ေဖ့စ္ဘြတ္ခ္မွ အေရးယူခံရေၾကာင္း၊ ေဖ့စ္ဘြတ္ခ္ကို မြတ္စလင္မ်ား စီးသြားၿပီျဖစ္ေၾကာင္း ေျပာၾကားေနသည့္ ဦး၀ီရသူ၏ ဗီဒီယုိဖုိင္
ေဖ့စ္ဘြတ္ခ္က ၎ကို အေရးယူလိုက္ေၾကာင္း မစိုးရိမ္ ဆရာေတာ္ ဦး၀ီရသူက ဗီဒီယုိဖိုင္ လႊင့္တင္ကာ ေၾကညာသည္။ ၎ အသံုးျပဳေနသည့္ ေဖ့စ္ဘြတ္ခ္ အေကာင့္သည္ ေမလ ၃၁ရက္ကစ၍ ရက္ေပါင္း ၃၀ အပိတ္ခံခဲ့ရသျဖင့္ ေဖ့စ္ဘြတ္ခ္ကို အားကိုးေတာ့မည္မဟုတ္ေၾကာင္း ဦး၀ီရသူက ေဖ့စ္ဘြတ္ခ္ေပၚတြင္ အျခားအေကာင့္တစ္ခုမွ ဗီဒီယုိဖိုင္တင္၍ မိန္႔ၾကားခဲ့သည္။
ဦး၀ီရသူ၏ ေဖ့စ္ဘြတ္ခ္အ ေကာင့္သည္ Follower သံုးသိန္းေျခာက္ေသာင္းေက်ာ္ရွိၿပီး ဇြန္လ ၁ရက္ကစ၍ပုိ႔စ္တင္၍ မရေတာ့ေပ။ ဦး၀ီရသူ၏ Follower ခုနစ္ေသာင္းေက်ာ္ရွိေသာ စာမ်က္ႏွာမွာ ေဖ့စ္ဘြတ္ခ္က ဖ်က္ခ်လုိက္ၿပီျဖစ္သည္။
အခ်ိန္ ႏွစ္မိနစ္ေက်ာ္ၾကာ ျမင့္သည့္ အဆုိပါဗီဒီယုိဖိုင္ကို လႊင့္တင္ခဲ့သည့္အေကာင့္သစ္မွာ လည္း ရက္ပုိင္းအတြင္း ဖ်က္ခ်ခံ ခဲ့ရသည္။
‘‘ေမလ ၃၁ ရက္မွာ အေရး ယူခံထားရပါတယ္။တစ္လတိတိပိတ္မယ္လို႔ သူတုိ႔အမိန္႔စာမွာပါပါတယ္’’ဟု ဦး၀ီရသူကမိန္႔သည္။
ဆက္လက္၍လည္း ဦး၀ီရသူက ‘‘အေရးယူတဲ့ပံုစံကို ၾကည့္ရင္ အေၾကာင္းျပခ်က္မည္မည္ရရမရွိပါဘူး။ ပုဂၢိဳလ္ေရးမပါ၊ အမည္နာမတိုက္႐ိုက္မထည့္၊ အဲဒီလို လြတ္လြတ္ကင္းကင္းေရးသားတာေတြကိုလည္း ၀ိုင္းၿပီး Report ထုလို႔ Pageတစ္ခုလံုး ဖ်က္တာလည္းပါတယ္။ တစ္လျပည့္လုိ႔ ေဖ့စ္ဘြတ္ခ္ျပန္ပြင့္ရင္လည္း မေသခ်ာပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ေဖ့စ္ဘြတ္ခ္ Team တစ္ခုလံုး မြတ္စလင္လက္ေအာက္က်ေရာက္သြားလို႔ပါပဲ။ ေဖ့စ္ဘြတ္ခ္ကို မြတ္စလင္ေတြ စီးမိသြားပါၿပီ’’ဟု မိန္႔ခဲ့သည္။
ဦး၀ီရသူသည္ ၎၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ‘ေခ်ာင္ႀကိဳေခ်ာင္ၾကား ၾကည္လင္းမ်ား၊ဒကာေတာ္ဦးၾကည္လင္း ေဘးကင္းပါေစ၊ ကိုယ္ဆင္းရဲကင္းပါေစ၊စိတ္ဆင္းရဲကင္းပါေစ’ ဟူေသာ လူသတ္မႈက်ဴးလြန္သူကို အားေပးသည့္ အျငင္းပြားဖြယ္ရာေရးသားမႈမ်ား တင္ခဲ့သည္။
ထို႔အျပင္ ဦး၀ီရသူသည္ ကုလလူ႔အခြင့္အေရးဆုိင္ရာ အ ထူးကုိယ္စားလွယ္ မစၥရန္ဟီးလီ ကို ျပည့္တန္ဆာႏွင့္ ခုိင္းႏိႈင္းေျပာ ဆိုခဲ့ျခင္းကို ႏုိင္ငံတကာမီဒီယာ အခ်ိဳ႕က အစြန္းေရာက္ဘုန္းႀကီး ဟု ေခၚဆုိခဲ့သည္။
ထုိ႔အျပင္ဦးဝီရသူသည္ ဘာသာ တစ္ခုႏွင့္တစ္ခုအၾကား အမုန္းတရားပြားၿပီး ဘာသာေရးအဓိက႐ုဏ္းျဖစ္ေစႏုိင္ေသာ ေဟာေျပာမႈမ်ား၊ အမုန္းတရားႀကီးထြားေစရန္ လႈံ႔ေဆာ္ေဟာေျပာမႈမ်ား၊ တရားဥပေဒစိုးမိုးေရးကို အဟန္႔ အတားျဖစ္ေစသည့္ ေဟာေျပာမႈ မ်ားႏွင့္ ႏုိင္ငံေရးပါတီမ်ားၾကား ဘက္လိုက္ေဝဖန္ေဟာေျပာမႈ မ်ားျပဳလုပ္ေနၿပီး ယင္းသို႔ျပဳလုပ္ ျခင္းသည္ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕က ထုတ္ျပန္ထား သည့္ ၫႊန္ၾကားလႊာမ်ားကို ေဖာက္ဖ်က္က်ဴးလြန္သျဖင့္ မတ္လ ၁၀ ရက္ကစ၍ တစ္ႏုိင္ငံလံုးတြင္ တရားေဟာခြင့္ တစ္ႏွစ္ပိတ္ပင္ ေၾကာင္း မဟနက ေၾကညာထား သည္။
ဆိုရွယ္မီဒီယာတစ္ခုျဖစ္ သည့္ ေဖ့စ္ဘြတ္ခ္သည္ လူမႈစံ ႏႈန္းလမ္းၫႊန္မ်ား ခ်မွတ္ထားၿပီးျဖစ္ေၾကာင္း စံႏႈန္းႏွင့္ကိုက္ညီမႈမရွိသည္မ်ားေတြ႕ရွိပါက မည္သူမဆို Report အေနျဖင့္ တိုင္တန္းမႈျပဳလုပ္ႏိုင္ေၾကာင္း ေဖ့စ္ဘြတ္ခ္မူ၀ါဒႏွင့္ပတ္သက္၍နည္းပညာဆုိင္ရာ အရပ္ဘက္အဖဲြ႕အစည္းျဖစ္သည့္ MIDOမွ မထိုက္ထိုက္ေအာင္က ေျပာသည္။
‘‘Block ခံရတယ္ဆိုတာ ဘာေတြေျပာလို႔လဲ ကိုယ္လည္း မသိဘူး။ Report ထိတယ္ဆို ေတာ့ တစ္ခုခုကိုထိလို႔ Report ထိခံရတယ္လို႔ ေျပာလုိ႔ရတာေပါ့။ Report ထုခံရတဲ့လူက သူကုိယ္ တိုင္မွားလု႔ိ အထုခံရတာလည္း ျဖစ္ႏုိင္သလို သူကုိယ္တုိင္ မွန္ေန ၿပီးေတာ့ မွားတဲ့ဘက္က အဖဲြ႕အ စည္းကႀကီးလို႔၊ မခံႏုိင္လုိ႔ ၀ုိင္းထု တာလည္းျဖစ္ႏိုင္တာေပါ့။ ျပန္ ၿပီးစြပ္စဲြတယ္ဆိုတာက အေျပာပဲ ရွိတာ။ ေဖ့စ္ဘြတ္ခ္ရဲ႕ ေပၚလစီ ကေတာ့ Report ထုရင္ သူ႔သတ္ မွတ္ထားတဲ့ အခ်က္အလက္ေတြ ျပည့္မီသြားရင္ သူကေတာ့ ပိတ္ ေပးမွာပဲ။ သူ႔အလုပ္သူ လုပ္တာ ေပါ့’’ဟု ျမန္မာႏုိင္ငံ ကြန္ပ်ဴတာ ပညာရွင္အသင္းအတြင္းေရးမွဴး ဦးမင္းက ေျပာသည္။
ျမန္မာႏိုင္ငံ အစိုးရသည္ ေဖ့စ္ဘြတ္ခ္ေပၚရွိ အမုန္းစကား မ်ားကို ထိန္းခ်ဳပ္ရန္ ေဖ့စ္ဘြတ္ခ္ ကုမၸဏီႏွင့္ ပူးေပါင္းေဆာင္ရြက္ မည္ဟု ၂၀၁၆အတြင္းက သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း လုပ္ေဆာင္ေနျခင္း ရွိ၊ မရွိႏွင့္ မည္သုိ႔ လုပ္ကိုင္ေဆာင္ရြက္ေနေၾကာင္း ပြင့္လင္းစြာမသိရေပ။
ထို႔အျပင္ ေဖ့စ္ဘြတ္ခ္တြင္ ေမလအတြင္း ‘ကုလား’ဟူေသာ စာသားကို ေရးသားျခင္းေၾကာင့္ Lock က်ခဲ့သည့္ အေကာင့္မ်ားရွိခဲ့ ေသာ္လည္း အခ်ိဳ႕ေသာ အ ေကာင့္မ်ားသည္ ‘ကုလား’ဟု ေရးသားျခင္းေၾကာင့္ မည္သည့္ သက္ေရာက္မႈမွ ႀကံဳေတြ႕ခဲ့ျခင္း မရွိေပ။ ‘‘ေဖ့စ္ဘြတ္ခ္ေပၚလစီကို ကၽြန္ေတာ္ေသခ်ာမသိေတာ့ မ ေျပာတတ္ဘူးဗ်။ ကုလားလုိ႔ေရး ရင္ ဘန္းတာေတြကရွိေသးတယ္။ ကၽြန္ေတာ္ ကုလားကားဆုိတာကို ေရးတာ Lock တစ္ရက္က်သြား တယ္။ အမွန္ေတာ့ ဒီေလာက္ ေလးေျပာတာ မပိတ္သင့္ပါဘူး’’ ဟု Myanmar Links မွ ကိုစုိးသီ ဟေနာင္က ေျပာသည္။
Credit: 7Day Daily
========
ဖေ့စ်ဘွတ်ခ်မှ အရေးယူခံရကြောင်း၊ ဖေ့စ်ဘွတ်ခ်ကို မွတ်စလင်များ စီးသွားပြီဖြစ်ကြောင်း ပြောကြားနေသည့် ဦးဝီရသူ၏ ဗီဒီယိုဖိုင်
ဖေ့စ်ဘွတ်ခ်က ၎င်းကို အရေးယူလိုက်ကြောင်း မစိုးရိမ် ဆရာတော် ဦးဝီရသူက ဗီဒီယိုဖိုင် လွှင့်တင်ကာ ကြေညာသည်။ ၎င်း အသုံးပြုနေသည့် ဖေ့စ်ဘွတ်ခ် အကောင့်သည် မေလ ၃၁ရက်ကစ၍ ရက်ပေါင်း ၃၀ အပိတ်ခံခဲ့ရသဖြင့် ဖေ့စ်ဘွတ်ခ်ကို အားကိုးတော့မည်မဟုတ်ကြောင်း ဦးဝီရသူက ဖေ့စ်ဘွတ်ခ်ပေါ်တွင် အခြားအကောင့်တစ်ခုမှ ဗီဒီယိုဖိုင်တင်၍ မိန့်ကြားခဲ့သည်။
ဦးဝီရသူ၏ ဖေ့စ်ဘွတ်ခ်အ ကောင့်သည် Follower သုံးသိန်းခြောက်သောင်းကျော်ရှိပြီး ဇွန်လ ၁ရက်ကစ၍ပို့စ်တင်၍ မရတော့ပေ။ ဦးဝီရသူ၏ Follower ခုနစ်သောင်းကျော်ရှိသော စာမျက်နှာမှာ ဖေ့စ်ဘွတ်ခ်က ဖျက်ချလိုက်ပြီဖြစ်သည်။
အချိန် နှစ်မိနစ်ကျော်ကြာ မြင့်သည့် အဆိုပါဗီဒီယိုဖိုင်ကို လွှင့်တင်ခဲ့သည့်အကောင့်သစ်မှာ လည်း ရက်ပိုင်းအတွင်း ဖျက်ချခံ ခဲ့ရသည်။
‘‘မေလ ၃၁ ရက်မှာ အရေး ယူခံထားရပါတယ်။တစ်လတိတိပိတ်မယ်လို့ သူတို့အမိန့်စာမှာပါပါတယ်’’ဟု ဦးဝီရသူကမိန့်သည်။
ဆက်လက်၍လည်း ဦးဝီရသူက ‘‘အရေးယူတဲ့ပုံစံကို ကြည့်ရင် အကြောင်းပြချက်မည်မည်ရရမရှိပါဘူး။ ပုဂ္ဂိုလ်ရေးမပါ၊ အမည်နာမတိုက်ရိုက်မထည့်၊ အဲဒီလို လွတ်လွတ်ကင်းကင်းရေးသားတာတွေကိုလည်း ၀ိုင်းပြီး Report ထုလို့ Pageတစ်ခုလုံး ဖျက်တာလည်းပါတယ်။ တစ်လပြည့်လို့ ဖေ့စ်ဘွတ်ခ်ပြန်ပွင့်ရင်လည်း မသေချာပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖေ့စ်ဘွတ်ခ် Team တစ်ခုလုံး မွတ်စလင်လက်အောက်ကျရောက်သွားလို့ပါပဲ။ ဖေ့စ်ဘွတ်ခ်ကို မွတ်စလင်တွေ စီးမိသွားပါပြီ’’ဟု မိန့်ခဲ့သည်။
ဦးဝီရသူသည် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘ချောင်ကြိုချောင်ကြား ကြည်လင်းများ၊ဒကာတော်ဦးကြည်လင်း ဘေးကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊စိတ်ဆင်းရဲကင်းပါစေ’ ဟူသော လူသတ်မှုကျူးလွန်သူကို အားပေးသည့် အငြင်းပွားဖွယ်ရာရေးသားမှုများ တင်ခဲ့သည်။
ထို့အပြင် ဦးဝီရသူသည် ကုလလူ့အခွင့်အရေးဆိုင်ရာ အ ထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ကို ပြည့်တန်ဆာနှင့် ခိုင်းနှိုင်းပြော ဆိုခဲ့ခြင်းကို နိုင်ငံတကာမီဒီယာ အချို့က အစွန်းရောက်ဘုန်းကြီး ဟု ခေါ်ဆိုခဲ့သည်။
ထို့အပြင်ဦးဝီရသူသည် ဘာသာ တစ်ခုနှင့်တစ်ခုအကြား အမုန်းတရားပွားပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သော ဟောပြောမှုများ၊ အမုန်းတရားကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့် အတားဖြစ်စေသည့် ဟောပြောမှု များနှင့် နိုင်ငံရေးပါတီများကြား ဘက်လိုက်ဝေဖန်ဟောပြောမှု များပြုလုပ်နေပြီး ယင်းသို့ပြုလုပ် ခြင်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထား သည့် ညွှန်ကြားလွှာများကို ဖောက်ဖျက်ကျူးလွန်သဖြင့် မတ်လ ၁၀ ရက်ကစ၍ တစ်နိုင်ငံလုံးတွင် တရားဟောခွင့် တစ်နှစ်ပိတ်ပင် ကြောင်း မဟနက ကြေညာထား သည်။
ဆိုရှယ်မီဒီယာတစ်ခုဖြစ် သည့် ဖေ့စ်ဘွတ်ခ်သည် လူမှုစံ နှုန်းလမ်းညွှန်များ ချမှတ်ထားပြီးဖြစ်ကြောင်း စံနှုန်းနှင့်ကိုက်ညီမှုမရှိသည်များတွေ့ရှိပါက မည်သူမဆို Report အနေဖြင့် တိုင်တန်းမှုပြုလုပ်နိုင်ကြောင်း ဖေ့စ်ဘွတ်ခ်မူဝါဒနှင့်ပတ်သက်၍နည်းပညာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် MIDOမှ မထိုက်ထိုက်အောင်က ပြောသည်။
‘‘Block ခံရတယ်ဆိုတာ ဘာတွေပြောလို့လဲ ကိုယ်လည်း မသိဘူး။ Report ထိတယ်ဆို တော့ တစ်ခုခုကိုထိလို့ Report ထိခံရတယ်လို့ ပြောလို့ရတာပေါ့။ Report ထုခံရတဲ့လူက သူကိုယ် တိုင်မှားလို့ အထုခံရတာလည်း ဖြစ်နိုင်သလို သူကိုယ်တိုင် မှန်နေ ပြီးတော့ မှားတဲ့ဘက်က အဖွဲ့အ စည်းကကြီးလို့၊ မခံနိုင်လို့ ဝိုင်းထု တာလည်းဖြစ်နိုင်တာပေါ့။ ပြန် ပြီးစွပ်စွဲတယ်ဆိုတာက အပြောပဲ ရှိတာ။ ဖေ့စ်ဘွတ်ခ်ရဲ့ ပေါ်လစီ ကတော့ Report ထုရင် သူ့သတ် မှတ်ထားတဲ့ အချက်အလက်တွေ ပြည့်မီသွားရင် သူကတော့ ပိတ် ပေးမှာပဲ။ သူ့အလုပ်သူ လုပ်တာ ပေါ့’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းအတွင်းရေးမှူး ဦးမင်းက ပြောသည်။
မြန်မာနိုင်ငံ အစိုးရသည် ဖေ့စ်ဘွတ်ခ်ပေါ်ရှိ အမုန်းစကား များကို ထိန်းချုပ်ရန် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ၂၀၁၆အတွင်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း လုပ်ဆောင်နေခြင်း ရှိ၊ မရှိနှင့် မည်သို့ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ပွင့်လင်းစွာမသိရပေ။
ထို့အပြင် ဖေ့စ်ဘွတ်ခ်တွင် မေလအတွင်း ‘ကုလား’ဟူသော စာသားကို ရေးသားခြင်းကြောင့် Lock ကျခဲ့သည့် အကောင့်များရှိခဲ့ သော်လည်း အချို့သော အ ကောင့်များသည် ‘ကုလား’ဟု ရေးသားခြင်းကြောင့် မည်သည့် သက်ရောက်မှုမှ ကြုံတွေ့ခဲ့ခြင်း မရှိပေ။ ‘‘ဖေ့စ်ဘွတ်ခ်ပေါ်လစီကို ကျွန်တော်သေချာမသိတော့ မ ပြောတတ်ဘူးဗျ။ ကုလားလို့ရေး ရင် ဘန်းတာတွေကရှိသေးတယ်။ ကျွန်တော် ကုလားကားဆိုတာကို ရေးတာ Lock တစ်ရက်ကျသွား တယ်။ အမှန်တော့ ဒီလောက် လေးပြောတာ မပိတ်သင့်ပါဘူး’’ ဟု Myanmar Links မှ ကိုစိုးသီ ဟနောင်က ပြောသည်။
Credit: 7Day Daily
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment