လူတွေရဲ့ လောဘစိတ်ကို ကောင်းကောင်း အသုံးချသွားတဲ့ လိမ်လည်မှု ဖြစ်ရပ်ပါပဲ။



၁၈း၈း၂၀၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ မန္တလေးမြို့မှာ နေတဲ့ အန်တီတစ်ယောက်ဆီကို ဖုန်းဝင်လာပါတယ်။ ဖုန်းကိုင်လိုက်တာက အန်တီရဲ့အမျိုးသားပါ။ ဟိုဘက်က ဖုန်းဆက်သူက သူ့ကိုယ်သူ မြန်မာ့ဆက်သွယ်ရေးရုံးချုပ် ရန်ကုန် က ဦးစီးမှူး ဦးပြည့်စုံ ပါ။
ဒီဖုန်းအမည်ပေါက်က ဒေါ်……………ဖြစ်နေပါတယ်။ ဒေါ်…………ရှိပါသလား။ တဲ့ MPT ဆင်းကဒ် ၅ သိန်းတန် နံပါတ်တွေထဲက ဖုန်း ၃ လုံးကို မဲနှိုက်ပြီး သိန်း ၅၀၀ဆု ၃ ဆု မဲဖောက်ပေးပါတယ်။ ဒီဖုန်းနံပါတ် ဒေါ်………… အမည်နဲ့ သိန်း ၅၀၀ ကံစမ်းမဲပေါက်ပါတယ်….လို့ ဖုန်းဆက်အကြောင်းကြားလာပါတယ်။်လူတွေရဲ့လောဘစိတ်ကို ပိုပြီးကြွလာအောင် စကားတွေ ရွှန်းရွှန်းဝေအောင် ပြောပါတယ်။ကံထူးရှင် အန်တီကြီးကတော့ တကယ်လို့ ယုံကြည်သွားချိန်ကျမှ အဲ့ဒီလို မဲပေါက်တာ နိုင်ငံတော်ကို ဝင်ငွေခွန်ဆောင်ရပါမယ်တဲ့။အခု ချက်ချင်း ငွေ ၁၁ သိန်းခွဲ လွှဲပေးပါ။ ဒီနေ့ မလွှဲရင် သိန်း ၅၀၀ ထုတ်လို့ မရတော့ပါဘူးး။၁၁ သိန်းခွဲအခွန်ဆောင်ပြီးတာနဲ့ သိန်း ၅၀၀ ထုတ်ယူဖို့ မန္တလေး မြန်မာ့စီးပွားရေးဘဏ်မှာ ငွေထုတ်ဖို့ စောင့်နေပါဆိုပြီး ရန်ကုန် ၉ မိုင် ကမ္ဘောဇ ဘဏ်ကို ငွေလွှဲခိုင်းပါတယ်။ မသိ နားမလည်တဲ့ အန်တီနဲ့ ဦးလေးကြီးကတော့ ငွေ ၁၁ သိန်းခွဲကို မရ ရအောင်ရှာပြီး ယုံကြည်စွာပဲ ငွေလွှဲပေးမိလိုက်ပါတယ်။ငွေလွှဲပြီး နာရီဝက်လောက်အကြာမှာ အလိမ်ခံရပြီလို့ သံသယဝင်မိတာနဲ့ ဦးစီးမှူးပါ ဆိုသူကို ဖုန်းဆက်ပြန်တော့ ဖုန်းတွေ ပိတ်ထားလိုက်ပါပြီ။ ငွေလွှဲလိုက်တဲ့ မန္တလေး ကမ္ဘောဇကို အကြောင်းကြားပြီး လွှဲငွေထုတ်ပြီး မပြီး စုံစမ်းတော့ သူတို့ကတဆင့် ၉ မိုင် ကမ္ဘောဇဘဏ်ကို စုံစမ်းကြည့်တော့ ငွေ ထုတ်ယူသွားပြီးဖြစ်ပါတယ်။ ဟိုမှာ ငွေလွှဲပြီ ဆိုတာနဲ့ ငွေထုတ်မယ့်သူက အဆင်သင့် စောင့်နေတယ် ထင်ပါတယ်။ ချက်ချင်း ငွေထုတ်ယူသွားပါတယ်။ ငွေထုတ်ယူသွာံးသူကို ဘဏ်CCTV မှာတော့ မှတ်တမ်းတင် ထားတဲ့ပုံတော့ ရလိုက်ပါတယ်။သူ့နာမည်က မျိုးမင်းပိုင် တဲ့၇/မညန (နိုင်) ၀၈၉၈၉၄သူငယ်ချင်းတို့ နဲ့ အနီးအနားမှာ ဒီလို ဖြစ်ရပ်မျိုး ကြုံခဲ့ရင်ဟသတိထားနိုင် သတိပေးနိုင်အောင် လိမ်လည်မှုဖြစ်စဉ်ကို မျှဝေပေးလိုက်ရပါတယ်ထပ်ဆင့် Share ပေးခြင်းဖြင့်..
Crd:အရိုင်း ဈာန်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...