မဂၤလာဒံုက ေလးေလာင္းၿပိဳင္လူသတ္မႈ တရားခံေပၚၿပီ

ၿပီးခဲ့တဲ့ ၾသဂုတ္လက မဂၤလာဒုံၿမိဳ႕နယ္၊ ပတၱျမားၿမိဳ႕သစ္မွာ ျဖစ္ပြားခဲ့တဲ့ ေလးေလာင္းၿပိဳင္လူသတ္မႈမွာ ျပစ္မႈက်ဴးလြန္သူက ေသဆုံးသူ စုိးေနာင္ျဖစ္တယ္လို႔ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္လုိက္ပါတယ္။ ဒီေလးေလာင္းၿပိဳင္လူသတ္မႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔က စစ္ေဆးေတြ႔ရွိခ်က္ ၁၁ ခ်က္ပါ အစီရင္ခံစာကုိ ဇြန္ ၂၉ ရက္ေန႔က ထုတ္ျပန္လုိက္တာ ျဖစ္ပါတယ္။
ရဲတပ္ဖြဲ႔က တရားလိုနဲ႔ သက္ေသ ၁၅၆ဦး၊ သကၤာမကင္းသူ ခုနစ္ဦးတို႔ကုိ စစ္ေဆးခ်က္အပါအ၀င္ ေလးေလာင္းၿပိဳင္လူသတ္မႈမွာ ေသဆုံးခဲ့သူေလးဦးရဲ႕အေနအထား၊ ထုိးသြင္းဓားဒဏ္ရာေတြ၊ သက္ေသခံဓား စတာေတြကုိ ဒီအန္ေအ စစ္ေဆးခ်က္အရ ေသဆုံးသူေတြရဲ႕ ဒီအန္ေအေတြကုိပဲ စစ္ေဆးေတြ႔ရွိခဲ့တယ္လို႔ ဆုိပါတယ္။

ေသဆုံးသူ စိုးေနာင္အနီးနားက ေတြ႔ရွိသိမ္းဆည္းရရွိတဲ့ ဓားမွာ စိုးေနာင္ရဲ႕ကိုယ္ပိုင္ဓားျဖစ္တယ္လို႔ အတည္ျပဳနိုင္ခဲ့ၿပီး ဒီအန္ေအ စစ္ေဆးခ်က္အရ ဓား႐ုိးမွာ ေသဆုံးသူ စိုးေနာင္၏ ဒီအန္ေအေတြ ေတြ႕ရွိခဲ့ကာ ဓားသြားေပၚက ေသြးေတြကလည္း ေသဆုံးသူ စိုးေနာင္၊ မခ်ယ္ရီပြင့္၊ ေမာင္ဟန္သူရနဲ႔ ေမာင္စြမ္းထက္ျမတ္တို႔ရဲ႕ ဒီအန္ေအေတြကိုပဲ ေတြ႔ရွိခဲ့တယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ေသဆုံးသူ စိုးေနာင္ရဲ႕ ဝဲဘက္လက္သန္းမွာ ေသြးေျခဥဒဏ္ရာ ေတြ႔ရွိရလုိ႔ မႈခင္းဆရာဝန္က စစ္ေဆးခဲ့ရာ သက္ေသခံဓားရဲ႕ သတၱဳအ႐ုိးကို တင္းတင္းၾကပ္ၾကပ္ကိုင္ေဆာင္ၿပီး ထိုးခဲ့တဲ့အခ်ိန္မွာရရွိခဲ့တဲ့ ေသြးေျခဥဒဏ္ရာျဖစ္ၿပီး ေသဆုံးသူ စိုးေနာင္က ဘယ္သန္ျဖစ္ကာ ေသဆုံးသူတဦးခ်င္းစီမွာ ေတြ႔ရတဲ့ ဓားဒဏ္ရာေတြက သိမ္းဆည္းရမိခဲ့တဲ့ သက္ေသခံဓားနဲ႔ ထိုးသြင္းရရွိခဲ့တဲ့ ဒဏ္ရာေတြျဖစ္တယ္လုိ႔ အတည္ ျပဳနိုင္ခဲ့ပါတယ္။
ေလးေလာင္းၿပိဳင္လူသတ္မႈနဲ႔ စပ္လ်ဥ္းၿပီး မသကၤာဖြယ္ လူသံုးဦးရဲ႕ဓာတ္ပုံနဲ႔ ပတ္သက္ၿပီး ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
Source & Photos : DVB

http://burmese.dvb.no/archives/215243
======================

ပြီးခဲ့တဲ့ သြဂုတ်လက မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင်လူသတ်မှုမှာ ပြစ်မှုကျူးလွန်သူက သေဆုံးသူ စိုးနောင်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီလေးလောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိချက် ၁၁ ချက်ပါ အစီရင်ခံစာကို ဇွန် ၂၉ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က တရားလိုနဲ့ သက်သေ ၁၅၆ဦး၊ သင်္ကာမကင်းသူ ခုနစ်ဦးတို့ကို စစ်ဆေးချက်အပါအဝင် လေးလောင်းပြိုင်လူသတ်မှုမှာ သေဆုံးခဲ့သူလေးဦးရဲ့အနေအထား၊ ထိုးသွင်းဓားဒဏ်ရာတွေ၊ သက်သေခံဓား စတာတွေကို ဒီအန်အေ စစ်ဆေးချက်အရ သေဆုံးသူတွေရဲ့ ဒီအန်အေတွေကိုပဲ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ စိုးနောင်အနီးနားက တွေ့ရှိသိမ်းဆည်းရရှိတဲ့ ဓားမှာ စိုးနောင်ရဲ့ကိုယ်ပိုင်ဓားဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ဒီအန်အေ စစ်ဆေးချက်အရ ဓားရိုးမှာ သေဆုံးသူ စိုးနောင်၏ ဒီအန်အေတွေ တွေ့ရှိခဲ့ကာ ဓားသွားပေါ်က သွေးတွေကလည်း သေဆုံးသူ စိုးနောင်၊ မချယ်ရီပွင့်၊ မောင်ဟန်သူရနဲ့ မောင်စွမ်းထက်မြတ်တို့ရဲ့ ဒီအန်အေတွေကိုပဲ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သေဆုံးသူ စိုးနောင်ရဲ့ ဝဲဘက်လက်သန်းမှာ သွေးခြေဥဒဏ်ရာ တွေ့ရှိရလို့ မှုခင်းဆရာဝန်က စစ်ဆေးခဲ့ရာ သက်သေခံဓားရဲ့ သတ္တုအရိုးကို တင်းတင်းကြပ်ကြပ်ကိုင်ဆောင်ပြီး ထိုးခဲ့တဲ့အချိန်မှာရရှိခဲ့တဲ့ သွေးခြေဥဒဏ်ရာဖြစ်ပြီး သေဆုံးသူ စိုးနောင်က ဘယ်သန်ဖြစ်ကာ သေဆုံးသူတဦးချင်းစီမှာ တွေ့ရတဲ့ ဓားဒဏ်ရာတွေက သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံဓားနဲ့ ထိုးသွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ အတည် ပြုနိုင်ခဲ့ပါတယ်။
လေးလောင်းပြိုင်လူသတ်မှုနဲ့ စပ်လျဉ်းပြီး မသင်္ကာဖွယ် လူသုံးဦးရဲ့ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source & Photos : DVB

http://burmese.dvb.no/archives/215243

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...