က်ေနာ္ အပ်ိဳႀကီးတစ္ေယာက္နဲ႔ မွားခဲ့တယ္။ ၀န္ခံပါတယ္...

က်ေနာ္ အပ်ိဳႀကီးတစ္ေယာက္နဲ႔ မွားခဲ့တယ္။ ၀န္ခံပါတယ္...

သူ႔ဘက္ကမမွားဘူး က်ေနာ့ဘက္ကမွားခဲ့တာပါ။ေယာက်္ားေကာင္းဆိုတာ ကိုယ့္အမွားကို တာ၀န္ယူ႐ဲရမွာေပါ့ ။က်ေနာ့ အမွားအတြက္ တာ၀န္ယူဖို႔ဆံုးျဖတ္လိုက္ၿပီ။

မွတ္မွတ္ရရ အဲ့ဒီေန႔က ေပါ့ ။
ေကာင္းကင္တစ္ခြင္စစ္ခင္းေနသည့္အလား လွ်ပ္စီးေၾကာင္းမ်ားကလက္နက္ခဲယမ္းမ်ားပစ္ေဖာက္ေနသလို လက္ခနဲလက္ခနဲ အားမာန္အျပည့္နဲ႔ျငာသံေပးလို႔ ၊ၿပိဳက်ေတာ့မေယာင္ မိုးသားေတြက တစ္ေရြ႔ေရြ႔ နဲ႔ ေဒါသေတြကိုၿမိဳသိပ္ၿပီး အမ်က္ေျခာင္းေျခာင္းထြက္လို႔ ဘယ္အခ်ိန္ေဖာက္ခြဲပစ္ရမလဲဆိုတာ ဥာဏ္မီသေရြ႔ ေကာက္က်စ္ဖို႔စဥ္းစားေနေလရဲ႕ ။
လူသြားလူလာမ်ားျဖင့္စည္ကားေလ့႐ွိတဲ့ရြာလယ္လမ္းမမွာေတာ့ ရြံ႕ဗြက္ေတြေနရာအေတာ္မ်ားမ်ားကိုႀကီးစိုးထားလို႔လား ၊ အၿငိဳးတစ္ႀကီးရြာခ်ပစ္ႏိုင္ေျခမ်ားတဲ့ ဆည္းဆာဖ်က္မိုးကိုစိုးရိမ္ေနလို႔လားမသိ ေခြးေလေခြးလြင့္ မွတစ္ပါး လူသြားလူလာကင္း႐ွင္းေနသည္။
ဖိနပ္ႏွစ္ဖက္လက္မွာကိုင္ ပုဆိုးတိုတို၀တ္ၿပီး ရြံ႕ဗြက္အသြယ္သြယ္ကို သိုင္းနင္းကြက္က်ေက်ာ္ျဖတ္လိုက္ ၊လိုရာမေရာက္ေသာဒယီးဒယိုင္ေျခလွမ္းမ်ားေၾကာင့္ ဗြက္ထဲေခ်ာ္က်လိုက္ျဖင့္ လမ္းတစ္ေလွ်ာက္ေခြးေလေခြးလြင့့္ေတြၾကားမွာ က်ေနာ္တစ္ေယာက္ popular ကိုျဖစ္လို႔။လူပ်ိဳလွည့္ရင္၀တ္ဖို႔ တစ္ေန႔ကမွ၀ယ္ၿပီးခါစ ေယာပုဆိုးနဲ႔ D2 အက်ႌအသစ္ကေလးမွာေတာ့ ရြံ႕ႏွစ္မ်ားျဖင့္ သနပ္ခါးေရက်ဲ လိမ္းေနေလရဲ႕။ ဗြက္ေပလည္းမတတ္ႏိုင္ဘူး .ကိုယ္ကသူ႔ကိုေတြ႔ခ်င္ေနတာကို။ ဒီေလာက္ေတာ့ စြန္႔စားရမွာေပါ့။
--- * * * - - - * * * - - - * * * - - - * * * - - -
'' ဘယ္လိုျဖစ္တာလဲ အက်ႌေတြ ပုဆိုးေတြ ရြံ႕ဗြက္ေတြကိုေပလို႔ ။ လမ္းမွာေခ်ာ္လဲလာတာလား ။ အဲ့ဒါေၾကာင့္ မိုးေျခာက္မွအလည္လာပါလို႔ မိေခ်ာကေျပာတာ ''
ႏႈတ္ခမ္းေလးစူၿပီး စိုးရိမ္ျပရင္း ဧည့္၀တ္ျပဳေနတဲ့ မိေရႊေခ်ာကိုျမင္ေတာ့ အေမာေတြကိုေျပလို႔။ အမူးကေတာ့ေျပေသးဘူး။
'' မိေခ်ာကိုမေတြ႔ရရင္မေနႏိုင္လို႔ပါကြာ''
ခပ္ညဳညဳေလးေျပာလိုက္ေတာ့ သေဘာေခြ႔သြားတဲ့
မိေခ်ာမ်က္ႏွာမွာ ပန္းႏုေရာင္႐ွက္ေသြးေလးေတြ ျဖာလ်က္။
''လာအိမ္ထဲ၀င္ ၊အ္ိမ္မွာက ဘယ္သူမွမ႐ွိၾကဘူး ။မိေခ်ာနဲ႔ ေဒၚေလးပဲ႐ွိၾကတာ ။အေဖနဲ႔အေမက ရန္ကုန္ကိုသြားၾကတယ္။''
မိေခ်ာကေ႐ွ့ကသြား က်ေနာ္ကသူ႔ေနာက္လိုက္ရင္း ႀကိတ္ၿပီးေပ်ာ္ေနမိတယ္။
အိမ္ထဲေရာက္ေတာ့ သူ႔ေဒၚေလးေဒၚဂ်မ္းစိန္က ကုလားထိုင္ေပၚတင္ပလႅင္ခ်ိတ္ၿပီး ခတ္တည္တည္နဲ႔ ဂ႐ုမစိုက္တဲ့ပံုစံမ်ိဳး။
ေဒၚဂ်မ္းစိန္ဆိုတာက အပ်ိဳႀကီး ။ တစ္ရြာလံုးရဲ႕ေအာ့ေၾကာလန္။ အရပ္ပုၿပီးအသားမဲသေလာက္ အလွအပအလြန္ႀကိဳက္ႏွစ္သက္သူ ။ ေျမႇာက္ပင့္ေျပာတတ္သူ ဟူသမွ်သူႏွင့္အဆင္ေျပသည္။
''ေဒၚေလး ေနေကာင္းလား ။ ေဒၚေလး၀တ္ထားတဲ့ အက်ႌေလးက ေဒၚေလးနဲ႔ သိပ္လိုက္တာပဲ''
ဘာ၀တ္၀တ္ ဘယ္လိုမွအခ်ိဳးမက်မွန္းသိေပမယ့္ မခ်ိသြားျဖဲ မနည္းျပံုးၿပီး မ်က္ႏွာခ်ိဳေသြးလိုက္ရေသး။ ဒီလိုဆိုလိုက္ေတာ့ မိတ္ကပ္ကိုကာလာစံုျခယ္သထားတဲ့ ေၾကာက္စရာမ်က္ႏွာျကီး က်ေနာ့ဘက္လွည့္ၿပီး
''ေဒၚေလးက အ၀တ္အစားကအစ ကိုယ္နဲ႔လိုက္ဖက္တာကိုပဲေရြး၀တ္တာကြဲ႔'' အသက္အရြယ္နဲ႔မလိုက္ခြၽဲႏြဲ႔ေျပာေနလိုက္တာ ကိုယ့္႐ုပ္ကိုမွအားမနာ။မ်က္ႏွာကေက်ာက္ေပါက္မာေတြ မေပၚေအာင္မိတ္ကပ္ေတြအတံုးလိုက္အတစ္လိုက္ဖို႔ထားၿပီး အျပင္ထြက္က်မတတ္ျပဴးက်ယ္လြန္းတဲ့မ်က္လံုးေတြနဲ႔ ျပံုးမျပဘဲေပၚလြင္ေနတဲ့ မလံုမျခံဳအေပၚသြားေလးေခ်ာင္းက မြဲေျခာက္ေျခာက္အသားအေရေပၚမွာ ျဖဴေဖြးျခင္းဂုဏ္ကိုေဆာင္လ်က္။
''ေဒၚေလးနဲ႔လိုက္ဖက္ညီတဲ့႐ုပ္ဆိုးဆိုးေယာက်္ား႐ွာမေတြ႕ေသးလို႔အပ်ိဳႀကီးျဖစ္ေနတာလား''
က်ေနာ့စိတ္ထဲကပဲျပံုးၿပီးေမးေနခဲ့မိတယ္။
''အစ္ကို ခဏေစာင့္။ အစ္ကိုစားဖို႔ တစ္ခုခုကို အျပင္မွာသြား၀ယ္လိုက္အံုးမယ္''
''ေနပါေစ မိေခ်ာ ။အစ္ကိုမဆာပါဘူး။ ေမွာင္လည္းေမွာင္ေတာ့မယ္ဆိုေတာ့ မိေခ်ာတစ္ေယာက္တည္း အျပင္သြားမွာစိတ္မခ်ဘူး''
''ရပါတယ္ ၊ မိေခ်ာမွာဓာတ္မီးပါပါတယ္။ဆိုင္ကလည္း အေ႐ွ့ဘက္ႏွစ္အိမ္ေက်ာ္မွာပဲ''
ေျပာေျပာဆိုဆို တားမရတဲ့ေဒၚေရႊမိေခ်ာက ဓာတ္မီးဆြဲၿပီးထြက္သြားေလၿပီ။က်ေနာ္လည္း ေယာင္ရမ္းၿပီးျပတင္းေပါက္၀အထိလိုက္၍ မိေခ်ာေက်ာျပင္ကိုၾကည့္ပီး ေငးမိေနမိသည္။
အျပင္မွာမိုးသားမိုးစိုင္ေတြတစ္ရိပ္ရိပ္ေျပးေနသည္။မိုးနံ႔ေလးမ်ား ေလညႇင္းနဲ႔အတူပါလာ၏။ ညေနက ရဲေဆးတင္ထားတဲ့ ယမကာအ႐ွိန္ေလးက ခုထိမျပယ္ခ်င္ေသး။
ေခါင္းထဲမွာ ေနာက္က်ိက်ိရီေ၀ေ၀အ႐ွိန္က ခုထိစြဲထင္ေနသည္။ ေဩာ္ ..မိေခ်ာေလးရယ္ ဒီအိမ္ႀကီးထဲမွာ ဟိုအပ်ိဳႀကီးနဲ႔ႏွစ္ေယာက္တည္း မင္းမို႔ထားခဲ့ရက္တယ္ကြာ။
''ေမာင္ေလး လာထိုင္ေလ ၊လက္ဖက္သုတ္စားပါအံုး''
အေစာက ေျမႇာက္ပင့္ေပးမိစကားကိုသေဘာက်ၿပီး ေနာက္ထပ္ေျမႇာက္ပင့္ေပးမယ့္စကားသံကိုေမွ်ာ္လင့္ေနတဲ့ အပ်ိဳႀကီးက ေလာကြတ္ေကာင္းေနေလရဲ႕။
သက္ျပင္႐ွည္ခ်ၿပီး ေျမႇာက္ပင့္ေပးရမယ့့္စကားလံုးဆန္းကို စဥ္းစားရင္းေလးတြဲ႔တြဲ႔ေျခလွမ္းမ်ားျဖင့္ ထိုင္ခံုဆီသို႔ဦးတည္လာမိသည္။
ထိုင္ခံုေပၚသို႔ထိုင္ၿပီး သူ႔မ်က္ႏွာၾကည့္လိုက္ေတာ့ ေက်နပ္စြာျပံဳးေနတဲ့သူ႔မ်က္ႏွာက ၾကည့္ခဲ့ဖူးတဲ့ေၾကာက္မက္ဖြယ္ စုန္းမကားကိုျပန္လည္အမွတ္ရေစမိတယ္။
''ခဏေစာင့္အံုးေမာင္ေလး'' ျပာျပာသလဲ မီးဖိုေခ်ာင္ခန္းထဲသို႔၀င္သြားေလ၏။
သူထြက္သြားမွ ေနသာထိုင္သာ႐ွိသြားေလသည္။ျပန္၀င္လာေတာ့ လက္ထဲမွာ GRAND တစ္လံုးပါလာေလသည္။
''ဒါ မိေခ်ာတို႔အေဖ မမရဲ႕အစ္ကိုႀကီးေသာက္တဲ့ ပုလင္း ''
ပုလင္းကို ကိုင္ေျမႇာက္ျပရင္း ေက်နပ္စြာေျပာေလသည္။
''ေရာ့ ..ေမာင္ေလး ေသာက္။ မမ ငွဲ႔ေပးမယ္ ''ေျပာေျပာဆိုဆို ခြက္ထဲငွဲ႔၍ က်ေနာ့ဘက္သို႔တိုးေပးေလသည္။
'' ေနပါေစ ေဒၚေလး..က်ေနာ္ကိုယ္တိုင္ငွဲ႔ပါ့မယ္ ''
''မမ လို႔ေခၚလည္းရပါတယ္ကြယ္ ၊ ေဒၚေလးလို႔ေခၚတာက မမတို႔ႏွစ္ေယာက္ၾကားမွာ သူစိမ္းဆန္ေနသလားလို႔'' ကႏြဲ႔ကလ် ေျပာေနတဲ့သူ႔ပံုစံႀကီးက ရြံစရာေကာင္းလြန္းလွသည္။
က်ေနာ္လည္း စိတ္က်ဥ္းက်ပ္ေနတာနဲ႔ သူငွဲ႔ေပးတဲ့ အရက္ခြက္ေတြကို တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ရင္း မိေခ်ာေလးျပန္အလာကိုသာ ေစာင့္ေမွ်ာ္ေနမိတယ္။ သူကေတာ့ အရက္ခြက္ကေလးငွဲ႔ေပးလိုက္ က်ေနာ့မ်က္ႏွာကို ျပံဳးၾကည့္လိုက္ လက္ဖက္ခြက္ကေလး တိုးေပးလိုက္နဲ႔ ၾကည္ႏူးေနေလရဲ႕ ။ က်ေနာ့မွာေတာ့ သူ႔ကိုအရြဲ႔တိုက္ေသာက္ရင္း ဒီဂရီေတြျမင့္ခ်င္သလိုလိုျဖစ္ေနေလၿပီ။
ထိုစဥ္ခဏ..
''ဂ်ိမ္း..ဂ်ိမ္း..ဂ်ိမ္း....''
က်ယ္ေလာင္ေသာမိုးၿခိမ္းသံႏွင့္အတူ လွ်ပ္စီးမ်ား၀င္းလက္သြားသည္။ ေလျပင္းတိုက္သံမ်ား၊ မိုးေပါက္မ်ားအဆက္မျပတ္သဲႀကီးမဲႀကီးရြာသြန္းေလၿပီ။
တစ္ရြာလံုး လွ်ပ္စစ္မီးမ်ားလည္း ျပတ္ေတာက္သြားသည္။ တစ္ခ်က္တစ္ခ်က္ လွ်ပ္စီးလက္သည့္အခိုက္အတန္႔မွအပ ပတ္၀န္းက်င္တစ္ခြင္လံုး မဲေမွာင္ေနသည္။
''မမ ေၾကာက္တယ္ ေမာင္ေလးရယ္ '' ေျပာရင္း က်ေနာ့ေဘးေရာက္လာသည္။ က်ေနာ္ အေတာ္ကိုအေနက်ပ္သြားသည္။ သူ႔ဆီက ေရေမႊးနံ႔ျပင္းျပင္းေတြေၾကာင့္ က်ေနာ္ပိုၿပီးမူးခ်င္လာၿပီ၊
မထူးေတာ့ၿပီ ၊။ မူးခ်င္မူးပါေစေတာ့ ။စိတ္ကက်ဥ္းက်ပ္လြန္းေနၿပီ။ စားေပၚက ပုလင္းကို မွန္းဆြဲၿပီး ကုန္ခမန္းလိလိ ေမာ့ခ်လိုက္သည္။ ၿပီး..စားပြဲေပၚ ပုလင္းကိုျပန္အတင္...
''ဂ်ိမ္း..ဂ်ိမ္း..ဂ်ိမ္းဂ်မ္း.......''လွ်ပ္စီးမ်ား လက္ခနဲျဖစ္သြားၿပီး မိုးၿခိမ္းသံၾကားေလေတာ့
ေၾကာက္လန္႔တၾကားနဲ႔ သူ႔လက္အစံုက က်ေနာ့ေက်ာကိုသိုင္းဖက္ၿပီး ရင္ခ်င္းကပ္လ်က္အေနအထား။မိုးကသဲပါတယ္ဆို ေလျပင္းေတြကတစ္၀ုန္း၀ုန္းနဲ႔ ပြဲၾကမ္းေနသည္။
''မမကို ျပန္ဖက္ထားပါ ေမာင္ေလးရယ္ မမ ေၾကာက္လြန္းလို႔ပါ''
အေမွာင္ထဲမွာ ေၾကာက္လြန္းေနနဲ႔သူ႔မ်က္ႏွာကိုမျမင္ရေပမယ့္ စ္ိတ္ကူးထဲမွာေတြးၾကည့္ရံုနဲ႔ ၾကက္သီးေမြးညႇင္းထေလာက္စရာ။
''ဖယ္..ေပး..စမ္း..ပါ..ဗ်ာ ။က်ေနာ္..အရက္..ေသာက္..လို႔..မၿပီး..ေသးဘူး''က်ေနာ့အသံေတြ ၀ါးတားတားနဲ႔မသဲကြဲခ်င္ေတာ့။မူးေနၿပီကိုး။
ဖက္ထားတဲ့ သူ႔လက္ေတြကို ဖယ္ခ်ရင္း အရက္ပုလင္းကိုယူမယ္ျပင္ေတာ့
''ပုလင္းကို မမ ယူေပးပါ့မယ္ကြယ္''
လက္တစ္ဖက္က က်ေနာ့ကိုသိုင္းဖက္ထားရင္း က်န္တစ္ဖက္ျဖင့္ပုလင္းကို စမ္းတစ္၀ါး၀ါး႐ွာေဖြေနစဥ္ ..
''ဂ်ိမ္း.ဂ်ိမ္း ..ခ်လြမ္....လြမ္...''
ဒီတစ္ႀကိမ္တြင္ေတာ့ မိုးၿခိမ္းသံႏွင့္အတူ အရက္ခြက္ကေလး က်ကြဲသံပါ ေရာယွက္သြားေလေတာ့သည္။
--- *** - - - * * * - - - * * * - - - * * * - - -
အိမ္ေ႐ွ့ မွာ ေအာ္ႀကီးဟစ္ၾကယ္နဲ႔ ငိုသံၾကားလို႔ အိပ္ခ်င္မူးတူးျဖင့္ လူးလဲထရင္း ပုဆိုးျပင္၀တ္ၿပီး အိ္မ္အျပင္သို႔ထြက္ၾကည့္ လိုက္မိသည္။ မေန႔ကေသာက္ထားတဲ့အ႐ွိန္ေၾကာင့္ ေခါင္းထဲမွာမၾကည္မလင္ပဲ။ ကေလးဆိုးႀကီးတစ္ေယာက္လို ေအာ္ႀကီးဟစ္ၾကယ္ငိုေနတဲ့သူကို ေသခ်ာၾကည့္လိုက္မွ
''ဟိုက္...အပ်ိဳႀကီး ေဒၚဂ်မ္းစိန္ပါ့လား ''
''ေဒၚေလး..ဘာျဖစ္လို႔လဲ''
က႐ုဏာသံေလးေႏွာၿပီး ေမးလိုက္မိသည္။
''ဘာအခုမွမသိခ်င္ေယာင္ေဆာင္ေနတာလဲ...
မင္း ညတုန္းကေလ ..ညတုန္းက ..အဟီး.ဟီး''သူ႔စကားသူမဆက္ႏိုင္ ႐ိႈက္ႀကီးတစ္ငင္ငိုပါေလေရာ။
''ေျပာျပပါဗ်ာ က်ေနာ္ ညတုန္းကဘာမွားခဲ့လို႔လဲ''
စိုးရိမ္ရမွာလား ေပ်ာ္ရမွာလား မသိေပမယ့္ မိေခ်ာေလးနဲ႔မွားခဲ့တာဆိုရင္ေတာ့ က်ေနာ္သိန္းထီေပါက္တာပဲ။
''မွားတာေပါ့ ..မွားတယ္..မင္းသိပ္မွားတယ္.''သူ႔အသံမွာ ေဒါသသံ မာနသံ ၀မ္းနည္းသံမ်ားေရာေႏွာေနသည္။
သူ႔တူမေလး က်ေနာ့လက္ထဲထည့္လိုက္ရမွာ ႏွေမ်ာတြန္႕႔တိုၿပီး၀မ္းနည္းေနတာလို႔ပဲထင္တယ္။
''က်ေနာ္ ဘယ္သူနဲ႔မွားခဲ့တာလဲ ..ဟင္''
မခ်ိဳမခ်ဥ္မ်က္ႏွာေပးနဲ႔ေမးလိုက္တဲ့ က်ေနာ့အေမးေၾကာင့္ထင္သည္..မီး၀င္း၀င္းေတာက္ေနေသာ ေဒါသမ်က္လံုးတစ္စံုျဖင့္ က်ေနာ့ကိုစိုက္ၾကည့္ရင္း...
''ငါနဲ႔မွားခဲ့တာ..မင္း ငါနဲ႔မွားခဲ့တာဟဲ့..ေသနာေလးရဲ႕...အီးဟီးဟီး''
ဟိုက္...အဲ့ဒါမွလြဲၿပီ။ က်ေနာ့နဖူး ေႁမြေပါက္ပါၿပီ ။ဒါမျဖစ္ႏိုင္ဘူး လံုး၀မျဖစ္ႏိုင္ဘူး ။အရပ္ကတို႔ေရ..က်ေနာ့ကိုကယ္ၾကပါအံုး ။ က်ေနာ့ဘ၀ပ်က္ပါၿပီဗ်။ ဒီအပ်ိဳႀကီးကိုေတာ့ လက္မထပ္ပါရေစနဲ႔ ။ က်ေနာ္လံုး၀မယံုဘူး..။က်ေနာ္မူးေနတာမွန္ေပမယ့္ သူနဲ႔ေတာ့ဘယ္နည္းနဲ႔မွမမွားႏိုင္ဘူး..
''ဟုတ္ရဲ႕လားဗ်ာ...''မယံုသကၤာ နဲ႔ က်ေနာ္ေမးၾကည့္လိုက္မိသည္။
''ဟိုမွာၾကည့္လိုက္..အီး..ဟီး..ဟီး''
သူလက္ညႇိဳးၫႊန္ရာၾကည့္လိုက္ေတာ့ က်ေနာ့အိမ္ေလွကားေျခရင္းမွ ဖိနပ္တစ္ရံ။ ဖိနပ္ရဲ႕ပင္ကိုယ္အေရာင္မျမင္ရေလာက္ေအာင္ ရြံ႕ဗြက္ေတြေပက်ံလို႔။ ေသခ်ာၾကည့္လိုက္မွ ဖိနပ္တစ္ဖက္က က်ေနာ့ဖိနပ္ျဖစ္ၿပီး က်န္တစ္ဖက္က သဲႀကိဳးျပတ္ေနတဲ့ ေဒါက္ျမင့္ဖိနပ္ျဖစ္ေနတယ္။
က်ေနာ္ သေဘာေပါက္လိုက္ပါၿပီ။ က်ေနာ္တို႔
ဖိနပ္ခ်င္းမွားခဲ့ၾကတာေပါ့ ။ ထင္ေတာ့ထင္သား တစ္ခုခုလြဲေနၿပီလို႔။မေန႔ညက မိေခ်ာတို႔အိမ္ကအျပန္ ဖိနပ္စီးရတာအဆင္မေျပဘူးလို႔ထင္ေတာ့အထင္သား။
ေခါင္းေပၚကအထုတ္ႀကီးျပဳတ္က်ခဲ့ပါၿပီ။
''အဲ့ဒါ ကိုသာဒင္ ငါ့ကိုအမွတ္တရေပးခဲ့တာ။ ငါအျမတ္တႏိုးတန္ဖိုးထားခဲ့တဲ့ပစၥည္း။ ခုေတာ့ ပ်က္စီးကုန္ၿပီ။နင္ဘယ္လိုတာ၀န္ယူမွာလဲ.ေျပာ'' ၀မ္းနည္းပက္လက္ျဖင့္ ႏွေမ်ာတမ္းတျဖစ္ေနေသာ ေဒၚဂ်မ္းစိန္မွာ တကယ္သနားစရာပင္။
''ဟုတ္ကဲ့ေယာက္်ားေကာင္း ဆိုတာ ကိုယ့္အမွားကို တာ၀န္ယူရဲတဲ့သတၱိအျပည့္႐ွိရမွာေပါ့ ။ က်ေနာ္ တာ၀န္ယူပါ့မယ္။ လကုန္ရက္ လစာထုတ္တဲ့ေန႔ ဒီဖိနပ္ထက္ေကာင္းတဲ့ ေဒါက္ျမင့္ဖိနပ္တစ္ရံ ေဒၚေလးအတြက္အဆင္သင့္ျဖစ္ေစရပါ့မယ္။''
က်ေနာ္တာ၀န္ယူရဲ႕တဲ့ေယာက်္ားေကာင္းတစ္ေယာက္ပါေနာ္ ။
ငွဲ....ငွဲ.....ဖတ္႐ႈေပးတဲ့ သယ္ရင္းေတြကို ေက်းဇူး အထူးပါလို႔.....
============

ကျနော် အပျိုကြီးတစ်ယောက်နဲ့ မှားခဲ့တယ်။ ဝန်ခံပါတယ်
သူ့ဘက်ကမမှားဘူး ကျနော့ဘက်ကမှားခဲ့တာပါ။ယောကျ်ားကောင်းဆိုတာ ကိုယ့်အမှားကို တာဝန်ယူရဲရမှာပေါ့ ။ကျနော့ အမှားအတွက် တာဝန်ယူဖို့ဆုံးဖြတ်လိုက်ပြီ။
----- ***--- *** ---- *** ----
မှတ်မှတ်ရရ အဲ့ဒီနေ့က ပေါ့ ။
ကောင်းကင်တစ်ခွင်စစ်ခင်းနေသည့်အလား လျှပ်စီးကြောင်းများကလက်နက်ခဲယမ်းများပစ်ဖောက်နေသလို လက်ခနဲလက်ခနဲ အားမာန်အပြည့်နဲ့ငြာသံပေးလို့ ၊ပြိုကျတော့မယောင် မိုးသားတွေက တစ်ရွေ့ရွေ့ နဲ့ ဒေါသတွေကိုမြိုသိပ်ပြီး အမျက်ခြောင်းခြောင်းထွက်လို့ ဘယ်အချိန်ဖောက်ခွဲပစ်ရမလဲဆိုတာ ဉာဏ်မီသရွေ့ ကောက်ကျစ်ဖို့စဉ်းစားနေလေရဲ့ ။
လူသွားလူလာများဖြင့်စည်ကားလေ့ရှိတဲ့ရွာလယ်လမ်းမမှာတော့ ရွံ့ဗွက်တွေနေရာအတော်များများကိုကြီးစိုးထားလို့လား ၊ အငြိုးတစ်ကြီးရွာချပစ်နိုင်ခြေများတဲ့ ဆည်းဆာဖျက်မိုးကိုစိုးရိမ်နေလို့လားမသိ ခွေးလေခွေးလွင့် မှတစ်ပါး လူသွားလူလာကင်းရှင်းနေသည်။
ဖိနပ်နှစ်ဖက်လက်မှာကိုင် ပုဆိုးတိုတိုဝတ်ပြီး ရွံ့ဗွက်အသွယ်သွယ်ကို သိုင်းနင်းကွက်ကျကျော်ဖြတ်လိုက် ၊လိုရာမရောက်သောဒယီးဒယိုင်ခြေလှမ်းများကြောင့် ဗွက်ထဲချော်ကျလိုက်ဖြင့် လမ်းတစ်လျှောက်ခွေးလေခွေးလွင့့်တွေကြားမှာ ကျနော်တစ်ယောက် popular ကိုဖြစ်လို့။လူပျိုလှည့်ရင်ဝတ်ဖို့ တစ်နေ့ကမှဝယ်ပြီးခါစ ယောပုဆိုးနဲ့ D2 အကျႌအသစ်ကလေးမှာတော့ ရွံ့နှစ်များဖြင့် သနပ်ခါးရေကျဲ လိမ်းနေလေရဲ့။ ဗွက်ပေလည်းမတတ်နိုင်ဘူး .ကိုယ်ကသူ့ကိုတွေ့ချင်နေတာကို။ ဒီလောက်တော့ စွန့်စားရမှာပေါ့။
--- * * * - - - * * * - - - * * * - - - * * * - - -
'' ဘယ်လိုဖြစ်တာလဲ အကျႌတွေ ပုဆိုးတွေ ရွံ့ဗွက်တွေကိုပေလို့ ။ လမ်းမှာချော်လဲလာတာလား ။ အဲ့ဒါကြောင့် မိုးခြောက်မှအလည်လာပါလို့ မိချောကပြောတာ ''
နှုတ်ခမ်းလေးစူပြီး စိုးရိမ်ပြရင်း ဧည့်ဝတ်ပြုနေတဲ့ မိရွှေချောကိုမြင်တော့ အမောတွေကိုပြေလို့။ အမူးကတော့ပြေသေးဘူး။
'' မိချောကိုမတွေ့ရရင်မနေနိုင်လို့ပါကွာ''
ခပ်ညုညုလေးပြောလိုက်တော့ သဘောခွေ့သွားတဲ့
မိချောမျက်နှာမှာ ပန်းနုရောင်ရှက်သွေးလေးတွေ ဖြာလျက်။
''လာအိမ်ထဲဝင် ၊အ်ိမ်မှာက ဘယ်သူမှမရှိကြဘူး ။မိချောနဲ့ ဒေါ်လေးပဲရှိကြတာ ။အဖေနဲ့အမေက ရန်ကုန်ကိုသွားကြတယ်။''
မိချောကရှေ့ကသွား ကျနော်ကသူ့နောက်လိုက်ရင်း ကြိတ်ပြီးပျော်နေမိတယ်။
အိမ်ထဲရောက်တော့ သူ့ဒေါ်လေးဒေါ်ဂျမ်းစိန်က ကုလားထိုင်ပေါ်တင်ပလ္လင်ချိတ်ပြီး ခတ်တည်တည်နဲ့ ဂရုမစိုက်တဲ့ပုံစံမျိုး။
ဒေါ်ဂျမ်းစိန်ဆိုတာက အပျိုကြီး ။ တစ်ရွာလုံးရဲ့အော့ကြောလန်။ အရပ်ပုပြီးအသားမဲသလောက် အလှအပအလွန်ကြိုက်နှစ်သက်သူ ။ မြှောက်ပင့်ပြောတတ်သူ ဟူသမျှသူနှင့်အဆင်ပြေသည်။
''ဒေါ်လေး နေကောင်းလား ။ ဒေါ်လေးဝတ်ထားတဲ့ အကျႌလေးက ဒေါ်လေးနဲ့ သိပ်လိုက်တာပဲ''
ဘာဝတ်ဝတ် ဘယ်လိုမှအချိုးမကျမှန်းသိပေမယ့် မချိသွားဖြဲ မနည်းပြုံးပြီး မျက်နှာချိုသွေးလိုက်ရသေး။ ဒီလိုဆိုလိုက်တော့ မိတ်ကပ်ကိုကာလာစုံခြယ်သထားတဲ့ ကြောက်စရာမျက်နှာကြီး ကျနော့ဘက်လှည့်ပြီး
''ဒေါ်လေးက အဝတ်အစားကအစ ကိုယ်နဲ့လိုက်ဖက်တာကိုပဲရွေးဝတ်တာကွဲ့'' အသက်အရွယ်နဲ့မလိုက်ချွဲနွဲ့ပြောနေလိုက်တာ ကိုယ့်ရုပ်ကိုမှအားမနာ။မျက်နှာကကျောက်ပေါက်မာတွေ မပေါ်အောင်မိတ်ကပ်တွေအတုံးလိုက်အတစ်လိုက်ဖို့ထားပြီး အပြင်ထွက်ကျမတတ်ပြူးကျယ်လွန်းတဲ့မျက်လုံးတွေနဲ့ ပြုံးမပြဘဲပေါ်လွင်နေတဲ့ မလုံမခြုံအပေါ်သွားလေးချောင်းက မွဲခြောက်ခြောက်အသားအရေပေါ်မှာ ဖြူဖွေးခြင်းဂုဏ်ကိုဆောင်လျက်။
''ဒေါ်လေးနဲ့လိုက်ဖက်ညီတဲ့ရုပ်ဆိုးဆိုးယောကျ်ားရှာမတွေ့သေးလို့အပျိုကြီးဖြစ်နေတာလား''
ကျနော့စိတ်ထဲကပဲပြုံးပြီးမေးနေခဲ့မိတယ်။
''အစ်ကို ခဏစောင့်။ အစ်ကိုစားဖို့ တစ်ခုခုကို အပြင်မှာသွားဝယ်လိုက်အုံးမယ်''
''နေပါစေ မိချော ။အစ်ကိုမဆာပါဘူး။ မှောင်လည်းမှောင်တော့မယ်ဆိုတော့ မိချောတစ်ယောက်တည်း အပြင်သွားမှာစိတ်မချဘူး''
''ရပါတယ် ၊ မိချောမှာဓာတ်မီးပါပါတယ်။ဆိုင်ကလည်း အရှေ့ဘက်နှစ်အိမ်ကျော်မှာပဲ''
ပြောပြောဆိုဆို တားမရတဲ့ဒေါ်ရွှေမိချောက ဓာတ်မီးဆွဲပြီးထွက်သွားလေပြီ။ကျနော်လည်း ယောင်ရမ်းပြီးပြတင်းပေါက်ဝအထိလိုက်၍ မိချောကျောပြင်ကိုကြည့်ပီး ငေးမိနေမိသည်။
အပြင်မှာမိုးသားမိုးစိုင်တွေတစ်ရိပ်ရိပ်ပြေးနေသည်။မိုးနံ့လေးများ လေညှင်းနဲ့အတူပါလာ၏။ ညနေက ရဲဆေးတင်ထားတဲ့ ယမကာအရှိန်လေးက ခုထိမပြယ်ချင်သေး။
ခေါင်းထဲမှာ နောက်ကျိကျိရီဝေဝေအရှိန်က ခုထိစွဲထင်နေသည်။ ေဩာ် ..မိချောလေးရယ် ဒီအိမ်ကြီးထဲမှာ ဟိုအပျိုကြီးနဲ့နှစ်ယောက်တည်း မင်းမို့ထားခဲ့ရက်တယ်ကွာ။
''မောင်လေး လာထိုင်လေ ၊လက်ဖက်သုတ်စားပါအုံး''
အစောက မြှောက်ပင့်ပေးမိစကားကိုသဘောကျပြီး နောက်ထပ်မြှောက်ပင့်ပေးမယ့်စကားသံကိုမျှော်လင့်နေတဲ့ အပျိုကြီးက လောကွတ်ကောင်းနေလေရဲ့။
သက်ပြင်ရှည်ချပြီး မြှောက်ပင့်ပေးရမယ့့်စကားလုံးဆန်းကို စဉ်းစားရင်းလေးတွဲ့တွဲ့ခြေလှမ်းများဖြင့် ထိုင်ခုံဆီသို့ဦးတည်လာမိသည်။
ထိုင်ခုံပေါ်သို့ထိုင်ပြီး သူ့မျက်နှာကြည့်လိုက်တော့ ကျေနပ်စွာပြုံးနေတဲ့သူ့မျက်နှာက ကြည့်ခဲ့ဖူးတဲ့ကြောက်မက်ဖွယ် စုန်းမကားကိုပြန်လည်အမှတ်ရစေမိတယ်။
''ခဏစောင့်အုံးမောင်လေး'' ပြာပြာသလဲ မီးဖိုချောင်ခန်းထဲသို့ဝင်သွားလေ၏။
သူထွက်သွားမှ နေသာထိုင်သာရှိသွားလေသည်။ပြန်ဝင်လာတော့ လက်ထဲမှာ GRAND တစ်လုံးပါလာလေသည်။
''ဒါ မိချောတို့အဖေ မမရဲ့အစ်ကိုကြီးသောက်တဲ့ ပုလင်း ''
ပုလင်းကို ကိုင်မြှောက်ပြရင်း ကျေနပ်စွာပြောလေသည်။
''ရော့ ..မောင်လေး သောက်။ မမ ငှဲ့ပေးမယ် ''ပြောပြောဆိုဆို ခွက်ထဲငှဲ့၍ ကျနော့ဘက်သို့တိုးပေးလေသည်။
'' နေပါစေ ဒေါ်လေး..ကျနော်ကိုယ်တိုင်ငှဲ့ပါ့မယ် ''
''မမ လို့ခေါ်လည်းရပါတယ်ကွယ် ၊ ဒေါ်လေးလို့ခေါ်တာက မမတို့နှစ်ယောက်ကြားမှာ သူစိမ်းဆန်နေသလားလို့'' ကနွဲ့ကလျ ပြောနေတဲ့သူ့ပုံစံကြီးက ရွံစရာကောင်းလွန်းလှသည်။
ကျနော်လည်း စိတ်ကျဉ်းကျပ်နေတာနဲ့ သူငှဲ့ပေးတဲ့ အရက်ခွက်တွေကို တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း မိချောလေးပြန်အလာကိုသာ စောင့်မျှော်နေမိတယ်။ သူကတော့ အရက်ခွက်ကလေးငှဲ့ပေးလိုက် ကျနော့မျက်နှာကို ပြုံးကြည့်လိုက် လက်ဖက်ခွက်ကလေး တိုးပေးလိုက်နဲ့ ကြည်နူးနေလေရဲ့ ။ ကျနော့မှာတော့ သူ့ကိုအရွဲ့တိုက်သောက်ရင်း ဒီဂရီတွေမြင့်ချင်သလိုလိုဖြစ်နေလေပြီ။
ထိုစဉ်ခဏ..
''ဂျိမ်း..ဂျိမ်း..ဂျိမ်း....''
ကျယ်လောင်သောမိုးခြိမ်းသံနှင့်အတူ လျှပ်စီးများဝင်းလက်သွားသည်။ လေပြင်းတိုက်သံများ၊ မိုးပေါက်များအဆက်မပြတ်သဲကြီးမဲကြီးရွာသွန်းလေပြီ။
တစ်ရွာလုံး လျှပ်စစ်မီးများလည်း ပြတ်တောက်သွားသည်။ တစ်ချက်တစ်ချက် လျှပ်စီးလက်သည့်အခိုက်အတန့်မှအပ ပတ်ဝန်းကျင်တစ်ခွင်လုံး မဲမှောင်နေသည်။
''မမ ကြောက်တယ် မောင်လေးရယ် '' ပြောရင်း ကျနော့ဘေးရောက်လာသည်။ ကျနော် အတော်ကိုအနေကျပ်သွားသည်။ သူ့ဆီက ရေမွှေးနံ့ပြင်းပြင်းတွေကြောင့် ကျနော်ပိုပြီးမူးချင်လာပြီ၊
မထူးတော့ပြီ ၊။ မူးချင်မူးပါစေတော့ ။စိတ်ကကျဉ်းကျပ်လွန်းနေပြီ။ စားပေါ်က ပုလင်းကို မှန်းဆွဲပြီး ကုန်ခမန်းလိလိ မော့ချလိုက်သည်။ ပြီး..စားပွဲပေါ် ပုလင်းကိုပြန်အတင်...
''ဂျိမ်း..ဂျိမ်း..ဂျိမ်းဂျမ်း.......''လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး မိုးခြိမ်းသံကြားလေတော့
ကြောက်လန့်တကြားနဲ့ သူ့လက်အစုံက ကျနော့ကျောကိုသိုင်းဖက်ပြီး ရင်ချင်းကပ်လျက်အနေအထား။မိုးကသဲပါတယ်ဆို လေပြင်းတွေကတစ်ဝုန်းဝုန်းနဲ့ ပွဲကြမ်းနေသည်။
''မမကို ပြန်ဖက်ထားပါ မောင်လေးရယ် မမ ကြောက်လွန်းလို့ပါ''
အမှောင်ထဲမှာ ကြောက်လွန်းနေနဲ့သူ့မျက်နှာကိုမမြင်ရပေမယ့် စ်ိတ်ကူးထဲမှာတွေးကြည့်ရုံနဲ့ ကြက်သီးမွေးညှင်းထလောက်စရာ။
''ဖယ်..ပေး..စမ်း..ပါ..ဗျာ ။ကျနော်..အရက်..သောက်..လို့..မပြီး..သေးဘူး''ကျနော့အသံတွေ ၀ါးတားတားနဲ့မသဲကွဲချင်တော့။မူးနေပြီကိုး။
ဖက်ထားတဲ့ သူ့လက်တွေကို ဖယ်ချရင်း အရက်ပုလင်းကိုယူမယ်ပြင်တော့
''ပုလင်းကို မမ ယူပေးပါ့မယ်ကွယ်''
လက်တစ်ဖက်က ကျနော့ကိုသိုင်းဖက်ထားရင်း ကျန်တစ်ဖက်ဖြင့်ပုလင်းကို စမ်းတစ်ဝါးဝါးရှာဖွေနေစဉ် ..
''ဂျိမ်း.ဂျိမ်း ..ချလွမ်....လွမ်...''
ဒီတစ်ကြိမ်တွင်တော့ မိုးခြိမ်းသံနှင့်အတူ အရက်ခွက်ကလေး ကျကွဲသံပါ ရောယှက်သွားလေတော့သည်။
--- *** - - - * * * - - - * * * - - - * * * - - -
အိမ်ရှေ့ မှာ အော်ကြီးဟစ်ကြယ်နဲ့ ငိုသံကြားလို့ အိပ်ချင်မူးတူးဖြင့် လူးလဲထရင်း ပုဆိုးပြင်ဝတ်ပြီး အိ်မ်အပြင်သို့ထွက်ကြည့် လိုက်မိသည်။ မနေ့ကသောက်ထားတဲ့အရှိန်ကြောင့် ခေါင်းထဲမှာမကြည်မလင်ပဲ။ ကလေးဆိုးကြီးတစ်ယောက်လို အော်ကြီးဟစ်ကြယ်ငိုနေတဲ့သူကို သေချာကြည့်လိုက်မှ
''ဟိုက်...အပျိုကြီး ဒေါ်ဂျမ်းစိန်ပါ့လား ''
''ဒေါ်လေး..ဘာဖြစ်လို့လဲ''
ကရုဏာသံလေးနှောပြီး မေးလိုက်မိသည်။
''ဘာအခုမှမသိချင်ယောင်ဆောင်နေတာလဲ...
မင်း ညတုန်းကလေ ..ညတုန်းက ..အဟီး.ဟီး''သူ့စကားသူမဆက်နိုင် ရှိုက်ကြီးတစ်ငင်ငိုပါလေရော။
''ပြောပြပါဗျာ ကျနော် ညတုန်းကဘာမှားခဲ့လို့လဲ''
စိုးရိမ်ရမှာလား ပျော်ရမှာလား မသိပေမယ့် မိချောလေးနဲ့မှားခဲ့တာဆိုရင်တော့ ကျနော်သိန်းထီပေါက်တာပဲ။
''မှားတာပေါ့ ..မှားတယ်..မင်းသိပ်မှားတယ်.''သူ့အသံမှာ ဒေါသသံ မာနသံ ဝမ်းနည်းသံများရောနှောနေသည်။
သူ့တူမလေး ကျနော့လက်ထဲထည့်လိုက်ရမှာ နှမျောတွန့့်တိုပြီးဝမ်းနည်းနေတာလို့ပဲထင်တယ်။
''ကျနော် ဘယ်သူနဲ့မှားခဲ့တာလဲ ..ဟင်''
မချိုမချဉ်မျက်နှာပေးနဲ့မေးလိုက်တဲ့ ကျနော့အမေးကြောင့်ထင်သည်..မီးဝင်းဝင်းတောက်နေသော ဒေါသမျက်လုံးတစ်စုံဖြင့် ကျနော့ကိုစိုက်ကြည့်ရင်း...
''ငါနဲ့မှားခဲ့တာ..မင်း ငါနဲ့မှားခဲ့တာဟဲ့..သေနာလေးရဲ့...အီးဟီးဟီး''
ဟိုက်...အဲ့ဒါမှလွဲပြီ။ ကျနော့နဖူး မြွေပေါက်ပါပြီ ။ဒါမဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ။အရပ်ကတို့ရေ..ကျနော့ကိုကယ်ကြပါအုံး ။ ကျနော့ဘဝပျက်ပါပြီဗျ။ ဒီအပျိုကြီးကိုတော့ လက်မထပ်ပါရစေနဲ့ ။ ကျနော်လုံးဝမယုံဘူး..။ကျနော်မူးနေတာမှန်ပေမယ့် သူနဲ့တော့ဘယ်နည်းနဲ့မှမမှားနိုင်ဘူး..
''ဟုတ်ရဲ့လားဗျာ...''မယုံသင်္ကာ နဲ့ ကျနော်မေးကြည့်လိုက်မိသည်။
''ဟိုမှာကြည့်လိုက်..အီး..ဟီး..ဟီး''
သူလက်ညှိုးညွှန်ရာကြည့်လိုက်တော့ ကျနော့အိမ်လှေကားခြေရင်းမှ ဖိနပ်တစ်ရံ။ ဖိနပ်ရဲ့ပင်ကိုယ်အရောင်မမြင်ရလောက်အောင် ရွံ့ဗွက်တွေပေကျံလို့။ သေချာကြည့်လိုက်မှ ဖိနပ်တစ်ဖက်က ကျနော့ဖိနပ်ဖြစ်ပြီး ကျန်တစ်ဖက်က သဲကြိုးပြတ်နေတဲ့ ဒေါက်မြင့်ဖိနပ်ဖြစ်နေတယ်။
ကျနော် သဘောပေါက်လိုက်ပါပြီ။ ကျနော်တို့
ဖိနပ်ချင်းမှားခဲ့ကြတာပေါ့ ။ ထင်တော့ထင်သား တစ်ခုခုလွဲနေပြီလို့။မနေ့ညက မိချောတို့အိမ်ကအပြန် ဖိနပ်စီးရတာအဆင်မပြေဘူးလို့ထင်တော့အထင်သား။
ခေါင်းပေါ်ကအထုတ်ကြီးပြုတ်ကျခဲ့ပါပြီ။
''အဲ့ဒါ ကိုသာဒင် ငါ့ကိုအမှတ်တရပေးခဲ့တာ။ ငါအမြတ်တနိုးတန်ဖိုးထားခဲ့တဲ့ပစ္စည်း။ ခုတော့ ပျက်စီးကုန်ပြီ။နင်ဘယ်လိုတာဝန်ယူမှာလဲ.ပြော'' ဝမ်းနည်းပက်လက်ဖြင့် နှမျောတမ်းတဖြစ်နေသော ဒေါ်ဂျမ်းစိန်မှာ တကယ်သနားစရာပင်။
''ဟုတ်ကဲ့ယောက်ျားကောင်း ဆိုတာ ကိုယ့်အမှားကို တာဝန်ယူရဲတဲ့သတ္တိအပြည့်ရှိရမှာပေါ့ ။ ကျနော် တာဝန်ယူပါ့မယ်။ လကုန်ရက် လစာထုတ်တဲ့နေ့ ဒီဖိနပ်ထက်ကောင်းတဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံ ဒေါ်လေးအတွက်အဆင်သင့်ဖြစ်စေရပါ့မယ်။''
ကျနော်တာဝန်ယူရဲ့တဲ့ယောကျ်ားကောင်းတစ်ယောက်ပါနော် ။
ငှဲ....ငှဲ.....ဖတ်ရှုပေးတဲ့ သယ်ရင်းတွေကို ကျေးဇူး အထူးပါလို့.....

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...