သရုပ်ဆောင် အကယ်ဒမီ မေသန်းနုက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သူ့ရဲ့ အကောင့်မှာ Relationship နဲ့ ပတ်သက်ပြီး Got Married လို့ တင်ထားခဲ့ပါတယ်။
အဲ့လို Relationship တင်လိုက်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း အံ့သြသွားကြသလို အဲ့ဒီသတင်း ဟာလည်း တော်တော်ကို ပြန့်သွားခဲ့ပါတယ်။
Relationship ချိတ်တာနဲ့ ပတ်သက်ပြီး Duwun Media က မေသန်းနုကို ဆက်သွယ်ကြည့်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါပေမဲ့ မေသန်းနုရဲ့ ညီမဖြစ်တယ်လို့ ဆိုသူ မအိဖြူက သူမရဲ့ အကောင့်ကနေတဆင့် မေသန်း နု လက်ထပ်သွားတာ မဟုတ်ကြောင်းကို ပြောပြခဲ့ပါတယ်။
မေသန်းနုရဲ့ အကောင့်ထဲကို မသမာသူ တစ်ဦးက ဝင်ရောက်ပြီး ရေးတင်ထားတာ ဖြစ်တယ်လို့ ညီမဖြစ်သူ အိဖြူက ရေးသားထားပါတယ်။ မေသန်းနုဟာ ဘယ်သူနဲ့မှ လက်ထပ်ထားခြင်း မရှိတာကြောင့် နောက်နှောင် လူမှုရေးစော်ကားမှုတွေ ပြုလုပ်ပါက တရားဥပဒေနဲ့အညီ တရား စွဲဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစာသားရေးသားထားပြီး အနုပညာလောကက မောင်နှမတွေကို teg ထားပါသေးတယ်။
မေသန်းနု က Relationship ကို Got Married လို့ ရေးသားထားတဲ့ Post ကို ဇွန်လ(၄)ရက်နေ့က မေသန်းနုသုံးတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။
Photo : အိဖြူ ဖေ့စ်ဘွတ်


0 comments :
Post a Comment