ကိုယ်ဝန်သည် ဟန်ဆောင်ပြီး ဗိုက်အတုထဲ ဝှက်သယ်သည့် အမျိုးသမီး ဖမ်းခံရ


ဘရာဇီးလ်နိုင်ငံမှာ ဗိုက်ကြီးသည် ဟန်ဆောင်ပြီး ကိုကင်း ၃ ကီလိုဂရမ်ကို ဗိုက်အတုထဲ ဝှက်သယ်လာတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးအား ဘတ်စ်ကားပေါ်မှာ ရဲတွေက ရှာဖွေဖမ်းဆီးခဲ့ပါတယ်။
အမျိုးသမီးငယ်က ကိုယ်ဝန်အတုလုပ်ကာ သူမရဲ့ဗိုက်ပေါ် ကိုကင်းတွေထည့် တိပ်တွေနဲ့ ကပ်ပြီး အဝတ်နဲ့ပြန်ဖုံးခဲ့တာပါ။ မေ ၃၁ ရက်နေ့ကတင်ထားတဲ့ ရုပ်သံထဲမှာ ဖမ်းခံရသူအမျိုးသမီးက သူမရဲ့ဗိုက်ပေါ်က ဖုဖောင်းနေတဲ့အရာမှာ တွဲကပ်ထားတဲ့ တိပ်တွေကို ခွာနေပြီး သူမ သယ်ဆောင်လာတဲ့ ကိုကင်းတွေကို ရဲလက်အပ်နေတာ မြင်ရပါတယ်။
ဘရာဇီးလ်နိုင်ငံ Birigui မြို့နားက မာရီချယ်ရွန်ဒွန် အဝေးပြေးလမ်းမကြီးပေါ်က ဘတ်စ်ကားပေါ်ကို လမ်းကြောင်းစစ်ဆေးမှု တာဝန်တစိတ်တပိုင်းအနေနဲ့ ရဲတွေက ရှာဖွေခဲ့ကြစဉ် အခုလို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
သူမနဲ့အတူ ကားစီးလာတဲ့ အမျိုးသားကိုလည်း ဖမ်းဆီးလိုက်ပြီး သူတို့ ၂ ဦး ဘယ်လို ပြစ်ဒဏ်တွေ ကျခံရမယ်ဆိုတာတော့ မသိရသေးပါဘူး။
ဘရာဇီးလ်နိုင်ငံမှာ အမျိုးသမီးတွေ ကိုယ်ဝန်သည်ဟန်ဆောင်ပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်တာက အခု ပထမဆုံးအကြိမ်မဟုတ်ပဲ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလည်း အသက် ၂၀ အရွယ်မိန်းကလေးတဦး ဗိုက်ကြီးသည်ဟန်ဆောင်ပြီး ကိုကင်း ၄ ပေါင် သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုသယ်ဆောင်မှုဖြစ်ခဲ့တာက ဘရာဇီးလ်ရဲ့ အရှေ့မြောက်ပိုင်း နေတယ်လ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပြီး သူမကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မေရာရဲ့ ဇွန်လ ၃ ရက်နေ့သတင်းမှာ ရေးထားပါတယ်။
Credit: DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...