မြန်မာပြည်ပြန်လာပြီး သင်တန်းဖွင့်မယ့် သဇင်


“ဇူလိုင်လမှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ မိတ်ကပ်သင် တန်း ရန်ကုန်ပြန်မယ့်တစ်လအတွင်းမှာ ဖွင့်ပါမယ်၊ သဇင်တက်ရောက်သင်ယူခဲ့တဲ့ (WA ACADEMY MAKE UP & HAIR SCHOOL AUSTRALIA) က သင်ပေးတဲ့အတိုင်း ပြန်လည်သင် ပေးသွားမှာပါ၊ နှစ်ရက်ကြာသင် တန်းမှာ Personal Makepu Class ရယ်၊ သင်တန်းမှာ Daily Makeup အခြေခံလိမ်းနည်းတွေကနေ ပွဲတက်မိတ်ကပ်ကို စနစ်တကျ ကိုယ်တိုင်လိမ်းတတ်အောင် အထိ အဆင့်ဆင့်သေချာသင်ပေး သွားမှာပါ၊  မိတ်ကပ်လိမ်းနည်း အခြေခံတွေကအစ သိသင့်တဲ့ လို အပ်မယ့်အသားအရေထိန်းသိမ်း နည်း(skin care) တွေကအစ သေချာရှင်းပြပေးမှာပါ၊ အလှအပ မိတ်ကပ်နဲ့ပတ်သက်ပြီး အခြေခံမရှိ သေးသူတွေလဲ တက်ရောက်နိုင်ပါတယ်” လို့ သရုပ်ဆောင် သဇင်က ပြောပါတယ်။
Author  မိပုံ
Kumudra
==========

ရန်ကုန်၊ ဇွန် ၂၁ – သရုပ်ဆောင် သဇင်က ရန်ကုန်ပြန်ရောက်မယ့် ဇူလိုင်လအတွင်းမှာ မိတ်ကပ်ရက် တိုသင်တန်းတွေကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

“ဇူလိုင်လမှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ မိတ်ကပ်သင် တန်း ရန်ကုန်ပြန်မယ့်တစ်လအတွင်းမှာ ဖွင့်ပါမယ်၊ သဇင်တက်ရောက်သင်ယူခဲ့တဲ့ (WA ACADEMY MAKE UP & HAIR SCHOOL AUSTRALIA) က သင်ပေးတဲ့အတိုင်း ပြန်လည်သင် ပေးသွားမှာပါ၊ နှစ်ရက်ကြာသင် တန်းမှာ Personal Makepu Class ရယ်၊ သင်တန်းမှာ Daily Makeup အခြေခံလိမ်းနည်းတွေကနေ ပွဲတက်မိတ်ကပ်ကို စနစ်တကျ ကိုယ်တိုင်လိမ်းတတ်အောင် အထိ အဆင့်ဆင့်သေချာသင်ပေး သွားမှာပါ၊  မိတ်ကပ်လိမ်းနည်း အခြေခံတွေကအစ သိသင့်တဲ့ လို အပ်မယ့်အသားအရေထိန်းသိမ်း နည်း(skin care) တွေကအစ သေချာရှင်းပြပေးမှာပါ၊ အလှပ မိတ်ကပ်နဲ့ပတ်သက်ပြီး အခြေခံမရှိ သေးသူတွေလဲ တက်ရောက်နိုင်ပါတယ်” လို့ သရုပ်ဆောင် သဇင်က ပြောပါတယ်။
မိတ်ကပ်သင်တန်းကြေးက ကျပ် ၁၃၀,ဝဝဝ ဖြစ်ပြီး သင်တန်းတွင်း လိုအပ်မယ့်မိတ်ကပ်ပစ္စည်းအစုံကို သင်တန်းမှာ ထားရှိပေး မှာဖြစ်ပြီး Brush သန့်ရှင်းမှုအတွက် သင်တန်းသူတစ်ဦးချင်း သီးသန့်အသုံးပြုနိုင်အောင် Brush Set တစ်ယောက်တစ်စုံစီ ၊ Sponge တစ်ယောက်တစ်ခုစီ သင် တန်းက လက်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရက်တိုသင်တန်းက ဇူလိုင်လ ၂၂ ရက်ကနေ ၂၃ ရက်အထိဖြစ် ပါတယ်။ ဇူလိုင်လ ၂၉ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ ဖုန်းနံပါတ် ၉၅၉၉၇၀၇၈ ၆၁၆၀၊ ဝ၉ ၉၆၇၇၅၅၂၀၅ ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။
Author  မိပုံ
Kumudra

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...