မိန်းမအစစ်တွေက အသဲမာလို့တဲ့....

ဓာတ်ပုံ-AFP
 ဂျပန်နိုင်ငံသား တစ်ယောက်က သူ့ရဲ့ ဇနီးသည်ကို လူသားစစ်စစ်အစား ဆီလီကွန် အရုပ်ကြီး တစ်ခုကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မာဆာယူကီ အိုဇာကီက မာယူလို့ နာမည်ပေးထားတဲ့ လိင်ဖျော်ဖြေရေး အရုပ်ကြီးကို ဇနီးမယားအဖြစ် လက်ထပ်ထားသူပါ။ မာယူကြောင့် သူ့ရဲ့ အထီးကျန်မှုတွေ ပြေပျောက်ခဲ့ရကြောင်း အသက် ၄၅ နှစ် ရှိပြီဖြစ်တဲ့ ကာယကုထုံးဆရာက ပြောပါတယ်။
မာဆာယူကီဟာ ပြခန်းထဲမှာ ရောင်းချနေတဲ့ အရုပ်ကို တွေ့တွေ့ချင်း အရမ်းသဘောကျပြီး ဝယ်ယူခဲ့တာပါ။ သူက မာယူကို တကယ့် လူသား ဇနီးမယားလိုပဲ အဝတ်အစားတွေ၊ လက်ဝတ်တန်ဆာတွေ လက်ဆောင်ဝယ်ပေးလေ့ ရှိသလို အပန်းဖြေ ခရီးလည်း အတူတူ ထွက်လေ့ရှိပါတယ်။ သူက ဂျပန်အမျိုးသမီးတွေဟာ အသည်းမာပြီး တစ်ကိုယ်ကောင်းလည်း ဆန်ကြောင်း၊ သူ့အတွက်တော့ မာယူကသာ တကယ့်ကို ပြီးပြည့်စုံတဲ့ ဇနီးအလိမ္မာ ဖြစ်ကြောင်းလည်း မာဆာယူကီက ချီးကျူး ညွှန်းဆိုသွားပါတယ်။
ဓာတ်ပုံ-AFP


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...