ဇြန္ ၇ ရက္မြန္းလြဲပိုင္းတြင္ အဆက္အသြယ္ျပတ္ေတာက္ၿပီး ေပ်ာက္ဆုံးသြားခဲ့သည့္ တပ္မေတာ္ပို႔ေဆာင္ေရး Y-8 ေလယာဥ္အား တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္မ်ား၊ တပ္မေတာ္(ေလ)မွ ေလယာဥ္၊ ရဟတ္ယာဥ္မ်ား၊ ေျမျပင္တပ္မ်ားက ေဒသခံျပည္သူမ်ား၊ ေဒသခံေရယာဥ္မ်ားႏွင့္ ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္း မ်ားေဆာင္ရြက္ခဲ့ရာ ယေန႔နံနက္ ၈ နာရီ ၁၈ မိနစ္တြင္ တပ္မေတာ္ပို႔ေဆာင္ေရး Y-8 ေလယာဥ္၏ အစိတ္အပိုင္းအခ်ိဳ႕ႏွင့္ ႐ုပ္အေလာင္းအခ်ိဳ႕အား ေက်ာက္နီေမာ္ ေက်းရြာ၏ အေနာက္ဘက္ ၁၄ မုိင္၊ ေလာင္းလုံၿမိဳ႕၏ အေနာက္ေတာင္ဘက္ ၂၂ မုိင္ ပင္လယ္ျပင္ အတြင္း စတင္ရွာေဖြေတြ႕ရွိခဲ့သည္။

ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေဆာင္ရြက္ေနသည့္ အျမန္သြားတုိက္ခိုက္ေရး စစ္ေရယာဥ္တစ္စီးက အဆုိပါေနရာတြင္ ေလယာဥ္ဘီးဟုယူဆရသည့္ တာယာကြင္းတစ္ ခု၊ အမိ်ဳးသား႐ုပ္အေလာင္းတစ္ေလာင္း၊ အမ်ိဳးသမီး႐ုပ္အေလာင္းတစ္ေလာင္း၊ ကေလး ႐ုပ္အေလာင္းတစ္ေလာင္းႏွင့္ အသက္ကယ္အက်ၤ ီ ၂ ထည္၊ အ၀တ္အစားထည့္သည့္ အိတ္အခ်ိဳ႕အား ဆယ္ယူရရွိခဲ့သည္။

ယေန႔နံနက္ ၁၁ နာရီခန္႕တြင္ ယင္းေနရာတစ္၀ုိက္၌ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ား ၀ုိင္း၀န္းကူညီလုပ္ေဆာင္ေနသည့္ ေဒသခံငါးဖမ္းစက္ေလွမ်ားကလည္း ႐ုပ္ အေလာင္း ၇ ေလာင္း ကို ဆယ္ယူရရွိၿပီး တပ္မေတာ္စစ္ေရယာဥ္မ်ားထံသို႔ လာေရာက္ပုိ႔ေဆာင္ ေပးလ်က္ရွိသည္။ယခုအခ်ိန္ထိ အမ်ိဳးသား႐ုပ္အေလာင္း ၁ ေလာင္း၊ အမ်ိဳးသမီး႐ုပ္ အေလာင္း ၅ ေလာင္းႏွင့္ ကေလး႐ုပ္အေလာင္း ၄ ေလာင္း စုစုေပါင္း ႐ုပ္အေလာင္း ၁၀ ေလာင္းအား ရွာေဖြေတြ႕ရွိခ့ဲၿပီး ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ေဒသခံမ်ားႏွင့္အတူ ပူးေပါင္းကာ ဆက္လက္ရွာေဖြလုပ္ေဆာင္လ်က္ရွိ သည္။
ထုိ႔အတူ တပ္မေတာ္(ေလ)မွ ကင္းေထာက္ေလယာဥ္တစ္စီးကလည္း ထား၀ယ္ ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမုိင္ ၁၆ မိုင္ခန္႔အကြာ ပင္လယ္ျပင္တြင္ ေလယာဥ္ ဆီကြက္မ်ားေတြ႕ရွိရသျဖင့္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္မ်ားက အဆုိပါေနရာသို႔သြား ေရာက္၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္႐ွိေၾကာင္း သတင္းရရွိသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး





(Unicode Version)
ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းနှင့် ရုပ်အလောင်းအချို့ စတင်တွေ့ရှိ
နေပြည်တော် ၊ ဇွန် ၈
ဇွန် ၇ ရက်မွန်းလွဲပိုင်းတွင် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြေပြင်တပ်များက ဒေသခံပြည်သူများ၊ ဒေသခံရေယာဉ်များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၈ နာရီ ၁၈ မိနစ်တွင် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအချို့အား ကျောက်နီမော် ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း စတင်ရှာဖွေတွေ့ရှိခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီးက အဆိုပါနေရာတွင် လေယာဉ်ဘီးဟုယူဆရသည့် တာယာကွင်းတစ် ခု၊ အမျိုးသားရုပ်အလောင်းတစ်လောင်း၊ အမျိုးသမီးရုပ်အလောင်းတစ်လောင်း၊ ကလေး ရုပ်အလောင်းတစ်လောင်းနှင့် အသက်ကယ်အကျၤ ီ ၂ ထည်၊ အဝတ်အစားထည့်သည့် အိတ်အချို့အား ဆယ်ယူရရှိခဲ့သည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် ယင်းနေရာတစ်ဝိုက်၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဝိုင်းဝန်းကူညီလုပ်ဆောင်နေသည့် ဒေသခံငါးဖမ်းစက်လှေများကလည်း ရုပ် အလောင်း ၇ လောင်း ကို ဆယ်ယူရရှိပြီး တပ်မတော်စစ်ရေယာဉ်များထံသို့ လာရောက်ပို့ဆောင် ပေးလျက်ရှိသည်။ယခုအချိန်ထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံများနှင့်အတူ ပူးပေါင်းကာ ဆက်လက်ရှာဖွေလုပ်ဆောင်လျက်ရှိ သည်။
ထို့အတူ တပ်မတော်(လေ)မှ ကင်းထောက်လေယာဉ်တစ်စီးကလည်း ထားဝယ် မြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် လေယာဉ် ဆီကွက်များတွေ့ရှိရသဖြင့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များက အဆိုပါနေရာသို့သွား ရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


0 comments :
Post a Comment