မိန္းမ ခိုးေျပးရာတြင္ အားေပးကူညီခဲ့သူ တစ္ဦးအား မည္သုိ႔မည္ပုံ လုပ္လိုက္သည္ မသိ ကသာ အက်ဥ္း ေထာင္တြင္ ေထာင္က်ရက္ ၂ ရက္အတြင္း ေသဆုံး
ကသာၿမိဳ႕ အမွတ္(၄)ရပ္ကြက္တြင္ ေနထိုင္
သည့္ ေမာင္ဇြဲေမာ္ဦး (ခ) ေခါင္းႀကီး
(ဘ.. ဦးေမာင္ဦး + ေဒၚသိန္းေဌး )
သည္ (7.6 .2017) ရက္ ေန႔နံနက္ပိုင္းက ကသာ အက်ဥ္းေထာင္မွာ ေသဆုံးခဲ့ပါတယ္ ။
ျဖစ္စဥ္မွာ သူငယ္ခ်င္း ေသာ္ဇင္ဦး ၏ ခ်စ္သူ မႏွင္းဝတ္ရည္ အသက္ (၁၇) ႏွစ္ကုိ ခိုးေျပးခဲ့ရာ ေကာင္မေလးရဲ႕ မိခင္ျဖစ္သူမွ ကသာၿမိဳ႕မ ရဲစခန္းမွာ တိုင္တန္းထားခဲ့တဲ့အတြက္ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ (ပ) ၁၇၄/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၆၆/၁၁၄ အရ ဖမ္းဆီးျခင္း ခံခဲ့ရပါတယ္ ။
(၄.၆.၂၀၁၇) ရက္ေန႔ မနက္ (၂း၃၀) နာရီခန္႔ သဖန္းကုိင္း ေအာက္ဖက္ ကမ္းနားလမ္း ေရကာတာအဆုံး အေၾကာ္ဆိုင္အနီးမွာ ဖမ္းမိခဲ့တာျဖစ္ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ား က ေျပာပါတယ္ ။
"ဖမ္းတာ (၄.၆၂၀၁၇) မနက္ (၂း၃၀) ခန႔္မွာရဲကားနဲ႔ လူ ၄ ေယာက္ လာဖမ္းတာပါ ။ သခိုးသခိုး ဆိုၿပီး ရုိက္ႏွက္ေနတဲ့ အသံကို ၾကားလို႔ ရပ္ကြက္ထဲ က လူေတြ ထၾကည့္ၾကတာပါ ။
ေနာက္ေတာ့ (ဖာသယ္မ) ၂ လို႔ ဆဲဆိုၿပီး
ေကာင္မေလးကို ရုိက္တဲ့အသံကုိ ၾကားရတဲ့အတြက္ မေကာင္းတာလုပ္လို႔ ရဲ အဖမ္းခံရတာဆိုၿပီး ဒီတိုင္း ၾကည့္ေနခဲ့တာပါ ။ ရဲေတြ က လဲ ေတာ္ေတာ္မူးေနပုံေပါက္ပါတယ္ ။
ေနာက္ေတာ့ ေထာင္ထဲမွာ ေသဆုံးသြားၿပီလို႔ သိ လိုက္ရတာပါ" ဟု ရပ္ကြက္ (၁၀) မွ
မ်က္ျမင္ ေတြ႕ရွိသူမ်ား က ေျပာပါတယ္ ။
ဒါ့အျပင္ ကသာအက်ဥ္း ဦးစီး ဌာနမွ တာဝန္ရွိသူမ်ားအား သြားေရာက္ေမျမန္းရာ " ကြ်န္ေတာ္တို႔ ေထာင္ကုိ ေရာက္ခဲ့တဲ့အခ်ိန္က (၅.၆.၂၀၁၇ ) ညေန ၅း၃၀ မွာေရာက္ပါတယ္ ။ ေရာက္လာတဲ႔ အခ်ိန္မွာအရက္ေၾကာင္ေနတဲ့ လဏၡဏာကိုေတြ႕ရတယ္။ (၆ . ၆ .၂၀၁၇)ရက္ေန႔ည (၉း၀၀) နာရီေလာက္အထိ ဘာမွ မျဖစ္ေသး ပါဘူး။ ၉း၀၀ နာရီထိုးၿပီးရင္ အားလုံးကုိ အိတ္ခိုင္းပါတယ္ ။ အဲဒီေနာက္မွာ အရက္ေၾကာင္ၿပီး ေအာ္ဟစ္ဆူ ေနတဲ့အတြက္ စည္းကမ္းထိန္းသိမ္းေရးပိုင္းက အနည္းငယ္ ရုိက္တာရွိ
တယ္ ။ ကြ်န္ေတာ့္ဆီေတာ့ သတင္းလာမပုိ႔ပါဘူး ။ မနက္ပိုင္း ေရာက္မွ ေသသြားၿပီဆိုတာ သိလိုက္ရတာပါ ။ ဒါကုိလဲ မႈခင္း ဆရာဝန္ေတြနဲ႔ စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္ ။
စစ္ေဆးမေပၚေပါက္ပါက ဥပေဒအရ အေရးယူသြားမွာပါ " ဟု အက်ဥ္းဦးစီး ဌာနမွ တာဝန္ ရွိသူတစ္ဦး က ေျပာပါတယ္ ။
ထိုကဲ့သုိ႔ ဇဲြေမာ္ဦး(ခ) ေခါင္းႀကီး အေနႏွင့္
ေထာင္ထဲတြင္ ေသဆုံးခဲ့တဲ့ ျဖစ္စဥ္အေပၚ
ရုိက္ႏွက္ ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည့္ ရဲ
တပ္ဖဲြ႕ဝင္မ်ားႏွင့္ ကသာ အက်ဥ္း ေထာင္ထဲ မွ စည္းကမ္း ထိန္းသိမ္းေရးပိုင္း တာဝန္ရွိသူ အဆင့္ဆင့္အား (ေႏွာင္ကုိ ယခုလို အျဖစ္မ် ဳိး မျဖစ္ေပၚေစေရး) စီစစ္ၿပီး ျပစ္မႈ ျပစ္ဒဏ္ မွ်တေအာင္ ေဆာင္ရြက္ေပးေစလိုေၾကာင္း ေသဆုံးသူ ၏ ဖခင္ျဖစ္သူ ဦးေမာင္ဦး မွ ရင္ဖြင့္ ေျပာျပခဲ့ပါတယ္ ။
ဇြဲေမာ္ဦး ေသဆုံးခဲ့တဲ့ ျဖစ္စဥ္အေပၚ ျပစ္မႈ ျပစ္ဒဏ္မွ်တေရး အျဖစ္မွန္ေပၚေပါက္ေရး ေတာင္းဆိုခဲ့သည့္ ကသာ အက်ဥ္းေထာင္ထဲတြင္
အျခားေသာ ျပစ္မႈမ်ားနဲ႔ ေရာက္ရွိေနေသာ ကသာ သား (၅) ဦးကုိ လည္း တုိက္ပိတ္ျခင္း ခံလိုက္ရၿပီး ၄င္းတို႔ ကို ရံုးထုတ္ရာတြင္လည္း မိသားစု ႏွင့္ တကြ ေတြ႕ဆံုခြင့္ မေပးေၾကာင္း ၊ ထို႔အျပင္ ေသဆံုးသူ၏ မိဘမ်ားထံ ေထာင္ဝန္ထမ္း ရဲဝန္ထမ္းမ်ားမွ လာေရာက္ေတြ႕ဆံုၿပီး အားေပးနွစ္သိမ့္မႈ တစံုတရာ မရွိေၾကာင္း တို႔ကို ေနာက္ဆက္တဲြ အေနႏွင့္ စုံစမ္း သိရွိရ ေၾကာင္းပါခင္ဗ်ာ . . . ။
ကသာ မီဒီယာ ဂရု
လမ္းျပၾကယ္ျဖဴ
Unicode
မိန်းမ ခိုးပြေးရာတွင် အားပေးကူညီခဲ့သူ တစ်ဦးအား မည်သို့မည်ပုံ လုပ်လိုက်သည် မသိ ကသာ အကျဉ်း
ထောင်တွင် ထောင်ကျရက် ၂ ရက်အတွင်း သေဆုံး
----------------------------------------------------
ကသာမြို့ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်
သည့် မောင်ဇွဲမော်ဦး (ခ) ခေါင်းကြီး
(ဘ.. ဦးမောင်ဦး + ဒေါ်သိန်းဌေး )
သည် (7.6 .2017) ရက် နေ့နံနက်ပိုင်းက ကသာ အကျဉ်းထောင်မှာ သေဆုံးခဲ့ပါတယ် ။
ဖြစ်စဉ်မှာ သူငယ်ချင်း သော်ဇင်ဦး ၏ ချစ်သူ မနှင်းဝတ်ရည် အသက် (၁၇) နှစ်ကို ခိုးပြေးခဲ့ရာ ကောင်မလေးရဲ့ မိခင်ဖြစ်သူမှ ကသာမြို့မ ရဲစခန်းမှာ တိုင်တန်းထားခဲ့တဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (ပ) ၁၇၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၆/၁၁၄ အရ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ် ။
(၄.၆.၂၀၁၇) ရက်နေ့ မနက် (၂း၃၀) နာရီခန့် သဖန်းကိုင်း အောက်ဖက် ကမ်းနားလမ်း ရေကာတာအဆုံး အကြော်ဆိုင်အနီးမှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ က ပြောပါတယ် ။
"ဖမ်းတာ (၄.၆၂၀၁၇) မနက် (၂း၃၀) ခန့်မှာရဲကားနဲ့ လူ ၄ ယောက် လာဖမ်းတာပါ ။ သခိုးသခိုး ဆိုပြီး ရိုက်နှက်နေတဲ့ အသံကို ကြားလို့ ရပ်ကွက်ထဲ က လူတွေ ထကြည့်ကြတာပါ ။
နောက်တော့ (ဖာသယ်မ) ၂ လို့ ဆဲဆိုပြီး
ကောင်မလေးကို ရိုက်တဲ့အသံကို ကြားရတဲ့အတွက် မကောင်းတာလုပ်လို့ ရဲ အဖမ်းခံရတာဆိုပြီး ဒီတိုင်း ကြည့်နေခဲ့တာပါ ။ ရဲတွေ က လဲ တော်တော်မူးနေပုံပေါက်ပါတယ် ။
နောက်တော့ ထောင်ထဲမှာ သေဆုံးသွားပြီလို့ သိ လိုက်ရတာပါ" ဟု ရပ်ကွက် (၁၀) မှ
မျက်မြင် တွေ့ရှိသူများ က ပြောပါတယ် ။
ဒါ့အပြင် ကသာအကျဉ်း ဦးစီး ဌာနမှ တာဝန်ရှိသူများအား သွားရောက်မေမြန်းရာ " ကျွန်တော်တို့ ထောင်ကို ရောက်ခဲ့တဲ့အချိန်က (၅.၆.၂၀၁၇ ) ညနေ ၅း၃၀ မှာရောက်ပါတယ် ။ ရောက်လာတဲ့ အချိန်မှာအရက်ကြောင်နေတဲ့ လဏ္ခဏာကိုတွေ့ရတယ်။ (၆ . ၆ .၂၀၁၇)ရက်နေ့ည (၉းဝဝ) နာရီလောက်အထိ ဘာမှ မဖြစ်သေး ပါဘူး။ ၉းဝဝ နာရီထိုးပြီးရင် အားလုံးကို အိတ်ခိုင်းပါတယ် ။ အဲဒီနောက်မှာ အရက်ကြောင်ပြီး အော်ဟစ်ဆူ နေတဲ့အတွက် စည်းကမ်းထိန်းသိမ်းရေးပိုင်းက အနည်းငယ် ရိုက်တာရှိ
တယ် ။ ကျွန်တော့်ဆီတော့ သတင်းလာမပို့ပါဘူး ။ မနက်ပိုင်း ရောက်မှ သေသွားပြီဆိုတာ သိလိုက်ရတာပါ ။ ဒါကိုလဲ မှုခင်း ဆရာဝန်တွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ် ။
စစ်ဆေးမပေါ်ပေါက်ပါက ဥပဒေအရ အရေးယူသွားမှာပါ " ဟု အကျဉ်းဦးစီး ဌာနမှ တာဝန် ရှိသူတစ်ဦး က ပြောပါတယ် ။
ထိုကဲ့သို့ ဇွဲမော်ဦး(ခ) ခေါင်းကြီး အနေနှင့်
ထောင်ထဲတွင် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပေါ်
ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် ရဲ
တပ်ဖွဲ့ဝင်များနှင့် ကသာ အကျဉ်း ထောင်ထဲ မှ စည်းကမ်း ထိန်းသိမ်းရေးပိုင်း တာဝန်ရှိသူ အဆင့်ဆင့်အား (နှောင်ကို ယခုလို အဖြစ်မျ ုိး မဖြစ်ပေါ်စေရေး) စီစစ်ပြီး ပြစ်မှု ပြစ်ဒဏ် မျှတအောင် ဆောင်ရွက်ပေးစေလိုကြောင်း သေဆုံးသူ ၏ ဖခင်ဖြစ်သူ ဦးမောင်ဦး မှ ရင်ဖွင့် ပြောပြခဲ့ပါတယ် ။
ဇွဲမော်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပေါ် ပြစ်မှု ပြစ်ဒဏ်မျှတရေး အဖြစ်မှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့သည့် ကသာ အကျဉ်းထောင်ထဲတွင်
အခြားသော ပြစ်မှုများနဲ့ ရောက်ရှိနေသော ကသာ သား (၅) ဦးကို လည်း တိုက်ပိတ်ခြင်း ခံလိုက်ရပြီး ၄င်းတို့ ကို ရုံးထုတ်ရာတွင်လည်း မိသားစု နှင့် တကွ တွေ့ဆုံခွင့် မပေးကြောင်း ၊ ထို့အပြင် သေဆုံးသူ၏ မိဘများထံ ထောင်ဝန်ထမ်း ရဲဝန်ထမ်းများမှ လာရောက်တွေ့ဆုံပြီး အားပေးနှစ်သိမ့်မှု တစုံတရာ မရှိကြောင်း တို့ကို နောက်ဆက်တွဲ အနေနှင့် စုံစမ်း သိရှိရ ကြောင်းပါခင်ဗျာ . . . ။
ကသာ မီဒီယာ ဂရု
လမ်းပြကြယ်ဖြူ
Home
/
ျပည္တြင္းသတင္း
/
ျဖစ္ရပ္မွန္
/
မိန္းမ ခိုးေျပးရာတြင္ အားေပးကူညီခဲ့သူ တစ္ဦးအား မည္သုိ႔မည္ပုံ လုပ္လိုက္သည္မသိ ေထာင္တြင္း ေထာင္က်ရက္၂ ရက္အတြင္း ေသဆုံး
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment