ယေန႔နံနက္ ၁၁ နာရီခန္႕တြင္ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား ၀ုိင္း၀န္းကူညီလုပ္ေဆာင္ေနသည့္ ေဒသခံငါးဖမ္းစက္ေလွမ်ားကလည္း ႐ုပ္ အေလာင္း ၇ ေလာင္း ကို ဆယ္ယူရရွိၿပီး တပ္မေတာ္စစ္ေရယာဥ္မ်ားထံသို႔ လာေရာက္ပုိ႔ေဆာင္ ေပးလ်က္ရွိသည္။ယခုအခ်ိန္ထိ အမ်ိဳးသား႐ုပ္အေလာင္း ၁ ေလာင္း၊ အမ်ိဳးသမီး႐ုပ္ အေလာင္း ၅ ေလာင္းႏွင့္ ကေလး႐ုပ္အေလာင္း ၄ ေလာင္း စုစုေပါင္း ႐ုပ္အေလာင္း ၁၀ ေလာင္းအား ရွာေဖြေတြ႕ရွိခ့ဲၿပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ေဒသခံမ်ားႏွင့္အတူ ပူးေပါင္းကာ ဆက္လက္ရွာေဖြလုပ္ေဆာင္လ်က္ရွိ သည္။
ထုိ႔အတူ တပ္မေတာ္(ေလ)မွ ကင္းေထာက္ေလယာဥ္တစ္စီးကလည္း ထား၀ယ္ ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမုိင္ ၁၆ မိုင္ခန္႔အကြာ ပင္လယ္ျပင္တြင္ ေလယာဥ္ ဆီကြက္မ်ားေတြ႕ရွိရသျဖင့္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္မ်ားက အဆုိပါေနရာသို႔သြား ေရာက္၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္႐ွိေၾကာင္း သတင္းရရွိသည္။
ေန႔စဥ္သတင္းထူး သတင္းဦးမ်ား



ယနေ့နံနက် ၁၁ နာရီခန့်တွင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဝိုင်းဝန်းကူညီလုပ်ဆောင်နေသည့် ဒေသခံငါးဖမ်းစက်လှေများကလည်း ရုပ် အလောင်း ၇ လောင်း ကို ဆယ်ယူရရှိပြီး တပ်မတော်စစ်ရေယာဉ်များထံသို့ လာရောက်ပို့ဆောင် ပေးလျက်ရှိသည်။ယခုအချိန်ထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံများနှင့်အတူ ပူးပေါင်းကာ ဆက်လက်ရှာဖွေလုပ်ဆောင်လျက်ရှိ သည်။
ထို့အတူ တပ်မတော်(လေ)မှ ကင်းထောက်လေယာဉ်တစ်စီးကလည်း ထားဝယ် မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် လေယာဉ် ဆီကွက်များတွေ့ရှိရသဖြင့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များက အဆိုပါနေရာသို့သွား ရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


0 comments :
Post a Comment