ညစ္ညမ္းဗြီဒီယို ထုတ္လုပ္သူမ်ားကို အေရးယူေပးရန္ သူနာျပဳႏွင့္သားဖြားေကာင္စီ ေတာင္းဆို


“ Violet of Myanmar” ျမန္မာ့ခရမ္းျပာ အမည္ရွိ ညစ္ညမ္းဗြီဒီယို ဇာတ္ကားသည္ သူနာျပဳဆရာမမ်ား၏ ဂုဏ္သိကၡာကို ထိခိုက္ေစသျဖင့္ အေရးယူေဆာင္ရြက္ေပးရန္ ျမန္မာနိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီက စာတင္တိုင္ၾကား
“ Violet of Myanmar” ျမန္မာ့ခရမ္းျပာ အမည္ရွိ ညစ္ညမ္းဗြီဒီယို ဇာတ္ကားသည္ သူနာျပဳဆရာမမ်ား၏ ဂုဏ္သိကၡာကို ထိခိုက္ေစသျဖင့္ အေရးယူေဆာင္ရြက္ေပးရန္ ျမန္မာနိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီက က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနထံ စာတင္ထားေၾကာင္း သိရသည္။
ျမန္မာနိုင္ငံ သူနာျပဳႏွင့္ သားဖြားေကာင္စီ ဥကၠ႒ေဒၚျဖဴျဖဴ “ သူနာျပဳေတြနဲ႔ ပတ္သက္လို႔ သုံးတယ္ဆိုရင္ က်မတို႔ အသက္ေမြးဝမ္းေက်ာင္းေရာ၊ ဆရာဆရာမေတြရဲ့ ဂုဏ္သိကၡာကို ထိခိုက္တယ္။ လိုအပ္သလို ေဆာင္ရြက္မွာျဖစ္တယ္။ ဝန္ႀကီးဌာနေရာ သက္ဆိုင္ရာဌာနေတြေရာ အဆင့္ဆင့္တင္ျပထားၿပီး ျဖစ္တယ္။ စုံစမ္းစစ္ေဆးဆဲ ျဖစ္ပါတယ္” ဟု ဧရာဝတီကို ေျပာသည္။
ထိုညစ္ညမ္းဗြီဒီယို ဇာတ္ညႊန္းပါ သ႐ုပ္ေဆာင္အမ်ိဳးသမီးသည္ သူနာျပဳဆရာမတဦးသ႑ာန္ ဝတ္ဆင္ထားမွုႏွင့္ ပတ္သက္ၿပီး က်န္းမာေရးဝန္ထမ္းမ်ားအၾကား အစည္းအေဝးျပဳလုပ္၍ ဘုံသေဘာတူညီခ်က္အရ စိစစ္ေဆာင္ရြက္မွု ျပဳလုပ္ေပးရန္ ဝန္ႀကီးဌာနထံ တင္ျပျခင္းျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။
“Violet of Myanmar” ျမန္မာ့ခရမ္းျပာ အမည္ရွိ ညစ္ညမ္းဗြီဒီယို ဇာတ္ကားႏွင့္ ပတ္သက္၍ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက စိစစ္မွုမ်ား ျပဳလုပ္ၿပီးပါက ဥပေဒအရ ေဆာင္ရြက္နိုင္ရန္ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ေဒၚျဖဴျဖဴက ဆိုသည္။
အဆိုပါဇာတ္ကားႏွင့္ ပတ္သက္ၿပီး သူနာျပဳဆရာမမ်ား၏ တိုင္တန္းစာကို ဧၿပီလ ၂၅ ရက္က လက္ခံရရွိထားေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ပါေမာကၡ ေဒါက္တာျမင့္ဟန္က ဧရာဝတီကို ေျပာသည္။
“သူနာျပဳဝတ္စုံနဲ႔ ျဖစ္လာတာေတာ့ စိတ္မေကာင္းဘူး။ မလုပ္သင့္ဘူး။ လူနာေတြအေပၚမွာ ျပဳစုေဆာင္ရြက္ေပးေနတဲ့ ပုံရိပ္ေကာင္းတဲ့ အသိုင္းအဝိုင္းကို ပုံရိပ္က်ဆင္းေအာင္ မလုပ္သင့္ပါဘူး” ဟု ပါေမာကၡ ေဒါက္တာျမင့္ဟန္က ဆိုသည္။
အခ်ိန္ ၂ နာရီခန႔္ ၾကာျမင့္သည့္ “Violet of Myanmar” ျမန္မာ့ခရမ္းျပာ အမည္ရွိ ညစ္ညမ္းဗြီဒီယိုဇာတ္ကားကို Art of Myanmar Production က ၎တို႔၏ လူမွုဆက္သြယ္ေရးကြန္ရက္ Facebook စာမ်က္ႏွာမွတဆင့္ ဧၿပီလ ၂၄ ရက္က စတင္ၿပီး စီးပြားျဖစ္ ျဖန႔္ခ်ိေရာင္းခ်လာျခင္း ျဖစ္သည္။
Art of Myanmar Production က ထိုဇာတ္ကားကို အစအဆုံး ၾကည့္လိုသူမ်ားထံမွ က်ပ္ ၅၀၀၀ ေကာက္ခံမည္ဟု ၎တို႔၏ ေဖ့ဘုတ္စ္ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။ သူနာျပဳအမည္ရွိ ေနာက္ထပ္႐ုပ္ရွင္အတြက္ က်ပ္ ၁၀,၀၀၀ ေကာက္ခံမည္ဟု ဆက္ေရးသားထားသည္ကို ေတြ႕ရသည္။
ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က အဆိုပါဇာတ္ကား ထုတ္လုပ္ေရာင္းခ်သူမ်ားႏွင့္ ထိုဇာတ္ကားတြင္ ပါဝင္ပတ္သက္ေနသူမ်ားကို ေဖာ္ထုတ္အေရးယူနိုင္ေရးအတြက္ စုံစမ္းစစ္ေဆးမွုမ်ား ျပဳလုပ္ေနၿပီး၊ ထိေရာက္သည့္ အေရးယူ ေဆာင္ရြက္မွုမ်ား ျပဳလုပ္သြားမည္ဟု သတင္းမီဒီယာမ်ားမွတဆင့္ ထုတ္ေဖာ္ေျပာဆိုထားသည္။
ထိုသို႔ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတိေပးေျပာဆိုၿပီးေနာက္ပိုင္း ဧၿပီလ ၂၅ ရက္တြင္ Art of Myanmar Production ၏ Facebook Page တခုလုံး ေပ်ာက္ကြယ္သြားၿပီးေနာက္ ထိုေန႔တြင္ပင္ Art of Myanmar Production အမည္ျဖင့္ Facebook Page အသစ္တခု ထပ္မံဖြင့္လွစ္ကာ “Violet of Myanmar” ျမန္မာ့ခရမ္းျပာ အမည္ရွိ ညစ္ညမ္းဗြီဒီယို ဇာတ္ကားလင့္ကို ဆက္လက္ေရာင္းခ်သည္ကို ေတြ႕ရသည္။ ဧၿပီလ ၂၆ ရက္၌ Art of Myanmar Production အမည္ျဖင့္ Facebook Page အသစ္ကို မေတြ႕ရွိရေတာ့ေပ။
ဧရာဝတီ

“ Violet of Myanmar” မြန်မာ့ခရမ်းပြာ အမည်ရှိ ညစ်ညမ်းဗွီဒီယို ဇာတ်ကားသည် သူနာပြုဆရာမများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် အရေးယူဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီက စာတင်တိုင်ကြား
“ Violet of Myanmar” မြန်မာ့ခရမ်းပြာ အမည်ရှိ ညစ်ညမ်းဗွီဒီယို ဇာတ်ကားသည် သူနာပြုဆရာမများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် အရေးယူဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံ စာတင်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌဒေါ်ဖြူဖြူ “ သူနာပြုတွေနဲ့ ပတ်သက်လို့ သုံးတယ်ဆိုရင် ကျမတို့ အသက်မွေးဝမ်းကျောင်းရော၊ ဆရာဆရာမတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်။ လိုအပ်သလို ဆောင်ရွက်မှာဖြစ်တယ်။ ဝန်ကြီးဌာနရော သက်ဆိုင်ရာဌာနတွေရော အဆင့်ဆင့်တင်ပြထားပြီး ဖြစ်တယ်။ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုညစ်ညမ်းဗွီဒီယို ဇာတ်ညွှန်းပါ သရုပ်ဆောင်အမျိုးသမီးသည် သူနာပြုဆရာမတဦးသဏ္ဍာန် ဝတ်ဆင်ထားမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများအကြား အစည်းအဝေးပြုလုပ်၍ ဘုံသဘောတူညီချက်အရ စိစစ်ဆောင်ရွက်မှု ပြုလုပ်ပေးရန် ဝန်ကြီးဌာနထံ တင်ပြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“Violet of Myanmar” မြန်မာ့ခရမ်းပြာ အမည်ရှိ ညစ်ညမ်းဗွီဒီယို ဇာတ်ကားနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက စိစစ်မှုများ ပြုလုပ်ပြီးပါက ဥပဒေအရ ဆောင်ရွက်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါ်ဖြူဖြူက ဆိုသည်။
အဆိုပါဇာတ်ကားနှင့် ပတ်သက်ပြီး သူနာပြုဆရာမများ၏ တိုင်တန်းစာကို ဧပြီလ ၂၅ ရက်က လက်ခံရရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာမြင့်ဟန်က ဧရာဝတီကို ပြောသည်။
“သူနာပြုဝတ်စုံနဲ့ ဖြစ်လာတာတော့ စိတ်မကောင်းဘူး။ မလုပ်သင့်ဘူး။ လူနာတွေအပေါ်မှာ ပြုစုဆောင်ရွက်ပေးနေတဲ့ ပုံရိပ်ကောင်းတဲ့ အသိုင်းအဝိုင်းကို ပုံရိပ်ကျဆင်းအောင် မလုပ်သင့်ပါဘူး” ဟု ပါမောက္ခ ဒေါက်တာမြင့်ဟန်က ဆိုသည်။
အချိန် ၂ နာရီခန့် ကြာမြင့်သည့် “Violet of Myanmar” မြန်မာ့ခရမ်းပြာ အမည်ရှိ ညစ်ညမ်းဗွီဒီယိုဇာတ်ကားကို Art of Myanmar Production က ၎င်းတို့၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာမှတဆင့် ဧပြီလ ၂၄ ရက်က စတင်ပြီး စီးပွားဖြစ် ဖြန့်ချိရောင်းချလာခြင်း ဖြစ်သည်။
Art of Myanmar Production က ထိုဇာတ်ကားကို အစအဆုံး ကြည့်လိုသူများထံမှ ကျပ် ၅၀ဝ၀ ကောက်ခံမည်ဟု ၎င်းတို့၏ ဖေ့ဘုတ်စ်ကြေညာချက်တွင် ဖော်ပြထားသည်။ သူနာပြုအမည်ရှိ နောက်ထပ်ရုပ်ရှင်အတွက် ကျပ် ၁၀,ဝ၀ဝ ကောက်ခံမည်ဟု ဆက်ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆိုပါဇာတ်ကား ထုတ်လုပ်ရောင်းချသူများနှင့် ထိုဇာတ်ကားတွင် ပါဝင်ပတ်သက်နေသူများကို ဖော်ထုတ်အရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သတင်းမီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆိုထားသည်။
ထိုသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတိပေးပြောဆိုပြီးနောက်ပိုင်း ဧပြီလ ၂၅ ရက်တွင် Art of Myanmar Production ၏ Facebook Page တခုလုံး ပျောက်ကွယ်သွားပြီးနောက် ထိုနေ့တွင်ပင် Art of Myanmar Production အမည်ဖြင့် Facebook Page အသစ်တခု ထပ်မံဖွင့်လှစ်ကာ “Violet of Myanmar” မြန်မာ့ခရမ်းပြာ အမည်ရှိ ညစ်ညမ်းဗွီဒီယို ဇာတ်ကားလင့်ကို ဆက်လက်ရောင်းချသည်ကို တွေ့ရသည်။ ဧပြီလ ၂၆ ရက်၌ Art of Myanmar Production အမည်ဖြင့် Facebook Page အသစ်ကို မတွေ့ရှိရတော့ပေ။
ဧရာဝတီ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...