ေရွးေခတ္တုန္းကလူေတြ ကိုယ္၀န္မရေအာင္ သံုးတဲ့နည္းေတြတဲ့.. အခုေခတ္အျမင္နဲ႔ဆိုရင္ ႀကံႀကံဖန္ဖန္ လုပ္ၾကတယ္ထင္ရမွာ

ကိုယ္ဝန္မရေစဖို႔ ေရွးေခတ္ကလူေတြ ဘယ္လိုနည္းေတြသံုးၾကသလဲ

သေႏၶတားဖို႔အတြက္ ေဆးေတြ ပစၥည္းပစၥယေတြဆိုတာ ဘာလဲလို႔ေတာင္ မသိခဲ့ၾကတဲ့ အခ်ိန္ကာလေတြရွိခဲ့ၾကပါတယ္။ အဲ့ဒီေခတ္ကလူေတြကေတာ့ သူတို႔စမ္းလုပ္ၾကည့္ၿပီး တိုက္တုိက္ဆိုင္ဆိုင္ အသံုးတည့္သြားတဲ့ နည္းလမ္းေတြကို အေျခခံၿပီးေတာ့ သေႏၶတားဖို႔အတြက္  အသံုးျပဳခဲ့ၾကတာပဲျဖစ္ပါတယ္။

ဒါေပမဲ႔ ဒီသေႏၶတားနည္းေတြအားလံုးဟာ  အခုေခတ္မွာေတာ့ ဒိတ္ေအာက္ကုန္ၾကၿပီး အဲ့ဒီနည္းလမ္းေတြထက္ စိတ္ခ်လံုျခံဳတဲ႔ နည္းလမ္းေတြအမ်ားႀကီးလည္းရွိေနၿပီျဖစ္ပါတယ္။ ဒါေပမဲ႔ ဗဟုသုတျဖစ္ေစဖို႔ ေရွးယခင္ကနည္းလမ္းေလးေတြကို ရွာေဖြေဖာ္ျပေပးလုိက္ပါတယ္။

၁။ ၾကြက္ ေဝွးေစ႔

ၾကြက္ေဝွးေစ့၊ ျမင္းေခ်း၊ ေၾကာင္မည္းရဲ႕ အရိုး၊ လားရဲ႕သားအိမ္ စတာေတြကို အမ်ဳိးသမီးရဲ႕ လည္ပင္း ဒါမွမဟုတ္ ေပါင္မွာႀကိဳးနဲ႔တြဲခ်ည္ထားၿပီးေတာ့ ေမွာ္ပညာနဲ႔ ကေလးမရေအာင္ လုပ္ေဆာင္ၾကပါတယ္။ ဒီေမွာ္ပညာေတြနဲ႔ ပတ္သက္လို႔႔ေတာ့ ထိေရာက္မႈ ရွိမရွိ မေသခ်ာေပမယ့္ ဒါမ်ဳိးေတြခ်ည္ထားတဲ႔ အမ်ဳိးသမီးတစ္ေယာက္နဲ႔ ပတ္သက္ရတဲ့ အမ်ဳိးသားတစ္ေယာက္အတြက္ကေတာ့ ဘယ္လိုမွ စြမ္းေဆာင္ရည္အျပည့္အဝရွိမွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။

၂။ သံပရာရည္

သံပရာရည္ကို အမ်ဳိးသမီးအဂၤါထဲထည့္ေပးျခင္းအားျဖင့္ ကိုယ္ဝန္ရျခင္းကို တားႏုိင္မယ္လို႔ အရင္ေခတ္ကလူေတြက ယံုၾကည္ၾကပါတယ္။ သံပရာရည္မွာပါတဲ့ ဆစ္ထရစ္အက္စစ္(Citric Acid)က သုက္ပိုးကို ေသေစတယ္လို႔ ယံုၾကည္ထားခဲ့ၾကပါတယ္။ တခ်ဳိ႕အမ်ဳိးသမီးေတြကေတာ့ သံပရာသီးအခြံေတြကိုေတာင္ အသံုးျပဳခဲ့ၾကပါတယ္။

 ၃။ မိေက်ာင္း မစင္

အရင္ေခတ္ အီဂ်စ္လူမ်ဳိးေတြရဲ႕နည္းလမ္းျဖစ္ပါတယ္။ မိေက်ာင္းရဲ႕မစင္ကို ပ်ားရည္နဲ႔ေရာၿပီး အမ်ဳိးသမီးအဂၤါမွာ သုတ္လိမ္းထားၿပီး သားဆက္ျခားပစၥည္းအျဖစ္ အသံုးျပဳခဲ့ၾကတာပဲျဖစ္ပါတယ္။ မွတ္တမ္းမွတ္ရာေတြအရေတာ့ ဒီနည္းလမ္းဟာ စံုတြဲေတြေတာ္ေတာ္မ်ားမ်ားၾကားမွာ အလုပ္ျဖစ္ခဲ့တယ္လုိ႔ ဆိုပါတယ္။

၄။ သံလြင္ဆီ

သံလြင္ဆီလိမ္းေပးျခင္းျဖင္႔ သားဆက္ျခားဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခုျဖစ္တယ္လုိ႔ ဂရိလူမ်ဳိးေတြက ယံုၾကည္ၾကပါတယ္။ သံလြင္ဆီေၾကာင့္ သုက္ပိုးေတြရဲ႕ လႈပ္ရွားမႈကို ေႏွးေကြးေစတာေၾကာင့္ ျပန္လည္ေဆးေၾကာပစ္ဖို႔အတြက္လည္း အမ်ဳိးသမီးအတြက္ အခ်ိန္ပိုရေစမွာပဲျဖစ္တယ္လုိ႔ ယံုၾကည္ထားၾကတာပဲ ျဖစ္ပါတယ္။

 ၅။ ခဲေပ်ာ္ဝင္ေနတဲ့ေရ

ဂရိနဲ႔ တရုတ္ႏုိင္ငံေတြမွာရွိတဲ့ ေရွးေခတ္အမ်ဳိးသမီးေတြကေတာ့ ကိုယ္ဝန္ရရွိျခင္းကို တားႏိုင္ဖို႔အတြက္ ခဲေပ်ာ္ဝင္ေနတဲ့ေရကို ေသာက္ခဲ့ၾကပါတယ္။ ခဲေရဟာဆုိရင္ေတာ့ အမ်ဳိးသမီးေတြရဲ႕သေႏၶေအာင္ႏႈန္းကို အမွန္တကယ္က်ဆင္းေစတာျဖစ္ေပမယ့္လည္း တျခားတျခားေသာ ေဘးထြက္ဆိုးက်ဳိးေတြ အမ်ားႀကီး ရွိေနပါတယ္။

၆။ ျပဒါးအရည္

ခဲေရလုိပဲ ျပဒါးအရည္ကိုလည္း ေရွးေခတ္တရုတ္အမ်ဳိးသမီးေတြက သေႏၶတားဖို႔အတြက္ ေသာက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဒါေပမဲ႔ ျပဒါးေၾကာင့္ ေက်ာက္ကပ္ပ်က္စီးတာ ဦးေႏွာက္ပ်က္စီးတာစတဲ့ ေဘးထြက္ဆိုးက်ဳိး အမ်ားအျပားကိုပါခံစားရမွာျဖစ္ပါတယ္။

ခုေခတ္မွာ ဒီနည္းလမ္းေတြလံုးဝမလိုေတာ႔ပါဘူး။ စိတ္ခ်ရတဲ႔ သေႏၶတားနည္းေတြ အမ်ားၾကီးွရွိေနျပီမို႔ ေယာင္မွားျပီး စမ္းၾကည္႔မယ္လို႔ေတာ႔ သြားမလုပ္လိုက္ပါနဲ႔ေနာ္။ ဗဟုသုတအျဖစ္ေဖာ္ျပထားတာပါ။ အာမမခံပါဘူးလို႔…:D

အခရာ
============

ကိုယ်ဝန်မရစေဖို့ ရှေးခေတ်ကလူတွေ ဘယ်လိုနည်းတွေသုံးကြသလဲ

သန္ဓေတားဖို့အတွက် ဆေးတွေ ပစ္စည်းပစ္စယတွေဆိုတာ ဘာလဲလို့တောင် မသိခဲ့ကြတဲ့ အချိန်ကာလတွေရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ်ကလူတွေကတော့ သူတို့စမ်းလုပ်ကြည့်ပြီး တိုက်တိုက်ဆိုင်ဆိုင် အသုံးတည့်သွားတဲ့ နည်းလမ်းတွေကို အခြေခံပြီးတော့ သန္ဓေတားဖို့အတွက်  အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသန္ဓေတားနည်းတွေအားလုံးဟာ  အခုခေတ်မှာတော့ ဒိတ်အောက်ကုန်ကြပြီး အဲ့ဒီနည်းလမ်းတွေထက် စိတ်ချလုံခြုံတဲ့ နည်းလမ်းတွေအများကြီးလည်းရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဗဟုသုတဖြစ်စေဖို့ ရှေးယခင်ကနည်းလမ်းလေးတွေကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။

၁။ ကြွက် ဝှေးစေ့

ကြွက်ဝှေးစေ့၊ မြင်းချေး၊ ကြောင်မည်းရဲ့ အရိုး၊ လားရဲ့သားအိမ် စတာတွေကို အမျိုးသမီးရဲ့ လည်ပင်း ဒါမှမဟုတ် ပေါင်မှာကြိုးနဲ့တွဲချည်ထားပြီးတော့ မှော်ပညာနဲ့ ကလေးမရအောင် လုပ်ဆောင်ကြပါတယ်။ ဒီမှော်ပညာတွေနဲ့ ပတ်သက်လို့့တော့ ထိရောက်မှု ရှိမရှိ မသေချာပေမယ့် ဒါမျိုးတွေချည်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်ရတဲ့ အမျိုးသားတစ်ယောက်အတွက်ကတော့ ဘယ်လိုမှ စွမ်းဆောင်ရည်အပြည့်အဝရှိမှာ မဟုတ်တာတော့ သေချာပါတယ်။

၂။ သံပရာရည်

သံပရာရည်ကို အမျိုးသမီးအင်္ဂါထဲထည့်ပေးခြင်းအားဖြင့် ကိုယ်ဝန်ရခြင်းကို တားနိုင်မယ်လို့ အရင်ခေတ်ကလူတွေက ယုံကြည်ကြပါတယ်။ သံပရာရည်မှာပါတဲ့ ဆစ်ထရစ်အက်စစ်(Citric Acid)က သုက်ပိုးကို သေစေတယ်လို့ ယုံကြည်ထားခဲ့ကြပါတယ်။ တချို့အမျိုးသမီးတွေကတော့ သံပရာသီးအခွံတွေကိုတောင် အသုံးပြုခဲ့ကြပါတယ်။

 ၃။ မိကျောင်း မစင်

အရင်ခေတ် အီဂျစ်လူမျိုးတွေရဲ့နည်းလမ်းဖြစ်ပါတယ်။ မိကျောင်းရဲ့မစင်ကို ပျားရည်နဲ့ရောပြီး အမျိုးသမီးအင်္ဂါမှာ သုတ်လိမ်းထားပြီး သားဆက်ခြားပစ္စည်းအဖြစ် အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာတွေအရတော့ ဒီနည်းလမ်းဟာ စုံတွဲတွေတော်တော်များများကြားမှာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

၄။ သံလွင်ဆီ

သံလွင်ဆီလိမ်းပေးခြင်းဖြင့် သားဆက်ခြားဖို့အတွက် နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ ဂရိလူမျိုးတွေက ယုံကြည်ကြပါတယ်။ သံလွင်ဆီကြောင့် သုက်ပိုးတွေရဲ့ လှုပ်ရှားမှုကို နှေးကွေးစေတာကြောင့် ပြန်လည်ဆေးကြောပစ်ဖို့အတွက်လည်း အမျိုးသမီးအတွက် အချိန်ပိုရစေမှာပဲဖြစ်တယ်လို့ ယုံကြည်ထားကြတာပဲ ဖြစ်ပါတယ်။

 ၅။ ခဲပျော်ဝင်နေတဲ့ရေ

ဂရိနဲ့ တရုတ်နိုင်ငံတွေမှာရှိတဲ့ ရှေးခေတ်အမျိုးသမီးတွေကတော့ ကိုယ်ဝန်ရရှိခြင်းကို တားနိုင်ဖို့အတွက် ခဲပျော်ဝင်နေတဲ့ရေကို သောက်ခဲ့ကြပါတယ်။ ခဲရေဟာဆိုရင်တော့ အမျိုးသမီးတွေရဲ့သန္ဓေအောင်နှုန်းကို အမှန်တကယ်ကျဆင်းစေတာဖြစ်ပေမယ့်လည်း တခြားတခြားသော ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိနေပါတယ်။

၆။ ပြဒါးအရည်

ခဲရေလိုပဲ ပြဒါးအရည်ကိုလည်း ရှေးခေတ်တရုတ်အမျိုးသမီးတွေက သန္ဓေတားဖို့အတွက် သောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဒါးကြောင့် ကျောက်ကပ်ပျက်စီးတာ ဦးနှောက်ပျက်စီးတာစတဲ့ ဘေးထွက်ဆိုးကျိုး အများအပြားကိုပါခံစားရမှာဖြစ်ပါတယ်။

ခုခေတ်မှာ ဒီနည်းလမ်းတွေလုံးဝမလိုတော့ပါဘူး။ စိတ်ချရတဲ့ သန္ဓေတားနည်းတွေ အများကြီးှရှိနေပြီမို့ ယောင်မှားပြီး စမ်းကြည့်မယ်လို့တော့ သွားမလုပ်လိုက်ပါနဲ့နော်။ ဗဟုသုတအဖြစ်ဖော်ပြထားတာပါ။ အာမမခံပါဘူးလို့…:D

အခရာ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...