အိမ္ေထာင္သည္ အမ်ိဳးသမီး မ်ား လင္မယား ကိစၥျပီးၿပီးေနာက္ ခ်က္ခ်င္းမလုပ္သင့္တဲ့အရာမ်ား


အိမ္ေထာင္ သည္ အမ်ိဳးသမီးေတြအေနနဲ႔ ခ်စ္တင္းမေႏွာခင္နဲ႔ ေႏွာၿပီးေနာက္ပုိင္းမွာ မလုပ္သင့္တဲ့ ေဆာင္ေရွာင္ေရွာင္ရန္ေလးေတြကို Shwemom က ေဖာ္ျပေပးလုိက္ပါတယ္။ လုိက္နာ က်င့္သုံးျခင္းျဖင့္ လိင္ပိုင္ဆုိင္ရာ ေရာဂါေတြ ကင္းေ၀းၾကပါေစေၾကာင္း။
ခ်စ္တင္းမေႏွာခင္
(၁) အေမြးအမွ်င္မ်ားကို မရိတ္ပါနဲ႔
အခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကေတာ့ လိင္ပုိင္းဆုိ္င္ရာ အထိအေတြ႕ ပိုေကာင္းေလးမလားလုိ႔ အေမႊးအျမင္ေတြကို ရိတ္ပစ္တတ္ပါတယ္။ ဒီနည္းေၾကာင့္ ဓားနဲ႔ရွမိတဲ့ မျမင္ႏုိ္င္တဲ့ ဒဏ္ရာေတြထဲကို ဘက္တီးရီယားေတြ အျမန္တုိး၀င္ေစနုိင္သလုိ၊ လိင္ပုိင္းဆုိင္ရာ အထိအေတြ႕လည္း သာမန္ထက္ ပုိၿပီး မထူးျခားပါဘူး။
(၂) အရက္အမ်ားႀကီး မေသာက္ပါနဲ႔
အခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့ ခ်စ္တင္းေႏွာမႈ မျပဳခင္မွာ အရက္ေသာက္ေလ့ရွိၾကပါတယ္။ သုိ႔မဟုတ္ ဘီယာ စသည္တုိ႔ ေသာက္တတ္ၾကပါတယ္။ ဒါဟာ လိင္ပုိင္းဆုိုင္ရာ အထိအေတြ႕ကို ေလွ်ာ့ပါးေစတဲ့ နည္းျဖစ္လုိ႔ အရြယ္မတုိင္ခင္မွာ လိင္စိတ္ကုန္ခမ္းတာမ်ိဳး ျဖစ္တတ္ပါတယ္။ အရက္စသည့္ မူးယစ္ေစတတ္တဲ့ အရာေတြဟာ လူကို အေတြ႕အထိ စသည္တုိ႔မွာ ထုံသြားေစႏုိင္ပါတယ္။
(၃) ေရအိမ္၀င္ျခင္း
အခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကေတာ့ မဆက္ဆံခင္မွာ ေရအိမ္၀င္တတ္ပါတယ္။ ဒါကလည္း မွားပါတယ္။ အေၾကာင္းကေတာ့ ပိတ္ေနတဲ့ ဆီးလမ္းေၾကာင္းကို ဖြင့္လုိက္သလုိ ျဖစ္သြားေစၿပီး၊ ဆီးလမ္းေၾကာင္းအတြင္း ပုိး၀င္ဖုိ႔ အလြန္လြယ္ကူတဲ့ အေနအထားမုိ႔ ျဖစ္ပါတယ္။
ခ်စ္တင္းေႏွာၿပီးေနာက္
(၁) ဆပ္ျပာျဖင့္ မေဆးရ
အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ခ်စ္တင္းေနွာၿပီးေနာက္ ဒီအတိုင္းႀကီး မေနတတ္ဖူးဆုိၿပီး ဆပ္ျပာ စသည္တုိ႔ကို အသုံးျပဳကာ ေရထေဆးတတ္ၾကပါတယ္။ ဒါဟာ ေယာနိကို ေရဓာတ္ကုန္ခမ္းေစတဲ့ အျပဳအမူျဖစ္ၿပီး၊ ဓာတ္မတည့္မႈကိုလည္း ခံစားရေစနုိင္ပါတယ္။ ေယာနိဆုိသည္မွာ သူ႕ဘာသာသူ အလုိေလွ်ာက္ သန္႔စင္တဲ့ စနစ္ပါၿပီးသားမုိ႔ တကယ္လုိ႔ ေဆးခ်င္တယ္ဆုိရင္လည္း ေရသီးသန္႔နဲ႔သာ ေဆးသင့္ပါေၾကာင္း။
(၂) အေပါ့သြားဖုိ႔ မေမ့ပါနဲ႔
ခ်စ္တင္းေနွာၿပီးေနာက္ ခ်က္ခ်င္းလုပ္သင့္တဲ့ အလုပ္ေတြထဲမွာ အေပါ့သြားျခင္း ျဖစ္ပါတယ္။ ဒါဟာ ေယာနိလမ္းေၾကာင္းထဲမွာ က်န္ရွိေနတဲ့ ဘက္တီးရီယားေတြကုိ သန္႔စင္ပစ္တဲ့ နည္းလည္း ျဖစ္ပါတယ္။
(၃) ေရေႏြးကန္မွာ မစိမ္ရ
အခ်ိဳ႕ အမ်ိဳးသမီးေတြဟာ ခ်စ္တင္းေႏွာၿပီးေနာက္ ဆပ္ျပာျမဳပ္ေတြ ထေနတဲ့ ေရေႏြးကန္ထဲကို တန္းေျပးတတ္ပါတယ္။ တစ္ခ်ိဳ႕ဆုိရင္ ခ်စ္တင္းေႏွာၿပီးတာနဲ႔ အဆင္သင့္ စိမ္လုိ႔ရေအာင္ ျပင္ဆင္ထားတာမ်ိဳးေတာင္ လုပ္တတ္ပါတယ္။ ဒါဟာ အလြန္မွားတဲ့နည္း ျဖစ္ပါတယ္။ ခ်စ္တင္းေႏွာၿပီးကာစအခ်ိန္မွ မိနစ္ 20 ေလာက္အတြင္းမွာ သာအိမ္နံရံေတြဟာ အထိအေတြ႕ေၾကာင့္ လႈပ္ရွားမႈေတြ က်န္ေနေသးခ်ိန္ျဖစ္ပါတယ္။ တနည္းေျပာရရင္ သားအိမ္အထိ လမ္းေၾကာင္းတစ္ခုလုံး ပြင့္ေနခ်ိန္ပါ။ ဒီအေျခအေနမွာ ေရေႏြးနဲ႔စိမ္ျခင္းဟာ အလြန္ႏူးညံ့တဲ့ သားအိမ္ဆဲလ္နံရံေတြကုိ ေသဆုံးေစပါတယ္။ လိင္ပိုင္းဆုိင္ရာ ေရာဂါေတြ ကူးစက္ခံရဖုိ႔ အနီးစပ္ဆုံး အေျခအေန ျဖစ္ပါတယ္။
Credit:Shwemom
U N I C O D E V E R S I O N @ 
အိမ်ထောင် သည် အမျိုးသမီးတွေအနေနဲ့ ချစ်တင်းမနှောခင်နဲ့ နှောပြီးနောက်ပိုင်းမှာ မလုပ်သင့်တဲ့ ဆောင်ရှောင်ရှောင်ရန်လေးတွေကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။ လိုက်နာ ကျင့်သုံးခြင်းဖြင့် လိင်ပိုင်ဆိုင်ရာ ရောဂါတွေ ကင်းဝေးကြပါစေကြောင်း။
ချစ်တင်းမနှောခင်
(၁) အမွေးအမျှင်များကို မရိတ်ပါနဲ့
အချို့သော အမျိုးသမီးတွေကတော့ လိင်ပိုင်းဆိုင်ရာ အထိအတွေ့ ပိုကောင်းလေးမလားလို့ အမွှေးအမြင်တွေကို ရိတ်ပစ်တတ်ပါတယ်။ ဒီနည်းကြောင့် ဓားနဲ့ရှမိတဲ့ မမြင်နိုင်တဲ့ ဒဏ်ရာတွေထဲကို ဘက်တီးရီယားတွေ အမြန်တိုးဝင်စေနိုင်သလို၊ လိင်ပိုင်းဆိုင်ရာ အထိအတွေ့လည်း သာမန်ထက် ပိုပြီး မထူးခြားပါဘူး။
(၂) အရက်အများကြီး မသောက်ပါနဲ့
အချို့အမျိုးသမီးတွေကတော့ ချစ်တင်းနှောမှု မပြုခင်မှာ အရက်သောက်လေ့ရှိကြပါတယ်။ သို့မဟုတ် ဘီယာ စသည်တို့ သောက်တတ်ကြပါတယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာ အထိအတွေ့ကို လျှော့ပါးစေတဲ့ နည်းဖြစ်လို့ အရွယ်မတိုင်ခင်မှာ လိင်စိတ်ကုန်ခမ်းတာမျိုး ဖြစ်တတ်ပါတယ်။ အရက်စသည့် မူးယစ်စေတတ်တဲ့ အရာတွေဟာ လူကို အတွေ့အထိ စသည်တို့မှာ ထုံသွားစေနိုင်ပါတယ်။
(၃) ရေအိမ်ဝင်ခြင်း
အချို့သော အမျိုးသမီးတွေကတော့ မဆက်ဆံခင်မှာ ရေအိမ်ဝင်တတ်ပါတယ်။ ဒါကလည်း မှားပါတယ်။ အကြောင်းကတော့ ပိတ်နေတဲ့ ဆီးလမ်းကြောင်းကို ဖွင့်လိုက်သလို ဖြစ်သွားစေပြီး၊ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ဖို့ အလွန်လွယ်ကူတဲ့ အနေအထားမို့ ဖြစ်ပါတယ်။
ချစ်တင်းနှောပြီးနောက်
(၁) ဆပ်ပြာဖြင့် မဆေးရ
အမျိုးသမီးတော်တော်များများဟာ ချစ်တင်းနှောပြီးနောက် ဒီအတိုင်းကြီး မနေတတ်ဖူးဆိုပြီး ဆပ်ပြာ စသည်တို့ကို အသုံးပြုကာ ရေထဆေးတတ်ကြပါတယ်။ ဒါဟာ ယောနိကို ရေဓာတ်ကုန်ခမ်းစေတဲ့ အပြုအမူဖြစ်ပြီး၊ ဓာတ်မတည့်မှုကိုလည်း ခံစားရစေနိုင်ပါတယ်။ ယောနိဆိုသည်မှာ သူ့ဘာသာသူ အလိုလျှောက် သန့်စင်တဲ့ စနစ်ပါပြီးသားမို့ တကယ်လို့ ဆေးချင်တယ်ဆိုရင်လည်း ရေသီးသန့်နဲ့သာ ဆေးသင့်ပါကြောင်း။
(၂) အပေါ့သွားဖို့ မမေ့ပါနဲ့
ချစ်တင်းနှောပြီးနောက် ချက်ချင်းလုပ်သင့်တဲ့ အလုပ်တွေထဲမှာ အပေါ့သွားခြင်း ဖြစ်ပါတယ်။ ဒါဟာ ယောနိလမ်းကြောင်းထဲမှာ ကျန်ရှိနေတဲ့ ဘက်တီးရီယားတွေကို သန့်စင်ပစ်တဲ့ နည်းလည်း ဖြစ်ပါတယ်။
(၃) ရေနွေးကန်မှာ မစိမ်ရ
အချို့ အမျိုးသမီးတွေဟာ ချစ်တင်းနှောပြီးနောက် ဆပ်ပြာမြုပ်တွေ ထနေတဲ့ ရေနွေးကန်ထဲကို တန်းပြေးတတ်ပါတယ်။ တစ်ချို့ဆိုရင် ချစ်တင်းနှောပြီးတာနဲ့ အဆင်သင့် စိမ်လို့ရအောင် ပြင်ဆင်ထားတာမျိုးတောင် လုပ်တတ်ပါတယ်။ ဒါဟာ အလွန်မှားတဲ့နည်း ဖြစ်ပါတယ်။ ချစ်တင်းနှောပြီးကာစအချိန်မှ မိနစ် 20 လောက်အတွင်းမှာ သာအိမ်နံရံတွေဟာ အထိအတွေ့ကြောင့် လှုပ်ရှားမှုတွေ ကျန်နေသေးချိန်ဖြစ်ပါတယ်။ တနည်းပြောရရင် သားအိမ်အထိ လမ်းကြောင်းတစ်ခုလုံး ပွင့်နေချိန်ပါ။ ဒီအခြေအနေမှာ ရေနွေးနဲ့စိမ်ခြင်းဟာ အလွန်နူးညံ့တဲ့ သားအိမ်ဆဲလ်နံရံတွေကို သေဆုံးစေပါတယ်။ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကူးစက်ခံရဖို့ အနီးစပ်ဆုံး အခြေအနေ ဖြစ်ပါတယ်။
Credit:Shwemom

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...