ဗိုလ္ခ်ဳပ္မျဖစ္ေသးသည့္ ေဘာလုံးသမား
“ေဟ့... မင္းတို႔ ဇာတ္ကားဘယ္လိုတုန္း။ မင္းေဘာလုံးျပန္ကန္ေနၿပီလား”
ကိုေက်ာ္ေက်ာ္မ်ဳိး တစ္ေယာက္ ထိုသို႔ အေမးခံရဖူးေပါင္းမ်ားၿပီ။ ဇာတိေျမသို႔ ျပန္လည္အေျခခ် ေနထိုင္ေနသူ တစ္ေယာက္ကို ပတ္ဝန္းက်င္က ေမးေနၾကသည့္ ေမးခြန္းအတြက္ အေျဖမွာ မရွိေသး။
လူတိုင္းတြင္ ျဖစ္ခ်င္ေသာ ဆႏၵမ်ား ရွိၾကမည္မွာ မလြဲေပ။ ကိုေက်ာ္ေက်ာ္မ်ဳိးတြင္လည္း ျဖစ္ခ်င္သည့္ ဆႏၵတစ္ခု ရွိပါသည္။ အျခားသူႏွင့္ မတူသည္မွာ သူက ဗိုလ္ခ်ဳပ္ျဖစ္ခ်င္သူ။
ကိုေက်ာ္ေက်ာ္မ်ဳိး ဆိုသည္က ႏိုင္ငံတစ္ဝန္း ေမွ်ာ္လင့္ေနသည့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနရာက သ႐ုပ္ေဆာင္မည့္သူ။ အသားညိဳညိဳႏွင့္ ဥပဓိ႐ုပ္က ဗိုလ္ခ်ဳပ္ႏွင့္ ထပ္တူမဟုတ္ေသာ္လည္း ထပ္တူနီးပါးတူသူ။ ထို႔ေၾကာင့္ပင္ ႏိုင္ငံတစ္ဝန္းက ဗိုလ္ခ်ဳပ္ေနရာ သ႐ုပ္ေဆာင္အျဖစ္ ဝင္ေရြးခံသူမ်ားၾကား ေနာက္ဆုံးပိတ္ ေရြးခ်ယ္ခံရသူ ျဖစ္သည္။
ကိုေက်ာ္ေက်ာ္မ်ဳိးသည္ ေဘာလုံးအားကစားကို ၁၇ ႏွစ္ခန္႔ တစိုက္မတ္မတ္ ကစားခဲ့သူ။ ျမန္မာ့လက္ေရြးစင္အထိ ျဖစ္ခဲ့သူ။ လက္ရွိျမန္မာ့လက္ေရြးစင္ တိုက္စစ္မွဴး ေက်ာ္ကိုကို၊ လက္ေရြးစင္ေဟာင္း ရန္ေအာင္ဝင္းတို႔မွာ ေနာက္တန္းကစားသမား ကိုေက်ာ္ေက်ာ္မ်ဳိး၏ ကေလးဘဝ ေဘာလုံးကြင္း အတြင္းက ၿပိဳင္ဘက္မ်ား။
ကိုေက်ာ္ေက်ာ္မ်ဳိး ေဘာလုံးသမားအျဖစ္ ေနာက္ဆုံးကစားခဲ့သည့္ ကလပ္အသင္းက ယခုအခါ ရွမ္းယူႏိုက္တက္ဟု အမည္ေျပာင္းထားသည့္ တစ္ခ်ိန္က ကေမာၻဇ FC အသင္း ျဖစ္သည္။ ယင္းအခ်ိန္က ျမန္မာ့လက္ေရြးစင္အသင္းတြင္ ပုံမွန္ေနရာ ရေနသည့္ ေနာက္တန္းကစားသမား ကိုေက်ာ္ေက်ာ္မ်ဳိးသည္ ေဘာလုံးသမားတစ္ဦးအျဖစ္ ထိပ္တန္းလစာကိုလည္း ရရွိခဲ့သူ ျဖစ္သည္။
ေအာက္ေျခမွ တက္လွမ္းလာခဲ့သည့္ လူငယ္တစ္ဦး အေနႏွင့္ ျမန္မာေဘာလုံးေလာက ဆုေၾကးစားစနစ္ စတင္ခဲ့သည့္အခ်ိန္တြင္ ေဘာလုံးအားကစားကိုပင္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္း အျဖစ္ သတ္မွတ္ခဲ့ၿပီး တစိုက္စိုက္မတ္မတ္ ႀကိဳးစားခဲ့သည္ဟု သူက ဆိုသည္။
၂၀၁၂ ခုႏွစ္သည္ ကိုေက်ာ္ေက်ာ္မ်ဳိးအတြက္ အေျပာင္းအလဲမ်ားစြာကို သယ္ေဆာင္လာေသာႏွစ္ ျဖစ္ခဲ့သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ ႐ိုက္မည္ဆိုသည့္ သတင္းစကားကို သူၾကားသိခဲ့ရေသာႏွစ္ ျဖစ္သည္။
ပထမတစ္ႀကိမ္ သ႐ုပ္ေဆာင္မ်ား ေရြးခ်ယ္ခဲ့စဥ္က လက္ေရြးစင္အသင္းႏွင့္အတူ ၿပဳိင္ပြဲဝင္ေနသည့္ သူ႔အတြက္ ဝင္ေလွ်ာက္ရန္ အခြင့္အေရးမရခဲ့။ သို႔ေသာ္ ပထမေရြးခ်ယ္ခဲ့သည့္ သ႐ုပ္ေဆာင္မ်ားကို စိတ္တိုင္းမက်သည့္အတြက္ သ႐ုပ္ေဆာင္သစ္မ်ား ဒုတိယအႀကိမ္ ျပန္လည္ေရြးခ်ယ္ရာတြင္ ကိုေက်ာ္ေက်ာ္မ်ဳိးအတြက္ အခြင့္အေရးတစ္ခု ျဖစ္လာခဲ့သည္။
ဗိုလ္ခ်ဳပ္အိပ္မက္ကို ထုဆစ္ရန္ ကိုေက်ာ္ေက်ာ္မ်ဳိး တစ္ေယာက္ သ႐ုပ္ေဆာင္အျဖစ္ ဝင္ေရာက္ေလွ်ာက္ထားခဲ့သည္။ မိခင္ကလပ္အသင္းကလည္း တစ္စုံတစ္ရာ ကန္႔ကြက္ျခင္း မရွိသည့္အျပင္ လစာကိုပင္ ဆက္လက္ေထာက္ပံ့ေပးခဲ့သည္။ ယခုအခ်ိန္ထိလည္း ေထာက္ပံ့ေပးထားသည္ဟု သူက ဆိုသည္။ သူ႔ဇနီးကလည္း အားေပးသည္။ ပတ္ဝန္းက်င္ကလည္း အားေပးသည္။ ယင္းကာလမ်ားက သူတို႔၏ အိမ္ေထာင္သက္မွာ တစ္လေက်ာ္ေက်ာ္ သာ ရွိေသးသည္။
ဗိုလ္ခ်ဳပ္ေနရာက သ႐ုပ္ေဆာင္ရန္ ေရြးခ်ယ္ခံခဲ့ရၿပီးေနာက္ သူတို႔ဇနီးေမာင္ႏွံ ေပ်ာ္ရႊင္ခဲ့ၾကသည္။
အမွန္က ဗိုလ္ခ်ဳပ္႐ုပ္ရွင္တြင္ ပါဝင္႐ိုက္ကူးရန္ သြားေလွ်ာက္ခဲ့ေသာ္လည္း သူက သ႐ုပ္ေဆာင္အလုပ္ကို ဝါသနာမပါခဲ့။ ေရြးခ်ယ္ေရးအဖြဲ႔က သ႐ုပ္ေဆာင္ ဝါသနာ ပါ မပါ ေမးျမန္းခဲ့ရာ ‘ဗိုလ္ခ်ဳပ္ေနရာ သ႐ုပ္ေဆာင္ခ်င္လို႔’ ဟု အညာသား ကိုေက်ာ္ေက်ာ္မ်ဳိးက ခပ္ျပတ္ျပတ္ျပန္ ေျဖခဲ့သည္။
ဆုေၾကးစား ေဘာလုံးသမားတစ္ဦးအျဖစ္ ထိုအခ်ိန္တြင္ လစာေကာင္းရေနသည့္ သူ႔အတြက္ သ႐ုပ္ေဆာင္အျဖစ္ သြားအေရြးခံရာတြင္ အျခားေမွ်ာ္လင့္ခ်က္မ်ားမရွိ၊ ဗိုလ္ခ်ဳပ္ေနရာတြင္ သ႐ုပ္ေဆာင္ခ်င္သည္ကသာ သူ၏ တစ္ခုတည္းေသာ ဆႏၵျဖစ္သည္။
“ကာ႐ိုက္တာက ဗိုလ္ခ်ဳပ္ကာ႐ိုက္တာမို႔ ကြၽန္ေတာ္ကူးသြားတာ၊ ဘာလို႔လဲဆိုေတာ့ ဒါက ျဖစ္ေတာင့္ျဖစ္ခဲ၊ ရေတာင့္ ရခဲေလ”
ဗိုလ္ခ်ဳပ္ေနရာက သ႐ုပ္ေဆာင္ ဝင္အေရြးခံသည့္ ကိုေက်ာ္ေက်ာ္မ်ဳိး၏ စ႐ိုက္ကိုလည္း သူ၏ စကားမ်ားက ေဖာ္ျပေနသည္။
“ကြၽန္ေတာ့္ ပင္ကိုယ္စ႐ိုက္ကိုက ဘုနဲ႔ေဘာက္ပဲ။ ဒဲ့တိုးပဲ၊ ကြၽန္ေတာ္မွန္တယ္ ထင္ရင္၊ ေနာက္ ကြၽန္ေတာ္တို႔က အညာသားဆိုေတာ့ စကားအေျပာအဆိုမွာ သိပ္အခက္အခဲ မရွိဘူး။ က်ဳပ္နဲ႔လည္း ေျပာတတ္တယ္။ ကြၽန္ေတာ္နဲ႔လည္း ေျပာတတ္တယ္”
ေနာက္ဆုံးအဆင့္ ေရြးခ်ယ္မႈအၿပီး သ႐ုပ္ေဆာင္မႈမ်ား ျပဳလုပ္ရာတြင္ သူႏွင့္ တြဲဖက္သ႐ုပ္ေဆာင္ရသူက နာမည္ေက်ာ္ သ႐ုပ္ေဆာင္ ထြန္းအိႁႏၵာဗို ျဖစ္သည္။ ပရိသတ္မ်ားစြာျဖင့္ ေဘာလုံးကစားခဲ့ရသည့္ သူ႔အတြက္ နာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားသည္ သူလိုကိုယ္လိုပင္ ျဖစ္ခဲ့သည္ဟု သူက ဆိုသည္။
“အခက္အခဲေတြလည္း ရွိတာေပါ့၊ တစ္ခါတစ္ခါ ကိုယ့္ကိုယ္ကိုယ္ ျပန္သတိရရင္၊ စဥ္းစားရင္ေလ ဟာ ငါတကယ္လုပ္ခဲ့တာေတြက လြယ္မွမလြယ္တာဆိုၿပီး ကိုယ္နဲ႔ တစိမ္းသက္သက္ႀကီး၊ အဲဒါကို လူႀကီးေတြေရွ႕မွာ လုပ္ျပရတာ” ဟု သူက ယုံၾကည္ခ်က္ဆႏၵ တစ္ခုေၾကာင့္ အားစိုက္ႀကိဳးပမ္းခဲ့ရပုံမ်ားကို သတိရ လြမ္းဆြတ္သံျဖင့္ ေျပာျပသည္။
ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္ကူးရန္ ေရြးခ်ယ္ခဲ့ရစဥ္က သူႏွင့္အတူ ေဒၚခင္ၾကည္ေနရာသို႔ ဝင္ေရာက္အေရြးခံခဲ့သူမွာ မဇာျခည္လင္းဆိုသည့္ ပုသိမ္မွ ေက်ာင္းဆရာမေလး ျဖစ္သည္။ သူလည္း အေရြးခ်ယ္ခံရၿပီး ကိုေက်ာ္ေက်ာ္မ်ဳိးႏွင့္အတူ ဗိုလ္ခ်ဳပ္ႏွင့္ ေဒၚခင္ၾကည္အျဖစ္ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ၾကသည္။
“ဆရာမနဲ႔ေတာ့ အဆက္အသြယ္ မရွိေတာ့ဘူး။ ဟိုတစ္ခါ ေျပာတုန္းက စသလို ေနာက္သလိုနဲ႔ သူေက်ာင္းအုပ္ျဖစ္သြားၿပီ ေျပာတယ္။ တကယ္ျဖစ္သြားၿပီ ထင္တယ္။ သူက အဲဒီအခ်ိန္တုန္းက မူလတန္းျပေလ” ဟု တစ္ခ်ိန္က လုပ္ေဖာ္ကိုင္ဖက္ အေၾကာင္း ေျပာျပသည္။
သို႔ေသာ္ သူတို႔၏ ယုံၾကည္ခ်က္ျဖင့္ ေလွ်ာက္ခဲ့သည့္လမ္းမွာ ပန္းတိုင္သို႔ မေရာက္ေသး။ သူတို႔သာမက ျမန္မာတစ္ႏိုင္ငံလုံး၊ ထိုထက္ဆိုရလွ်င္ ကမာၻကပါ စိတ္ဝင္တစား ေစာင့္ၾကည့္နားစြင့္ေနခဲ့ၾကသည့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္သည္ ခုခ်ိန္ထိ အဆုံးမသတ္ႏိုင္ခဲ့။ မည္သည့္အခ်ိန္ ျပန္စမည္ကိုပင္ အတိအက်မေျပာႏိုင္။ ဗိုလ္ခ်ဳပ္ရာျပည့္ပြဲကိုပင္ ႏိုင္ငံအႏွံ႔တြင္ ၿခိမ့္ၿခိမ့္သဲ က်င္းပခဲ့ေသးသည္။ ယခုဆိုလွ်င္ ဗိုလ္ခ်ဳပ္သည္ပင္ အသက္ ၁၀၂ ႏွစ္တိုင္ ရွိခဲ့ၿပီ။
လက္ရွိအခ်ိန္တြင္လည္း သူ႔ကဲ့သို႔ သ႐ုပ္ေဆာင္မ်ားႏွင့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ျဖစ္ေျမာက္ေရးအဖြဲ႔မ်ားမွာ အဆက္အသြယ္ ျပတ္သေလာက္ ျဖစ္ေနၿပီဟု ကိုေက်ာ္ေက်ာ္မ်ဳိးက ဆိုသည္။ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ဆက္လက္႐ိုက္ကူးရန္ အဓိက လိုအပ္ခ်က္မွာ ရန္ပုံေငြအခက္အခဲ။ ဒါက သူနားလည္မိသေလာက္ ျပန္ေျပာျပျခင္း ျဖစ္သည္။
ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ျဖစ္ေျမာက္သည္ မျဖစ္ေျမာက္သည္ကိုထား၊ ကိုေက်ာ္ေက်ာ္မ်ဳိးကမူ ဗိုလ္ခ်ဳပ္ဇာတ္႐ုပ္ႏွင့္ ပတ္သက္ၿပီး လုံးဝစိတ္နစ္ထားဆဲ ျဖစ္သည္။ ခင္မင္သည့္ သူငယ္ခ်င္းမ်ားက ဗိုလ္ခ်ဳပ္ဟု ေခၚဆို၍ စေနာက္ျခင္းကိုပင္ မႀကိဳက္ေၾကာင္း ပြင့္ပြင့္လင္းလင္း တုံ႔ျပန္တတ္သည္။
သို႔ေသာ္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အေပၚ လူမႈကြန္ရက္မီဒီယာမ်ား၌ ေဝဖန္မႈ၊ ကဲ့ရဲ႕မႈမ်ားကိုမူ ေရွာင္လြဲ၍မရ။ ထို႔အတြက္ေတာ့ သူ စိတ္မေကာင္း။ သူလုပ္ခဲ့သည့္ အရာသည္ မွန္ကန္ခဲ့သည္ဟု ယုံၾကည္ေနဆဲ ျဖစ္သည္။
မည္သို႔ပင္ျဖစ္ေစ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကေတာ့ အဆုံးမသတ္ႏိုင္ခဲ့။
ထို႔ေၾကာင့္ ကိုေက်ာ္ေက်ာ္မ်ဳိး တစ္ေယာက္ အိမ္ျပန္လမ္းကို ေလွ်ာက္ခဲ့ရျပန္သည္။ မႏၲေလးတိုင္းေဒသႀကီး၊ ျမစ္ငယ္တြင္ ယခုအခါ ဇနီးႏွင့္အတူ သုံးလအရြယ္ သားေလးတစ္ေယာက္ႏွင့္အတူ ေနထိုင္လ်က္ရွိၿပီ ျဖစ္သည္။
႐ုပ္ရွင္႐ိုက္ရန္ မေသခ်ာသည့္ အခ်ိန္မ်ားတြင္ ေဘာလုံးျပန္ကန္ခ်င္ခဲ့ေသာ္လည္း ကစားရင္း ထိခိုက္မႈရွိပါက ႐ိုက္ကူးေရးတြင္ အခက္အခဲ ျဖစ္သြားမည္ကို စိုးရိမ္သည့္အတြက္ သူ႔စိတ္ကို ထိန္းခ်ဳပ္ထားခဲ့ရသည္။ သို႔ေသာ္လည္း သူ႔ေျခလွမ္းမ်ားက ျမက္ခင္းစိမ္းမ်ားဆီသို႔ ဦးတည္သည္။
ယင္းမွာ ဗိုလ္ခ်ဳပ္အိပ္မက္ တစ္ခန္းရပ္ထားရသည့္ ကိုေက်ာ္ေက်ာ္မ်ဳိးက လက္ရွိတြင္ေတာ့ နႏၵဝန္ေက်းရြာက ၁၃ ႏွစ္ေအာက္ ကစားသမားမ်ား၏ နည္းျပဘဝကို ရယူပိုင္ဆိုင္ထားျခင္းပင္။
ကေလးမ်ား၏အျမင္တြင္ သူတို႔ကို နည္းျပေနသည္က သာမန္သူ မဟုတ္သည့္ ဗိုလ္ခ်ဳပ္အျဖစ္ ႐ႈျမင္ေနၾကၿပီးလိုသည္ထက္ ပို၍ ေၾကာက္ရြ႕ံေနၾကဟန္ ရွိသည္ဟု ကိုေက်ာ္ေက်ာ္မ်ဳိးက ဆိုသည္။
တစ္ခ်ိန္က အ႐ူးအမူးျဖစ္ခဲ့သည့္ ေဘာလုံးေလာကသို႔ ကစားသမားတစ္ေယာက္အျဖစ္ ျပန္ဝင္ရန္ ျဖစ္ႏိုင္ေျခ နည္းေသာ္လည္း နည္းျပတစ္ေယာက္အျဖစ္ ျပန္လာရန္ ကိုေက်ာ္ေက်ာ္မ်ဳိး တစ္ေယာက္ ျပင္ဆင္လ်က္ရွိသည္။
“ကြၽန္ေတာ္ နည္းျပလိုင္စင္လည္း တက္ (ေျဖ) ထားတယ္၊ ဇာတ္ကား႐ိုက္ျဖစ္လို႔ ၿပီးသြားရင္လည္း ကြၽန္ေတာ္ နည္းျပေလာကထဲ ျပန္ဝင္မွာ၊ မ႐ိုက္ျဖစ္ေတာ့ရင္လည္း နည္းျပေလာကထဲ ျပန္ဝင္မွာ” ဟု ကိုေက်ာ္ေက်ာ္မ်ဳိးက ဆိုသည္။
ကိုေက်ာ္ေက်ာ္မ်ဳိး တစ္ေယာက္ ျမက္ခင္းစိမ္းမ်ားကို ေက်ာခိုင္းခဲ့ဖူးၿပီ။ ဗိုလ္ခ်ဳပ္အိပ္မက္ကိုလည္း ထုဆစ္ရန္ ႀကိဳးစားခဲ့ဖူးသည္။ ေအာင္ျမင္ျခင္း မေအာင္ျမင္ျခင္းကို သမိုင္းက ေဖာ္ျပပါလိမ့္မည္။
သို႔ေသာ္ ဗိုလ္ခ်ဳပ္အိပ္မက္ကိုကား ကိုေက်ာ္ေက်ာ္မ်ဳိးတစ္ေယာက္ ယေန႔ထိ ဖမ္းဆုပ္ထားဆဲပင္။ မည္သို႔ဆိုေစ တစ္ခ်ိန္က ေနာက္တန္းကစားသမားေလး ကိုေက်ာ္ေက်ာ္မ်ဳိးသည္ ယေန႔တိုင္ ဗိုလ္ခ်ဳပ္ျဖစ္မလာေသးေပ။
ကိုေက်ာ္ေက်ာ္မ်ဳိးကေတာ့ ယခုလို ဆိုသည္။
“မ႐ိုက္ျဖစ္ဘဲ ၾကန္႔ၾကာေနေတာ့ ခံေတာ့ ခံစားရတာေပါ့၊ ေျပာခ်င္တာက အလုပ္တစ္ခုကို တစိုက္မတ္မတ္ ေအာင္ျမင္ၿပီးဆုံးေအာင္ လုပ္တာပဲ ေကာင္းပါတယ္လို႔၊ ရည္ရြယ္ခ်က္ေလးေတြကိုလည္း အဲဒီလိုပဲ ထားသင့္ပါတယ္္”
မင္းမင္းစံ
http://thevoicemyanmar.com/article/9447-bgt
ဗိုလ်ချုပ်မဖြစ်သေးသည့် ဘောလုံးသမား“ဟေ့... မင်းတို့ ဇာတ်ကားဘယ်လိုတုန်း။ မင်းဘောလုံးပြန်ကန်နေပြီလား”
ကိုကျော်ကျော်မျိုး တစ်ယောက် ထိုသို့ အမေးခံရဖူးပေါင်းများပြီ။ ဇာတိမြေသို့ ပြန်လည်အခြေချ နေထိုင်နေသူ တစ်ယောက်ကို ပတ်ဝန်းကျင်က မေးနေကြသည့် မေးခွန်းအတွက် အဖြေမှာ မရှိသေး။
လူတိုင်းတွင် ဖြစ်ချင်သော ဆန္ဒများ ရှိကြမည်မှာ မလွဲပေ။ ကိုကျော်ကျော်မျိုးတွင်လည်း ဖြစ်ချင်သည့် ဆန္ဒတစ်ခု ရှိပါသည်။ အခြားသူနှင့် မတူသည်မှာ သူက ဗိုလ်ချုပ်ဖြစ်ချင်သူ။
ကိုကျော်ကျော်မျိုး ဆိုသည်က နိုင်ငံတစ်ဝန်း မျှော်လင့်နေသည့် ဗိုလ်ချုပ်ရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်မည့်သူ။ အသားညိုညိုနှင့် ဥပဓိရုပ်က ဗိုလ်ချုပ်နှင့် ထပ်တူမဟုတ်သော်လည်း ထပ်တူနီးပါးတူသူ။ ထို့ကြောင့်ပင် နိုင်ငံတစ်ဝန်းက ဗိုလ်ချုပ်နေရာ သရုပ်ဆောင်အဖြစ် ဝင်ရွေးခံသူများကြား နောက်ဆုံးပိတ် ရွေးချယ်ခံရသူ ဖြစ်သည်။
ကိုကျော်ကျော်မျိုးသည် ဘောလုံးအားကစားကို ၁၇ နှစ်ခန့် တစိုက်မတ်မတ် ကစားခဲ့သူ။ မြန်မာ့လက်ရွေးစင်အထိ ဖြစ်ခဲ့သူ။ လက်ရှိမြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို၊ လက်ရွေးစင်ဟောင်း ရန်အောင်ဝင်းတို့မှာ နောက်တန်းကစားသမား ကိုကျော်ကျော်မျိုး၏ ကလေးဘဝ ဘောလုံးကွင်း အတွင်းက ပြိုင်ဘက်များ။
ကိုကျော်ကျော်မျိုး ဘောလုံးသမားအဖြစ် နောက်ဆုံးကစားခဲ့သည့် ကလပ်အသင်းက ယခုအခါ ရှမ်းယူနိုက်တက်ဟု အမည်ပြောင်းထားသည့် တစ်ချိန်က ကမ္ဘောဇ FC အသင်း ဖြစ်သည်။ ယင်းအချိန်က မြန်မာ့လက်ရွေးစင်အသင်းတွင် ပုံမှန်နေရာ ရနေသည့် နောက်တန်းကစားသမား ကိုကျော်ကျော်မျိုးသည် ဘောလုံးသမားတစ်ဦးအဖြစ် ထိပ်တန်းလစာကိုလည်း ရရှိခဲ့သူ ဖြစ်သည်။
အောက်ခြေမှ တက်လှမ်းလာခဲ့သည့် လူငယ်တစ်ဦး အနေနှင့် မြန်မာဘောလုံးလောက ဆုကြေးစားစနစ် စတင်ခဲ့သည့်အချိန်တွင် ဘောလုံးအားကစားကိုပင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် သတ်မှတ်ခဲ့ပြီး တစိုက်စိုက်မတ်မတ် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။
၂၀၁၂ ခုနှစ်သည် ကိုကျော်ကျော်မျိုးအတွက် အပြောင်းအလဲများစွာကို သယ်ဆောင်လာသောနှစ် ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်မည်ဆိုသည့် သတင်းစကားကို သူကြားသိခဲ့ရသောနှစ် ဖြစ်သည်။
ပထမတစ်ကြိမ် သရုပ်ဆောင်များ ရွေးချယ်ခဲ့စဉ်က လက်ရွေးစင်အသင်းနှင့်အတူ ပြိုင်ပွဲဝင်နေသည့် သူ့အတွက် ဝင်လျှောက်ရန် အခွင့်အရေးမရခဲ့။ သို့သော် ပထမရွေးချယ်ခဲ့သည့် သရုပ်ဆောင်များကို စိတ်တိုင်းမကျသည့်အတွက် သရုပ်ဆောင်သစ်များ ဒုတိယအကြိမ် ပြန်လည်ရွေးချယ်ရာတွင် ကိုကျော်ကျော်မျိုးအတွက် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်အိပ်မက်ကို ထုဆစ်ရန် ကိုကျော်ကျော်မျိုး တစ်ယောက် သရုပ်ဆောင်အဖြစ် ဝင်ရောက်လျှောက်ထားခဲ့သည်။ မိခင်ကလပ်အသင်းကလည်း တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိသည့်အပြင် လစာကိုပင် ဆက်လက်ထောက်ပံ့ပေးခဲ့သည်။ ယခုအချိန်ထိလည်း ထောက်ပံ့ပေးထားသည်ဟု သူက ဆိုသည်။ သူ့ဇနီးကလည်း အားပေးသည်။ ပတ်ဝန်းကျင်ကလည်း အားပေးသည်။ ယင်းကာလများက သူတို့၏ အိမ်ထောင်သက်မှာ တစ်လကျော်ကျော် သာ ရှိသေးသည်။
ဗိုလ်ချုပ်နေရာက သရုပ်ဆောင်ရန် ရွေးချယ်ခံခဲ့ရပြီးနောက် သူတို့ဇနီးမောင်နှံ ပျော်ရွှင်ခဲ့ကြသည်။
အမှန်က ဗိုလ်ချုပ်ရုပ်ရှင်တွင် ပါဝင်ရိုက်ကူးရန် သွားလျှောက်ခဲ့သော်လည်း သူက သရုပ်ဆောင်အလုပ်ကို ဝါသနာမပါခဲ့။ ရွေးချယ်ရေးအဖွဲ့က သရုပ်ဆောင် ဝါသနာ ပါ မပါ မေးမြန်းခဲ့ရာ ‘ဗိုလ်ချုပ်နေရာ သရုပ်ဆောင်ချင်လို့’ ဟု အညာသား ကိုကျော်ကျော်မျိုးက ခပ်ပြတ်ပြတ်ပြန် ဖြေခဲ့သည်။
ဆုကြေးစား ဘောလုံးသမားတစ်ဦးအဖြစ် ထိုအချိန်တွင် လစာကောင်းရနေသည့် သူ့အတွက် သရုပ်ဆောင်အဖြစ် သွားအရွေးခံရာတွင် အခြားမျှော်လင့်ချက်များမရှိ၊ ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ချင်သည်ကသာ သူ၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။
“ကာရိုက်တာက ဗိုလ်ချုပ်ကာရိုက်တာမို့ ကျွန်တော်ကူးသွားတာ၊ ဘာလို့လဲဆိုတော့ ဒါက ဖြစ်တောင့်ဖြစ်ခဲ၊ ရတောင့် ရခဲလေ”
ဗိုလ်ချုပ်နေရာက သရုပ်ဆောင် ဝင်အရွေးခံသည့် ကိုကျော်ကျော်မျိုး၏ စရိုက်ကိုလည်း သူ၏ စကားများက ဖော်ပြနေသည်။
“ကျွန်တော့် ပင်ကိုယ်စရိုက်ကိုက ဘုနဲ့ဘောက်ပဲ။ ဒဲ့တိုးပဲ၊ ကျွန်တော်မှန်တယ် ထင်ရင်၊ နောက် ကျွန်တော်တို့က အညာသားဆိုတော့ စကားအပြောအဆိုမှာ သိပ်အခက်အခဲ မရှိဘူး။ ကျုပ်နဲ့လည်း ပြောတတ်တယ်။ ကျွန်တော်နဲ့လည်း ပြောတတ်တယ်”
နောက်ဆုံးအဆင့် ရွေးချယ်မှုအပြီး သရုပ်ဆောင်မှုများ ပြုလုပ်ရာတွင် သူနှင့် တွဲဖက်သရုပ်ဆောင်ရသူက နာမည်ကျော် သရုပ်ဆောင် ထွန်းအိန္ဒြာဗို ဖြစ်သည်။ ပရိသတ်များစွာဖြင့် ဘောလုံးကစားခဲ့ရသည့် သူ့အတွက် နာမည်ကျော် သရုပ်ဆောင်များသည် သူလိုကိုယ်လိုပင် ဖြစ်ခဲ့သည်ဟု သူက ဆိုသည်။
“အခက်အခဲတွေလည်း ရှိတာပေါ့၊ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် ပြန်သတိရရင်၊ စဉ်းစားရင်လေ ဟာ ငါတကယ်လုပ်ခဲ့တာတွေက လွယ်မှမလွယ်တာဆိုပြီး ကိုယ်နဲ့ တစိမ်းသက်သက်ကြီး၊ အဲဒါကို လူကြီးတွေရှေ့မှာ လုပ်ပြရတာ” ဟု သူက ယုံကြည်ချက်ဆန္ဒ တစ်ခုကြောင့် အားစိုက်ကြိုးပမ်းခဲ့ရပုံများကို သတိရ လွမ်းဆွတ်သံဖြင့် ပြောပြသည်။
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် ရွေးချယ်ခဲ့ရစဉ်က သူနှင့်အတူ ဒေါ်ခင်ကြည်နေရာသို့ ဝင်ရောက်အရွေးခံခဲ့သူမှာ မဇာခြည်လင်းဆိုသည့် ပုသိမ်မှ ကျောင်းဆရာမလေး ဖြစ်သည်။ သူလည်း အရွေးချယ်ခံရပြီး ကိုကျော်ကျော်မျိုးနှင့်အတူ ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်အဖြစ် တွဲဖက်သရုပ်ဆောင်ခဲ့ကြသည်။
“ဆရာမနဲ့တော့ အဆက်အသွယ် မရှိတော့ဘူး။ ဟိုတစ်ခါ ပြောတုန်းက စသလို နောက်သလိုနဲ့ သူကျောင်းအုပ်ဖြစ်သွားပြီ ပြောတယ်။ တကယ်ဖြစ်သွားပြီ ထင်တယ်။ သူက အဲဒီအချိန်တုန်းက မူလတန်းပြလေ” ဟု တစ်ချိန်က လုပ်ဖော်ကိုင်ဖက် အကြောင်း ပြောပြသည်။
သို့သော် သူတို့၏ ယုံကြည်ချက်ဖြင့် လျှောက်ခဲ့သည့်လမ်းမှာ ပန်းတိုင်သို့ မရောက်သေး။ သူတို့သာမက မြန်မာတစ်နိုင်ငံလုံး၊ ထိုထက်ဆိုရလျှင် ကမ္ဘာကပါ စိတ်ဝင်တစား စောင့်ကြည့်နားစွင့်နေခဲ့ကြသည့် ဗိုလ်ချုပ်ရုပ်ရှင်သည် ခုချိန်ထိ အဆုံးမသတ်နိုင်ခဲ့။ မည်သည့်အချိန် ပြန်စမည်ကိုပင် အတိအကျမပြောနိုင်။ ဗိုလ်ချုပ်ရာပြည့်ပွဲကိုပင် နိုင်ငံအနှံ့တွင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သေးသည်။ ယခုဆိုလျှင် ဗိုလ်ချုပ်သည်ပင် အသက် ၁၀၂ နှစ်တိုင် ရှိခဲ့ပြီ။
လက်ရှိအချိန်တွင်လည်း သူ့ကဲ့သို့ သရုပ်ဆောင်များနှင့် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့များမှာ အဆက်အသွယ် ပြတ်သလောက် ဖြစ်နေပြီဟု ကိုကျော်ကျော်မျိုးက ဆိုသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဆက်လက်ရိုက်ကူးရန် အဓိက လိုအပ်ချက်မှာ ရန်ပုံငွေအခက်အခဲ။ ဒါက သူနားလည်မိသလောက် ပြန်ပြောပြခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်သည် မဖြစ်မြောက်သည်ကိုထား၊ ကိုကျော်ကျော်မျိုးကမူ ဗိုလ်ချုပ်ဇာတ်ရုပ်နှင့် ပတ်သက်ပြီး လုံးဝစိတ်နစ်ထားဆဲ ဖြစ်သည်။ ခင်မင်သည့် သူငယ်ချင်းများက ဗိုလ်ချုပ်ဟု ခေါ်ဆို၍ စနောက်ခြင်းကိုပင် မကြိုက်ကြောင်း ပွင့်ပွင့်လင်းလင်း တုံ့ပြန်တတ်သည်။
သို့သော် ဗိုလ်ချုပ်ရုပ်ရှင်အပေါ် လူမှုကွန်ရက်မီဒီယာများ၌ ဝေဖန်မှု၊ ကဲ့ရဲ့မှုများကိုမူ ရှောင်လွဲ၍မရ။ ထို့အတွက်တော့ သူ စိတ်မကောင်း။ သူလုပ်ခဲ့သည့် အရာသည် မှန်ကန်ခဲ့သည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်ရုပ်ရှင်ကတော့ အဆုံးမသတ်နိုင်ခဲ့။
ထို့ကြောင့် ကိုကျော်ကျော်မျိုး တစ်ယောက် အိမ်ပြန်လမ်းကို လျှောက်ခဲ့ရပြန်သည်။ မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်တွင် ယခုအခါ ဇနီးနှင့်အတူ သုံးလအရွယ် သားလေးတစ်ယောက်နှင့်အတူ နေထိုင်လျက်ရှိပြီ ဖြစ်သည်။
ရုပ်ရှင်ရိုက်ရန် မသေချာသည့် အချိန်များတွင် ဘောလုံးပြန်ကန်ချင်ခဲ့သော်လည်း ကစားရင်း ထိခိုက်မှုရှိပါက ရိုက်ကူးရေးတွင် အခက်အခဲ ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက် သူ့စိတ်ကို ထိန်းချုပ်ထားခဲ့ရသည်။ သို့သော်လည်း သူ့ခြေလှမ်းများက မြက်ခင်းစိမ်းများဆီသို့ ဦးတည်သည်။
ယင်းမှာ ဗိုလ်ချုပ်အိပ်မက် တစ်ခန်းရပ်ထားရသည့် ကိုကျော်ကျော်မျိုးက လက်ရှိတွင်တော့ နန္ဒဝန်ကျေးရွာက ၁၃ နှစ်အောက် ကစားသမားများ၏ နည်းပြဘဝကို ရယူပိုင်ဆိုင်ထားခြင်းပင်။
ကလေးများ၏အမြင်တွင် သူတို့ကို နည်းပြနေသည်က သာမန်သူ မဟုတ်သည့် ဗိုလ်ချုပ်အဖြစ် ရှုမြင်နေကြပြီးလိုသည်ထက် ပို၍ ကြောက်ရွ့ံနေကြဟန် ရှိသည်ဟု ကိုကျော်ကျော်မျိုးက ဆိုသည်။
တစ်ချိန်က အရူးအမူးဖြစ်ခဲ့သည့် ဘောလုံးလောကသို့ ကစားသမားတစ်ယောက်အဖြစ် ပြန်ဝင်ရန် ဖြစ်နိုင်ခြေ နည်းသော်လည်း နည်းပြတစ်ယောက်အဖြစ် ပြန်လာရန် ကိုကျော်ကျော်မျိုး တစ်ယောက် ပြင်ဆင်လျက်ရှိသည်။
“ကျွန်တော် နည်းပြလိုင်စင်လည်း တက် (ဖြေ) ထားတယ်၊ ဇာတ်ကားရိုက်ဖြစ်လို့ ပြီးသွားရင်လည်း ကျွန်တော် နည်းပြလောကထဲ ပြန်ဝင်မှာ၊ မရိုက်ဖြစ်တော့ရင်လည်း နည်းပြလောကထဲ ပြန်ဝင်မှာ” ဟု ကိုကျော်ကျော်မျိုးက ဆိုသည်။
ကိုကျော်ကျော်မျိုး တစ်ယောက် မြက်ခင်းစိမ်းများကို ကျောခိုင်းခဲ့ဖူးပြီ။ ဗိုလ်ချုပ်အိပ်မက်ကိုလည်း ထုဆစ်ရန် ကြိုးစားခဲ့ဖူးသည်။ အောင်မြင်ခြင်း မအောင်မြင်ခြင်းကို သမိုင်းက ဖော်ပြပါလိမ့်မည်။
သို့သော် ဗိုလ်ချုပ်အိပ်မက်ကိုကား ကိုကျော်ကျော်မျိုးတစ်ယောက် ယနေ့ထိ ဖမ်းဆုပ်ထားဆဲပင်။ မည်သို့ဆိုစေ တစ်ချိန်က နောက်တန်းကစားသမားလေး ကိုကျော်ကျော်မျိုးသည် ယနေ့တိုင် ဗိုလ်ချုပ်ဖြစ်မလာသေးပေ။
ကိုကျော်ကျော်မျိုးကတော့ ယခုလို ဆိုသည်။
“မရိုက်ဖြစ်ဘဲ ကြန့်ကြာနေတော့ ခံတော့ ခံစားရတာပေါ့၊ ပြောချင်တာက အလုပ်တစ်ခုကို တစိုက်မတ်မတ် အောင်မြင်ပြီးဆုံးအောင် လုပ်တာပဲ ကောင်းပါတယ်လို့၊ ရည်ရွယ်ချက်လေးတွေကိုလည်း အဲဒီလိုပဲ ထားသင့်ပါတယ််”
မင်းမင်းစံ
http://thevoicemyanmar.com/article/9447-bgt
0 comments :
Post a Comment