်ခေါ် မိုဟာမက် အလီက ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အတွက် ဆေးရုံမှာ ကုသမှု ခံနေရပေမဲ့ အသက် အန္တရာယ် မစိုးရိမ်ရဘူးလို့ ဒေသခံ တွေက ပြောပါတယ်။
အဲဒီလူက ဆွေမျိုးသားချင်း တစ်ယောက် ဆီကနေ အိမ်ကို ဝယ်ယူပြီး မကြာသေးခင် ရက်ပိုင်းကမှ ရပ်ကွက်ထဲကိုပြောင်းလာတာလို့ ပြည်သာယာ မြို့သစ်တောင်ပိုင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းက ပြောပါတယ်။
အဲဒီ မွတ်ဆလင်တွေကို ရပ်ကွက်ထဲမှာ လက်မခံဖို့နဲ့ အိမ်ကို တရားဝင် အရောင်း အဝယ် လုပ်ဖို့ ဘုန်းတော်ကြီး နှစ်ပါးက ရဲစခန်းမှာ သွားပြောတဲ့ အချိန်မှာပဲ အဲဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ သူက ဆိုပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့် ထားပေမဲ့ ဖမ်းဆီးတာတော့ မရှိသေးဘူးလို့ ဦးမင်းမင်းက ပြောပါတယ်။
၂၀၁၃ ခုနှစ်က လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး နောက်ပိုင်း အခုချိန်ထိ အခြေအနေတွေ တည်ငြိမ်နေတဲ့ သဘောတွေ့မြင်ရပါတယ်။
အခုအကြိမ်ကတော့ ကိုယ့်နေအိမ်မှာ နေထိုင်သူကို အုပ်စုနဲ့ သွားရောက် တိုက်ခိုက်မှု မိတ္ထီလာမှာ ပထမဆုံး အကြိမ် ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။
BBC Burmese
0 comments :
Post a Comment