အမျိုးသား တွေ နားမလည်နိုင်တဲ့ အမျိုးသမီး တွေနဲ့ ပတ်သက်တဲ့ အချက် (၇) ချက်


ကိုယ့် ချစ်သူ ကောင်လေး တွေ ကိုယ့်ကိုနားလည်မပေးနိုင်တဲ့ အချက်ဆိုတာ စုံတွဲတိုင်း မှာ ရှိနေတတ်ပါတယ်။ တစ်ချို့စုံတွဲတွေအတွက် တစ်ချက်၊ နှစ်ချက်လောက်ဆိုပေမယ့် တစ်ချို့အတွဲတွေကျတော့ ကိုယ့် ကောင်မလေး ကို နားလည်မှုကို မပေးနိုင်တာပါ။ ဘာလို့ဒါတွေလုပ်တာလဲ၊ လိုအပ်လို့လား ဆိုတာမျိုးတွေနဲ့ ပြဿနာခဏခဏ တက်နေပြီဆိုရင်တော့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ လိုပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး အမျိုးသား တွေ နားမလည်နိုင်တဲ့ အချက်တစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။
၁။ ဖိနပ် အမြင့်တွေ ၀ယ်တဲ့ကိစ္စမျိုးပါ။ ယောင်္ကျားအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး ခက်ရာခက်ဆစ် လမ်းလျှောက်နေရတဲ့ အမျိုးသမီး တွေကို နားမလည်နိုင်ပါဘူး။ ကိုယ့် ရည်းစား ဆိုရင်လည်း နောက်တစ်ခါ ဒီလို ဖိနပ်မျိုး မ၀ယ်စမ်းပါနဲ့လို့ ပြောပါလိမ့်မယ်။
၂။ ဖိနပ် ဘယ်နှစ်ရံတောင် ရှိသလဲဆိုတဲ့ မေးခွန်းမျိုးကလည်း အမျိုးသမီးတွေအတွက် နည်းနည်းအဖြေရခက်တဲ့ မေးခွန်းပါ။
၃။မိန်းကလေး တွေ ဘာလို့ အုပ်စုဖွဲ့ပြီး အိမ်သာသွားကြသလဲဆိုတာမျိုးကလည်း သူတို့စဉ်းစာလို့မရတဲ့ အချက်ပါပဲ။ မင်းဘာလို့ တစ်ယောက်တည်း အိမ်သာမသွားတာလဲလို့ အမေးခံရရင်လည်း စိတ်မဆိုးပါနဲ့။ သူတို့နားမလည်ဘူးဆိုတာကိုသာသိထားလိုက်ပါ။
၎။ရင်ပြတ်အ၀တ်အစား၊ ပေါင်တစ်ဝက်ပဲပါတဲ့ dress မျိုးတွေက ဘယ်အချိန်ဝတ်ဖို့ ၀ယ်တာလဲ။ ဒါမျိုးတွေ မ၀တ်စမ်းပါနဲ့လို့ သူတို့ပြောတဲ့အခါ ခေါင်းညိတ်ပြလိုက်ပါ။ ပြန်မငြင်းပါနဲ့။
၅။ကိုယ့် ကောင်လေး ကို ဘယ်လို အရောင် ၀ယ်ရမလဲဆိုပြီး၊ ဘယ်လို အရောင် မျိုးနဲ့ ကိုယ်နဲ့လိုက်သလဲ ဆိုတာမျိုးတွေ အကြံဥာဏ်တောင်းတဲ့အခါ သူတို့နားမလည်တာက အရင်အရောင်မကြိုက်တော့ဘူးလား ဆိုတာပါပဲ။ အမှန်တော့ မိန်းကလေးတွေက ကိုယ့်ရည်းစားရဲ့ အကြံဥာဏ်ကို လိုချင်တာပါ။ အပြစ်တင်ခံချင်တာမျိုး မဟုတ်ဘူးနော်။
၆။ဘာ့ကြောင့် အလှကုန် ပစ္စည်း တွေ ၀ယ်မဆုံးဖြစ်နေသလဲဆိုပြီး ကိုယ့်ကိုအပြစ်တင်လာခဲ့ရင် ဘယ်နေရာအတွက်က ဘာသုံးရတယ်ဆိုတာကို တစ်ချက်ချင်းရှင်းပြလိုက်ပါ။ အို မိန်းကလေးကိစ္စ ရှင်တို့ ဘယ်သိမလဲလို့ အငေါ်မတူးလိုက်ပါနဲ့။

၇။GYM ဆော့မယ့်ကိစ္စမျိုးကို ကိုယ့် ချစ်သူ ကောင်လေး က ခုလည်းလှနေတာပဲ ဘာအတွက်ထပ်ပြီး GYM ဆော့ဦးမှာလဲလို့ ပြောခဲ့ရင်လည်း ပြုံးပြုံးလေးနဲ့ ကိုယ့် ချစ်သူ အတွက် လှပြီးရင်း လှနေတဲ့ မိန်းကလေး ဖြစ်ချင်လို့ပါလို့သာ ပြောလိုက်ပါ။ ကျေနပ်သွားပါလိမ့်မယ်။

Credit : Myawady

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...