ညီမ ေလစိတ္ထိန္းမရေတာ့ဘူး အကိုရယ္

သာေအာင္က ဆိုင္ကယ္ တကၠစီ ေမာင္းသမားေပါ့။လူပ်ဳိ ႀကီး တစ္ကိုယ္တည္းသမား။တစ္ရက္ တြက္ေျခမကိုက္ေသးေတာ့ မိုးခ်ဳပ္တဲ့ အထိ ဆြဲေနတာ။
ည ၁၁ နာရီေလာက္ ခရီးသည္ ေကာင္ေလးတစ္ေယာက္ကို သြားပို႔ေပးရတယ္။သြားတဲ့ လမ္းကေခ်ာင္က်က် ပဲ၊ သြားေနရင္း လမ္းတစ္ဝက္အေရာက္ ေကာင္မေလးတစ္ေယာက္က လွမ္းတားတယ္ဗ်။ အဲ့ဒါနဲ႔ ဆိုင္ကယ္ကို ေကာင္မေလးေရွ႕မွာ ရပ္လိုက္တယ္။ ေကာင္မေလးက"အကို က်မ ကိုလိုက္ပို႔ေပးပါလား "
"ရတာေပါ့ ညီမက ဘယ္ကိုသြားခ်င္လို႔လဲ "
"ေျခဦးတည့္ရာ တစ္ေနရာကို သြားခ်င္တယ္။ က်သင့္သေလာက္ကို ေပးမွာပါ "
" ဟာ အကို က်ေနာ့္ အိမ္မေရာက္ေသးဘူးေလ "
" မင္း အိမ္က နီးနီး ပဲ က်န္ေတာ့တာေလကြာ၊ မင္းလမ္းေလွ်ာက္သြားလိုက္ပါ၊
ေကာင္မေလးက ညဖက္ႀကီးဆိုေတာ့ အႏၲရာယ္မ်ားတယ္ကြ၊ ဆိုင္ကယ္ခ ကိုေတာ့ တစ္ဝက္ပဲ ေပးေတာ့ကြာ "
" ဟာ ဗ်ာ၊ အကိုကလဲ က်ေနာ္က အိမ္အေရာက္ ငွားစီးလာတာေလဗ်ာ "
" ငါ့ညီ ကလဲ အိမ္နီးနီးေလး လမ္းေလွ်ာက္လိုက္ပါ ၊ မေဝးေတာ့ပါဘူးကြာ "
"ၿပီးေရာ ဗ်ာ၊ ၿပီးေရာ ေရာ့ ပိုက္ဆံ "
လူကို ဘုၾကည့္ၾကည့္ၿပီး ဆိုင္ကယ္ေပၚ ကဆင္းသြာပါေလေရာ။
သာေအာင္က စကားသာေျပာေနတာ အၾကည့္က ေကာင္မေလးက မခြာဘူးဗ်။ ေကာင္းမေလးကို ေျခဆံုး ေခါင္းဆံုး ၾကည့္ၿပီး ၾကည့္ျပန္ ၾကည့္ၿပီးၾကည့္ျပန္ ပဲ၊
ေကာင္မေလးက ခပ္လန္းလန္း။ အိက်ၤႋ လက္တိုနဲ႔ ေဘာင္းဘီျပတ္ ဝတ္ထားတာ။သာေအာင္က
" ကဲ မိန္ကေလး တက္ ၊ ဘယ္သြားခ်င္လဲ ၊ လိုက္ပို႔ေပးမယ္။ "
"ဟုတ္ အကို "
" ဟာ မင္းက လမ္းေလွ်ာက္ျပန္လိုက္ေတာ့ ငါသြားေတာ့မယ္ ဘိုင့္ဘိုင္ "
" ဟင္း တစ္ကယ့္ ႏွာေခါင္းနဲ႔ လာေတြ႕ ေနတယ္၊ ေလပါတယ္ကြာ "
သာေအာင္တစ္ေယာက္ ဆိုင္ကယ္ေမာင္းထြက္ လာခဲ့တယ္။ေကာင္ေလး ေျပာတဲ့ စကားကိုေတာ့ ခပ္သဲ့သဲ့ ေလးပဲ ၾကားလိုက္ရတယ္။ လမ္းမွာ ေကာင္မေလးနဲ႔ စကားေတြ ေျပာလာတာ။
" မိန္ကေလးက နာမည္ဘယ္လိုေခၚလဲ "
" ခင္ျမပါ အကို "
" ခင္ျမက ဘယ္ကိုသြားခ်င္လို႔လဲ "
" ညီမ ဘယ္သြားလို႔ သြားရမွန္း မသိပါဘူး အကိုရယ္ "
" ဒါဆို အကို႔အိမ္ လိုက္ခဲ့ပါလား ၊ အိမ္မွာ အကိုက တစ္ေယာက္တည္းေနတာ ၊ လူပ်ဳိ လူလြတ္ တစ္ေယာက္ပါ။
အိမ္မွာက ဘယ္သူမွ လဲ မရိွဘူး။ "
" အို ....
မသြားရဲပါဘူး ရွင္ ၊ ခဏေန...."
" ဘာမွ မေၾကာက္ပါနဲ႔ ညီမ ရယ္ ၊ အကို ညီမကို ျပဳစုမွာပါ။ "
"တစ္ကယ္ေျပာတာလား ၊ အကို ၊ မညာရဘူးေနာ္ "
" တစ္ကယ္ေပါ့ ညီမရဲ႕ "
" ညီမ ေလစိတ္ထိန္းမရေတာ့ဘူး အကိုရယ္ "
ခင္ျမက ေျပာေနရင္းနဲ႔ သာေအာင္ ခါးကို လွမ္းၿပီး ဖက္လိုက္တယ္။ သာေအာင္က ခင္ျမလက္ကို လွမ္းကိုင္လိုက္ၿပီး
"အကို အျမန္ေမာင္းေနပါတယ္ ညီမရယ္ "
ခင္ျမက လက္ကိုျပန္႐ုပ္ၿပီး အိက်ၤႋ ၾကယ္သီးကို ျဖည္းျဖည္းခ်င္းဆြဲ ျဖဳတ္လိုက္တယ္။ သာေအာင္တစ္ေယာက္ အသံၾကားေတာ့ ေနာက္ျပန္လွည့္ၾကည့္လိုက္တာ။မ်က္လံုးေတြ ပါျပဴးထြက္သြားၿပီး ဆိုင္ကယ္ လက္ကိုင္ေတာင္ ထိန္းမႏိုင္ ဘဲ လမ္းေဘးက ေျမာင္းထဲ ထိုးဆင္းသြားတယ္။ ဗြက္ေတြနဲ႔ သာေအာင္ ေျမာင္းထဲကေန တရြတ္တိုက္ တက္လာခဲ့တယ္။ေမွာက္တဲ့ အရိွန္ေၾကာင့္ ေျခေထာက္တစ္ဖက္ စင္စင္ က်ဳိးသြားေလၿပီ၊ တစ္ကိုယ္လံုးလဲ ဆတ္ဆတ္တုန္ၿပီး၊ မ်က္လံုးကလဲ ေတာင္ၾကည့္လိုက္ ေျမာက္ ၾကည့္လိုက္နဲ႔ အဲ့ေနရာမွာပဲ သတိလစ္ ေမ့ေျမာသြားခဲ့တယ္။
သာေအာင္ ေတြ႕လိုက္ရတာက ခင္ျမ အိက်ၤႋ ခြၽတ္လိုက္တာ ဗိုက္ထဲက ကလီစာေတြ အတိုင္းသားျမင္ေနရတယ္ေလ။ ႏွလံုးလႈပ္ေနတာကအစ ဗိုက္က ေဟာင္းေလာင္းပြင့္လို႔တဲ့။
က်ေနာ္လည္း သူ႕ကို လူနာသြားေမးရင္း သူကျပန္ေျပာျပတာ။သူကိုယ္သူလဲ ဘယ္လိုေဆး႐ံုေရာက္လာလဲ မသိဘူးတဲ့ ဗ်ာ။

ခင္မင္ေလးစားစြာျဖင့္။
အားလံုး မဂၤလာရိွတဲ့ မနက္ခင္းေလးပါ။
သရဲေလး...sky

Unicode
သာအောင်က ဆိုင်ကယ် တက္ကစီ မောင်းသမားပေါ့။လူပျို ကြီး တစ်ကိုယ်တည်းသမား။တစ်ရက် တွက်ခြေမကိုက်သေးတော့ မိုးချုပ်တဲ့ အထိ ဆွဲနေတာ။
ည ၁၁ နာရီလောက် ခရီးသည် ကောင်လေးတစ်ယောက်ကို သွားပို့ပေးရတယ်။သွားတဲ့ လမ်းကချောင်ကျကျ ပဲ၊ သွားနေရင်း လမ်းတစ်ဝက်အရောက် ကောင်မလေးတစ်ယောက်က လှမ်းတားတယ်ဗျ။ အဲ့ဒါနဲ့ ဆိုင်ကယ်ကို ကောင်မလေးရှေ့မှာ ရပ်လိုက်တယ်။ ကောင်မလေးက
"အကို ကျမ ကိုလိုက်ပို့ပေးပါလား "
"ရတာပေါ့ ညီမက ဘယ်ကိုသွားချင်လို့လဲ "
"ခြေဦးတည့်ရာ တစ်နေရာကို သွားချင်တယ်။ ကျသင့်သလောက်ကို ပေးမှာပါ "
" ဟာ အကို ကျနော့် အိမ်မရောက်သေးဘူးလေ "
" မင်း အိမ်က နီးနီး ပဲ ကျန်တော့တာလေကွာ၊ မင်းလမ်းလျှောက်သွားလိုက်ပါ၊
ကောင်မလေးက ညဖက်ကြီးဆိုတော့ အန္တရာယ်များတယ်ကွ၊ ဆိုင်ကယ်ခ ကိုတော့ တစ်ဝက်ပဲ ပေးတော့ကွာ "
" ဟာ ဗျာ၊ အကိုကလဲ ကျနော်က အိမ်အရောက် ငှားစီးလာတာလေဗျာ "
" ငါ့ညီ ကလဲ အိမ်နီးနီးလေး လမ်းလျှောက်လိုက်ပါ ၊ မဝေးတော့ပါဘူးကွာ "
"ပြီးရော ဗျာ၊ ပြီးရော ရော့ ပိုက်ဆံ "
လူကို ဘုကြည့်ကြည့်ပြီး ဆိုင်ကယ်ပေါ် ကဆင်းသွာပါလေရော။
သာအောင်က စကားသာပြောနေတာ အကြည့်က ကောင်မလေးက မခွာဘူးဗျ။ ကောင်းမလေးကို ခြေဆုံး ခေါင်းဆုံး ကြည့်ပြီး ကြည့်ပြန် ကြည့်ပြီးကြည့်ပြန် ပဲ၊
ကောင်မလေးက ခပ်လန်းလန်း။ အိင်္ကျငိ်္ လက်တိုနဲ့ ဘောင်းဘီပြတ် ဝတ်ထားတာ။သာအောင်က
" ကဲ မိန်ကလေး တက် ၊ ဘယ်သွားချင်လဲ ၊ လိုက်ပို့ပေးမယ်။ "
"ဟုတ် အကို "
" ဟာ မင်းက လမ်းလျှောက်ပြန်လိုက်တော့ ငါသွားတော့မယ် ဘိုင့်ဘိုင် "
" ဟင်း တစ်ကယ့် နှာခေါင်းနဲ့ လာတွေ့ နေတယ်၊ လေပါတယ်ကွာ "
သာအောင်တစ်ယောက် ဆိုင်ကယ်မောင်းထွက် လာခဲ့တယ်။ကောင်လေး ပြောတဲ့ စကားကိုတော့ ခပ်သဲ့သဲ့ လေးပဲ ကြားလိုက်ရတယ်။ လမ်းမှာ ကောင်မလေးနဲ့ စကားတွေ ပြောလာတာ။
" မိန်ကလေးက နာမည်ဘယ်လိုခေါ်လဲ "
" ခင်မြပါ အကို "
" ခင်မြက ဘယ်ကိုသွားချင်လို့လဲ "
" ညီမ ဘယ်သွားလို့ သွားရမှန်း မသိပါဘူး အကိုရယ် "
" ဒါဆို အကို့အိမ် လိုက်ခဲ့ပါလား ၊ အိမ်မှာ အကိုက တစ်ယောက်တည်းနေတာ ၊ လူပျို လူလွတ် တစ်ယောက်ပါ။
အိမ်မှာက ဘယ်သူမှ လဲ မရှိဘူး။ "
" အို ....
မသွားရဲပါဘူး ရှင် ၊ ခဏနေ...."
" ဘာမှ မကြောက်ပါနဲ့ ညီမ ရယ် ၊ အကို ညီမကို ပြုစုမှာပါ။ "
"တစ်ကယ်ပြောတာလား ၊ အကို ၊ မညာရဘူးနော် "
" တစ်ကယ်ပေါ့ ညီမရဲ့ "
" ညီမ လေစိတ်ထိန်းမရတော့ဘူး အကိုရယ် "
ခင်မြက ပြောနေရင်းနဲ့ သာအောင် ခါးကို လှမ်းပြီး ဖက်လိုက်တယ်။ သာအောင်က ခင်မြလက်ကို လှမ်းကိုင်လိုက်ပြီး
"အကို အမြန်မောင်းနေပါတယ် ညီမရယ် "
ခင်မြက လက်ကိုပြန်ရုပ်ပြီး အိင်္ကျငိ်္ ကြယ်သီးကို ဖြည်းဖြည်းချင်းဆွဲ ဖြုတ်လိုက်တယ်။ သာအောင်တစ်ယောက် အသံကြားတော့ နောက်ပြန်လှည့်ကြည့်လိုက်တာ။မျက်လုံးတွေ ပါပြူးထွက်သွားပြီး ဆိုင်ကယ် လက်ကိုင်တောင် ထိန်းမနိုင် ဘဲ လမ်းဘေးက မြောင်းထဲ ထိုးဆင်းသွားတယ်။ ဗွက်တွေနဲ့ သာအောင် မြောင်းထဲကနေ တရွတ်တိုက် တက်လာခဲ့တယ်။မှောက်တဲ့ အရှိန်ကြောင့် ခြေထောက်တစ်ဖက် စင်စင် ကျိုးသွားလေပြီ၊ တစ်ကိုယ်လုံးလဲ ဆတ်ဆတ်တုန်ပြီး၊ မျက်လုံးကလဲ တောင်ကြည့်လိုက် မြောက် ကြည့်လိုက်နဲ့ အဲ့နေရာမှာပဲ သတိလစ် မေ့မြောသွားခဲ့တယ်။
သာအောင် တွေ့လိုက်ရတာက ခင်မြ အိင်္ကျငိ်္ ချွတ်လိုက်တာ ဗိုက်ထဲက ကလီစာတွေ အတိုင်းသားမြင်နေရတယ်လေ။ နှလုံးလှုပ်နေတာကအစ ဗိုက်က ဟောင်းလောင်းပွင့်လို့တဲ့။
ကျနော်လည်း သူ့ကို လူနာသွားမေးရင်း သူကပြန်ပြောပြတာ။သူကိုယ်သူလဲ ဘယ်လိုဆေးရုံရောက်လာလဲ မသိဘူးတဲ့ ဗျာ။

ခင်မင်လေးစားစွာဖြင့်။
အားလုံး မင်္ဂလာရှိတဲ့ မနက်ခင်းလေးပါ။
သရဲလေး...sky

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...