KTV မွာလုပ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ မရွက္တမ္းေျပာထားတဲ့ ရင္တြင္းခံစားခ်က္မ်ား

ပုခုံးေတြခါးေတြ ဟုိပြတ္ဒီပြတ္နဲ႔ ခုေကြ်းမလုိေတာ္ၾကာေကြ်းမလုိ မာယာမ်ားရတာေပါ႔ေနာ္….။ သစၥာေမတၱာဆုိတာ ေကတီဗီေလာကမွာမရွိဘူး/

ေကတီဗီ ႏြား
---------------------
.
“ဘုိးေတာ္ေရာက္ျပီ”

ဝိတ္တာေလးလာေအာ္ေတာ့မွ ေဘာင္းဘီတုိေကာက္လဲ ႏူတ္ခမ္းေလး သပ္ရပ္ေအာင္ဆုိး ဆံပင္ကို sexy ျဖစ္ေအာင္ဖြျပီး Room A7 ကုိသြားျပီ။
ဒီေန႔ေတာ့ ဘုိးေတာ္တစ္ေပြတည္း ေဂါက္မရုိက္ျဖစ္လုိ႔ ေစာလာတာတဲ႔ေလ…

ဘုိးေတာ္က ဆရာၾကီးစတုိင္နဲ႔ ထုိင္ေနျပီ။
အမွန္ေတာ့ အာပလာၾကီးျဖစ္ေနျပီရယ္…
ဘာျဖစ္ျဖစ္ ကုိယ့္ကာစတမ္မာကုိ အျပံဳးမပ်က္ရဘူးေလ…
သူ႔အတြက္ ေသာက္စရာ စားစရာမွာ… ကုိယ့္အတြက္ကြ်ဲရုိင္းနဲ႔သီးစုံတစ္ပြဲေပါ႔။
ထုံးစံအတုိင္း ဘုိးေတာ္ကရူးေၾကာင္မူးေၾကာင္နဲ႔ ေလေတြစြတ္တုိက္ေနျပန္တာ
အခုပဲ တုိက္ခန္းဝယ္ေပးေတာ့မွာလုိ ႏူိင္ငံျခားအလည္ေခၚေတာ့မွာလုိ
ကုိယ္ေတြကလည္း ဒါမ်ဳိးေတြရုိးလုိ႔ရွင္ ယုံခ်င္ေယာင္ေတာ့ ေဆာင္ျပရတာေပါ႔ရွင္
စီးပြားေရးေအာင္ျမင္ေၾကာင္း ပင့္ေပးရတာေပါ႔ရွင္ ေဘာလုံးပြဲေလာင္းတာေတာ္ေၾကာင္း ဘုံေျမွာက္ရတာေပါ႔ရွင္

လူတုိင္းက ဒီေနရာေရာက္လာရင္ ေဘာစိလုိ႔ အထင္ခံရတာကုိ ဂုဏ္ယူၾကတယ္ေလ

ကုိယ္ေတြကေတာ့ သနားေအာင္ဇာတ္ကြက္ဆင္ရတာေပါ႔ ပေထြးနဲ႔ေနရတာတုိ႔ ေမာင္ႏွမမ်ားတာတုိ႔
အေမေနမေကာင္းတာတုိ႔ အေၾကြးတင္ေနတယ္တုိ႔ဘာတုိ႔ ညာတုိ႔
ကဗ်ာဆရာ စာေရးဆရာေတြနဲ႔ေတြ႔ရင္ ပုိပုိသာသာအုိက္တင္ လုပ္ျပရေသးတယ္ရွင္

ဒါမွ အပုိဆာဒါးေတြကုိ သူတုိ႔ကသနားေအာင္ဝါဒျဖန္႔ေပးမွာ။

ဒီလုိပါပဲ အမ်ားသူငါ ေကတီဗီထုံးစံအတုိင္းေပါ႔

ငယ္ကြ်မ္းေဆြနဲ႔စမယ္

မူးလာရင္ နဂါးနီ

ျပီးရင္ျမနႏၵာနဲ႔သိမ္းၾကတာေပါ႔

ကုိယ္ေတြက ျမနႏၵာနားေရာက္လာရင္

ပစ္ခြ်ဲခြ်ဲနဲ႔အစ္ကုိၾကီးေခၚ မုန္႔ဖုိးေတာင္းေပါ႔

ဆင္ဘယ္ႏွစ္ေကာင္ထြက္မလဲဆုိတာ အဓိကေလ
မ်ားရင္ တျခားေကာင္မေတြကုိၾကြားရဦးမွာ။

ေငြကလည္း ရွာမွျဖစ္မယ္ ေယာက္်ားက အလုပ္မရွိဘူး
သားကုိ ပညာတတ္ျဖစ္ေစခ်င္တယ္
အေမလည္းရွိေသးတယ္ အိမ္လခရွိေသးတယ္။

ဒီဘုိးေတာ္နဲ႔ဆုံေတာ့ အဆင္ေျပပါတယ္။
လက္ဝတ္လက္စားအစုံနဲ႔ဟမ္းဆက္အမုိက္စားနဲ႔ အဖတ္တင္လာတယ္။
ဇာတ္လမ္းေမးရင္ ေကတီဗီထုံးစံအတုိင္းပါပဲ ခ်ဴဆီထည့္တဲ႔ဇာတ္လမ္းပါပဲ
အိမ္လခမရွိဘူး ေမာင္ေလးေက်ာင္းစရိတ္လုိတယ္ဘာညာေပါ႔ ေက်းဇူးရွင္ၾကီးပါေပါ႔။
သူစားခ်င္တာကုိေတာ့ ခုေကြ်းမလုိေတာ္ၾကာေကြ်းမလုိ မာယာမ်ားရတာေပါ႔ေနာ္…
သူေငြရွင္းျပီးျပန္သြားရင္ ကုိယ္လည္းတျခားအခန္းကူးသြားတာပဲေလ…
ပုခုံးေတြခါးေတြ ဟုိပြတ္ဒီပြတ္ေတြေတာ့ ရူပဒါနျပဳရတာေပါ႔။
သစၥာေမတၱာဆုိတာ ေကတီဗီေလာကမွာမရွိဘူး တင္ေမာင္ဆန္းမင္းဝင္းဆီမွာပဲရွိလိမ့္မယ္။
ဒီဘုိးေတာ္လည္းၾကြားသာၾကြားေနတာ အရင္လုိ ေရမလ်ွံေတာ့ဘူးရွင့္
ေရႊငါးေလာက္စီးတာေတာ့ ဒီေခတ္မွာစာမဖြဲ႔ေတာ့ဘူးေလ
အလုပ္ထဲ ေငြကြာလုိ႔ျပႆနာတက္တယ္ၾကားတယ္။ ေဘာလုံးပြဲေတြရႈံးတယ္ၾကားတယ္။
ဘုိးေတာ္သားနဲ႔ ကုိယ္ေတြသားက ေက်ာင္းမွာအတန္းတူတယ္။
ဘုိးေတာ္သားက တစ္ေန႔မုန္႔ဖုိးငါးရာရတယ္။ ကုိယ္ေတြသားကုိေအာက္က်မွာစုိးလုိ႔မုန္႔ဖုိးတစ္ေန႔ေထာင့္ငါးရာေပးတယ္။

ေနာက္လဆုိ အခုေကတီဗီပုိင္ရွင္က ေနာက္တစ္ဆုိင္ထပ္ဖြင့္ေတာ့မွာ
ကုိယ္ေတြ ဆုိင္သစ္ကုိေျပာင္းမွာ… ဘုိးေတာ္ကုိေတာ့ အကြက္ေရႊ႕ရမွာေပါ႔ရွင္
အကြက္ေရႊ႕တာလြယ္ပါတယ္… သူ႔မိန္းမနဲ႔အတူရွိခ်ိန္မွန္းျပီး ေလးငါးခါ ၾကဴလုိက္ရုံပဲ…
ကုိယ္လည္း ထုိက္သေလာက္ရျပီးျပီဆုိေတာ့ သူတုိ႔လင္မယား သတ္ၾကပါေလ့ေစေလ…
ကုိယ္ေတြက လန္ခရူူဆာနဲ႔အမွန္အကန္စပြန္ဆာတစ္ေယာက္ ၾကိဳခ်ဥ္းထားျပီးျပီ။ ခုဘုိးေတာ္က ခ်ီးထုပ္ျဖစ္ေနျပီေလ…

အဲလုိဘုိးေတာ္မ်ဳိးကုိ ကုိယ္ေတြက ကြယ္ရာမွာ ႏြားလုိ႔ေခၚတယ္။

ေကတီဗီက ေဆာ္ဆုိတာ ကုိယ့္မိသားစုမ်က္ႏွာကလြဲရင္ ဘာမွေစာက္ဂရုမစုိက္တာ ဒီေလာကရဲ႕စည္းမ်ဥ္းပါရွင္။
=
စုေမာင္ေမာင္
SHARE THIS Facebook
===========

ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်နဲ့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်….။ သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး/

ကေတီဗီ နွား
---------------------
.
“ဘိုးတော်ရောက်ပြီ”

ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ နူတ်ခမ်းလေး သပ်ရပ်အောင်ဆိုး ဆံပင်ကို sexy ဖြစ်အောင်ဖွပြီး Room A7 ကိုသွားပြီ။
ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း ဂေါက်မရိုက်ဖြစ်လို့ စောလာတာတဲ့လေ…

ဘိုးတော်က ဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ။
အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်…
ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကို အပြုံးမပျက်ရဘူးလေ…
သူ့အတွက် သောက်စရာ စားစရာမှာ… ကိုယ့်အတွက်ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။
ထုံးစံအတိုင်း ဘိုးတော်ကရူးကြောင်မူးကြောင်နဲ့ လေတွေစွတ်တိုက်နေပြန်တာ
အခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလို နိူင်ငံခြားအလည်ခေါ်တော့မှာလို
ကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင် ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင်
စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင် ဘောလုံးပွဲလောင်းတာတော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှင်

လူတိုင်းက ဒီနေရာရောက်လာရင် ဘောစိလို့ အထင်ခံရတာကို ဂုဏ်ယူကြတယ်လေ

ကိုယ်တွေကတော့ သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့ ပထွေးနဲ့နေရတာတို့ မောင်နှမများတာတို့
အမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ဘာတို့ ညာတို့
ကဗျာဆရာ စာရေးဆရာတွေနဲ့တွေ့ရင် ပိုပိုသာသာအိုက်တင် လုပ်ပြရသေးတယ်ရှင်

ဒါမှ အပိုဆာဒါးတွေကို သူတို့ကသနားအောင်ဝါဒဖြန့်ပေးမှာ။

ဒီလိုပါပဲ အများသူငါ ကေတီဗီထုံးစံအတိုင်းပေါ့

ငယ်ကျွမ်းဆွေနဲ့စမယ်

မူးလာရင် နဂါးနီ

ပြီးရင်မြနန္ဒာနဲ့သိမ်းကြတာပေါ့

ကိုယ်တွေက မြနန္ဒာနားရောက်လာရင်

ပစ်ချွဲချွဲနဲ့အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့

ဆင်ဘယ်နှစ်ကောင်ထွက်မလဲဆိုတာ အဓိကလေ
များရင် တခြားကောင်မတွေကိုကြွားရဦးမှာ။

ငွေကလည်း ရှာမှဖြစ်မယ် ယောက်ျားက အလုပ်မရှိဘူး
သားကို ပညာတတ်ဖြစ်စေချင်တယ်
အမေလည်းရှိသေးတယ် အိမ်လခရှိသေးတယ်။

ဒီဘိုးတော်နဲ့ဆုံတော့ အဆင်ပြေပါတယ်။
လက်ဝတ်လက်စားအစုံနဲ့ဟမ်းဆက်အမိုက်စားနဲ့ အဖတ်တင်လာတယ်။
ဇာတ်လမ်းမေးရင် ကေတီဗီထုံးစံအတိုင်းပါပဲ ချူဆီထည့်တဲ့ဇာတ်လမ်းပါပဲ
အိမ်လခမရှိဘူး မောင်လေးကျောင်းစရိတ်လိုတယ်ဘာညာပေါ့ ကျေးဇူးရှင်ကြီးပါပေါ့။
သူစားချင်တာကိုတော့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်…
သူငွေရှင်းပြီးပြန်သွားရင် ကိုယ်လည်းတခြားအခန်းကူးသွားတာပဲလေ…
ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်တွေတော့ ရူပဒါနပြုရတာပေါ့။
သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး တင်မောင်ဆန်းမင်းဝင်းဆီမှာပဲရှိလိမ့်မယ်။
ဒီဘိုးတော်လည်းကြွားသာကြွားနေတာ အရင်လို ရေမလျှံတော့ဘူးရှင့်
ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာစာမဖွဲ့တော့ဘူးလေ
အလုပ်ထဲ ငွေကွာလို့ပြဿနာတက်တယ်ကြားတယ်။ ဘောလုံးပွဲတွေရှုံးတယ်ကြားတယ်။
ဘိုးတော်သားနဲ့ ကိုယ်တွေသားက ကျောင်းမှာအတန်းတူတယ်။
ဘိုးတော်သားက တစ်နေ့မုန့်ဖိုးငါးရာရတယ်။ ကိုယ်တွေသားကိုအောက်ကျမှာစိုးလို့မုန့်ဖိုးတစ်နေ့ထောင့်ငါးရာပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်က နောက်တစ်ဆိုင်ထပ်ဖွင့်တော့မှာ
ကိုယ်တွေ ဆိုင်သစ်ကိုပြောင်းမှာ… ဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင်
အကွက်ရွှေ့တာလွယ်ပါတယ်… သူ့မိန်းမနဲ့အတူရှိချိန်မှန်းပြီး လေးငါးခါ ကြူလိုက်ရုံပဲ…
ကိုယ်လည်း ထိုက်သလောက်ရပြီးပြီဆိုတော့ သူတို့လင်မယား သတ်ကြပါလေ့စေလေ…
ကိုယ်တွေက လန်ခရူူဆာနဲ့အမှန်အကန်စပွန်ဆာတစ်ယောက် ကြိုချဉ်းထားပြီးပြီ။ ခုဘိုးတော်က ချီးထုပ်ဖြစ်နေပြီလေ…

အဲလိုဘိုးတော်မျိုးကို ကိုယ်တွေက ကွယ်ရာမှာ နွားလို့ခေါ်တယ်။

ကေတီဗီက ဆော်ဆိုတာ ကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှစောက်ဂရုမစိုက်တာ ဒီလောကရဲ့စည်းမျဉ်းပါရှင်။
=
စုမောင်မောင်
SHARE THIS Facebook

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...