ဘဝၾကမ္းၾကမ္း လူၾကမ္းမင္းသား ကိုမင္းစိန္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆ – ေထာက္ၾကန္႔ၿမိဳ႕ ရပ္ကြက္တစ္ခုရဲ႕ လမ္းသြယ္ေလးတစ္ခုအတြင္းရွိ ေျမစိုက္အုတ္ခံတစ္ထပ္ အိမ္ေလးေရွ႕ထိုင္ခံုေလးေပၚမွာ ကုန္ပစၥည္းေၾကာ္ ျငာပါတဲ့ တီရွပ္နဲ႔ အနီေရာင္ေဘာင္းဘီတို ဝတ္ဆင္ထားတဲ့ အသက္ ၅၀ ေက်ာ္အရြယ္ လူတစ္ဦးထိုင္ေနပါတယ္။ သူ႕ေဘးမွာေတာ့ အနက္ေရာင္ဖုန္းအေသးစား ေလးတစ္လံုးနဲ႔အတူ ခ်ိဳင္းေထာက္တစ္ခုက ရွိတယ္။

သူ႕ပံုစံက အသားက ခပ္ျဖဴျဖဴ၊ ခႏၶာကိုယ္က ျပည့္ၿဖိဳးၿဖိဳးနဲ႔ အရင္က တုတ္ခိုင္ သန္မာတဲ့ သူ႕လက္ႏွစ္ဖက္မွာ စာတန္းပါ တဲ့ ေဆးမင္ေၾကာင္ေတြဟာ ဟိုေနရာ၊ သည္ေနရာနဲ႔ ေနရာအႏွံ႔အျပား ယူထားပါတယ္။ အရင္ကသန္မာဟန္ရွိတဲ့ သူ႔လက္၊ ေပါင္တံနဲ႔ ေျခသလံုးေတြမွာ အသားေတြလ်ာ့ရဲၿပီး တြဲက်ေနပါတယ္။

ေနေရာင္ေၾကာင့္ မ်က္ႏွာျပင္က အသားအေရဟာ နီစပ္စပ္ျဖစ္ေနၿပီး ႏႈတ္ခမ္းေမြးေတြက ထိုးထိုးေထာင္ေထာင္နဲ႔ ဟိုတစ္စသည္တစ္စ။ ရင့္က်က္ဟန္ရွိ ေနတဲ့ မ်က္ႏွာဟာ အနည္းငယ္ခက္ထန္ ေနသလိုလိုနဲ႔ အနီေရာင္ဘက္သန္းေနတဲ့ သူ႕ မ်က္စိအေရာင္ေၾကာင့္ ႐ုတ္တရက္ သူ႕ ကို ျမင္လိုက္ရတဲ့သူတခ်ိဳ႕က သူ႕ကို ေခၚ ေနက် နာမည္က ‘ဟယ္လူယုတ္မာႀကီး”တဲ့ ။

သူ႕နာမည္က “ဦးမင္းစိန္” လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္အခ်ိန္တုန္းက ႐ုပ္ရွင္၊ ဗီဒီယိုနဲ႔ တီဗီဖန္သားျပင္ေတြေပၚမွာ ေနရာရခဲ့သူ။ လူဆိုး၊ လူမိုက္၊ ဓားျပ၊ လူသတ္ေကာင္၊ မူးယစ္ဂိုဏ္းစတား၊ အ မ်ိဳးသမီးေတြကို အဓမၼက်င့္သူ ေနရာေတြမွာ ပီပီျပင္ျပင္သ႐ုပ္ေဆာင္ခဲ့သူ။

သူ႐ိုက္ခဲ့တဲ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေပါင္း ၁၀ဝ၀ ဝန္းက်င္ရွိတယ္ လို႔ သူက ဆိုပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဦးမင္းစိန္အပါအဝင္ လူၾကမ္း ၁၀ဝ ခန္႔ဟာ ဇာတ္ကားေတြ မ႐ိုက္ရေတာ့ဘဲ မိသားစုဝမ္းေရးအတြက္ ၾကံဳရာက်ပန္း အလုပ္ကို လုပ္ကိုင္ေနရတာပါ။

အရင္ကလို ဇာတ္ကားေတြ အမ်ားအျပားမ႐ိုက္ရေတာ့ေပမဲ့ သူ႕လို ဘဝတူေတြထက္စာရင္ သူက ႐ိုက္ကူးမႈေတြရွိေနေသးတဲ့အတြက္ ကံေကာင္းတယ္ ေျပာ ရမယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ ဦးမင္းစိန္ဟာ အရင္က ဖိုက္တင္ကားေတြ၊ အသတ္အပုတ္ ကားေတြနဲ႔ ၾကမ္းၾကမ္းရမ္းရမ္း သ႐ုပ္ ေဆာင္ရင္းရရွိခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ေထာက္ၾကန္႔မွာ သံုးဘီးဆိုင္ကယ္ေမာင္းသမားဘဝနဲ႔ မိသားစုဝမ္းေရးကို ေျဖရွင္း ေပးေနရေပမဲ့ တစ္ခါတစ္ရံ လူၾကမ္းေန ရာက သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းလာရင္ ႐ိုက္ကူးေနရေသးတယ္လို႔ ေျပာျပပါ တယ္။

“ေျခေထာက္ကလဲ သိပ္မေကာင္း ေတာ့လို႔ အရင္လို ၾကမ္းတမ္းတဲ့ေနရာက မဟုတ္ဘဲ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ညႊန္ၾကား ရတဲ့ လူဆိုးဆရာႀကီးေနရာက သ႐ုပ္ ေဆာင္ရတာေတာ့ ရွိေသးတယ္၊ ဒါလဲ သံုးလေလာက္မွ တစ္ခါပါ”
သူ႕ရဲ႕ လက္ရွိဝင္ေငြဟာ  တစ္ေန႔ကို က်ပ္ ၂၀ဝ၀ ကေန ၁၀,ဝ၀ဝ ေက်ာ္ အထိ ရွိေနတယ္ဆိုေပမဲ့ သံုးဘီး ဆိုင္ကယ္ မဆြဲရတဲ့ေန႔ေတြလည္း ရွိေနတတ္ပါတယ္။

‘ေရခဲေသတၱာေလးသယ္ခ်င္လို႔ လာ ငွားတယ္ဆိုရင္ ၂၀ဝ၀၊ ၃၀ဝ၀ ေလာက္ ရတယ္၊ ေဈးဦးမေပါက္တဲ့ေန႔ေတြလဲ ရွိေသးတယ္၊ ဆိုင္ကယ္ စေမာင္းတုန္းက လူေတြက ဦးမင္းစိန္ႀကီး ႐ုပ္ရွင္ ႐ိုက္ေန တာလားဆိုၿပီး ေမးၾကတာ၊ ေလာေလာဆယ္ ဒီလိုပဲ ေျဖရွင္းေနရတယ္˘ လို႔ သူက တစ္လံုးခ်င္းေျပာျပပါတယ္။

သူ႕ဘဝအေၾကာင္း ေျပာျပေနရင္း သူ႕ အသံဟာ တစ္ခါတစ္ခါတုန္ေနတတ္ၿပီး မ်က္ဝန္းမွာ မ်က္ရည္ေတြ ေဝ့ေနတတ္ပါတယ္။

ဒဏ္ရာဗရပြ

လက္ရွိအခ်ိန္မွာေတာ့ ႐ုပ္ရွင္႐ိုက္ကူးရင္းရခဲ့တဲ့ ဒဏ္ရာေတြအျဖစ္ ဘယ္ဘက္ဒူးဆစ္ျပဳတ္ထြက္တဲ့ ဒဏ္ရာ၊ ျမင္း ေပၚက ျပဳတ္က်လို႔ရခဲ့တဲ့ ခါးေနာက္ ေက်ာ ႐ိုး ဒဏ္ ရာ၊ မင္းသားေနရာ လူစားထိုးၿပီး ကြ်မ္း ထိုးတဲ့ အခန္းေၾကာင့္ ရရွိတဲ့ ဒဏ္ရာေတြနဲ႔ ျပည့္ေနပါတယ္။

အရင္က လူၾကမ္းေနရာ သ႐ုပ္ ေဆာင္ဖို႔ ႐ႈတင္ရွိရာေနရာ သံုးေလးခုကို အေျပးအလႊာသြားေရာက္ၿပီး ႐ိုက္ကူးခဲ့ ရေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ တစ္လေနလို႔ တစ္ခါေတာင္ မ႐ိုက္ရေတာ့ဘူးလို႔ သူက ရွင္းျပပါတယ္။

ဟိုအရင္အခ်ိန္က သူ႕ရဲ႕ ပီျပင္တဲ့ သ႐ုပ္ေဆာင္ေကာင္းမႈေၾကာင့္ ပရိသတ္ေတြက သူ႕ကိုျမင္တိုင္း လန္႔ၿပီးေျပးသူ၊ ဇာတ္ကား ထဲကအတိုင္းပဲ အျပင္မွာ ျမင္ေနၾကတုန္းပဲလို႔ သူက အဓိပာယ္ပါတဲ့ အျပံဳးနဲ႔ ျပံဳးေနပါတယ္။
လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္က ျပင္ဦးလြင္မွာ ႐ုပ္ရွင္႐ိုက္ရင္း ၿမိဳ႕ထဲကို ဦးမင္းစိန္နဲ႔ ဟာသသ႐ုပ္ေဆာင္ကင္းေကာင္တို႔ ႏွစ္ဦးေလွ်ာက္လည္ေနၾကရင္းတစ္ေနရာအေရာက္မွာအမ်ိဳးသမီးပရိသတ္ႏွစ္ဦးသူတို႔ရွိရာေနရာကို ေျပးလာပါတယ္။

ဟာသ သ႐ုပ္ေဆာင္ ကင္းေကာင္ကို ျပံဳးရႊင္ရယ္ေမာႏႈတ္ဆက္ၿပီး ေဘးမွာရွိေနတဲ့ သူ႕ကို ျမင္ေတာ့ အလန္႔တၾကားနဲ႔ “ဟယ္ လူယုတ္မာႀကီး မေသေသးဘူး လား” ဆိုတဲ့ ေျပာဆိုမႈဒဏ္ေတြ မၾကာခဏခံခဲ့ရဖူးတယ္လို႔ ျပန္ေျပာျပပါတယ္။

‘အားရပါးရကို ေျပာတာ၊ ေသခ်င္းဆိုးႀကီး၊ လူယုတ္မာႀကီး၊ ကိုယ္ကေတာ့ ျပံဳးၿပီးၾကည့္ေနရတယ္၊ ငါက ႐ုပ္ရွင္ထဲက လူယုတ္မာပါ၊ အျပင္မွာ မဟုတ္ပါဘူး၊ အဲဒီလိုေျပာေတာ့ သူတို႔က ကြ်န္မတို႔ ေယာင္သြားလို႔ပါ၊ အျပင္မွာ ဦးမင္းစိန္ကို ဇာတ္ကားေတြထဲကဟာကိုပဲ ေျပးျမင္မိၾကတာလို႔ သူတို႔က ျပန္ေျပာတယ္ေလ” လို႔ သူက အတိတ္ကို ျပန္သတိရဟန္နဲ႔ ေျပာျပပါတယ္။

မင္းသမီးေတြနဲ႔ အလိုမတူဘဲ အတင္းအဓမၼက်င့္တဲ့ ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ရင္း အားမစိုက္ေပမဲ့ ဒါ႐ိုက္တာက သ႐ုပ္ေဆာင္ပီျပင္ေအာင္ လုပ္ခိုင္းတာေၾကာင့္ မျဖစ္မေနလုပ္ရတဲ့အခါမွာ အရွိန္လြန္တာေတြေၾကာင့္ ျပႆနာေတြနဲ႔ ၾကံဳေတြ႕ ခဲ့ဖူးပါတယ္။

‘ဒါဒါနဲ႔ဆို အေအာ္ေတာင္ခံရတယ္၊ ”ဦးမင္းစိန္ ရွင္ ဘယ္လို ျဖစ္ေနတာလဲ၊ ဒီမွာ ႏႈတ္ခမ္းေမြးေတြ စူးကုန္ၿပီ” ဆိုၿပီး မင္းသမီးက စိတ္ဆိုးၿပီး ႐ိုက္ကူးေရး မ႐ိုက္ဘဲ အိမ္ျပန္မယ္ဆိုတာေၾကာင့္ မနည္းေတာင္းပန္ခဲ့ရတယ္၊ ”သမီးရယ္၊ ငါက ငါ့အလုပ္ငါ ပီျပင္ေအာင္လုပ္ရတာ” ဆိုၿပီး မနည္းေတာင္းပန္ရတယ္”လို႔ သူ႕ အေတြ႕အၾကံဳကို ေျပာျပပါတယ္။

မင္းသမီးေတြကို အတင္းအဓမၼ ဆြဲေခၚၿပီး ျပန္ေပးဆြဲရတဲ့ ဇာတ္ကားေတြ ႐ိုက္တဲ့အခါမွာလည္း သူ႕အတြက္ အခက္အခဲနဲ႔ ေတြ႕ၾကံဳခဲ့ရဖူးသလို သူ႕ေၾကာင့္ မွားတာမဟုတ္ဘဲ မင္းသမီးရဲ႕ အမွားေၾကာင့္ ဇာတ္ဝင္ခန္းတစ္ခန္းကို ေျခာက္ခါေလာက္ ျပန္႐ိုက္ခဲ့ရဖူးပါတယ္။

အဲသည္ဇာတ္ကားကေတာ့ ၿမိဳ႕ကေန ရြာ ျပန္လာတဲ့ သူႀကီးသမီးျဖစ္တဲ့ မင္းသမီးလွအဥၥလီတင့္ကို သူ႕ရဲ႕တပည့္ ျဖစ္သူေတြနဲ႔အတူ လွည္းေပၚကေန အတင္း ဆြဲခ်တဲ့အခန္း႐ိုက္ရတာပါ၊ ဇာတ္လမ္းအရ ေနပူပူ၊ ဖုန္ထူထူမွာ ႐ိုက္ရတာပါ၊ မင္းသမီးက မေက်နပ္လို႔ သူ႕ကို ပါး႐ိုက္တဲ့ အခန္း ႐ိုက္ကူးေနခ်ိန္ ၾကံဳေတြ႕ရတာပါ။

“အဲဒီလိုပဲပါး႐ိုက္လိုက္ ၿပီးေတာ့ သူကဟီးဟီးမွားသြားၿပီဆိုၿပီး အဲဒီေတာ့ ဒါ႐ိုက္တာက သမီး ေနလဲပူတယ္ကြာ၊ ဟိုမွာလဲ ပါးႀကီးလဲရဲေနၿပီ၊ သမီး ေသခ်ာလုပ္ပါဆိုၿပီး အဲဒါလဲ သည္းခံရတာပဲ”လို႔ ေျပာရင္း သတိရဟန္နဲ႔ သူ႕ပါးကို စမ္း လိုက္ပါတယ္။

ပရိသတ္ေတြရဲ႕ တံု႔ျပန္မႈသေဘာက လူၾကမ္းသ႐ုပ္ေဆာင္ေတြကို အျပင္မွာ ေတြ႕ရင္ ဇာတ္ကားထဲက အတိုင္းပဲ ျမင္ေနတတ္တာေတြေၾကာင့္ သူအလုပ္လုပ္ ခါစတုန္းကဆိုရင္ မၾကာခဏဝမ္းနည္းမိတတ္တယ္။

ေၾကာက္ၾကတယ္

လူၾကမ္းသ႐ုပ္ေဆာင္ေကာင္းလို႔ ေအာင္ျမင္သြားရင္ အျပင္မွာေရာ ႐ုပ္ရွင္ ဇာတ္ကားၾကည့္ေနတုန္းမွာပါ ဆဲဆိုတာေတြခံရၿပီး လူရႊင္ေတာ္ေတြနဲ႔ မင္းသားေတြက်ေတာ့ ပရိသတ္ေတြက ျပံဳးရႊင္ၿပီး ႏႈတ္ဆက္တတ္ၾကတယ္လို႔ သူက ဆိုပါ တယ္။

‘တစ္ခါတစ္ခါ ရင္ထဲကို ထိတယ္၊ ဘတ္စ္ကားစီးလို႔ ေနရာလြတ္တယ္ဆိုၿပီး ဝင္ထိုင္မိတာ ေဘးမွာရွိေနတဲ့ ေကာင္မေလးက ေၾကာက္ၿပီး ကားေပၚက ေျပး ဆင္းတာခံရဖူးတယ္” လို႔ ေျပာပါတယ္။

႐ုပ္ရွင္ေလာကကို သူစၿပီး ဝင္လာခ်ိန္က မင္းသားေတြကို ဖိုက္တင္ေနရာက ေန သ႐ုပ္ေဆာင္ဖို႔ျပသရတဲ့ ကြန္ဖူးဆရာတစ္ေယာက္ ျဖစ္ပါတယ္။

မင္းသားေတြကို အသတ္အပုတ္အ တြက္ ေလ့က်င့္သင္ၾကားေပးရင္း  တပည့္ ျဖစ္သူက ေအာင္ျမင္တဲ့ မင္းသားေနရာ ေရာက္လာေတာ့ သူပါ ဇာတ္ကားေတြထဲမွာ ကိုယ္တိုင္သ႐ုပ္ေဆာင္ရင္း လူၾကမ္း မင္းသားေနရာကို ေရာက္မွန္းမသိ ေရာက္လာတာပါ လို႔ သူက ေျပာပါတယ္။

“ခုေတာ့ သူတို႔ေတြသာ ေပ်ာက္သြားတာ၊ ကိုယ္က ဆက္တိုးေပါ့”

သူစတင္သ႐ုပ္ေဆာင္တဲ့ ဇာတ္ကားက မင္းသားစိုးသူ ပထမဆံုး႐ိုက္ခဲ့တဲ့ “မိုက္ေၾကြးမိုက္ျပစ္” ဆိုတဲ့ ဇာတ္ကားနဲ႔ စတင္သ႐ုပ္ေဆာင္ခဲ့ၿပီး ဖိုက္တင္ဇာတ္ကားေတြနဲ႔ နာမည္ရခဲ့တဲ့ မင္းသား ရဲကိုကိုနဲ႔ ရဲမင္းပိုင္ကို သင္တန္းနည္းျပအျဖစ္ သင္ေပးရင္းက သူတို႔ ႐ိုက္တဲ့ ဇာတ္ကားတိုင္းမွာ မလြတ္တမ္း ႐ိုက္ကူးခဲ့ရသူ ပါ။

သူက ‘ရဲကိုကိုက ႐ုပ္ရွင္႐ိုက္ခ်င္ တယ္ဆိုေတာ့ ကြ်န္ေတာ့္ဆရာဆီမွာ လာေျပာတယ္၊ ကြ်န္ေတာ္က ဖိုက္တင္နဲ႔ ျဖစ္ေအာင္ သင္ေပးမယ္၊ မင္းမျဖစ္ရင္ ငါ့ လည္ပင္းကို လာျဖတ္ဆိုၿပီး ေလာင္းေၾကးထပ္ခဲ့တာ” လို႔ သူက ျပံဳးၿပီးျပန္ေျပာ ပါတယ္။

သူနဲ႔အတူ တြဲၿပီး႐ိုက္ဖူးခဲ့တဲ့ မင္းသားေတြက စိုးသူ၊ ရန္ေအာင္၊ ေက်ာ္ရဲေအာင္၊ ရဲေအာင္၊ လြင္မိုး၊ ရဲကိုကို၊ ရဲမင္းပိုင္၊ ေဒြး၊ သီဟတင္စိုး၊ မင္းအုပ္စိုး၊ လူမင္း၊ မင္းေမာ္ကြန္းနဲ႔ ျမင့္ျမတ္တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

သူ အသတ္အပုတ္၊ ဖိုက္တင္ပညာေတြသင္ေပးခဲ့တဲ့ တပည့္ေတြနဲ႔ ဆံုတဲ့ ဇာတ္ကားေတြမွာ ႏွစ္ဖက္တိုက္ခိုက္တဲ့ အခန္းေတြမွာ ခံရတဲ့ေနရာက အၿမဲပဲ သ႐ုပ္ေဆာင္ခဲ့ရတယ္။ ရဲကိုကိုနဲ႔ ႐ိုက္တဲ့ ဇာတ္ကားမွာဆို မင္းသားရဲ႕ လက္သီးခ်က္ေၾကာင့္ သတိေမ့ဖူးတဲ့အထိ ျဖစ္ခဲ့ရပါတယ္။

‘ရဲေလး မင္း အဲဒီလိုထိုးရင္ ငါ့ပါးကို ထိႏိုင္တယ္ဆိုၿပီး သတိေပးတာ မရဘူး၊ ထင္ထားတဲ့အတိုင္းထိုးတာ၊ ေနာက္မွာလဲ အုတ္နံရံပဲရွိေတာ့တာ၊ ေရွ႕မွာ လက္သီးနဲ႔ တစ္ပတ္လည္သြားခ်ိန္၊ ဂုတ္ဆိုတဲ့ အသံနဲ႔ အတူ ႏွာေခါင္းကို ထိသြားတာ၊ ေသြးေတြ အေတာင့္လိုက္ ပန္းထြက္ၿပီး ေမ့သြားတာ” လို႔ ေျပာရင္း ႏွာေခါင္းက ဒဏ္ရာကို လက္နဲ႔ ပြတ္သပ္လိုက္ပါ တယ္။

လူၾကမ္းသ႐ုပ္ေဆာင္ေတြဟာ မင္းသားေတြနဲ႔ သတ္ပုတ္ရတဲ့ ဖိုက္တင္ဇာတ္ ကားေတြမွာ မင္းသားေတြရဲ႕ လက္သီးခ်က္ေတြ၊ ေျခနဲ႔ကန္မိတာ၊  တုတ္နဲ႔ ႐ိုက္မိတာေတြ မၾကာခဏခံခဲ့ရေပမဲ့ လူၾကမ္းေတြက သ႐ုပ္ေဆာင္ရင္း မင္းသားကို ထိမိ ခိုက္မိပါရင္ ႐ႈတင္မန္ေနဂ်ာကို သည္လူ ၾကမ္းနဲ႔ မ႐ိုက္ဘူးလို႔ ေျပာေတာ့ လူၾကမ္းေတြ မ႐ိုက္ရတာေတြလည္း ရွိတယ္လို႔ သူက ရွင္းျပပါတယ္။

‘မင္းသားကို ထိမိတာ သိပ္မရွိပါဘူး၊ မင္းသားက ဘရိတ္ေပါက္ရင္ေတာ့ ေဆာ ရီးတဲ့ ၊ ကိုယ္ေတြ ထိမိရင္ ေနာက္မေခၚနဲ႔ လို႔ ေျပာရင္ ကိုယ္ပဲ ထမင္းငတ္မွာ” လို႔ ေျပာတယ္။

ရဲကိုကိုအျပင္ ရဲမင္းပိုင္နဲ႔ ႐ိုက္တဲ့ ဇာတ္ကားမွာလည္း သူ အျပင္းအထန္ ဒဏ္ရာရရွိခဲ့ဖူးပါတယ္။ မ်က္ႏွာခ်င္းဆိုင္ ျမင္းစီးၿပီး ေျပးလာတဲ့အခန္းမွာ ျမင္းေပၚကေန မတ္တတ္ရပ္ၿပီး မင္းသားက ေျခ ေထာက္နဲ႔ ရင္ဘတ္ကို ကန္ရတဲ့အခန္းမွာ အရွိန္လြန္ၿပီး ျမင္းေပၚက ျပဳတ္က်သြားပါတယ္။

သူ သတိရလို႔ ၾကည့္လိုက္တဲ့အခ်ိန္ မွာ ႐ိုက္ကူးေရးေနရာမဟုတ္ဘဲ အိမ္ တစ္အိမ္မွာ ေရာက္ေနတာပါ။

သူ ဒဏ္ရာအႀကီးအက်ယ္ရခဲ့တဲ့ ဇာတ္ကားကေတာ့ မင္းသားရန္ေအာင္နဲ႔ ႐ိုက္ကူးရတဲ့ “ေက်ာက္လက္ဝါးနဲ႔ စိုင္းေဗဒါ” ဇာတ္ကားပါ။ သည္ဇာတ္ကားဟာ အက္ရွင္ကားျဖစ္ၿပီး အသတ္အပုတ္ေတြ၊ ဒိုင္ဗင္ထိုးတဲ့အခန္းေတြလည္း ပါပါတယ္။

လွည့္မၾကည့္ၾက

အဲသည္အခ်ိန္တုန္းက သူ မင္းသားထြန္းထြန္းႏိုင္ရဲ႕ေနရာမွာ လူစားထိုးၿပီး ဒိုင္ဗင္ဝင္ထိုးရပါတယ္။ ဒိုင္ဗင္ထိုးရင္း မေတာ္တဆထိခိုက္မႈေၾကာင့္ ေျခသလံုး႐ိုး ျပဳတ္ထြက္ၿပီး သံုးလေလာက္ အိမ္မွာ နားခဲ့ရပါတယ္။ လမ္းမေလွ်ာက္ႏိုင္လို႔ ဖင္ကို တရြတ္တိုက္ဆြဲၿပီး သြားခဲ့ရတာေၾကာင့္ သူ႕ရဲ႕မိသားစုဒုကၡေရာက္မွာကို သူ ပူပန္ခဲ့ေပမဲ့ ထုတ္လုပ္သူေရာ ဒါ႐ိုက္တာဘက္ကပါ ေထာက္ပံ့ေၾကးေပးတာေတြ မရွိခဲ့ဘူးလို႔ ေျပာပါတယ္။

“မ်က္ရည္ေတြ တင္က်တာမဟုတ္၊ စိတ္ဓာတ္ေတြပါက်သြားတာ၊ ျပည္မွာရွိ တဲ့ အစ္မက သူ႕အိမ္မွာ ဗမာဆရာနဲ႔ ေခၚ ကုေပးလို႔ သက္သာလာတာ၊ မင္းသား မင္းသမီးေတြက ဒဏ္ရာရလို႔ မ႐ိုက္ႏိုင္ရင္ ပရိသတ္ေတြက သနားတယ္၊ သူတို႔ မွာ စီးပြားေရးလဲရွိေတာ့ မပူရဘူး၊ လူ ၾကမ္းေတြကေတာ့ အလုပ္မလုပ္ႏိုင္ရင္ ဒုကၡေရာက္ရတာ” လို႔ ေျပာျပပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဦးမင္းစိန္တို႔လို လူၾကမ္းေတြမွာ ဇာတ္ကား႐ိုက္ကူးမႈေတြ အမ်ားအျပားမရွိေတာ့ဘဲ အနည္း ငယ္သာ ရွိတာေၾကာင့္ လူၾကမ္းအမ်ားစုဟာ ၾကံဳရာအလုပ္လုပ္ ေနရသူေတြ အမ်ား ႀကီးရွိေနပါတယ္။ ၿမိဳ႕ စြန္က ေနရာေတြမွာ မုန္႔ဆိုင္ေလးဖြင့္ၿပီး ေရာင္းသူ၊ ဆိုင္ကယ္ ကယ္ရီဆြဲေနသူ၊ ကားေမာင္းတဲ့အလုပ္လုပ္ကိုင္ေနသူေတြ၊ မိသားစုကို ျပန္ၿပီး မွီခိုေနရတာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

အၾကမ္း၊ အရမ္း၊ အသတ္အပုတ္ကားေတြနည္းသြားသလို ဒရာမာဇာတ္ကားေတြမွာ လူၾကမ္းေနရာ၊ လူဆိုးေနရာ၊ ဂိုဏ္းစတားေနရာေတြမွာ သ႐ုပ္ေဆာင္ေနသ လူၾကမ္းေတြ ေနရာေပ်ာက္ေနရၿပီ လို႔ သူက သံုးသပ္ပါတယ္။
ဦးမင္းစိန္ တစ္ေယာက္ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြတုန္းက ဇာတ္ကား တစ္ကားအတြက္ ႐ိုက္ကူးရတဲ့ေငြေတြက သားသမီးေတြကို ပညာသင္ေပးႏိုင္တယ္၊ မိသားစုစားဝတ္ေနေရးကို အျပည့္အဝ တာဝန္ယူႏိုင္ခဲ့တာေၾကာင့္သည္အလုပ္ေပၚ မွာ စိတ္ေရာကိုယ္ေရာႏွစ္ၿပီး လုပ္ခဲ့တယ္။ ခုခ်ိန္အထိ သည္ ေလာကကအၿပီးတိုင္ ထြက္သြားဖို႔ တစ္ခါမွ မစဥ္းစားခဲ့ပါဘူး။

သားသမီး ငါးေယာက္ ဖခင္ျဖစ္တဲ့ သူဟာ ႐ုပ္ရွင္စတင္႐ိုက္ကူးစအခ်ိန္တုန္းက သူပါဝင္သ႐ုပ္ေဆာင္႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဇာတ္ကား ထြက္လာရင္ ေနအိမ္ကိုယူသြားၿပီး မိသားစုနဲ႔အတူ ၾကည့္ခဲ့ဖူးပါတယ္။

အတူၾကည့္ေနခ်ိန္မွာ မင္းသားရဲ႕ ႐ိုက္ႏွက္မႈေၾကာင့္ သူ ေသြးထြက္သံယို ျဖစ္ေနတဲ့ အခန္းေတြပါတဲ့အခ်ိန္၊ ရဲေတြက ဖမ္းၿပီး ေထာင္က်တဲ့အခန္းေတြေရာက္ရင္ ဇနီးနဲ႔သားသမီးေတြဟာ  မ်က္ရည္ေတြက်ၿပီး ဆက္မၾကည့္ဘဲ အျပင္ကို ထြက္သြားတာေၾကာင့္ ေနာက္ပိုင္းမွာ သူ အိမ္ကို ယူမသြားေတာ့ပါဘူး။

သူ သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားကို ရပ္ကြက္ထဲက ႐ံုေတြမွာ သြားေရာက္ ၾကည့္ဖို႔ သူ စီစဥ္ခဲ့ေပမဲ့ ႐ံုထဲမွာ သူပါဝင္သ႐ုပ္ေဆာင္တဲ့ ဇာတ္ဝင္ခန္းေတြေရာက္ရင္ ပရိသတ္ေတြက “ဒီေကာင္မေသေသ ဘူးလား၊ လူယုတ္မာေကာင္ကို အရွင္မထားနဲ႔ သတ္သတ္” ဆိုတဲ့ ပရိသတ္ေတြရဲ႕ အသံေတြကို သူၾကားခဲ့တာေၾကာင့္ ႐ံုထဲမဝင္ဘဲ ျပန္လွည့္ခဲ့ပါေတာ့တယ္။

‘ကိုယ့္ဇာတ္ကားေလးျပေနတယ္ ဆို  ၿပီး ဝင္ၾကည့္မလို႔ ဂိတ္ေပါက္ကေန ေခ်ာင္းၾကည့္တာ၊ ပရိသတ္ေတြ ကိုယ့္ကို ဆဲေနတာနဲ႔ ၾကံဳလို႔ အေပါက္ဝကေန လွည့္ျပန္ခဲ့ရတယ္၊ စဥ္းစားၾကည့္ အဲဒီအခ်ိန္ မွာသာ ပရိသတ္ေတြက ဦးေလးကို ေတြ႕ ရင္ ဘယ္လိုတံု႔ျပန္မလဲ၊ စဥ္းစားသာ ၾကည့္ေတာ့” လို႔ ေျပာျပရင္း ရယ္ေနပါတယ္။
ဆရာဝန္ ျဖစ္ဖူးတယ္

လူၾကမ္းေနရာကပဲ အၿမဲသ႐ုပ္ ေဆာင္ေနတဲ့သူ႕အတြက္ ႐ိုက္ေနက်ျဖစ္တဲ့ ဇာတ္နဲ႔ ဆန္႔က်င္ဘက္ေနရာကေန သ႐ုပ္ေဆာင္ဖို႔ အခြင့္အေရးတခ်ိဳ႕ ရခဲ့ဖူးပါတယ္။ အဲသည္ဇာတ္႐ုပ္ကေတာ့ ၿမိဳ႕ကေန ေတာရြာတစ္ရြာမွာ တာဝန္ထမ္း ေဆာင္ဖို႔ ဆရာဝန္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္႐ုပ္ပါ။

မူလစီစဥ္ထားတဲ့ သူက အဆင္မေျပ ျဖစ္တာေၾကာင့္ သူ႕ကို ဆရာဝန္ေနရာကေန သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရတာပါ။  ႐ိုက္ကူးတဲ့ရြာမွာ ရြာသားေတြက  ဆရာဝန္ကိုႀကိဳဖို႔ စုၿပီးေစာင့္ေနတဲ့အခ်ိန္မွာ သူတို႔ထင္ထားသလို ဆရာဝန္က လူၾကမ္းသ႐ုပ္ေဆာင္ျဖစ္တဲ့ သူ႔ကိုေတြ႕ေတာ့ သတိလက္လြတ္နဲ႔ သည္လူယုတ္မာက ဆရာဝန္ေနရာက သ႐ုပ္ေဆာင္တာဆိုၿပီး အဟားခံခဲ့ရဖူးတယ္လို႔ ျပန္ ေျပာျပပါတယ္။

ခုေနာက္ပိုင္းေတာ့ ရန္ကုန္ေနသူေတြက သူ႔ကိုေတြ႕ရင္ အရင္ကလို ခပ္ၾကမ္းၾကမ္းစကားလံုးေတြနဲ႔ ဆက္ဆံမႈေတြမရွိေတာ့ဘဲ နယ္ကလူေတြကေတာ့ အခုခ်ိန္အထိ သူ႕ကို ႐ုပ္ရွင္ထဲက အတိုင္းပဲ ျပန္ျမင္ေနၾကတုန္းပဲလို႔ သူက ေျပာပါ တယ္။

ပရိသတ္ေတြက ဇာတ္ကား႐ိုက္ကူးမႈေတြ ၿပီးတဲ့အခ်ိန္ေတြဆိုရင္ သူတို႔လို လူ ၾကမ္းေတြကို ထမင္းေကြ်းတာ၊ လက္aဆာင္ေပးတာ ၊ ႏႈတ္ဆက္တာေတြ ရွိေနတုန္းပဲလို႔ သူက ေျပာပါတယ္။

‘ခုေတာ့ ခံရတာမ်ားလို႔ အေရေတာင္ ထူေနပါၿပီ၊ မိန္းမႀကီးေတြဆို ပိုဆိုးတယ္၊ ဟာအၾကံဆိုးနဲ႔ လူႀကီး ဆိုၿပီး ေျပာ ေကာင္းတုန္း”လို႔ ျပန္ေျပာျပရင္း ေဘး ထိုင္ခံုေပၚက မ်က္ႏွာျပင္တစ္ခုလံုး ေၾကမြ အက္ကြဲေနတဲ့ ဟြာေဝးအမ်ိဳးအစား ဖုန္း ေလးကို ေကာက္ကိုင္လိုက္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သူဟာ သူပိုင္ဆိုင္တဲ့ သံုးဘီးဆိုင္ကယ္ေလးကို ေမာင္းရင္း သူ႕ကို လူၾကမ္းသ႐ုပ္ေဆာင္ေနရာက သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းလာမယ့္ သူကို ေမွ်ာ္ေနပါတယ္။

သူက ‘ပိုင္ဆိုင္မႈဆိုလို႔ ကေလးငါးေယာက္သာ အဖတ္တင္တယ္၊ ေငြက စုထားတာ တစ္ျပားမွမရွိဘူး၊ အိမ္လခကလဲ ျပည့္ေတာ့မယ္” လို႔ ေျပာရင္းသက္ျပင္းခ်လိုက္ပါတယ္။

Author  ေအးေအးေအာင္
kumudranews
=======
 Unicode
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ – ထောက်ကြန့်မြို့ ရပ်ကွက်တစ်ခုရဲ့ လမ်းသွယ်လေးတစ်ခုအတွင်းရှိ မြေစိုက်အုတ်ခံတစ်ထပ် အိမ်လေးရှေ့ထိုင်ခုံလေးပေါ်မှာ ကုန်ပစ္စည်းကြော် ငြာပါတဲ့ တီရှပ်နဲ့ အနီရောင်ဘောင်းဘီတို ဝတ်ဆင်ထားတဲ့ အသက် ၅၀ ကျော်အရွယ် လူတစ်ဦးထိုင်နေပါတယ်။ သူ့ဘေးမှာတော့ အနက်ရောင်ဖုန်းအသေးစား လေးတစ်လုံးနဲ့အတူ ချိုင်းထောက်တစ်ခုက ရှိတယ်။

သူ့ပုံစံက အသားက ခပ်ဖြူဖြူ၊ ခန္ဓာကိုယ်က ပြည့်ဖြိုးဖြိုးနဲ့ အရင်က တုတ်ခိုင် သန်မာတဲ့ သူ့လက်နှစ်ဖက်မှာ စာတန်းပါ တဲ့ ဆေးမင်ကြောင်တွေဟာ ဟိုနေရာ၊ သည်နေရာနဲ့ နေရာအနှံ့အပြား ယူထားပါတယ်။ အရင်ကသန်မာဟန်ရှိတဲ့ သူ့လက်၊ ပေါင်တံနဲ့ ခြေသလုံးတွေမှာ အသားတွေလျာ့ရဲပြီး တွဲကျနေပါတယ်။

နေရောင်ကြောင့် မျက်နှာပြင်က အသားအရေဟာ နီစပ်စပ်ဖြစ်နေပြီး နှုတ်ခမ်းမွေးတွေက ထိုးထိုးထောင်ထောင်နဲ့ ဟိုတစ်စသည်တစ်စ။ ရင့်ကျက်ဟန်ရှိ နေတဲ့ မျက်နှာဟာ အနည်းငယ်ခက်ထန် နေသလိုလိုနဲ့ အနီရောင်ဘက်သန်းနေတဲ့ သူ့ မျက်စိအရောင်ကြောင့် ရုတ်တရက် သူ့ ကို မြင်လိုက်ရတဲ့သူတချို့က သူ့ကို ခေါ် နေကျ နာမည်က ‘ဟယ်လူယုတ်မာကြီး”တဲ့ ။

သူ့နာမည်က “ဦးမင်းစိန်” လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အချိန်တုန်းက ရုပ်ရှင်၊ ဗီဒီယိုနဲ့ တီဗီဖန်သားပြင်တွေပေါ်မှာ နေရာရခဲ့သူ။ လူဆိုး၊ လူမိုက်၊ ဓားပြ၊ လူသတ်ကောင်၊ မူးယစ်ဂိုဏ်းစတား၊ အ မျိုးသမီးတွေကို အဓမ္မကျင့်သူ နေရာတွေမှာ ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သူ။

သူရိုက်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝဝ ဝန်းကျင်ရှိတယ် လို့ သူက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဦးမင်းစိန်အပါအဝင် လူကြမ်း ၁ဝဝ ခန့်ဟာ ဇာတ်ကားတွေ မရိုက်ရတော့ဘဲ မိသားစုဝမ်းရေးအတွက် ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်နေရတာပါ။

အရင်ကလို ဇာတ်ကားတွေ အများအပြားမရိုက်ရတော့ပေမဲ့ သူ့လို ဘဝတူတွေထက်စာရင် သူက ရိုက်ကူးမှုတွေရှိနေသေးတဲ့အတွက် ကံကောင်းတယ် ပြော ရမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဦးမင်းစိန်ဟာ အရင်က ဖိုက်တင်ကားတွေ၊ အသတ်အပုတ် ကားတွေနဲ့ ကြမ်းကြမ်းရမ်းရမ်း သရုပ် ဆောင်ရင်းရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ထောက်ကြန့်မှာ သုံးဘီးဆိုင်ကယ်မောင်းသမားဘဝနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်း ပေးနေရပေမဲ့ တစ်ခါတစ်ရံ လူကြမ်းနေ ရာက သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာရင် ရိုက်ကူးနေရသေးတယ်လို့ ပြောပြပါ တယ်။

“ခြေထောက်ကလဲ သိပ်မကောင်း တော့လို့ အရင်လို ကြမ်းတမ်းတဲ့နေရာက မဟုတ်ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီး ညွှန်ကြား ရတဲ့ လူဆိုးဆရာကြီးနေရာက သရုပ် ဆောင်ရတာတော့ ရှိသေးတယ်၊ ဒါလဲ သုံးလလောက်မှ တစ်ခါပါ”
သူ့ရဲ့ လက်ရှိဝင်ငွေဟာ  တစ်နေ့ကို ကျပ် ၂ဝဝဝ ကနေ ၁၀,ဝဝဝ ကျော် အထိ ရှိနေတယ်ဆိုပေမဲ့ သုံးဘီး ဆိုင်ကယ် မဆွဲရတဲ့နေ့တွေလည်း ရှိနေတတ်ပါတယ်။

‘ရေခဲသေတ္တာလေးသယ်ချင်လို့ လာ ငှားတယ်ဆိုရင် ၂ဝဝဝ၊ ၃ဝဝဝ လောက် ရတယ်၊ ဈေးဦးမပေါက်တဲ့နေ့တွေလဲ ရှိသေးတယ်၊ ဆိုင်ကယ် စမောင်းတုန်းက လူတွေက ဦးမင်းစိန်ကြီး ရုပ်ရှင် ရိုက်နေ တာလားဆိုပြီး မေးကြတာ၊ လောလောဆယ် ဒီလိုပဲ ဖြေရှင်းနေရတယ်˘ လို့ သူက တစ်လုံးချင်းပြောပြပါတယ်။

သူ့ဘဝအကြောင်း ပြောပြနေရင်း သူ့ အသံဟာ တစ်ခါတစ်ခါတုန်နေတတ်ပြီး မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့နေတတ်ပါတယ်။

ဒဏ်ရာဗရပွ

လက်ရှိအချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးရင်းရခဲ့တဲ့ ဒဏ်ရာတွေအဖြစ် ဘယ်ဘက်ဒူးဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာ၊ မြင်း ပေါ်က ပြုတ်ကျလို့ရခဲ့တဲ့ ခါးနောက် ကျော ရိုး ဒဏ် ရာ၊ မင်းသားနေရာ လူစားထိုးပြီး ကျွမ်း ထိုးတဲ့ အခန်းကြောင့် ရရှိတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေပါတယ်။

အရင်က လူကြမ်းနေရာ သရုပ် ဆောင်ဖို့ ရှုတင်ရှိရာနေရာ သုံးလေးခုကို အပြေးအလွှာသွားရောက်ပြီး ရိုက်ကူးခဲ့ ရပေမဲ့ လက်ရှိအချိန်မှာတော့ တစ်လနေလို့ တစ်ခါတောင် မရိုက်ရတော့ဘူးလို့ သူက ရှင်းပြပါတယ်။

ဟိုအရင်အချိန်က သူ့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ပရိသတ်တွေက သူ့ကိုမြင်တိုင်း လန့်ပြီးပြေးသူ၊ ဇာတ်ကား ထဲကအတိုင်းပဲ အပြင်မှာ မြင်နေကြတုန်းပဲလို့ သူက အဓိပာယ်ပါတဲ့ အပြုံးနဲ့ ပြုံးနေပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပြင်ဦးလွင်မှာ ရုပ်ရှင်ရိုက်ရင်း မြို့ထဲကို ဦးမင်းစိန်နဲ့ ဟာသသရုပ်ဆောင်ကင်းကောင်တို့ နှစ်ဦးလျှောက်လည်နေကြရင်းတစ်နေရာအရောက်မှာအမျိုးသမီးပရိသတ်နှစ်ဦးသူတို့ရှိရာနေရာကို ပြေးလာပါတယ်။

ဟာသ သရုပ်ဆောင် ကင်းကောင်ကို ပြုံးရွှင်ရယ်မောနှုတ်ဆက်ပြီး ဘေးမှာရှိနေတဲ့ သူ့ကို မြင်တော့ အလန့်တကြားနဲ့ “ဟယ် လူယုတ်မာကြီး မသေသေးဘူး လား” ဆိုတဲ့ ပြောဆိုမှုဒဏ်တွေ မကြာခဏခံခဲ့ရဖူးတယ်လို့ ပြန်ပြောပြပါတယ်။

‘အားရပါးရကို ပြောတာ၊ သေချင်းဆိုးကြီး၊ လူယုတ်မာကြီး၊ ကိုယ်ကတော့ ပြုံးပြီးကြည့်နေရတယ်၊ ငါက ရုပ်ရှင်ထဲက လူယုတ်မာပါ၊ အပြင်မှာ မဟုတ်ပါဘူး၊ အဲဒီလိုပြောတော့ သူတို့က ကျွန်မတို့ ယောင်သွားလို့ပါ၊ အပြင်မှာ ဦးမင်းစိန်ကို ဇာတ်ကားတွေထဲကဟာကိုပဲ ပြေးမြင်မိကြတာလို့ သူတို့က ပြန်ပြောတယ်လေ” လို့ သူက အတိတ်ကို ပြန်သတိရဟန်နဲ့ ပြောပြပါတယ်။

မင်းသမီးတွေနဲ့ အလိုမတူဘဲ အတင်းအဓမ္မကျင့်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရင်း အားမစိုက်ပေမဲ့ ဒါရိုက်တာက သရုပ်ဆောင်ပီပြင်အောင် လုပ်ခိုင်းတာကြောင့် မဖြစ်မနေလုပ်ရတဲ့အခါမှာ အရှိန်လွန်တာတွေကြောင့် ပြဿနာတွေနဲ့ ကြုံတွေ့ ခဲ့ဖူးပါတယ်။

‘ဒါဒါနဲ့ဆို အအော်တောင်ခံရတယ်၊ ”ဦးမင်းစိန် ရှင် ဘယ်လို ဖြစ်နေတာလဲ၊ ဒီမှာ နှုတ်ခမ်းမွေးတွေ စူးကုန်ပြီ” ဆိုပြီး မင်းသမီးက စိတ်ဆိုးပြီး ရိုက်ကူးရေး မရိုက်ဘဲ အိမ်ပြန်မယ်ဆိုတာကြောင့် မနည်းတောင်းပန်ခဲ့ရတယ်၊ ”သမီးရယ်၊ ငါက ငါ့အလုပ်ငါ ပီပြင်အောင်လုပ်ရတာ” ဆိုပြီး မနည်းတောင်းပန်ရတယ်”လို့ သူ့ အတွေ့အကြုံကို ပြောပြပါတယ်။

မင်းသမီးတွေကို အတင်းအဓမ္မ ဆွဲခေါ်ပြီး ပြန်ပေးဆွဲရတဲ့ ဇာတ်ကားတွေ ရိုက်တဲ့အခါမှာလည်း သူ့အတွက် အခက်အခဲနဲ့ တွေ့ကြုံခဲ့ရဖူးသလို သူ့ကြောင့် မှားတာမဟုတ်ဘဲ မင်းသမီးရဲ့ အမှားကြောင့် ဇာတ်ဝင်ခန်းတစ်ခန်းကို ခြောက်ခါလောက် ပြန်ရိုက်ခဲ့ရဖူးပါတယ်။

အဲသည်ဇာတ်ကားကတော့ မြို့ကနေ ရွာ ပြန်လာတဲ့ သူကြီးသမီးဖြစ်တဲ့ မင်းသမီးလှအဥ္စလီတင့်ကို သူ့ရဲ့တပည့် ဖြစ်သူတွေနဲ့အတူ လှည်းပေါ်ကနေ အတင်း ဆွဲချတဲ့အခန်းရိုက်ရတာပါ၊ ဇာတ်လမ်းအရ နေပူပူ၊ ဖုန်ထူထူမှာ ရိုက်ရတာပါ၊ မင်းသမီးက မကျေနပ်လို့ သူ့ကို ပါးရိုက်တဲ့ အခန်း ရိုက်ကူးနေချိန် ကြုံတွေ့ရတာပါ။

“အဲဒီလိုပဲပါးရိုက်လိုက် ပြီးတော့ သူကဟီးဟီးမှားသွားပြီဆိုပြီး အဲဒီတော့ ဒါရိုက်တာက သမီး နေလဲပူတယ်ကွာ၊ ဟိုမှာလဲ ပါးကြီးလဲရဲနေပြီ၊ သမီး သေချာလုပ်ပါဆိုပြီး အဲဒါလဲ သည်းခံရတာပဲ”လို့ ပြောရင်း သတိရဟန်နဲ့ သူ့ပါးကို စမ်း လိုက်ပါတယ်။

ပရိသတ်တွေရဲ့ တုံ့ပြန်မှုသဘောက လူကြမ်းသရုပ်ဆောင်တွေကို အပြင်မှာ တွေ့ရင် ဇာတ်ကားထဲက အတိုင်းပဲ မြင်နေတတ်တာတွေကြောင့် သူအလုပ်လုပ် ခါစတုန်းကဆိုရင် မကြာခဏဝမ်းနည်းမိတတ်တယ်။

ကြောက်ကြတယ်

လူကြမ်းသရုပ်ဆောင်ကောင်းလို့ အောင်မြင်သွားရင် အပြင်မှာရော ရုပ်ရှင် ဇာတ်ကားကြည့်နေတုန်းမှာပါ ဆဲဆိုတာတွေခံရပြီး လူရွှင်တော်တွေနဲ့ မင်းသားတွေကျတော့ ပရိသတ်တွေက ပြုံးရွှင်ပြီး နှုတ်ဆက်တတ်ကြတယ်လို့ သူက ဆိုပါ တယ်။

‘တစ်ခါတစ်ခါ ရင်ထဲကို ထိတယ်၊ ဘတ်စ်ကားစီးလို့ နေရာလွတ်တယ်ဆိုပြီး ဝင်ထိုင်မိတာ ဘေးမှာရှိနေတဲ့ ကောင်မလေးက ကြောက်ပြီး ကားပေါ်က ပြေး ဆင်းတာခံရဖူးတယ်” လို့ ပြောပါတယ်။

ရုပ်ရှင်လောကကို သူစပြီး ဝင်လာချိန်က မင်းသားတွေကို ဖိုက်တင်နေရာက နေ သရုပ်ဆောင်ဖို့ပြသရတဲ့ ကွန်ဖူးဆရာတစ်ယောက် ဖြစ်ပါတယ်။

မင်းသားတွေကို အသတ်အပုတ်အ တွက် လေ့ကျင့်သင်ကြားပေးရင်း  တပည့် ဖြစ်သူက အောင်မြင်တဲ့ မင်းသားနေရာ ရောက်လာတော့ သူပါ ဇာတ်ကားတွေထဲမှာ ကိုယ်တိုင်သရုပ်ဆောင်ရင်း လူကြမ်း မင်းသားနေရာကို ရောက်မှန်းမသိ ရောက်လာတာပါ လို့ သူက ပြောပါတယ်။

“ခုတော့ သူတို့တွေသာ ပျောက်သွားတာ၊ ကိုယ်က ဆက်တိုးပေါ့”

သူစတင်သရုပ်ဆောင်တဲ့ ဇာတ်ကားက မင်းသားစိုးသူ ပထမဆုံးရိုက်ခဲ့တဲ့ “မိုက်ကြွေးမိုက်ပြစ်” ဆိုတဲ့ ဇာတ်ကားနဲ့ စတင်သရုပ်ဆောင်ခဲ့ပြီး ဖိုက်တင်ဇာတ်ကားတွေနဲ့ နာမည်ရခဲ့တဲ့ မင်းသား ရဲကိုကိုနဲ့ ရဲမင်းပိုင်ကို သင်တန်းနည်းပြအဖြစ် သင်ပေးရင်းက သူတို့ ရိုက်တဲ့ ဇာတ်ကားတိုင်းမှာ မလွတ်တမ်း ရိုက်ကူးခဲ့ရသူ ပါ။

သူက ‘ရဲကိုကိုက ရုပ်ရှင်ရိုက်ချင် တယ်ဆိုတော့ ကျွန်တော့်ဆရာဆီမှာ လာပြောတယ်၊ ကျွန်တော်က ဖိုက်တင်နဲ့ ဖြစ်အောင် သင်ပေးမယ်၊ မင်းမဖြစ်ရင် ငါ့ လည်ပင်းကို လာဖြတ်ဆိုပြီး လောင်းကြေးထပ်ခဲ့တာ” လို့ သူက ပြုံးပြီးပြန်ပြော ပါတယ်။

သူနဲ့အတူ တွဲပြီးရိုက်ဖူးခဲ့တဲ့ မင်းသားတွေက စိုးသူ၊ ရန်အောင်၊ ကျော်ရဲအောင်၊ ရဲအောင်၊ လွင်မိုး၊ ရဲကိုကို၊ ရဲမင်းပိုင်၊ ဒွေး၊ သီဟတင်စိုး၊ မင်းအုပ်စိုး၊ လူမင်း၊ မင်းမော်ကွန်းနဲ့ မြင့်မြတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ အသတ်အပုတ်၊ ဖိုက်တင်ပညာတွေသင်ပေးခဲ့တဲ့ တပည့်တွေနဲ့ ဆုံတဲ့ ဇာတ်ကားတွေမှာ နှစ်ဖက်တိုက်ခိုက်တဲ့ အခန်းတွေမှာ ခံရတဲ့နေရာက အမြဲပဲ သရုပ်ဆောင်ခဲ့ရတယ်။ ရဲကိုကိုနဲ့ ရိုက်တဲ့ ဇာတ်ကားမှာဆို မင်းသားရဲ့ လက်သီးချက်ကြောင့် သတိမေ့ဖူးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

‘ရဲလေး မင်း အဲဒီလိုထိုးရင် ငါ့ပါးကို ထိနိုင်တယ်ဆိုပြီး သတိပေးတာ မရဘူး၊ ထင်ထားတဲ့အတိုင်းထိုးတာ၊ နောက်မှာလဲ အုတ်နံရံပဲရှိတော့တာ၊ ရှေ့မှာ လက်သီးနဲ့ တစ်ပတ်လည်သွားချိန်၊ ဂုတ်ဆိုတဲ့ အသံနဲ့ အတူ နှာခေါင်းကို ထိသွားတာ၊ သွေးတွေ အတောင့်လိုက် ပန်းထွက်ပြီး မေ့သွားတာ” လို့ ပြောရင်း နှာခေါင်းက ဒဏ်ရာကို လက်နဲ့ ပွတ်သပ်လိုက်ပါ တယ်။

လူကြမ်းသရုပ်ဆောင်တွေဟာ မင်းသားတွေနဲ့ သတ်ပုတ်ရတဲ့ ဖိုက်တင်ဇာတ် ကားတွေမှာ မင်းသားတွေရဲ့ လက်သီးချက်တွေ၊ ခြေနဲ့ကန်မိတာ၊  တုတ်နဲ့ ရိုက်မိတာတွေ မကြာခဏခံခဲ့ရပေမဲ့ လူကြမ်းတွေက သရုပ်ဆောင်ရင်း မင်းသားကို ထိမိ ခိုက်မိပါရင် ရှုတင်မန်နေဂျာကို သည်လူ ကြမ်းနဲ့ မရိုက်ဘူးလို့ ပြောတော့ လူကြမ်းတွေ မရိုက်ရတာတွေလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။

‘မင်းသားကို ထိမိတာ သိပ်မရှိပါဘူး၊ မင်းသားက ဘရိတ်ပေါက်ရင်တော့ ဆော ရီးတဲ့ ၊ ကိုယ်တွေ ထိမိရင် နောက်မခေါ်နဲ့ လို့ ပြောရင် ကိုယ်ပဲ ထမင်းငတ်မှာ” လို့ ပြောတယ်။

ရဲကိုကိုအပြင် ရဲမင်းပိုင်နဲ့ ရိုက်တဲ့ ဇာတ်ကားမှာလည်း သူ အပြင်းအထန် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ မျက်နှာချင်းဆိုင် မြင်းစီးပြီး ပြေးလာတဲ့အခန်းမှာ မြင်းပေါ်ကနေ မတ်တတ်ရပ်ပြီး မင်းသားက ခြေ ထောက်နဲ့ ရင်ဘတ်ကို ကန်ရတဲ့အခန်းမှာ အရှိန်လွန်ပြီး မြင်းပေါ်က ပြုတ်ကျသွားပါတယ်။

သူ သတိရလို့ ကြည့်လိုက်တဲ့အချိန် မှာ ရိုက်ကူးရေးနေရာမဟုတ်ဘဲ အိမ် တစ်အိမ်မှာ ရောက်နေတာပါ။

သူ ဒဏ်ရာအကြီးအကျယ်ရခဲ့တဲ့ ဇာတ်ကားကတော့ မင်းသားရန်အောင်နဲ့ ရိုက်ကူးရတဲ့ “ကျောက်လက်ဝါးနဲ့ စိုင်းဗေဒါ” ဇာတ်ကားပါ။ သည်ဇာတ်ကားဟာ အက်ရှင်ကားဖြစ်ပြီး အသတ်အပုတ်တွေ၊ ဒိုင်ဗင်ထိုးတဲ့အခန်းတွေလည်း ပါပါတယ်။

လှည့်မကြည့်ကြ

အဲသည်အချိန်တုန်းက သူ မင်းသားထွန်းထွန်းနိုင်ရဲ့နေရာမှာ လူစားထိုးပြီး ဒိုင်ဗင်ဝင်ထိုးရပါတယ်။ ဒိုင်ဗင်ထိုးရင်း မတော်တဆထိခိုက်မှုကြောင့် ခြေသလုံးရိုး ပြုတ်ထွက်ပြီး သုံးလလောက် အိမ်မှာ နားခဲ့ရပါတယ်။ လမ်းမလျှောက်နိုင်လို့ ဖင်ကို တရွတ်တိုက်ဆွဲပြီး သွားခဲ့ရတာကြောင့် သူ့ရဲ့မိသားစုဒုက္ခရောက်မှာကို သူ ပူပန်ခဲ့ပေမဲ့ ထုတ်လုပ်သူရော ဒါရိုက်တာဘက်ကပါ ထောက်ပံ့ကြေးပေးတာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။

“မျက်ရည်တွေ တင်ကျတာမဟုတ်၊ စိတ်ဓာတ်တွေပါကျသွားတာ၊ ပြည်မှာရှိ တဲ့ အစ်မက သူ့အိမ်မှာ ဗမာဆရာနဲ့ ခေါ် ကုပေးလို့ သက်သာလာတာ၊ မင်းသား မင်းသမီးတွေက ဒဏ်ရာရလို့ မရိုက်နိုင်ရင် ပရိသတ်တွေက သနားတယ်၊ သူတို့ မှာ စီးပွားရေးလဲရှိတော့ မပူရဘူး၊ လူ ကြမ်းတွေကတော့ အလုပ်မလုပ်နိုင်ရင် ဒုက္ခရောက်ရတာ” လို့ ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ ဦးမင်းစိန်တို့လို လူကြမ်းတွေမှာ ဇာတ်ကားရိုက်ကူးမှုတွေ အများအပြားမရှိတော့ဘဲ အနည်း ငယ်သာ ရှိတာကြောင့် လူကြမ်းအများစုဟာ ကြုံရာအလုပ်လုပ် နေရသူတွေ အများ ကြီးရှိနေပါတယ်။ မြို့ စွန်က နေရာတွေမှာ မုန့်ဆိုင်လေးဖွင့်ပြီး ရောင်းသူ၊ ဆိုင်ကယ် ကယ်ရီဆွဲနေသူ၊ ကားမောင်းတဲ့အလုပ်လုပ်ကိုင်နေသူတွေ၊ မိသားစုကို ပြန်ပြီး မှီခိုနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အကြမ်း၊ အရမ်း၊ အသတ်အပုတ်ကားတွေနည်းသွားသလို ဒရာမာဇာတ်ကားတွေမှာ လူကြမ်းနေရာ၊ လူဆိုးနေရာ၊ ဂိုဏ်းစတားနေရာတွေမှာ သရုပ်ဆောင်နေသ လူကြမ်းတွေ နေရာပျောက်နေရပြီ လို့ သူက သုံးသပ်ပါတယ်။
ဦးမင်းစိန် တစ်ယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ဇာတ်ကား တစ်ကားအတွက် ရိုက်ကူးရတဲ့ငွေတွေက သားသမီးတွေကို ပညာသင်ပေးနိုင်တယ်၊ မိသားစုစားဝတ်နေရေးကို အပြည့်အဝ တာဝန်ယူနိုင်ခဲ့တာကြောင့်သည်အလုပ်ပေါ် မှာ စိတ်ရောကိုယ်ရောနှစ်ပြီး လုပ်ခဲ့တယ်။ ခုချိန်အထိ သည် လောကကအပြီးတိုင် ထွက်သွားဖို့ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။

သားသမီး ငါးယောက် ဖခင်ဖြစ်တဲ့ သူဟာ ရုပ်ရှင်စတင်ရိုက်ကူးစအချိန်တုန်းက သူပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကား ထွက်လာရင် နေအိမ်ကိုယူသွားပြီး မိသားစုနဲ့အတူ ကြည့်ခဲ့ဖူးပါတယ်။

အတူကြည့်နေချိန်မှာ မင်းသားရဲ့ ရိုက်နှက်မှုကြောင့် သူ သွေးထွက်သံယို ဖြစ်နေတဲ့ အခန်းတွေပါတဲ့အချိန်၊ ရဲတွေက ဖမ်းပြီး ထောင်ကျတဲ့အခန်းတွေရောက်ရင် ဇနီးနဲ့သားသမီးတွေဟာ  မျက်ရည်တွေကျပြီး ဆက်မကြည့်ဘဲ အပြင်ကို ထွက်သွားတာကြောင့် နောက်ပိုင်းမှာ သူ အိမ်ကို ယူမသွားတော့ပါဘူး။

သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကို ရပ်ကွက်ထဲက ရုံတွေမှာ သွားရောက် ကြည့်ဖို့ သူ စီစဉ်ခဲ့ပေမဲ့ ရုံထဲမှာ သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ဝင်ခန်းတွေရောက်ရင် ပရိသတ်တွေက “ဒီကောင်မသေသေ ဘူးလား၊ လူယုတ်မာကောင်ကို အရှင်မထားနဲ့ သတ်သတ်” ဆိုတဲ့ ပရိသတ်တွေရဲ့ အသံတွေကို သူကြားခဲ့တာကြောင့် ရုံထဲမဝင်ဘဲ ပြန်လှည့်ခဲ့ပါတော့တယ်။

‘ကိုယ့်ဇာတ်ကားလေးပြနေတယ် ဆို  ပြီး ဝင်ကြည့်မလို့ ဂိတ်ပေါက်ကနေ ချောင်းကြည့်တာ၊ ပရိသတ်တွေ ကိုယ့်ကို ဆဲနေတာနဲ့ ကြုံလို့ အပေါက်ဝကနေ လှည့်ပြန်ခဲ့ရတယ်၊ စဉ်းစားကြည့် အဲဒီအချိန် မှာသာ ပရိသတ်တွေက ဦးလေးကို တွေ့ ရင် ဘယ်လိုတုံ့ပြန်မလဲ၊ စဉ်းစားသာ ကြည့်တော့” လို့ ပြောပြရင်း ရယ်နေပါတယ်။
ဆရာဝန် ဖြစ်ဖူးတယ်

လူကြမ်းနေရာကပဲ အမြဲသရုပ် ဆောင်နေတဲ့သူ့အတွက် ရိုက်နေကျဖြစ်တဲ့ ဇာတ်နဲ့ ဆန့်ကျင်ဘက်နေရာကနေ သရုပ်ဆောင်ဖို့ အခွင့်အရေးတချို့ ရခဲ့ဖူးပါတယ်။ အဲသည်ဇာတ်ရုပ်ကတော့ မြို့ကနေ တောရွာတစ်ရွာမှာ တာဝန်ထမ်း ဆောင်ဖို့ ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ပါ။

မူလစီစဉ်ထားတဲ့ သူက အဆင်မပြေ ဖြစ်တာကြောင့် သူ့ကို ဆရာဝန်နေရာကနေ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။  ရိုက်ကူးတဲ့ရွာမှာ ရွာသားတွေက  ဆရာဝန်ကိုကြိုဖို့ စုပြီးစောင့်နေတဲ့အချိန်မှာ သူတို့ထင်ထားသလို ဆရာဝန်က လူကြမ်းသရုပ်ဆောင်ဖြစ်တဲ့ သူ့ကိုတွေ့တော့ သတိလက်လွတ်နဲ့ သည်လူယုတ်မာက ဆရာဝန်နေရာက သရုပ်ဆောင်တာဆိုပြီး အဟားခံခဲ့ရဖူးတယ်လို့ ပြန် ပြောပြပါတယ်။

ခုနောက်ပိုင်းတော့ ရန်ကုန်နေသူတွေက သူ့ကိုတွေ့ရင် အရင်ကလို ခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ ဆက်ဆံမှုတွေမရှိတော့ဘဲ နယ်ကလူတွေကတော့ အခုချိန်အထိ သူ့ကို ရုပ်ရှင်ထဲက အတိုင်းပဲ ပြန်မြင်နေကြတုန်းပဲလို့ သူက ပြောပါ တယ်။

ပရိသတ်တွေက ဇာတ်ကားရိုက်ကူးမှုတွေ ပြီးတဲ့အချိန်တွေဆိုရင် သူတို့လို လူ ကြမ်းတွေကို ထမင်းကျွေးတာ၊ လက်aဆာင်ပေးတာ ၊ နှုတ်ဆက်တာတွေ ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။

‘ခုတော့ ခံရတာများလို့ အရေတောင် ထူနေပါပြီ၊ မိန်းမကြီးတွေဆို ပိုဆိုးတယ်၊ ဟာအကြံဆိုးနဲ့ လူကြီး ဆိုပြီး ပြော ကောင်းတုန်း”လို့ ပြန်ပြောပြရင်း ဘေး ထိုင်ခုံပေါ်က မျက်နှာပြင်တစ်ခုလုံး ကြေမွ အက်ကွဲနေတဲ့ ဟွာဝေးအမျိုးအစား ဖုန်း လေးကို ကောက်ကိုင်လိုက်ပါတယ်။

လက်ရှိအချိန်မှာတော့ သူဟာ သူပိုင်ဆိုင်တဲ့ သုံးဘီးဆိုင်ကယ်လေးကို မောင်းရင်း သူ့ကို လူကြမ်းသရုပ်ဆောင်နေရာက သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာမယ့် သူကို မျှော်နေပါတယ်။

သူက ‘ပိုင်ဆိုင်မှုဆိုလို့ ကလေးငါးယောက်သာ အဖတ်တင်တယ်၊ ငွေက စုထားတာ တစ်ပြားမှမရှိဘူး၊ အိမ်လခကလဲ ပြည့်တော့မယ်” လို့ ပြောရင်းသက်ပြင်းချလိုက်ပါတယ်။

Author  အေးအေးအောင်
kumudranews

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...