တကၠသိုလ္ဝင္ခြင့္စိစစ္ ေရြးခ်ယ္မႈကို တကၠသိုလ္ဝင္စာေမးပြဲ အမွတ္ျဖင့္သာ ဆံုးျဖတ္မည္ျဖစ္ၿပီး ယခုႏွစ္အနည္းငယ္ အတြင္း ယင္းစနစ္ကို ေျပာင္းလဲမည္မဟုတ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခိုင္ၿမဲကေျပာသည္။
‘‘ကိုယ္ဝါသနာပါတဲ့ တကၠ သိုလ္တက္ခြင့္ရဖို႔အတြက္ အ ေျပာင္းအလဲတစ္ခုကေတာ့ လို ေသးတယ္။ ခ်က္ခ်င္းႀကီးေျပာင္း လဲလို႔မရႏိုင္ဘူး။ ေျပာင္းမယ္ဆို ရင္လည္း ျပည္သူကိုခ်ျပရမယ္။ ျပည္သူကလက္ခံမွ ေျပာင္းလို႔ရ မယ္’’ ဟု ၎ကေျပာသည္။
အေရွ႕ေတာင္အာရွႏွင့္ အာ ရွႏိုင္ငံမ်ားတြင္ တကၠသိုလ္ဝင္ခြင့္ အတြက္ အမွတ္ျဖင့္သာ ဆံုးျဖတ္ ေနျခင္းျဖစ္ၿပီး စနစ္သစ္တစ္ခု သို႔ ေျပာင္းလဲရန္ အခ်ိန္ယူလုပ္ ေဆာင္ရမည္ျဖစ္ကာ ယခုႏွစ္အ တြင္း ပညာေရးဝန္ႀကီးဌာနက ခ် မွတ္ထားသည့္ မူဝါဒအတိုင္းသာ က်င့္သံုးမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
တကၠသိုလ္ဝင္ခြင့္ ေရြးခ်ယ္ မႈႏွင့္ပတ္သက္၍ ၎တို႔၏ဆႏၵ ကို အေျခခံၿပီး သင္ယူလိုေသာ ဘာသာရပ္ႏွင့္ သက္ဆိုင္ရာေက်ာင္းတု႔ိကို သတ္မွတ္ထားေသာ အရည္အခ်င္းျပည့္မီမႈအရ လြတ္လပ္စြာ ေရြးခ်ယ္ခြင့္ရွိေစရန္ စီစဥ္ေဆာင္ရြက္ရမည္ဟု အမ်ိဳးသားပညာေရးဥပေဒ ျပင္ဆင္သည့္အထဲတြင္ ေဖာ္ျပထား သည္။
တကၠသိုလ္ဝင္ခြင့္စီစစ္ေရြး ခ်ယ္ရာတြင္ ဝင္ခြင့္စာေမးပြဲစနစ္ က်င့္သံုးရန္ ၂၀၁၄ က စတင္၍ ႏွစ္စဥ္ျပဳလုပ္သည့္ ပညာေရးျမႇင့္ တင္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲမ်ားတြင္ ထည့္ သြင္းေဆြးေႏြးခဲ့ေသာ္လည္း အ ေကာင္အထည္ေဖာ္ႏိုင္ျခင္း မရွိ ေသးေပ။
၂၀၁၆-၁၇ ပညာသင္ႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲတြင္ တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ ေက်ာင္းသား ၇၁၀,၀၀၀ ေက်ာ္ဝင္ေရာက္ေျဖဆိုၿပီး ၂၄၂,၇၃၆ ဦး၊ ရာခုိင္ႏႈန္းအားျဖင့္ ၃၃ ဒသမ ၈၉ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့ကာ ယခင္ႏွစ္ကထက္ ၃ ဒသမ ၉၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း အေျခခံပညာဦးစီးဌာန စာရင္းမ်ားအရ သိရသည္။
Credit - 7Day News Journal
============
တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်မှုကို တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ပြီး ယခုနှစ်အနည်းငယ် အတွင်း ယင်းစနစ်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲကပြောသည်။
‘‘ကိုယ်ဝါသနာပါတဲ့ တက္က သိုလ်တက်ခွင့်ရဖို့အတွက် အ ပြောင်းအလဲတစ်ခုကတော့ လို သေးတယ်။ ချက်ချင်းကြီးပြောင်း လဲလို့မရနိုင်ဘူး။ ပြောင်းမယ်ဆို ရင်လည်း ပြည်သူကိုချပြရမယ်။ ပြည်သူကလက်ခံမှ ပြောင်းလို့ရ မယ်’’ ဟု ၎င်းကပြောသည်။
အရှေ့တောင်အာရှနှင့် အာ ရှနိုင်ငံများတွင် တက္ကသိုလ်ဝင်ခွင့် အတွက် အမှတ်ဖြင့်သာ ဆုံးဖြတ် နေခြင်းဖြစ်ပြီး စနစ်သစ်တစ်ခု သို့ ပြောင်းလဲရန် အချိန်ယူလုပ် ဆောင်ရမည်ဖြစ်ကာ ယခုနှစ်အ တွင်း ပညာရေးဝန်ကြီးဌာနက ချ မှတ်ထားသည့် မူဝါဒအတိုင်းသာ ကျင့်သုံးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တက္ကသိုလ်ဝင်ခွင့် ရွေးချယ် မှုနှင့်ပတ်သက်၍ ၎င်းတို့၏ဆန္ဒ ကို အခြေခံပြီး သင်ယူလိုသော ဘာသာရပ်နှင့် သက်ဆိုင်ရာကျောင်းတို့ကို သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိစေရန် စီစဉ်ဆောင်ရွက်ရမည်ဟု အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်အထဲတွင် ဖော်ပြထား သည်။
တက္ကသိုလ်ဝင်ခွင့်စီစစ်ရွေး ချယ်ရာတွင် ဝင်ခွင့်စာမေးပွဲစနစ် ကျင့်သုံးရန် ၂၀၁၄ က စတင်၍ နှစ်စဉ်ပြုလုပ်သည့် ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲများတွင် ထည့် သွင်းဆွေးနွေးခဲ့သော်လည်း အ ကောင်အထည်ဖော်နိုင်ခြင်း မရှိ သေးပေ။
၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ၇၁၀,၀၀၀ ကျော်ဝင်ရောက်ဖြေဆိုပြီး ၂၄၂,၇၃၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကာ ယခင်နှစ်ကထက် ၃ ဒသမ ၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန စာရင်းများအရ သိရသည်။
Credit - 7Day News Journal
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment