ဟိုတုန္းကရြာတစ္ရြာမွာ လင္မယား(၂)ေယာက္
ရွိတယ္တဲ့။သူတို႔မွာ စကားေျပာတတ္ခါစ သားေလး
တစ္ေယာက္လည္းရွိတယ္တဲ့။
ထူးျခားတာက ဒီကေလး အေခၚခံရတဲ့လူေတြဟာ ေနာက္တစ္ေန႔မွာ ေသသြားၾကတယ္တဲ့။ ဦးေလးလို႔ေခၚလိုက္ရင္ မနက္ၾကေတာ့ ဦးေလး ေသသြားသလို အေဒၚလို႔ေခၚလိုက္ရင္လည္း မနက္က်ေတာ့ အေဒၚေသသြားပါတယ္။ ဒါေၾကာင့္ ဒီအိမ္ေရွ႕က ဘယ္သူမွကို လမ္းျဖတ္မေလၽွာက္ရဲၾကေတာ့ဘူး။
တေန႔က်ေတာ့ ထူးထူးျခားျခား "အေဖ" လို႔ကေလးက
ေခၚလိုက္ေတာ့ အေဖျဖစ္သူကေၾကာက္လန္႔ၿပီးငိုယိုကါ
"ဒီေန႔သားေလးကငါ့ကိုအေဖလို႔ေခၚလိုက္တယ္၊မနက္
က်ရင္ငါေသရလိမ့္မယ္" ဆိုၿပီးမေသခင္မွာစရာရွိတာ
ကိုမွာတာေပါ့။ဒီအခ်ိန္မွာ မိန္းမ ျဖစ္သူက ဘာမွျပန္မေျပာပဲေနတယ္တဲ့...။
ေနာက္တေန႔နံနက္(၄)နာရီေက်ာ္ေလာက္မွာေတာ့
ေျခရင္းဘက္ ကိုသာေအးေနအိမ္ အဲ့ဒီ ကိုသာေအးရဲ႕
မိန္းမေအာ္ငိုလိုက္ပံုက
"အမေလးကိုသာေအးရယ္၊ အေသေစာလွခ်ီလား၊
ေတာ္ပဲ က်ဳတ္နဲ႔ ဒီမိသားစုကိုခ်စ္လွပါတယ္ဆို.... ထၾကည့္ပါအံုး
ကိုသာေအးရဲ႕ အဟီး ဟီး ဟီး" ။
=============
ဟိုတုန်းကရွာတစ်ရွာမှာ လင်မယား(၂)ယောက်
ရှိတယ်တဲ့။သူတို့မှာ စကားပြောတတ်ခါစ သားလေး
တစ်ယောက်လည်းရှိတယ်တဲ့။
ထူးခြားတာက ဒီကလေး အခေါ်ခံရတဲ့လူတွေဟာ နောက်တစ်နေ့မှာ သေသွားကြတယ်တဲ့။ ဦးလေးလို့ခေါ်လိုက်ရင် မနက်ကြတော့ ဦးလေး သေသွားသလို အဒေါ်လို့ခေါ်လိုက်ရင်လည်း မနက်ကျတော့ အဒေါ်သေသွားပါတယ်။ ဒါကြောင့် ဒီအိမ်ရှေ့က ဘယ်သူမှကို လမ်းဖြတ်မလျှောက်ရဲကြတော့ဘူး။
တနေ့ကျတော့ ထူးထူးခြားခြား "အဖေ" လို့ကလေးက
ခေါ်လိုက်တော့ အဖေဖြစ်သူကကြောက်လန့်ပြီးငိုယိုကါ
"ဒီနေ့သားလေးကငါ့ကိုအဖေလို့ခေါ်လိုက်တယ်၊မနက်
ကျရင်ငါသေရလိမ့်မယ်" ဆိုပြီးမသေခင်မှာစရာရှိတာ
ကိုမှာတာပေါ့။ဒီအချိန်မှာ မိန်းမ ဖြစ်သူက ဘာမှပြန်မပြောပဲနေတယ်တဲ့...။
နောက်တနေ့နံနက်(၄)နာရီကျော်လောက်မှာတော့
ခြေရင်းဘက် ကိုသာအေးနေအိမ် အဲ့ဒီ ကိုသာအေးရဲ့
မိန်းမအော်ငိုလိုက်ပုံက
"အမလေးကိုသာအေးရယ်၊ အသေစောလှချီလား၊
တော်ပဲ ကျုတ်နဲ့ ဒီမိသားစုကိုချစ်လှပါတယ်ဆို.... ထကြည့်ပါအုံး
ကိုသာအေးရဲ့ အဟီး ဟီး ဟီး" ။
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment